”အခုနောက်ပိုင်း လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်လို့ တိုင်တန်းလာတာတွေ များလာတယ်။ စစ်ဆေးရတာတွေလည်းများလာတယ်။ ဒီ့အတွက် အရည် အချင်းရှိတဲ့ စစ်ဆေးရေးမှူးတွေ လိုအပ်တယ်”

”အခုနောက်ပိုင်း လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်လို့ တိုင်တန်းလာတာတွေ များလာတယ်။ စစ်ဆေးရတာတွေလည်းများလာတယ်။ ဒီ့အတွက် အရည် အချင်းရှိတဲ့ စစ်ဆေးရေးမှူးတွေ လိုအပ်တယ်”
November 2, 2016 Asian Fame

11:09 am
”အခုနောက်ပိုင်း လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်လို့ တိုင်တန်းလာတာတွေ များလာတယ်။ စစ်ဆေးရတာတွေလည်းများလာတယ်။ ဒီ့အတွက် အရည် အချင်းရှိတဲ့ စစ်ဆေးရေးမှူးတွေ လိုအပ်တယ်”
In Interview

''အခုနောက်ပိုင်း လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်လို့ တိုင်တန်းလာတာတွေ များလာတယ်။ စစ်ဆေးရတာတွေလည်းများလာတယ်။ ဒီ့အတွက် အရည် အချင်းရှိတဲ့ စစ်ဆေးရေးမှူးတွေ လိုအပ်တယ်''

dollor

ဒီမိုကရေစီလမ်းစဉ်ဖြင့် လျှောက်လှမ်းနေသည့် နိုင်ငံတစ်ခုဝယ် အထူးအရေးကြီးသည့် ကိစ္စရပ်တစ်ခုမှာ အဂတိလိုက်စားမှု ပပျောက်ရေးပင်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီနိုင်ငံတိုင်းဝယ် အဂတိလိုက်စားမှု ပပျောက်ရေးကို နည်းအမျိုးမျိုးဖြင့် ပုံဖော်ဆောင်ရွက်လျက်ရှိကြသည်။ ထို့အတူပင် မြန်မာနိုင်ငံတွင်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်တစ်ရပ်ဖွဲ့စည်းကာ တိုင်တန်းမှုများကို ကိုင်တွယ်ဆောင် ရွက်နေပါသည်။ သို့ရာတွင် တိုင်တန်းလိုသူများအနေဖြင့် မည်သို့ တိုင်ကြားရမည်နည်း။ မည်သို့သော အဂတိလိုက်စားမှုမျိုးကို တိုင်ကြား၍ရလေသနည်း။ ယခင် အစိုးရလက်ထက်နှင့် ယခုအစိုးရလက်ထက် မည်သို့သော တိုင်ကြားမှုများကို လက်ခံရရှိခဲ့လေသနည်း။ ကော်မရှင်ကရော မည်သို့မည်ပုံ ဆောင်ရွက်လှုပ်ရှားနေပါသနည်း။ အစရှိသည်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်က ဖြေကြားထားပါသည်။

ဦးသန်းအောင်ခင်ဗျား။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံကို တိုင်တန်းလာတဲ့အမှုတွေဟာ အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ ပိုများလာတယ်လို့ သတင်းရရှိထားပါတယ်ခင်ဗျ။ အဲဒါ ဟုတ်ပါသလားခင်ဗျာ။

နစ်နာသူတွေရဲ့ တိုင်တန်းလာမှုတွေဟာ အရင်ကထက်စာရင် တဖြည်းဖြည်းပိုများလာတယ်လို့ ဆိုလို့ရပါတယ်။ အားလုံးက တိုင် လို့ရတယ်ဆိုတာကိုလည်း သိလာ ကြတယ်။ တိုင်ရင်လည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးနေတာကိုလည်း မြင်နေကြတဲ့အတွက် များလာတယ်လို့ဆို ရမှာပဲ။

ဘယ်လို ပုဂ္ဂိုလ်မျိုးတွေ အတိုင်ခံ နေရတာ များနေပါသလဲခင်ဗျ။

ကျွန်တော်တို့ ဥပဒေအရ တော့ ဘယ်လိုပုဂ္ဂိုလ်ရယ်လို့တော့ ခွဲခြားထားတာ မရှိဘူးဗျ။ ဥပဒေ အရ နစ်နာတယ်ဆိုရင် ဘယ်သူ့ကို ပဲဖြစ်ဖြစ် တိုင်လို့ရတယ်။ ကျွန် တော်တို့တွေ တရားသူကြီးတွေကို လည်း စွဲချက်တင်ထားတယ်။ မြေ တိုင်းစာရေးတွေကိုလည်း စွဲချက်တင်ထားတယ်။ ခု ရက်ပိုင်းဆိုရင် လည်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲ စတာတွေ အကုန်ပါပါတယ်။ ဒီတော့ ဒီဖြစ်စဉ်တွေကို ကြည့်လိုက်တာနဲ့ ဘယ်လိုပုဂ္ဂိုလ်ရယ်လို့ခွဲခြားထားတာ မရှိဘူးဆိုတာကို တွေ့ရ မှာပါ။

တိုင်တန်းသူအနေနဲ့ ဘယ်လို အ ချက်တွေ ပါရမလဲဗျ။

တိုင်ချင်တဲ့သူက အမည်ပါရမယ်၊ မှတ်ပုံတင်နံပါတ်ပါရမယ်၊ မှတ်ပုံတင် မိတ္တူပါရမယ်။ အဲဒီလိုမျိုး ပြည့်ပြည့်စုံစုံနဲ့ ဥက္ကဋ္ဌထံလိပ်မူ ပြီး တိုင်လာတယ်ဆိုတာနဲ့ ကော်မရှင်က စိစစ်တော့တာပဲ။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မ ရှင်ဥပဒေပုဒ်မ ၂၂(ခ)အရ အရေး ကြီးတဲ့ သက်သေခံချက်မပါရင် တော့ စုံစမ်းစစ်ဆေးရတာ မလွယ် ဘူး။ အကုန်ကိုက်ညီတယ်ဆိုရင် စုံစမ်းစစ်ဆေးတယ်။ ဘယ်လိုလူပဲ ဖြစ်ဖြစ်၊ ဘယ်ရာထူးအဆင့်အတန်းပဲ ဖြစ်ဖြစ်၊ သက်သေခံအထောက် အထားတော့ ပြည့်စုံဖို့လိုတာပေါ့ဗျာ။ ခက်တာက ကျွန်တော်တို့ကို အသွင်ယူပြီး စုံစမ်းခွင့် ပေးမထား ဘူး။ အဲဒါလေးတော့ အားနည်း ချက်ရှိတာပေါ့ဗျာ။ ဒါ့ကြောင့် တိုင်တန်းသူအနေနဲ့ အချက်အလက် ပြည့်ပြည့်စုံစုံ တိုင်တန်းနိုင်ရင် အ ကောင်းဆုံးပေါ့ဗျာ။ ဒီနေရာမှာ ဖြည့်စွက်ပြောချင်တာက တိုင်တန်းသူတွေဟာ လာဘ်ပေးလာဘ်ယူ ပေးတဲ့အချိန်ရဲ့ ဖြစ်စဉ်ကို အဓိကထားပြီး တိုင်တာများပါတယ်။ ခု နောက်ပိုင်းတော့ အသံဖိုင်တွေ ထည့်ပြီးတော့ တိုင်လာကြတယ်။ အရင်တုန်းက အသံဖိုင်နဲ့ တိုင်တာက တရားမဝင်ဘူး။ အခုတော့ ဥပ ဒေကို ပြီးခဲ့တဲ့လွှတ်တော်မှာ ပြင်ခဲ့တဲ့အတွက် အသံဖိုင်ကို လက်ခံလိုက်ပြီ။ ဒါ့ကြောင့် အသံဖိုင်ကိုထည့်နိုင်ရင် အကောင်းဆုံးပဲ။ ဖုန်း တွေလည်းပေါနေတော့ အသံဖမ်း ရတာ အဆင်ပြေကြမှာပါ။ ဒီဘက် ဧပြီ ၁ ရက်နေ့နောက်ပိုင်း မိတ္ထီ လာ မြို့မစခန်းမှူးနဲ့ ဒုရဲအုပ်ကို တိုင်တဲ့သူတွေ အသံဖိုင်တွေပါလာတယ်။ ကျွန်တော်တို့ ဒီအမှုကို စွဲ ချက်တင်ပြီးသွားပါပြီ။ နောက်တစ်
ခုက လူသက်သေလည်းပါရင် ပို ကောင်းတာပေါ့။ လာဘ်ပေးလာဘ် ယူပေးနေတဲ့အချိန်မှာ ရှိနေတဲ့သူ ပေါ့။

ဦးသန်းအောင်တို့ အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ကော်မရှင်က ပြီးခဲ့တဲ့ အစိုးရလက်ထက် ဖွဲ့ပေးခဲ့တဲ့ ကော်မရှင်နော်။ လုပ်ကိုင်ရတဲ့ အလုပ်တွေနဲ့ ရှိတဲ့လူနဲ့ လုံလောက်မှုရှိရဲ့လားဗျ။

ဒီဘက်လွှတ်တော်က အဖွဲ့ဝင် ၁၅ ဦးဟာ များလွန်းတယ်။ ဒါကို လျှော့ချမယ်ဆိုပြီး ပြောထားပါတယ်။ ဥပဒေလည်း ပြင်ထားပါ တယ်။ ဒီလိုဆိုတော့ လွှတ်တော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှာ အဖွဲ့ဝင်များတာကို မကြိုက်ဘူးလို့ အဓိပ္ပာယ်ကောက် လို့ရတယ်။ ကျွန်တော့်ဘက်ကလည်း ကော်မရှင်မှာ အဖွဲ့ဝင်ဦးရေ နည်းတာများတာက အဓိက မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ အဓိကအရေးကြီးတာက စစ်ဆေး ဖို့ ဝန်ထမ်းလိုတာဗျ။ အဲဒါက အရေးကြီးဆုံး ဖြစ်နေတယ်။ အခု နောက်ပိုင်း လာဘ်ပေးလာဘ်ယူ မှုနဲ့ ပတ်သက်လို့ တိုင်တန်းလာတဲ့ အမှုတွေကလည်း များလာတယ်၊ စစ်ဆေးရတဲ့ အမှုတွေကလည်း များလာတယ်။ ဒီ့အတွက် အရည် အချင်းရှိတဲ့ စစ်ဆေးရေးမှူးတွေ အရမ်းလိုအပ်တယ်။ ကျွန်တော်တို့ ဆီမှာ အရည်အချင်းပြည့်ဝတဲ့စုံစမ်း
စစ်ဆေးရေးမှူးတွေ တော်တော် ရှားတယ်။ အားလုံးပေါင်းမှ ၃ဝ လောက်ပဲ ရှိတယ်။ ဒါကလည်း အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ကနေ မေတ္တာရပ်ခံပြီး ခေါ်ထားတဲ့ သူတွေ။ ဝန်ထမ်းစုစုပေါင်းကတော့ ၁၅ဝ၊ ၁၆ဝ လောက်ပဲ ရှိပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ တာဝန်နဲ့ ဝတ္တရား တွေဟာ အစိုးရသစ်လက်ထက်မှာ ပိုပြီး ယခင်ကထက် တာဝန်ကြီးလာ တယ်လို့ ဦးသန်းအောင် စိတ်ထဲ ခံစားမိပါသလားခင်ဗျာ။

ခံစားမိတာပေါ့ဗျာ။ တာဝန်ပိုကြီးလာတယ်လို့ ခံစားမိတယ်။ အခု အစိုးရသစ်ကသူ အစိုးရ မဖြစ်ခင်ကတည်းကိုက လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်မယ်လို့ ကြုံးဝါးလာတဲ့သူတွေ ဖြစ်နေလို့ပဲ။

ဦးသန်းအောင်တို့ ကော်မရှင်က သမ္မတသက်တမ်းနဲ့ အတူတူပဲလို့ သိရပါတယ်။

ဟုတ်ပါတယ်။ ဥပဒေမှာလည်း သမ္မတသက်တမ်းနဲ့ အတူတူပဲလို့ ပြဋ္ဌာန်းထားပါတယ်။ သို့သော်လည်း ပဲ ဥပဒေပုဒ်မ ၈(ခ) အရ လက်ရှိ အစိုးရသစ်က ကော်မရှင်အသစ်ကို မဖွဲ့မချင်း ကျွန်တော်တို့က တာဝန် ယူပေးနေရမှာပါ။ ကော်မရှင်အသစ်လာပြီဆိုတာနဲ့ ကျွန်တော်တို့ က တာဝန်တွေလွှဲပြောင်းပြီး အနားယူရမှာပါ။

ဒီဘက်အစိုးရသစ်လက်ထက်နဲ့ ဟိုဘက်အစိုးရလက်ထက် ဘာတွေကွာခြားလဲဗျ။

ဒီမေးခွန်းက လာဘ်ပေးလာဘ် ယူမှု တိုက်ဖျက်ရေးကိစ္စနဲ့ မေးတဲ့ မေးခွန်းလို့ မှတ်ယူတဲ့အတွက်ကြောင့် ကွာခြားသွားတယ်လို့ ပြောရမှာပဲ။ တိုင်စာတိုင်တဲ့ သူတွေ ပိုပြီးတော့ တိုင်တတ်လာတယ်။ အချက်အ လက်တွေ ပြည့်စုံလာတယ်။ အသံ ဖိုင်တွေပါလာတယ်၊ စုံစမ်းစစ်ဆေး ရတာ ပိုလွယ်လာတယ်။ မြန်မြန် ဆန်ဆန်နဲ့ စွဲချက်တင်နိုင်တယ်။ အဲဒီလို ကွာခြားချက်တွေ ရှိတယ်။ အခြားကိစ္စတွေမှာတော့ ကွာခြားမှု သိပ်မရှိဘူး။ ဟိုတုန်းကလည်း ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်းပဲ လုပ်ရတယ်၊ အခုလည်း ပြဋ္ဌာန်းထားတဲ့ဥပဒေအတိုင်းပဲ လုပ်ရတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ ပုဂ္ဂိုလ်ကြီးကြီး မားမားကို စုံစမ်းစစ်ဆေးရတာ ရှိခဲ့ဘူးသလားခင်ဗျ။

ရှိတယ်ကွဲ့၊ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းက မကွေးတိုင်းအစိုးရအဖွဲ့အတွင်းရေးမှူးနဲ့ ကချင် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူး အဲဒီ ၂ ဦးကိုစစ်ရတယ်။ တရား စွဲတင်တဲ့အထိတော့ မရောက်ခဲ့ဘူး။ တိုင်တန်းသူက သက်သေမပြည့်မစုံ ဖြစ်သွားတယ်။ ဒါပေမယ့်လည်းပဲ အန်ကယ်တို့ ဥပဒေပုဒ်မ ၃ဝ (ခ) အရ အရေးယူသင့်ကြောင်း ပြည် ထဲရေးဝန်ကြီးထံကို စာတင်လိုက် တယ်။ သူတို့ ၂ ဦးကိုလည်း ရာထူး ကနေ ထုတ်ပစ်လိုက်တယ်လို့ သိရ တယ်။ နောက်တစ်ခုကတော့ ပညာရေးဝန်ကြီးဌာနက ညွှန်ချုပ် အဆင့်နဲ့ အဆင့်တူတဲ့ မိတ္ထီလာက ပါမောက္ခချုပ်။ သူ့ကိုလည်း အန် ကယ်တို့စစ်ဆေးတယ်။ စွဲချက်တင် မယ်လည်း လုပ်ရောသူထွက်ပြေး သွားတယ်။ အဲဒီအတွက် ပြည်ထဲ ရေးကို အကြောင်းကြားထားရတယ်။ တွေ့ရင် အသိပေးဖို့၊ တွေ့တာနဲ့ အန်ကယ်တို့က စွဲချက်တင်သွားမှာပါ။

အခုအစိုးရသစ် လက်ထက်မှာ ရော ရာထူးကြီးကြီးမားမား တွေကို တိုင်တန်းလာမှုတွေ ရှိပါသလား ခင်ဗျ။

ခုထိတော့ မရှိသေးဘူး။

အခုလို ဖြေပေးတာကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*