သက်ဆိုင်ရာအာဏာပိုင်များကို မယုံကြည်တော့သဖြင့် မိမိကိုယ်ကိုယ်ကာကွယ်နိုင်ရေး ကူညီကြရန် ရခိုင်ပြည်နယ်ဆိုင်ရာ လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒေသခံများ တောင်းဆို

သက်ဆိုင်ရာအာဏာပိုင်များကို မယုံကြည်တော့သဖြင့် မိမိကိုယ်ကိုယ်ကာကွယ်နိုင်ရေး ကူညီကြရန် ရခိုင်ပြည်နယ်ဆိုင်ရာ လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒေသခံများ တောင်းဆို
November 2, 2016 Asian Fame

8:04 am
သက်ဆိုင်ရာအာဏာပိုင်များကို မယုံကြည်တော့သဖြင့် မိမိကိုယ်ကိုယ်ကာကွယ်နိုင်ရေး ကူညီကြရန် ရခိုင်ပြည်နယ်ဆိုင်ရာ လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒေသခံများ တောင်းဆို
In Local, Parliament

သက်ဆိုင်ရာအာဏာပိုင်များကို မယုံကြည်တော့သဖြင့် မိမိကိုယ်ကိုယ်ကာကွယ်နိုင်ရေး ကူညီကြရန် ရခိုင်ပြည်နယ်ဆိုင်ရာ လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒေသခံများ တောင်းဆို

ရဲလွင်
ရန်ကုန်၊ နိုဝင်ဘာ ၁

ရခိုင်ဒေသခံများသည်  လုံခြုံ ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များကို ယုံကြည်မှုမရှိ တော့သဖြင့် မိမိကိုယ်ကိုယ် ကာ ကွယ်နိုင်ရေးကူညီကြရန် ရခိုင် ပြည်နယ်ဆိုင်ရာ လွှတ်တော်စုံစမ်း စစ်ဆေးရေးအဖွဲ့ကို တောင်းဆိုခဲ့ ကြကြောင်း သိရသည်။

ယခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့သော ရခိုင်ပြည် နယ်အတွင်းရှိ နယ်ခြားစောင့်ရဲဌာ နများ တိုက်ခိုက်ခံရမှု   နောက်ဆက် တွဲ ပြည်သူလူထုအခြေအနေကို စုံ စမ်းစစ်ဆေးရန် လွှတ်တော်ကိုယ် စားလှယ် ၁၄ ဦး ပါဝင်သောအဖွဲ့ ကို ဖွဲ့စည်း ခဲ့သည်။ အဆိုပါအဖွဲ့ သည် လာမည့်သတင်းပတ်အတွင်း စုံစမ်းစစ်ဆေးမှုများနှင့်ပတ်သက် ၍ ရလဒ်အစီရင်ခံစာကို ထုတ်ပြန် ရတော့မည်ဖြစ်သည်။

အဆိုပါ အဖွဲ့ဝင်များသည်  ဒေသခံများနှင့် တွေ့ဆုံခဲ့ကြရာတွင် ၄င်းတို့က ယခုကဲ့သို့တောင်း ဆိုခဲ့ ခြင်းဖြစ်ကြောင်း အဖွဲ့ဝင်တစ်ဦး   ဖြစ်သူ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်သောင်းရွှေက ပြောသည်။

”ဒေသခံတွေအနေနဲ့ လုံခြုံ ရေးကို အဓိက မယုံကြတော့ဘူး။ အကြမ်းဖက်ခံရမှုဖြစ်တုန်းက သေ ဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သည်   တွေ၊ ပျောက်သွားတဲ့လက်နက်တွေ အတွက်တောင် အာဏာပိုင်တွေက မဖော်ထုတ်နိုင်သေးဘဲ ဒေသကြီး တည်ငြိမ်သွားပြီ လုံခြုံ သွားပြီဆို တာကို မယုံကြည်ဘူးလို့ဆိုကြတယ်။ ဒါကြောင့်နောက်ဆိုရင် လုံခြုံရေးနဲ့ ပတ်သက်ပြီး သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ေ အာင် ပြည်သူ့စစ် ပုံစံမျိုး လက်နက်တပ်ဆင်ပေးဖို့ တောင်းဆိုကြတယ်။ အဲဒီလိုသာ မဟုတ်ရင်ဒေသမှာ မနေကြတော့ ဘူးလို့ ဆိုကြတယ်”ဟု ပြောသည်။

လာမည့်ရက်သတ္တပတ်အတွင်း ထုတ်ပြန်ရမည့် အစီရင်ခံစာတွင် အသေးစိတ်အခြေအနေများအား လုံးကို ဖော်ပြထားပြီး အများစုမှာ လုံခြုံရေးဆိုင်ရာ တောင်းဆိုမှုများ သာဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွား ခဲ့သည့် အဆိုပါပဋိပက္ခကြောင့် အခင်းဖြစ်ဒေသမှ ဒေသခံများမှာ ဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်း   ရှောင်ခဲ့ပြီး အများစုမှာ မိမိတို့ ဆွေမျိုးမောင် နှမများရှိရာသို့ပြောင်း ရွှေ့သွားခဲ့ သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးကျော်ဆွေက ဒေသခံပြည် သူများအနေဖြင့် မိမိတို့နေရပ်သို့ ပြန် လည် ဝင်ရောက်နေထိုင်ကြရန်၊ မဟုတ်ပါက ပြည်သူမဟုတ်သူများ ဝင်ရောက်လာနိုင်ကြောင်း ၄င်း၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် တိုက် တွန်းပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးအောင်သောင်းရွှေက ”လက် နက်ကိုင်ထားတဲ့ ဌာနဆိုင်ရာတွေ တောင် အသတ်ခံရတာ။ လက် နက် မရှိတဲ့ ဒေသခံတွေကတော့ ကြောက်မှာပဲ။ ပြီးတော့ ဌာနဆိုင် ရာ အဖွဲ့အစည်းတွေရှိလျက်နဲ့  အ ကြမ်းဖက်ခံရမှုက ဖြစ်ပွားခဲ့တော့ ဒီအပေါ်မှာ ဒေသခံတွေက ကြောက်ကြတယ်လို့ စုံစမ်းစစ်ဆေး ရေးအဖွဲ့ခရီးစဉ်တုန်းက ပြောခဲ့ကြ တယ်။ ဒါကြောင့် လုံခြုံရေးကို တိတိ ကျကျလုပ်ပေးနိုင်မှ ရတော့မယ့် ပုံစံရှိတယ်။ မဟုတ်ရင် ဒီဒေသက ပြန်ပြီး အခြေချနေထိုင်ဖို့ဆိုတာ မလွယ်တော့ဘူး”ဟု ဆိုသည်။

ယခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကလည်း မောင်တောမြို့ နယ်အတွင်းရှိ နယ်ခြားစောင့်ရဲဌာန သုံးခုကို အကြမ်းဖက်သမားများ ကစီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် အချို့ သေဆုံးမှုဖြစ်ပွားခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*