ယာဉ်မတော်တဆမှုကြောင့် နေ့စဉ် လူ ၁၂ ဦးခန့်သေဆုံးနေသော မြန်မာနိုင်ငံရှိလမ်းမများ အရှေ့တောင်အာရှတွင် အန္တရာယ်အများဆုံးဖြစ်နေ

ယာဉ်မတော်တဆမှုကြောင့် နေ့စဉ် လူ ၁၂ ဦးခန့်သေဆုံးနေသော မြန်မာနိုင်ငံရှိလမ်းမများ အရှေ့တောင်အာရှတွင် အန္တရာယ်အများဆုံးဖြစ်နေ
November 2, 2016 Asian Fame

9:14 am
ယာဉ်မတော်တဆမှုကြောင့် နေ့စဉ် လူ ၁၂ ဦးခန့်သေဆုံးနေသော မြန်မာနိုင်ငံရှိလမ်းမများ အရှေ့တောင်အာရှတွင် အန္တရာယ်အများဆုံးဖြစ်နေ
In Local

ယာဉ်မတော်တဆမှုကြောင့် နေ့စဉ် လူ ၁၂ ဦးခန့်သေဆုံးနေသော မြန်မာနိုင်ငံရှိလမ်းမများ အရှေ့တောင်အာရှတွင် အန္တရာယ်အများဆုံးဖြစ်နေ

dsc_6653-copy

ရန်ကုန်၊ နိုဝင်ဘာ ၁

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃ဝ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာဉ် မတော်တဆမှု ၁၁၉၇ဝ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ၁၉ဝ၉၅ ဦးနှင့် သေဆုံးသူ ၃၄၈ဝ ဦးရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် တစ်ရက်လျှင်ပျမ်းမျှ ယာဉ်မတော်တဆမှု ၄၃ ဒသမ ၈၅ မှု၊ ဒဏ်ရာရသူ ၆၉ ဒသမ ၉၅ ဦး၊   သေဆုံးသူ ၁၂ ဒသမ ၇၅ ရှိနေ ကြောင်း၊ နေ့စဉ်လမ်းမများပေါ်မှ ယာဉ် မတော်တဆတိုက်ခိုက်မှုများ၏ နောက် ဆက်တွဲဖြစ်ရပ် များကြောင့်လူပေါင်း ၁၂ဦး နေ့စဉ်သေဆုံးနေသဖြင့် မြန်မာနိုင်ငံရှိ လမ်းမများမှာ အရှေ့တောင်အာရှတွင် အန္တရာယ်အများဆုံးဖြစ်ေ နသည်ကို တွေ့ ရှိရကြောင်းလည်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန  ညွှန်ကြားရေးမှုးချုပ် ဦးဇော်မင်း ဦးက ”ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ် ဆိုရင် အခြားဖွံ့ဖြိုးဆဲနိုင်ငံများ နည်းတူ မော်တော်ယာဉ်စီးရေ တိုးတက် များပြားလာမှုနဲ့အတူ ယာဉ်မတော်တဆ ဖြစ်မှုတွေ တိုးတက် များပြားလာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် အခြား အာဆီယံနိုင်ငံများနည်းတူယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကို ပိုပြီးအလေး ထားပူးပေါင်းဆောင်ရွက်ဖို့ မဖြစ်မနေ လိုအပ်နေပြီဖြစ်ပါတယ်” ဟု ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ကနဦးမှတ်ပုံတင် ယာဉ်များ အသက်ကယ်ထိုင်ခုံခါးပတ် ပြည့်စုံကောင်း မွန်စွာပါရှိမှသာ ယာဉ်မှတ်ပုံ တင်လုပ်ငန်း ဆက်လက်ဆောင်ရွက်ပေး မည်ဖြစ်ပြီး သက်တမ်းတိုးယာဉ်များတွင် လည်း အသက်ကယ် ထိုင်ခုံခါးပတ်ပါရှိမှု ရှိ မရှိအား နိုဝင်ဘာ ၁ ရက်နေ့မှ စတင် စစ်ဆေးပြီး မပါရှိသောယာဉ်များကို သက် တမ်းတိုးဆောင်ရွက်ပေးတော့ မှာ မဟုတ် ကြောင်း သိရသည်။

‘ပိုမိုဘေးကင်းသော လမ်းမများဆီ သို့’ ကမ်ပိန်းဖော်ဆောင်သူHEINEKEN  ၏ မြန်မာနိုင်ငံရုံးခွဲဖြစ်သည့် APB Alliance Brewery မှ Corporate Relations Director  ဖြစ်သူ Zita Schellekens က ကမ်ပိန်းနှင့်ပတ်သက်ပြီး ”ကျွန်မတို့အနေ နဲ့ကမ်ပိန်းကနေ   ပြည်သူတွေကိုပေးတဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နဲ့ပတ် သက်တဲ့ အသက်ကယ်နိုင်တဲ့ အချက်တွေ ကို လူဦးရေ ၁၅ သန်းေ လာက်အထိ သိ စေချင်ပါတယ်။ ဒီလိုထိထိရောက်ရောက် သိရှိစေဖို့အတွက်ကိုလည်း အသက်ကယ် နည်းလမ်း ၇ ချက်ကိုထည့် သွင်းထားတဲ့ ကာတွန်းဗီဒီယိုတွေ၊ နာမည်ကြီးအနုပညာ ရှင်များရဲ့ စကားလက်ဆောင်တွေ၊ Google Play Store ကနေ ဒေါင်းလုတ် ရယူနိုင် မယ့် ရွှေလမ်းဂိမ်းအက်ပလီကေးရှင်းနဲ့ အခြားသောကာတွန်းများ အစရှိတဲ့ မတူညီတဲ့နည်းလမ်းတွေ အများကြီးသုံး ထားပါ တယ်။ ဒီလိုမျိုး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နဲ့ပတ်သက်တဲ့ အသိပညာ တွေ ပိုမိုသိရှိအောင်ဆောင်ရွက်ခြင်းအား ဖြင့် ကျွန်မတို့ အနေနဲ့လာမယ့် ၂ဝ၂ဝခုနှစ် မှာ မတော်တဆမှုတွေကိုထက်ဝက်လျှော့ချ နိုင်မယ်လို့ယုံကြည်ပါတယ်”ဟုပြောသည်။

HEZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*