ဇီကာဗိုင်းရပ်စစ်ပိုး တွေ့ရသည့် နိုင်ငံခြားသူသွားခဲ့သော ဧရာဝတီတိုင်းကို စောင့်ကြည့်နေဟု ဆို

ဇီကာဗိုင်းရပ်စစ်ပိုး တွေ့ရသည့် နိုင်ငံခြားသူသွားခဲ့သော ဧရာဝတီတိုင်းကို စောင့်ကြည့်နေဟု ဆို
November 2, 2016 Asian Fame

5:59 am
ဇီကာဗိုင်းရပ်စစ်ပိုး တွေ့ရသည့် နိုင်ငံခြားသူသွားခဲ့သော ဧရာဝတီတိုင်းကို စောင့်ကြည့်နေဟု ဆို
In Health

ဇီကာဗိုင်းရပ်စစ်ပိုး တွေ့ရသည့် နိုင်ငံခြားသူသွားခဲ့သော ဧရာဝတီတိုင်းကို စောင့်ကြည့်နေဟု ဆို

dr-soe-lwin

စိုင်းလမင်း

နေပြည်တော် ၊ အောက်တိုဘာ ၂၈

ဇီကာဗိုင်းရပ်စစ်ပိုး တွေ့ရှိရသူ နိုင်ငံခြားသူကို ကုသမှုများလုပ် ဆောင်လျက်ရှိပြီး ၎င်း သွားခဲ့သည့် ဧရာဝတီတိုင်းကိုလည်း စောင့် ကြည့်နေကြောင်း ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဇီကာရောဂါ လက္ခဏာ သံသယရှိသူ အသက် ၃၂ နှစ်အရွယ်ရှိ နိုင်ငံခြားသူကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို အောက်တိုဘာ ၂၇ ရက်တွင် ရန် ကုန်မြို့အတွင်း၌ တွေ့ရှိ ခဲ့သဖြင့် စစ်ဆေးခဲ့ရာ ဇီကာရောဂါ ဖြစ်ပွား လျက်ရှိကြောင်း တွေ့ရှိခဲ့ရသဖြင့် အောက်တိုဘာ ၂၈ ရက်တွင် ကျန်းမာရေး ဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကာ အဆိုပါရောဂါနှင့် ပတ်သက်၍ ပြည်သူများ မစိုးရိမ်ကြရန် သတင်းထုတ်ပြန်သည်။

”ဒီရောဂါကြောင့် လူသေဆုံးတာ မရှိဘူး။ ကြက်ငှက်တုပ်ကွေးဆိုရင် ၁ဝဝ မှာ ၆၇ ယောက်သေတယ်။ မားစ် ရောဂါဆိုရင်လည်း ၁ဝဝမှာ ၁ဝယောက်သေတယ်။ ဇီကာကြောင့် သေဆုံးတာမရှိသေးဘူး။ ပြည်သူတွေအနေနဲ့မစိုးရိမ်ဖို့ လိုပါတယ်” ဟု ၎င်းကပြောသည်။ ဇီကာဗိုင်းရပ်စ်ပိုးသည် ခြင်ကျားကိုက်ခံရခြင်းမှ ကူးစက်ပျံ့နှံ့ ဖြစ်ပွားတတ်သော ရောဂါတစ်မျိုးဖြစ်ပြီး ဗိုင်းရပ်စ်ပိုးသယ်ဆောင်ထားသော ခြင်ကိုက်ခံရပြီး နှစ်ရက်မှ ခုနစ်ရက်အတွင်း ရောဂါ လက္ခဏာများ စတင် ဖြစ်ပွားနိုင်ကာ ရောဂါကူးစက်ခံရသူ ငါးဦးတွင် တစ်ဦး၌ ရောဂါလက္ခဏာများ ပြသနိုင်ကြောင်း၊ အဓိကလက္ခဏာများမှာ ဖျားခြင်း၊ အရေပြားပေါ်တွင် အနီစက်များထွက်ခြင်း၊ မျက် စိနာခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ် နိုင်ပြီး ကိုယ်ဝန်ဆောင် မိခင်များတွင် ရောဂါကူးစက်ခံရပါက ဦးနှောက်သေးငယ်သော ကလေးများ မွေးဖွားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ဇီကာရောဂါဖြစ်ပွားမှုများနိုင်သည့် ဒေသအဖြစ် ရန်ကုန်တိုင်းဒေသကြီးကို ခန့်မှန်းထားပြီး ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သူများနောက်ခြောက် လအတွင်း ကိုယ်ဝန်မဆောင်ကြရန်လည်း ဒေါက်တာစိုးလွင်ငြိမ်းက တိုက်တွန်းထားသည်။လက်ရှိတွင်ကျန်းမာရေးဝန် ကြီးဌာနသည် ဇီကာရောဂါ ကာကွယ်နိုင်ရန်အတွက် ရောဂါပိုးသယ်ဆောင်သည့် အေဒီးစ်ခြင်များကို နှိမ်နင်းလျက်ရှိကြောင်း ဒေါက်တာစိုးလွင်ငြိမ်းက ပြောသည်။ ဇီကာဗိုင်းရပ်စ် ရောဂါပိုးကို ၁၉၄၇ ခုနှစ်ကတည်းက ယူဂန္ဓာ နိုင်ငံရှိ မျောက်များတွင်စတင်တွေ့ ရှိခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ယူဂန္ဓာ နိုင်ငံနှင့် တန်ဇန်နီးယားနိုင်ငံတို့ တွင် လူသို့ ကူးစက်မှုရှိခဲ့ကြောင်း လက်ရှိတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၇၃ နိုင်ငံ၌ ဇီကာရောဂါဖြစ် ပွားနေကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*