ဂျီဟဒ်အကြမ်းဖက် အဘူဆေယက်ဖ် အဖွဲ့မှ အကြမ်းဖက် သမား ၇ဝ ကို ဖိလစ်ပိုင် တပ်မတော် သတ်ဖြတ်ချေမှုန်းပြီး ဖြစ်

ဂျီဟဒ်အကြမ်းဖက် အဘူဆေယက်ဖ် အဖွဲ့မှ အကြမ်းဖက် သမား ၇ဝ ကို ဖိလစ်ပိုင် တပ်မတော် သတ်ဖြတ်ချေမှုန်းပြီး ဖြစ်
November 2, 2016 Asian Fame

5:52 am
ဂျီဟဒ်အကြမ်းဖက် အဘူဆေယက်ဖ် အဖွဲ့မှ အကြမ်းဖက် သမား ၇ဝ ကို ဖိလစ်ပိုင် တပ်မတော် သတ်ဖြတ်ချေမှုန်းပြီး ဖြစ်
In International News

ဂျီဟဒ်အကြမ်းဖက် အဘူဆေယက်ဖ် အဖွဲ့မှ အကြမ်းဖက် သမား ၇ဝ ကို ဖိလစ်ပိုင် တပ်မတော် သတ်ဖြတ်ချေမှုန်းပြီးဖြစ်

philippine-military-says-it-has

(မနီလာ၊ နိုဝင်ဘာ ၁)

ဂျီဟဒ် အကြမ်းဖက် အဘူဆေယက်ဖ် အဖွဲ့မှ အကြမ်းဖက် သမား ၇ဝ ကို သတ် ဖြတ် ချေ မှုန်း ခဲ့ပြီး ဖြစ်ကြောင်း ဖိလစ်ပိုင် တပ်မတော်မှ ပြောသည်။

သမ္မတ ဒူတာတေ တက်လာ ပြီးနောက် ယခုနှစ် ဇူလိုင်လ မှစတင်၍ အဘူဆေယက်ဖ် အကြမ်းဖက်အဖွဲ့ နှိမ်နင်းရေး များ ပြုလုပ် ခဲ့ရာတွင် ယခုအချိန် အထိ လက်ရ ဖမ်းဆီး ထားသူ ၃၂ ရှိပြီး တိုက်ပွဲ များ တွင် အသေ ဖမ်းဆီးရမိခဲ့သူ ၇ဝ မျှ ရှိခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ ဆူလူး နှင် ဘာဆီလန်ခရိုင် များတွင် ဖိလစ်ပိုင် တပ်မတော် ၏ ထိုးစစ်ဆင် တိုက်ခိုက်မှု များကြောင့်  အကြမ်းဖက် သမား ၃၄ ဦး ယနေ့ ထပ်မံ၍ လက်နက် ချလာကြကြောင်း ကိုလည်း ဖိလစ်ပိုင် တပ်မတော် ပြောရေး ဆိုခွင့် ရှိ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး အက်ဂတ် အာ ရေဗာလိုက ပြောပါသည်။

အဆိုပါ အဘူဆေယက်ဖ် အကြမ်း ဖက်အဖွဲ့သည် မလေးရှားနှင့် အင်ဒိုနီးရှား သင်္ဘောသား များကို  ပြန်ပေးဆွဲခြင်း အပါ အဝင်  အခြား အကြမ်းဖက် ခြိမ်းခြောက်မှု များကိုပြုလုပ် ခဲ့သဖြင့် အမြစ်ပြတ် ချေမှုန်း ရန် သမ္မတ ဒူတာတေက ဖိလစ်ပိုင် တပ်ဖွဲ့ များကို အမိန့်ပေးပြီးသား ဖြစ်၏။

လာမည့် ရက်သတ္တပတ် သူ၏ မလေး ရှား ခရီးစဉ်တွင်လည်း  အဘူဆေယက်ဖ် အ ကြမ်း ဖက်အဖွဲ့ကို ဆက်လက် နှိမ်နင်းမည့် အစီအစဉ် များကို ဆွေးနွေးရန် စီစဉ်ထား ကြောင်းသိရသည်။

PN002

ref: Washington Halts Sale of Assault Rifles to the Philippines

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*