မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (စစ်ကိုင်းဇုန်) ဥက္ကဋ္ဌ ဦးဌေးရွှေ ကို မေးမြန်းခြင်း

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (စစ်ကိုင်းဇုန်) ဥက္ကဋ္ဌ ဦးဌေးရွှေ ကို မေးမြန်းခြင်း
October 28, 2016 Asian Fame

7:11 am
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (စစ်ကိုင်းဇုန်) ဥက္ကဋ္ဌ ဦးဌေးရွှေ ကို မေးမြန်းခြင်း
In Travel

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (စစ်ကိုင်းဇုန်) ဥက္ကဋ္ဌ ဦးဌေးရွှေ ကို မေးမြန်းခြင်း

kaun-hmu-taw-copy
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း  ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက်  အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၁ရက် တွင် မုံရွာမြို့ရှိ  Win Unity ဟိုတယ်၌  ပြုလုပ် ခဲ့သည်။  တိုင်းဒေသကြီး အစိုးရ  အဖွဲ့ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ  တာဝန်ရှိသူများ စစ်ကိုင်းတိုင်းအတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်များ အပါအဝင် ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း လုပ်ကိုင် နေသူများ ဝင်ရောက် ဆွေးနွေးခဲ့ကြသည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍  မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်င န်းရှင်များအ သင်း (စစ်ကိုင်းဇုန်) ဥက္ကဋ္ဌ ဦးဌေးရွှေကို မေးမြန်းဖော်ပြလိုက်ပါသည်။

မေဇင်ဝင်း မေးမြန်းသည်။

►ဒီနေ့လုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲအကြောင်း အရင် ဆုံး ပြောပြပေးပါရှင့်။

အဓိကကတော့ စစ်ကိုင်းတိုင်းထဲမှာ ခရီးစဉ် ဒေသသစ်တွေတိုးတက်လာဖို့ပေါ့။ တိုးတက်ဖို့ဆိုတာ က ဥပမာ မုံရွာကိုလာတယ်၊ တစ်ညပဲအိပ်ပြီး ပြန် တာပေါ့။ တစ်ညအိပ်ရာကနေ ၂ ညအိပ်လို့ရအောင် ဘယ်လိုလုပ်မလဲပေါ့၊ ဖိုဝင်တောင်သွားတယ်၊ ပြန် တယ်။
နောက်ဆို ဘယ်ကို ဆက်သွားလို့ ရတယ်ဆို တာမျိုးပေါ့။ အခုကတော့ အဖွဲ့ ၄ ဖွဲ့ခွဲပြီး ဆွေးနွေး တယ်။ ခရီးစဉ်ဒေသစီမံခန့်ခွဲခြင်း ဆိုရင် ဥပမာ အ လောင်းတော်ကဿပသွားမယ်၊ ဘယ်နှမိုင်ဝေးမယ်၊ ဘယ်နားမှာနားမယ်ဆိုတာမျိုး၊ ဒေသအာဏာပိုင် တွေကို
ဘယ်လိုအကူအညီတောင်းနိုင်မလဲ ဆိုတာ မျိုးတွေပေါ့။ ဈေးကွက်မြှင့်တင်ရေးဆိုလည်း ဒီ ဒေသကိုလာရင် ဘယ်လောက်ကုန် မလဲဆိုတာမျိုး တွေ ခရီးသွားတွေကို အချက်အလက် ပေးဖို့ပေါ့။ ခရီးသွား ထုတ်ကုန်အသစ်ဖော်ထုတ်ခြင်းဆိုလည်း လမ်းကြောင်း အသစ်တွေရှာမှာပေါ့။ နေရာအသစ် တွေ ဖော်ထုတ်တာပေါ့။ နောက်တစ်ချက်က လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးရေးပေါ့၊ ခရီးသွားတွေ များ လာရင် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း များ မယ်၊ ထမင်းဆိုင်တွေလည်း ရောင်းရမယ်၊ အမှတ် တရပစ္စည်းဆိုင်တွေလည်း အလုပ်ဖြစ်မယ်။ အဲဒါ တွေအဓိကထား ဆွေးနွေးကြတာပါ။

►ဆွေးနွေးပွဲကို ဘယ်သူတွေက ဦးဆောင်ပြီး လုပ် တာပါလဲ။

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း (စစ်ကိုင်းဇုန်)ကပဲ ကြီးကြပ်ပြီး လုပ်တာပါ။ တိုင်းဒေသကြီးက ဟိုတယ်တွေ စုပြီး လုပ်တာပေါ့။ အဲဒီမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ ဟိုတယ်ခရီးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့  ကသာ၊
စစ်ကိုင်း၊ ကလေးမြို့တို့က လုပ်ငန်းရှင်တွေ လည်း ပါပါတယ်။ ပြီးတော့ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်တာဝန်ရှိသူလည်း တက်ရောက် ဆွေးနွေးပါတယ်။ ကျေးရွာတွေက လူမှုအဖွဲ့အစည်း တွေကလည်း တက်ရောက်ဆွေးနွေးကြပါတယ်။

►ဆွေးနွေးပွဲကအစိုးရသစ်လက်ထက်မှာ ဒါပထမဆုံး အကြိမ်ထင်တယ်နော်၊ ပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကို လည်း ပြောပြပေးပါရှင့်။

ဟုတ်တယ်၊ အစိုးရသစ်လက်ထက်မှာ ဒါပထမ ဆုံးပါ။ စစ်ကိုင်းတိုင်းက အခြားတိုင်းဒေသကြီးတွေနဲ့ ယှဉ်ရင်နိုင်ငံခြားသား ခရီး သွားဝင်ရောက်မှု နည်းပါ တယ်။ မန္တလေး၊ ရန်ကုန်၊ အင်းလေးတို့နဲ့ ယှဉ်ရင် တော်တော်ကို နည်းနေသေးတယ်။ တစ်နှစ်လုံးနေမှ
ထောင်ဂဏန်းလောက်ပဲရှိတယ်။ မြန်မာနိုင်ငံမှာက ဟိုတယ်တွေ များလာတယ်၊ ဟိုတယ်လုပ်ငန်းက ဝင် ငွေကောင်းတယ်ဆိုပြီး ဟိုတယ်ဆောက်သူလည်း များလာတယ်၊ ဒါပေမယ့် အသုံးပြုသူနည်းလို့ ရသ လောက်ခရီးစဉ်တွေ ဖော်ထုတ်ဖို့ လုပ်ဆောင်လာကြ တယ်။

ဥပမာဆိုရင် ဧည့်သည်က မင်းကွန်းလာတယ်၊ ပြီးရင် မန္တလေး ပြန်အိပ်တယ်၊ အဓိကကတော့ စစ် ကိုင်းမှာလည်း အိပ်လို့ရတယ်ဆိုတာ မျိုးပေါ့။ ကသာ တို့ အလောင်းတော်ကဿပတို့မှာလည်း Trekking  (တောတွင်းခရီးကြမ်း) လုပ်လို့ရတယ်လေ။ စစ်ကိုင်း တိုင်းရဲ့ ခရီး သွားလုပ်ငန်း တိုးတက်ဖို့အတွက် ရည် ရွယ်တာပါ။

►စစ်ကိုင်းကိုလာတဲ့ ဧည့်နည်းသေးတယ်ဆိုတော့ စစ် ကိုင်းမှာရော ဟိုတယ်အရေအတွက်က ဘယ် လောက်လောက် ရှိပါသလဲရှင့်။

စစ်ကိုင်းတိုင်းတစ်တိုင်းလုံးမှာ ဟိုတယ် ၂၃ လုံး ပဲ ရှိပါတယ်။ အခြားတိုင်းဒေသကြီးတွေနဲ့ ယှဉ်ရင် အရမ်းနည်းပါတယ်။

►ဆွေးနွေးပွဲက ရလာတဲ့ရလဒ်တွေကိုဆက်ပြီး အ ကောင်အထည်ဖော်ဖို့ကိုရော ဘယ်လိုပုံစံမျိုးလုပ် သွားမှာပါလဲ။

ဆွေးနွေးပွဲက ထွက်လာတဲ့ရလဒ်တွေကို တိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုတင်ပါမယ်၊ ဟိုတယ်ခရီးဝန် ကြီးဌာနကိုလည်းတင်မယ်။ အလုပ်ရုံဆွေးနွေးပွဲက ရလာတဲ့ ရလဒ်ပေါ်မူတည်ပြီး တိုင်းဒေသကြီးအစိုးရ ရယ်၊ ဝန်ကြီးဌာနရယ် ပေါင်းစပ်ပြီး ဆက်လက် အကောင် အထည်ဖော်သွားကြမှာပါ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*