သက်ပညာအဖွဲ့၏ ဦးဆောင်သူ စောယိုးဟာ နှင့်ေ တွ့ ဆုံေ မး မြ န်း ခြ င်း

သက်ပညာအဖွဲ့၏ ဦးဆောင်သူ စောယိုးဟာ နှင့်ေ တွ့ ဆုံေ မး မြ န်း ခြ င်း
October 28, 2016 Asian Fame

6:57 am
သက်ပညာအဖွဲ့၏ ဦးဆောင်သူ စောယိုးဟာ နှင့်ေ တွ့ ဆုံေ မး မြ န်း ခြ င်း
In Interview

သက်ပညာအဖွဲ့၏ ဦးဆောင်သူ စောယိုးဟာ နှင့်ေ တွ့ ဆုံေ မး မြ န်း ခြ င်း

sar-pay-interview-copy

အိမ်စည်စိုးစံ တွေ့ဆုံမေးမြန်းသည်

ယနေ့ခေတ်တွင် စာအုပ်တစ်အုပ် ဝယ်ဖတ်ရန်အတွက် စာအုပ်ဈေးနှုန်း သတ်မှတ်ချက်မှာများလွန်းလှသည်ဟု မဆိုနိုင်သော်လည်း အရာရာဈေးကြီး သည့် ခေတ်ထဲတွင် စာအုပ်တစ်အုပ်အတွက် ဦးစားပေးနိုင်ရန်ခက်ခဲပါသည်။ ကလေးတစ်ဦးအတွက် မိမိလိုချင်ဖတ် ချင်သည့် စာအုပ်တစ်အုပ်ဝယ်ရန်မှာ ပို၍ခက်ခဲပါသည်။ သို့သော် ကလေးများအတွက် စိတ်စေတနာအပြည့်ဖြင့် ကလေးတစ်ယောက် တစ်လစာအုပ်တစ်အုပ်လှူနေသည့်အဖွဲ့အစည်း လည်း ရှိနေပါသည်။ အဖွဲ့အမည်မှာ သက်ပညာဖြစ်ပြီး ကလေးများအနာဂတ် အရေး အတွက် စာအုပ်လှူဖြစ်ပုံများကို ”သက်ပညာအဖွဲ့”၏ ဦးဆောင်သူ စောယိုးဟာနှင့် တွေ့ဆုံမေးမြန်းဖော်ပြပေးလိုက်ပါသည်။

►အစ်ကိုတို့ အဖွဲ့”သက်ပညာ”ဆိုတဲ့ နာမည်ပေးဖြစ်ပုံကိုလည်း မိတ် ဆက်ပေးပါဦးရှင်။

Wisdom for Life ဆိုတဲ့ နာမည်ကို မြန်မာလိုပြန်ထားတာ ပါ။ အသက်အတွက် ပညာကိုဆို လိုချင်တာပါ။ Core Value က တော့  Read Think Build  ပါ။ ဖတ်ပါ တွေးတောပါ တည်ဆောက် ပါ။

►ဒီအဖွဲ့လေးကနေ ကလေးတစ် ယောက်ကို တစ်လ စာအုပ်တစ် အုပ် ထောက်ပံ့ပေးမယ်ဆိုတဲ့ အစီ အစဉ်ကို ဒီနှစ်ရဲ့မတ်လက တည်းက စပြီး လုပ်ဆောင်နေတာဆိုတော့ ဒီလိုထောက်ပံ့ဖို့အတွက် ဘယ်လို စိတ်ကူးရခဲ့တယ်ဆိုတာကိုလည်း ပြောပေးပါဦးရှင်။

Young Southeast Asia Leadership Initiative Profes-sional Fellows Program  နဲ့ အမေရိကန်နိုင်ငံမှာ လူမှုအဖွဲ့အ စည်းများ လေ့လာရေးပြုလုပ်ခဲ့တဲ့ အချိန်မှာ Big Brother and Big Sister ဆိုတဲ့အဖွဲ့က နေပြီးတော့ ကျောင်းမှာရှိသောကလေးများအ
တွက် အစ်ကိုကြီးအစ်မကြီးများအ နေဖြင့် ပျော်ရွှင်အောင်ပြုလုပ်ပေး ခြင်းအစီအစဉ်ကို ပြုလုပ်နေပါ တယ်။ ကလေးငယ်တွေရဲ့ ပြောင်း လဲမှုကို တွေ့လာရတဲ့အတွက် အဲဒီ ideaလေးကို ပြန်သုံးချင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံ အခြေအနေ နဲ့က မတူတဲ့အတွက် ကိုယ် စိတ်ဝင် စားရူးသွပ်တဲ့စာအုပ်ကိစ္စနဲ့ စဖို့ ရည်ရွယ်ခဲ့ပါတယ်။ ကိုယ့်နိုင်ငံမှာ က ကလေးတွေအနေနဲ့ ကလေး ဘဝကလိုချင်ခဲ့တဲ့ စာအုပ်ေ တွရှိနေ မှာပါ။ ကျွန်တော့်ရဲ့ အတွေ့အကြုံ နဲ့ ပြောရရင် ကျွန်တော်ငယ်ဘဝမှာ လိုချင်ခဲ့တဲ့ စာအုပ်တွေ ရှိခဲ့ပါ တယ်။ ဒါပေမယ့်
မရနိုင်ခဲ့ပါဘူး။ အခုကတော့ ဒီလိုကလေးတွေအ နေနဲ့ သူတို့ရဲ့ကိုယ်ပိုင်လို့ အမည် တပ်နိုင်တဲ့စာအုပ် ၃၆ အုပ်ကို သုံး နှစ်အတွင်းမှာ   ထောက်ပံ့ပေးသူ တစ်ယောက်တည်းကနေ ရနိုင်ပါ တယ်။ ဒီစာအုပ်တစ်အုပ်စီတိုင်း မှာပါတဲ့Message တွေက ကလေး တွေရဲ့ အနာဂတ်ဘဝမှာ အသုံးဝင် မယ့်ဟာတွေ ဖြစ်လာဖို့ ရည်ရွယ်ပါ တယ်။ ဘယ်ကလေးမဆို တူညီတဲ့ ရပိုင်ခွင့် ရှိသင့်တယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ပါတယ်။ ဆင်းရဲ တဲ့ နေရာမှာပဲ မွေးမွေး၊ ချမ်းသာ တဲ့နေရာမှာပဲ မွေးမွေး ကလေး တိုင်းမှာကတော့ လူဆိုတဲ့ အခွင့် အရေးကတော့ ရှိနေပါတယ်။

►ဟုတ်ကဲ့။ လက်ရှိထောက်ပံ့နေတယ် ဆိုတဲ့ အဖွဲ့အစည်းအမည်တွေနဲ့ အဲ့ဒီနေရာတွေကို ဘာကြောင့်ရွေး ဖြစ်တယ်ဆိုတာ ရယ်၊ ထောက်ပံ့ ပေးနေတဲ့ စာအုပ်အမျိုးအစားတွေ ကိုလည်း ပြောပြပေးပါဦးရှင်။

လက်ရှိ ထောက်ပံ့ပေးနိုင်တဲ့ ကျောင်းနှစ်ကျောင်းကတော့ ရတ နာသီရိမြို့ဦး၊ ၁၂ သမရပ်ကွက်၊ လှိုင်သာယာမြို့နယ်နဲ့ Blessing Home၊ လှည်းကူးမြို့နယ်မှာပါ။ ဒီနေရာကိုရွေးဖြစ်တဲ့ အကြောင်း ကတော့ မတူညီတဲ့လူမျိုး၊ မတူညီ တဲ့ဘာသာနောက်ခံရှိတဲ့ နေရာ   တွေကို ရွေးချယ်ထားတာပါ။ ဒါပေမယ့် တူညီတဲ့အချက်ကတော့ သူတို့ဟာ ကလေးတွေဖြစ်တယ်။ ပညာရေးအရ အခြားသော ကလေး တွေနဲ့ယှဉ်ရင် အတိုင်းအတာတစ် ခုထိ လိုအပ်ချက်တွေရှိနေပါတယ်။  အဲဒီနှစ်ချက်ပေါ် အခြေခံပြီး ရွေး ထားတာပါ။

ရတနာသီရိ မြို့ဦး ကျောင်းမှာက ကလေး ၁၆ ယောက်၊Blessing Home မှာ ကလေး ၁၅ ယောက်ပါ။ စာအုပ်အမျိုးအစား ကတော့ အခုလောလောဆယ် ကလေးပုံပြင်စာအုပ်တွေကို အဓိ ကထား ယူသွားပေးဖြစ်ပါတယ်။ နောက်များမှာတော့ ကလေးတွေရဲ့ စိတ်ဝင် စားမှု ဝါသနာပေါ် မူတည် ပြီး ပန်းချီဆိုလည်းပန်းချီ၊ ပုံပြင်ဆို လည်းပုံပြင်၊ ဝတ္တုတိုဆိုလည်း ဝတ္တု တိုစသည်တို့ကို ထောက် ပံ့ပေးမယ် လို့ ရည်ရွယ်ထားပါတယ်။

►ဒီလိုကလေးတွေကို စာအုပ်တွေ သွားရောက် ထောက်ပံ့တဲ့အခါ စာ အုပ်ပေးခဲ့တာမျိုးပဲ မဟုတ်ဘဲ အ ခြားလုပ်ဆောင်ပေးတာလေးေ တွ ကိုလည်း သိချင်ပါတယ်။

စာအုပ်တွေကို ထောက်ပံ့ပေး မယ်ဆိုပေမယ့် ဒီတိုင်းတော့ ပေး တာ မဟုတ်ပါဘူး။ ယူလာတဲ့ စာ အုပ်လေးတွေကို အုပ်စုငယ်လေးဖွဲ့ ပြီး စေတနာ့ဝန်ထမ်းတွေကနေပြီး တော့ ဖတ်ပြရှင်းပြ အပြန်အလှန် ဆွေးနွေးတာလေး လုပ်ပေးပါတယ်။ စေတနာ့ဝန်ထမ်းနဲ့ ကလေးတွေအ ကြား ရင်းနှီးအောင် စာဖတ်တဲ့နေ ရာမှာ အခက်အခဲရှိတဲ့ကလေးတွေ ကို ကူညီပေးတာ တွေ့ရပါတယ်။ ပုံပြင်တွေပြော တယ်ဆိုရင်လည်း ကလေးတွေက ပြန်လည်ပြီး အ ခြားအဖွဲ့ကို ပြောပြပေးဖို့ ကူညီ ပေးပါတယ်။ သူတို့နဲ့အတူ ကစား ပေးပြီး ကစား နည်းကတစ်ဆင့်Message  ပေးတာပါပါတယ်။ အ ပြောအဆိုလေးတွေ သိမ်မွေ့လာ အောင် ဆုပေးတဲ့အစီအစဉ်ရှိပါ တယ်။ ဥပမာ ”ဟေ့ကောင်၊ ဟေ့ ကောင်မ”လို့ ခေါ်တာ ထက်စာရင် သူငယ်ချင်း၊ ဒါမှမဟုတ် နာမည် ရင်းခေါ်တာတို့ဆိုရင် ဆုပေးပါ တယ်။ အဲဒါ အပြင် မတူညီတဲ့ စေ တနာ့ဝန်ထမ်းတွေနဲ့ တွဲဖက်ခြင်း အားဖြင့် အစ်ကို အစ်မတွေကနေ တစ်ဆင့် သင်ယူနိုင်ဖို့ လုပ်ဆောင်   နေပါတယ်။

►အစ်ကိုတို့ရဲ့အစီအစဉ်မှာ ပူးပေါင်း ပါဝင်တဲ့သူများကိုလည်း ပြောပေး ပါဦးရှင်။

ဒီလုပ်ငန်းလုပ်တဲ့ နေရာမှာ တော့ တစ်ယောက်တည်းလုပ်လို့ မရပါဘူး။ အဓိကအရေးကြီးသူ ကတော့ ၁။ ကလေးကို ထောက် ပံ့ ပေးသူ ၂။ စေတနာ့ဝန်ထမ်းများ ၃။ စာအုပ်လှူပေးသူများ ၄။ အ ကြံဥာဏ်အားဖြင့် ကူညီပေးသူများ ရှိပါတယ်။ ကလေးထောက်ပံ့ပေး သူက Commitment အပြည့်နဲ့ ၃ နှစ်တာထောက်ပံ့ပေးဖို့ သဘောတူ လို့ ဒီလိုမျိုးလုပ်နိုင်တာပါ။ စေတ နာ့ဝန်ထမ်းတွေ မရှိလို့ကတော့ ဒီ ကိစ္စက အကောင်အထည်ပေါ်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ စေတနာ့ဝန်ထမ်းတွေက တာဝန် ကျရာနေရာမှာ အကောင်းဆုံး လုပ်ဆောင်ပေးနေကြလို့ပါ။ ငွေ ကောက်ခံပေးသူ၊ ကလေးများနဲ့ သွားတွေ့သူ၊ သတင်းဖြန့်ပေးသူ များအနေဖြင့် လုပ်ပေးနေကြလို့ပါ။ စာအုပ်လှူပေးသူများကတော့ ဥပ မာ “Third Story Project ” လိုမျိုး သူတို့လုပ်ငန်းမှာသုံးတဲ့ကလေးပုံ ပြင်စာအုပ်တွေကို လှူပေးလို့ ပါ။ ဒါဟာလည်း အဖိုးမဖြတ်နိုင်ပါဘူး။

►ကလေးတစ်ယောက်ကို တစ်လ စာအုပ်တစ်အုပ်ဆိုပြီး လှူတဲ့အခါ  ကလေးတွေရဲ့ ခံစားမှုအပိုင်းက ရော ဘယ်လိုတွေ့ကြုံရတယ် ဆိုတာ ကိုလည်း သိချင်ပါတယ်ရှင်။

ကလေးတွေက အရမ်းအပြစ် ကင်းပါတယ်။ သူတို့ဘဝမှာ သူတို့ ကို ဂရုစိုက်နေတဲ့သူရှိရင် သူတို့ အရမ်းပျော်ပါတယ်။ အများကြီးသူ တို့ကို မပေးနိုင်ပေမယ့် သူတို့ကို  ပေးလိုက်ရတဲ့ စာအုပ်တစ်အုပ်လေး က သူတို့ရဲ့အပြုံးတွေကို ပွင့်ဖူး လာအောင် စွမ်းဆောင်နိုင်ပါ တယ်။ သူတို့ရဲ့ ပျော်ရွှင်မှုတွေ စိတ်ချမ်း သာမှုတွေကို ခဏတာယူဆောင် ပေးနိုင်တာကို ခံစားမိရုံနဲ့ပဲ အရမ်း ကိုကြည်နူးဖို့ ကောင်း လွန်းပါတယ်။ ကလေးတွေကို ခဏတာဂရုစိုက် ပေးလိုက်ခြင်းနဲ့ ကျွန်တော်တို့ ချစ် ခြင်းမေတ္တာတွေ မျှဝေနိုင်ပါတယ်။

►ဒီလုပ်ဆောင်ပေးနေတဲ့ နေရာမှာ အခြား ပါဝင်လိုသူတွေကိုများ ဖိတ်ခေါ်သွားဖို့ရှိမလား။

ဖိတ်ခေါ်သွားဖို့ ရှိပါတယ်။ အဲဒါကတော့ ၁။ ကလေးကို ထောက်ပံ့ပေးသူ ၂။ စေတနာ့ဝန် ထမ်းများ ၃။ စာအုပ်လှူပေးသူများ ၄။ အကြံဥာဏ်အားဖြင့် ကူညီ ပေးသူများ ၅။ သတင်းမျှဝေပေးသူ အနေနဲ့ ကူညီပါဝင်လို့ရပါတယ်။ အားလုံးအတူတူလက်တွဲပူးပေါင်း ပါဝင်မှ အောင်မြင်မယ့် ကိစ္စမျိုးမို့ ပါ။ ဒါပေမယ့် ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်ဖို့တော့ လိုတာပေါ့နော်။ လေ့ လာချင်တယ် ဆိုရင်တော့ လာလေ့ လာ ဆွေးနွေးနိုင်ပါတယ်။  ကျွန် တော် အမြဲတမ်းကြိုဆိုနေပါတယ်။

►အစ်ကိုက ကရင်လူမျိုးဆိုတော့ အစ်ကိုတို့ဒေသကိုလည်း ဒီလိုအစီ အစဉ်တွေ လုပ်ပေးစိတ်ကူးများ ရှိ မလား။

ကျွန်တော်မွေးခဲ့တဲ့ ဒေသကို ပြန်ကြည့်မယ်ဆိုရင် ကျောင်းတွေ ထက် တပ်စခန်းတွေက ပိုများပါ တယ်။ ကလေးတွေရဲ့စာဖတ်သံ ထက် သေနတ်သံတွေကပိုပြီးများခဲ့ တယ်။ ပညာတတ်ထက် စစ်သား တွေက ပိုများခဲ့တယ်။ ဒါတွေက ကျွန်တော်တို့ဒေသ ဖွံ့ဖြိုးမှုဟာ ဘယ်လောက်ထိ ဆိုးရွားခဲ့တယ် ဆိုတာ အများကြီးပြောစရာမလို ဘူးလို့တော့ ထင်ပါတယ်။ ကျွန် တော်ဟာ ကရင်လူမျိုးဖြစ်လို့ လူ မျိုးချစ်တယ်ဆိုပေမယ့် ဒီလိုအခြေ အနေတွေက ကျွန်တော်တို့ဒေသ တစ်ခုတည်း ဖြစ်နေတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးက မတူညီတဲ့ အခြေအနေတွေနဲ့ ဖြစ် နေတဲ့ကိစ္စတွေပါ။ ကျွန်တော့်အနေ နဲ့ ကိုယ့်ဒေသကိုဖွံ့ဖြိုးစေချင်တာ တော့ အမှန်ပါ။ အဲဒီအတွက် လည်း စာကြည့်တိုက်နဲ့ ပတ်သက်ပြီးလုပ် ဖို့ အစီအစဉ် ဆွဲနေပါတယ်။ ဖြည်း ဖြည်းချင်းလုပ်ယူရမယ့်ကိစ္စမို့ ချက် ချင်းထလုပ်လို့ ပြောင်း လဲသွားမယ့် ကိစ္စမဟုတ်ပါဘူး။ ရေရှည်ဖြည်း ဖြည်းမှန်မှန်သွားရမယ့်ကိစ္စအဖြစ် လုပ်ဆောင်သွားမှာပါ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*