အချိန်ပို အလုပ်ချိန် ပိုခိုင်း၍ တရားစွဲခံရမှုတွင် အထည်ချုပ်စက်ရုံ အများဆုံး

အချိန်ပို အလုပ်ချိန် ပိုခိုင်း၍ တရားစွဲခံရမှုတွင် အထည်ချုပ်စက်ရုံ အများဆုံး
October 27, 2016 Asian Fame

9:36 am
အချိန်ပို အလုပ်ချိန် ပိုခိုင်း၍ တရားစွဲခံရမှုတွင် အထည်ချုပ်စက်ရုံ အများဆုံး
In Labour

အချိန်ပို အလုပ်ချိန် ပိုခိုင်း၍ တရားစွဲခံရမှုတွင် အထည်ချုပ်စက်ရုံ အများဆုံး

labourphoto-afp-copy

ရဲလွင်
ရန်ကုန်၊ အောက်တိုဘာ ၂၄

ယခုနှစ်အတွင်း အချိန်ပို အ လုပ်ချိန်ပိုမိုခိုင်းစေမှုနှင့် ပတ်သက် ၍ တရားစွဲ အရေးယူခဲ့ရသော စက်ရုံ ၆ဝ ကျော်ရှိပြီး ယင်းထဲတွင် အထည်ချုပ် စက်ရုံအများဆုံးဖြစ်ကြောင်းအလုပ်သမားနှင့်လဝက ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါစက်ရုံများမှာ  ၁၉၅၁ အလုပ်ရုံ အက်ဥပဒေကို ပြင်ဆင် သည့်ဥပဒေအရ သတ်မှတ်ထား သော အချိန်ပိုထက် ပိုမိုခိုင်းစေ ခြင်း၊ အချိန်ပိုခိုင်းစေရန်အတွက် သက်ဆိုင်ရာ ဌာနများသို့ ခွင့် တောင်းခြင်းမရှိဘဲ အလုပ်ခိုင်းစေ ခြင်းစသည့် အကြောင်းအရင်းများ ကြောင့် အရေးယူခံရခြင်း ဖြစ် ကြောင်း အလုပ်ရုံနှင့် အလုပ်သ မား ဥပဒေစစ်ဆေးရေး ဦးစီးဌာန မှ သိရသည်။

အလုပ်သမားနှင့် လဝက ဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက  ”စုစုပေါင်းကတော့ ၆၄ ရုံရှိတယ်။ အထည်ချုပ်စက်ရုံတွေ အများဆုံး ပဲ။ ဘာလို့လဲဆိုတော့ အထည်ချုပ် စက်ရုံတွေက လုပ်ငန်းမြန်မြန်လည် ပတ်ဖို့လိုတဲ့ အမျိုးအစားတွေဆို တော့ ဖြစ်သွားတာ။ ဒါကိုလည်း တိတိကျကျ အရေးယူဆောင်ရွက် နေပါတယ်။ ဥပဒေအတိုင်းပါပဲ” ဟု ဆိုသည်။

အဆိုပါ စက်ရုံ ၆ဝ ကျော်ကို ၁၉၅၁ အလုပ်ရုံ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ တရားစွဲ ဆိုခဲ့ပြီး စက်ရုံ ၄ဝ ကျော်ကို သတ် မှတ် ပြစ်ဒဏ်များ ချမှတ်ပြီး ဖြစ် ကြောင်း၊ ၂၁ ရုံမှာ ယနေ့ထိ အမှု မပြီးပြတ်သေးကြောင်း၊ အများဆုံး မှာ လှိုင်သာယာ၊ ရွှေပြည်သာ စက်မှုဇုန်များအတွင်းမှ စက်ရုံများ ဖြစ်ကြောင်း သိရသည်။

လက်ရှိ နောက်ဆုံးအနေဖြင့် တရားစွဲဆိုထားသော အမှုများမှာ ယခုလအတွင်း ဖြစ်ပွားခဲ့သည့် ရွှေ လင်ဗန်းစက်မှုဇုန်မှ အထည်ချုပ် စက်ရုံနှင့်  ဒဂုံမြို့သစ် အရှေ့ပိုင်း စက်မှုဇုန်မှ အထည်ချုပ်စက်ရုံ တစ်ရုံတို့ဖြစ်ကြောင်းသိရသည်။

၁၉၅၁ အလုပ်ရုံအက်ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေအရ အ လုပ်သမား တစ်ယောက်ကို တစ် ရက်လျှင် အလုပ်ချိန် ၈ နာရီ ထက် ကျော်လွန် ခိုင်းစေခွင့်မရှိဘဲ အချိန်ပိုလုပ်ချိန်ကိုလည်း တစ်ရက် လျှင် ၂ နာရီသာ ခိုင်းခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ထိုသို့ အချိန်ပိုခိုင်းစေ မည်ဆိုပါက အလုပ်ရုံနှင့်  အလုပ် သမား ဥပဒေ စစ်ဆေးရေး ဦးစီး ဌာနသို့သွားရောက်တင်ပြကာ ခွင့် ပြုချက် တောင်းခံရမည်ဟု သိရ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*