လယ်သမား အခွင့်အရေး များအတွက် တောင်သူ လယ်သမား အဖွဲ့ချုပ် အစိုးရနှင့် ချိတ်ဆက် လုပ်ဆောင်မည်

လယ်သမား အခွင့်အရေး များအတွက် တောင်သူ လယ်သမား အဖွဲ့ချုပ် အစိုးရနှင့် ချိတ်ဆက် လုပ်ဆောင်မည်
October 27, 2016 Asian Fame

7:52 am
လယ်သမား အခွင့်အရေး များအတွက် တောင်သူ လယ်သမား အဖွဲ့ချုပ် အစိုးရနှင့် ချိတ်ဆက် လုပ်ဆောင်မည်
In Labour

လယ်သမား အခွင့်အရေး များအတွက် တောင်သူ လယ်သမား အဖွဲ့ချုပ် အစိုးရနှင့် ချိတ်ဆက် လုပ်ဆောင်မည်

farmer-conference

(မန္တလေး၊ အောက်တိုဘာ ၂၅ )

တောင်သူ လယ်သမားများ ဆုံးရှုံးလျက် ရှိသည့် အခွင့်အရေး များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ လုံး ဆိုင်ရာ တောင်သူ လယ်သမား များအဖွဲ့ချုပ်က ဦးဆောင်ကာ အစိုးရနှင့် ချိတ်ဆက် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။

အောက်တိုဘာ ၂၃ ရက် နှင့် ၂၄ ရက်က မန္တလေးမြို့ FNIFL အထက်မြန်မာပြည် ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံလုံး ဆိုင် ရာ တောင်သူ လယ်သမားရေးရာ ညီလာခံ အပြီးတွင် ထိုသို့သတင်း ထုတ်ပြန်လိုက်ပြီး ဒီမိုကရေစီ အစိုးရ လက်ထက်တွင် ယခင်က ထက် ပြောရဆိုရ အဆင်ပြေမည် ဟုလည်း မျှော်လင့် ထားကြောင်း အဆိုပါ အဖွဲ့ချုပ် တာဝန် ရှိသူ ဦးကိုကိုကြီး က ပြောသည်။

မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ စစ် ကိုင်း၊ မကွေး စသည့် တိုင်းဒေသ ကြီးများ အပါအဝင် တိုင်းနှင့် ပြည် နယ်များမှ တောင်သူ အင်အား သုံး ထောင်ကျော် တက်ရောက် ဆွေး နွေးခဲ့ကြသည့် အဆိုပါ ညီလာခံ တွင် မန္တလေးတိုင်း ဒေသကြီး စိုက် ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီး ဒေါက်တာ စိုးသန်း၊ တောင်သူ လယ်သမား အလုပ်သမားနှင့် လူ ငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ ဦးစိန် ဝင်းဟန် (ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ်)အပါအဝင် တရားလွှတ် တော်ရှေ့နေကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပြီး နှစ်ရက်တာ ညီလာခံ အပြီး တွင် ကြေညာချက် တစ်စောင် လည်း ထုတ်ပြန်သည်။

”ကျွန်တော်တို့က ဒီညီလာခံ အပြီးမှာ တောင်သူတွေ အရေးအ တွက် ဘယ်လို ရှေ့ဆက် ဆောင် ရွက်မယ် ဆိုတာတွေ ကိုလည်း ဆွေးနွေးကြတယ်။ အများသဘော တူညီမှုနဲ့ သဘောထား ကြေညာ ချက် တစ်စောင် ထုတ်ပြန်ဖို့လည်း ရည်ရွယ်ခဲ့တယ် ဆိုတော့ တောင် သူတွေရဲ့ အဓိက ပြဿနာတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းပေးရ မယ် ဆိုတာကို သဘောထား ကြေ ညာချက်နဲ့ ထုတ်ပြန် ပြောဆိုတာ ပါ။ အနယ်နယ် အရပ်ရပ် က တောင်သူတွေ အနေနဲ့လည်း မိမိ တို့ဒေသမှာ လယ်ယာ ပြဿနာ ဖြစ်လာရင် ကျွန်တော်တို့ အဖွဲ့ချုပ် ကြီးနဲ့ ဆက်သွယ်ဖြေရှင်းကြပါ” ဟု ဦးကိုကိုကြီးက ပြောသည်။

အဆိုပါ သဘောထား ကြေ ညာချက်တွင် အချက် ၈ ချက်ပါ ရှိပြီး အထူးသဖြင့် တောင်သူလယ် သမားများ၏ ပင်မပြဿနာ များ ဖြစ်သော တိကျရေရာပြီး အာမခံ ချက်ရှိသည့် မြေယာ ပိုင်ဆိုင်မှု ဥပ ဒေတစ်ရပ် ပေါ်ထွက် လာစေရန်၊ အရင်းအနှီးပြဿနာ ဖြေရှင်းရန်၊ ဈေးကွက် မတည်ငြိမ်မှု ပြဿနာ ဖြေရှင်းရန်နှင့် နည်းပညာခေတ် နောက်ကျမှု ကျော်လွှားရန် တို့ကို လက်တွေ့ ဖော်ဆောင်သွားရန် ဟူ၍ ပါရှိသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*