ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ တာဝန်ရှိတယ်ဆိုတာကိုတော့ လက်ခံထားပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဝန်ကြီးချုပ် ဖြစ်နေတာကိုး …

ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ တာဝန်ရှိတယ်ဆိုတာကိုတော့ လက်ခံထားပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဝန်ကြီးချုပ် ဖြစ်နေတာကိုး …
October 27, 2016 Asian Fame

7:44 am
ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ တာဝန်ရှိတယ်ဆိုတာကိုတော့ လက်ခံထားပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဝန်ကြီးချုပ် ဖြစ်နေတာကိုး …
In Interview

ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ တာဝန်ရှိတယ်ဆိုတာကိုတော့ လက်ခံထားပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဝန်ကြီးချုပ် ဖြစ်နေတာကိုး ...

interview

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် နှင့်
တွေ့ဆုံမေးမြန်းခြင်း

သီတင်းကျွတ်လပြည့်ညရောက်ဖို့ တစ်ရက်အလိုဖြစ်တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ မနက် ၅ နာရီလောက်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့ကနေ မုံရွာမြို့ကို ခရီးသည် ၃ဝဝ ကျော်တင်လာခဲ့တဲ့ အောင်စိုးမိုးကျော်(၂) အမြန်ယာဉ် ကနီမြို့နယ် မိချောင်းတွင်းကျေးရွာနား ချင်းတွင်းမြစ်ထဲမှာ တိမ်း မှောက်နစ်မြုပ်ခဲ့တဲ့ စိတ်မကောင်းဖွယ်ရာဖြစ်ရပ်ကို အားလုံးသိပြီးဖြစ်ကြပါလိမ့်မယ်။ အဲဒီကိစ္စနဲ့ပတ် သက်လို့လည်း ဝေဖန်မှုအမျိုးမျိုး ပေါ်ထွက်လာခဲ့ကြ ပါတယ်။ ဒီလိုဖြစ်ပွားရခြင်းမှာ ဘယ်သူက တာဝန် အရှိဆုံးလဲ။ နောက်နောင် ဒါမျိုးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဥပဒေတွေကို ပြင်ဖို့လိုဦးမလား။ တာဝန်ရှိတဲ့သူတွေ ကို လိုအပ်သလို အရေးမယူဘူးလား။ စသည်ဖြင့် မေးခွန်းပေါင်းများစွာလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို အဲဒီမေးခွန်းတွေအ ကုန်လုံးမေးခဲ့ပြီး သူပြန်ဖြေထားတာတွေကို တင်ပြလိုက်ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ချင်းတွင်းမြစ်မှာ နစ်မြုပ်ခဲ့တဲ့ အမြန်ယာဉ်ကိစ္စဟာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကြီးကြပ်မှုအားနည်းလို့ ဖြစ်တာဆို တဲ့ ဝေဖန်သံတွေ ထွက်လာပါတယ်။ အဲဒီအပေါ်ကို တိုင်းဝန်ကြီးချုပ်အနေနဲ့ ဘာများ မှတ်ချက်ပြုလိုပါသလဲခင်ဗျ။

ဝေဖန်သံတွေကို ကြားပါတယ်။ ဝေဖန်မှုတွေကိုလည်း လက်ခံပါတယ်။ သို့သော်လည်း အခြေခံအချက်အလက် တိတိကျ ကျနဲ့ ဝေဖန်မှုတွေကိုတော့ ပို လက်ခံရမှာပေါ့။ ဒီလိုမဟုတ်ဘဲနဲ့ ငါ့စကားနွားရ အတင်းဝေဖန်နေ ရင်တော့ တစ်မျိုးပေါ့။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ တာဝန်ရှိတယ်ဆိုတာကိုတော့ လက်ခံထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဝန်ကြီးချုပ်ဖြစ်နေတာကိုး။

ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဘာတွေလုပ်ဖို့ ရှိပါသလဲခင်ဗျ။

အခုကိစ္စဖြစ်တာဟာ စည်း ကမ်းတကျ မရှိတဲ့အတွက် ဖြစ် တာလို့ ကနဦးသုံးသပ်လို့ရတယ်။ ဝန်ပိုတွေတင်တာကို တွေ့ရတယ်။ သတ်မှတ်လူဦးရေထက် ပိုတင် တာကိုလည်း တွေ့ရတယ်။ ဒါ့ ကြောင့် ဒီကိစ္စကို ထိထိရောက် ရောက် ဆောင်ရွက်သွားမှာဖြစ် တယ်။ အဲဒီလို ဆောင်ရွက်သွားနိုင် အောင်လည်း စုံခုံအဖွဲ့တွေ ဖွဲ့ပြီး စစ်နေပါတယ်။ အချက်အလက် တိတိကျကျ ရပြီး ပြောရဆောင် ရွက်ရတာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ရမ်းပြီး စွတ်ပြောနေ လို့ မရဘူးလေ။ ဒီကိစ္စက တိတိ ကျကျသိရပြီးမှ လုပ်လို့ရမှာ။

အလားတူ နစ်မြုပ်မှုမျိုး နောင် မဖြစ်အောင် ဘာတွေ စီစဉ်သွား မလဲခင်ဗျ။

လတ်တလောမှာတော့ ဝန်ပို တွေ မတင်ဖို့၊ သတ်မှတ်လူဦးရေ ထက် ပိုမတင်ဖို့ ဆောင်ရွက်ခိုင်း ထားပါတယ်။ လိုက်နာမှုရှိအောင် လည်း ဆောင်ရွက်ခိုင်းထားပါ တယ်။ တစ်ဖက်မှာလည်း ဝန်ပို တွေ မတင်ရဘူး၊ လူပိုတွေမတင် ရဘူးဆိုရင် ရေယာဉ်တွေကို ထပ်မံ တိုးချဲ့ပေးရဦးမယ်။ ဒါမှ လုံ လောက်မှု ရှိမယ်။ မဟုတ်လို့က တော့ ရေယာဉ်တွေ လုံလောက်မှု မရှိဘဲနဲ့ ခရီးသည်တွေ ဒုက္ခတွေ့ လိမ့်မယ်။ တစ်ဖက်မှာလည်း ဒီ ဖြစ်စဉ်ကို လေ့လာဆန်းစစ်နေတဲ့ အဖွဲ့တွေရဲ့ ရလဒ်ပေါ်မှာ အခြေ ပြုပြီး ဆက်လက်ဆောင်ရွက်သွား ပါမယ်။ ဒီလိုပဲ ချင်းတွင်းမြစ်ရဲ့ရေ ကြောင်း အခြေအနေ ဒါတွေကို လည်း လေ့လာနေပါပြီ။ အားလုံး ဘက်စုံ ထောင့်စုံ ဆောင်ရွက်နေပါ တယ်။

သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက် တဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတချို့ကို လည်း ပြင်ဖို့ စီစဉ်နေတယ်လို့ သိ ရပါတယ်။ အဲဒါဟုတ်ပါသလား။

ပြင်သင့်တာတွေကို ပြင်နိုင်ဖို့ အတွက် ဥပဒေအကြံပေးတွေနဲ့ ဥပဒေတွေကို လေ့လာနေပါပြီ။ သူတို့ရဲ့ အကြံပြုချက်တွေကို ရရင် တော့ စစ်ကိုင်းတိုင်းလွှတ်တော်နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်။ ဒါတွေက တစ်ယောက် တည်းလုပ်လို့ ရတဲ့ကိစ္စမဟုတ်ဘူး လေ။ အချင်းချင်းညှိနှိုင်းပြီး ဆောင် ရွက်သွားရမှာ။ ပြီးတော့လည်း အများလက်ခံနိုင်တဲ့ အကျိုးရှိတဲ့ ရလဒ်လည်းဖြစ်ဖို့လိုတယ်။ လုပ်ရ မှာတွေတော့ အများကြီးပဲဗျ။

အမြန်ရေယာဉ်မောင်းတဲ့သူလည်း ထွက်ပြေးတိမ်းရှောင်နေတယ်။ သူ့ အပြင် ဒီအန်ြရေယာဉ်ဂိတ်တို့၊ ပြီးတော့ အခြားတာဝန်ရှိတဲ့သူ တွေကိုရော အရေးယူဖို့ အစီအစဉ် မရှိဘူးလားခင်ဗျ။

ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ် သက်ပြီး စုံခုံဖွဲ့ပြီး စစ်နေပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့က စုံခုံ ဖွဲ့ထားသလို ပို့ဆောင်ရေးနဲ့ ဆက် သွယ်ရေးဝန်ကြီးဌာနကလည်း စုံခုံ ဖွဲ့ထားပါတယ်။ အဲဒီ စုံခုံအဖွဲ့ တွေနဲ့ အစီရင်ခံစာတွေအရ ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ လတ်တ လောအနေနဲ့ ဘယ်သူ့ကိုတော့ အရေးယူမယ်၊ ဘယ်သူ့ကိုတော့ အရေးမယူဘူး စသဖြင့် ပြောဖို့ရာ စောလွန်းပါ သေးတယ်။ ဒါတွေက အစီရင်ခံစာထွက်ပြီးမှ ပြောမှ ကောင်းမှာကိုး။ ဘာဖြစ်လို့လဲဆို တော့ စကားလုံးတိုင်းဟာ တာဝန် ယူမှု၊ တာဝန်ခံမှုတွေ ရှိပါတယ်။ ဒါ့ကြောင့်ပါ။ ထိထိရောက်ရောက် ဖြစ်စေရမယ် ဆိုတာကိုတော့ အာ မခံပါတယ်။

ထိထိရောက်ရောက် အရေးယူသွား မယ်လို့ ဝန်ကြီးချုပ် ပြောထားတာ ရှိပါတယ်။ ဘယ်လို ထိထိရောက် ရောက်ပါလဲ။

ဥပဒေ၊ နည်းဥပဒေနဲ့အညီ ဖြစ်စေရပါမယ်။

အခုလို ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ဟာ ဌာန ဆိုင်ရာတွေ ပူးပေါင်းဆောင်ရွက် မှု အားနည်းလို့ဖြစ်တဲ့ ကိစ္စတစ်ခု လို့ မှတ်ချက်ပြုလို့ ရမလားခင်ဗျ။

ကျွန်တော်ကတော့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်နေတဲ့အခါ မှာ ပူးပေါင်းဆောင်ရွက်ကြဖို့ အမြဲ တမ်း တိုက်တွန်းလေ့ရှိပါတယ်။ ပူး ပေါင်းဆောင်ရွက်မှုတွေ မရှိဘူးဆို ရင် ဘာလုပ်လုပ် အဆင်ပြေမှာ မ ဟုတ်ပါဘူး။ အရိုးစွဲနေတဲ့ မကောင်း တဲ့အကျင့်တွေဟာ ပြုပြင်ဖို့ ခက်ပါ တယ်။ သို့သော်လည်းပဲ မပြုပြင်လို့ မရပါဘူး။ ဘယ်လောက်ခက်ခက် ပြုကိုပြုပြင်ရမှာပါပဲ။ ကျွန်တော် ကတော့ ပြုပြင်ပြောင်းလဲဖို့အတွက် ပူးပေါင်းဆောင်ရွက်ကြပါလို့ ပြော တဲ့ကာလဟာ အခုကစပြီး ကုန်ဆုံး သွားပြီလို့ ပြောလိုပါတယ်။ ရှေ့ ဆက်ပြီး ကျွန်တော်တို့ဟာ ဥပဒေ၊ နည်းဥပဒေနဲ့လည်း ဖိအားပေးဖို့ လိုပါတော့တယ်။ အဲဒီအတိုင်းပဲ ကျွန်တော် ရှေ့ဆက် ဆောင်ရွက် သွားမှာပါ။

ဟုတ်ကဲ့။ ခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*