လိုအပ်ချက်တွေရှိနေသေးတဲ့ ပြည်သူတွေနဲ့ ဒီမိုကရေစီ

လိုအပ်ချက်တွေရှိနေသေးတဲ့ ပြည်သူတွေနဲ့ ဒီမိုကရေစီ
October 27, 2016 Asian Fame

5:38 am
လိုအပ်ချက်တွေရှိနေသေးတဲ့ ပြည်သူတွေနဲ့ ဒီမိုကရေစီ
In Articles

လိုအပ်ချက်တွေရှိနေသေးတဲ့ ပြည်သူတွေနဲ့ ဒီမိုကရေစီ

hacker

ဒီမိုကရေစီလုပ်ငန်းစဉ်တွေတိုးတက်ကောင်းမွန်ဖို့ဆိုတာဟာ ပြည်သူတွေအနေနဲ့ နိုင်ငံရေးသမားကောင်း (ဒါမှမဟုတ်)မူဝါဒကောင်းကို ကောင်းကောင်းရွေးချယ် သဘောပေါက်လက်ခံနိုင်တဲ့အပေါ်မှာ အမှီပြုနေပါ တယ်။ ဒါပေမယ့် လူ့စိတ်သဘာဝအရ အဲသလို ရွေး ချယ်ဆုံးဖြတ်ရာမှာ သာမန်ခေါင်းဆောင်မှုနဲ့ သာမန် မူဝါဒတွေကိုပဲ မှားယွင်းဆုံးဖြတ်လက်ခံကြတာကများပါတယ်လို့ သုတေသီတွေကဆိုကြပါသဗျ။

အမေရိကန် ကော်နဲလ်တက္ကသိုလ်က စိတ်ပညာရှင် ဒေါက်တာဒေးဗစ် ဒန်းနင်းခေါင်းဆောင်တဲ့ သုတေသီ အဖွဲ့က လေ့လာတွေ့ရှိချက်အရဆိုရင်တော့ ပြည်သူတွေ ဟာ သူတို့ရဲ့ ပင်ကိုသဘောကိုယ်၌က တကယ်အရည်အချင်းရှိတဲ့သူတွေနဲ့ သူတို့ရဲ့အိုင်ဒီယာအရည် အသွေးတွေကို နားလည်ဆုံးဖြတ်နိုင်စွမ်း မရှိကြဘူးလို့ ဆိုပါတယ်။ ဥပမာအားဖြင့် အခွန်ပြောင်းလဲကောက်ခံ မယ့်ကိစ္စနဲ့ပတ်သက်လို့ ပြည်သူတွေအနေနဲ့ ကောင်းကောင်းနားမလည်ကြဘူးဆိုရင် အဲဒီကိစ္စကို တကယ် လုပ်ပေးနိုင်မယ့် ပြည်သူ့ကိုယ်စားလှယ်ကို ရွေးချယ်ရာ မှာ အင်မတန်ကို ခဲယဉ်းတဲ့သဘောမျိုးပါပဲ။ လေးနက် တဲ့ဆုံးဖြတ်မှုတွေလုပ်ဖို့အတွက် ပြည်သူတွေမှာ စိတ်ပိုင်း ဆိုင်ရာလိုအပ်ချက်တွေ ရိုးရိုးသားသားရှိနေကြတာပါပဲ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတော့ကာ မဲဆန္ဒ ရှင်တွေ တိတိကျကျသေသေချာချာ တန်ဖိုးဖြတ်နိုင်မယ့် အချက်အလက်တွေကို ကိုယ်စားလှယ်လောင်းတွေက လုံလုံလောက်လောက်မပေးနိုင်ကြလို့ပါပဲ။

”အင်မတန်ကောင်းမွန်တဲ့ မူဝါဒအိုင်ဒီယာတွေဟာ ပြည်သူတွေလက်ခံနားလည်နိုင်ဖို့ ခက်ခဲတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ကာ မူဝါဒအိုင်ဒီယာတစ်ခု ဘယ်လို ကောင်းမွန်တယ်ဆိုတာကို သဘောပေါက်နားလည်နိုင် တဲ့ အတွေ့အကြုံ ဗဟုသုတ သူတို့ဆီမှာမရှိကြလို့ပဲ”လို့ ဒေါက်တာဒန်းနင်းက ပြောပါတယ်။ဒေါက်တာဒန်းနင်းနဲ့ သူ့ရဲ့ တွဲဖက် ဂျပ်စတင် ကရူးဂါးတို့ဟာ ပြည်သူအများစုအနေနဲ့ သူတို့ရဲ့ ပင်ကိုÓဏ် ကို အသုံးပြုတိုင်း ကိုယ့်ကိုယ်ကိုယ် လှည့်စားခံနေရမှု ကို အကြိမ်ကြိမ်စမ်းသပ်လေ့လာပြီး သက်သေပြခဲ့ ကြပါတယ်။ ရယ်စရာဟာသတွေ ပြောပြခိုင်းတာ၊ သဒ္ဒါ အမှားအမှန်တွေ စစ်ဆေးပြင်ဆင်ခိုင်းတာ၊ စစ်တုရင် ကစားခိုင်းတာ အဲဒါတွေကိုလုပ်ခိုင်းပြီး လူတွေရဲ့ စွမ်း ရည်အဆင့်အတန်းကို သတ်မှတ်ဆန်းစစ်ကြည့်တဲ့အခါ လူနည်းစုကသာ သာမန်အဆင့်ရဲ့
အထက်သာသာမှာ ရှိနေပြီး အများစုအနေနဲ့ကတော့ သာမန်အဆင့်တောင် မရှိတာကို တွေ့ရပါသတဲ့။

ကျွန်တော်တို့ဟာ ကိုယ်ကိုယ်တိုင် အရည်အသွေး မမီသလို တခြားသူတွေရဲ့ အရည်အသွေးတွေကိုလည်း မသိမြင်ကြတာပါပဲ။ ”ခင်ဗျားကိုယ်တိုင် အရည်အချင်း မမီဘူးဆိုမှတော့ တခြားသူတစ်ယောက် အရည်အချင်း မမီတာကိုလည်း အဆုံးအဖြတ်ပေးဖို့ခက်မှာပဲ”လို့ ဒေါက်တာဒန်းနင်းက ပြောပါတယ်။သဒ္ဒါအမှားအမှန်ရှာခိုင်းပြီး စမ်းသပ်တဲ့အခါမှာ အဲဒီအချက်ကို ထင်ထင်ရှားရှားတွေ့ခဲ့ကြပါတယ်။ ”သဒ္ဒါ အမှားအမှန်ကို ကိုယ်ကိုယ်တိုင်အဖြေပေးဖို့ခက်နေတဲ့ ကျောင်းသားတစ်ယောက်ဟာ တခြားသူတစ်ယောက် ဖြေထားတာကို အဆင့်အတန်းသတ်မှတ်ဖို့ ပိုခက်နေတာ တွေ့ရတယ်ဗျ”လို့ ဒေါက်တာဒန်းနင်းက သူ့အတွေ့အ ကြုံကိုပြောပြပါတယ်။ ”အဓိကအကျဆုံးကတော့ သူ တွေ့နေတာဟာ အမှန်လား အမှားလားဆိုတာကို မသိတာပဲဗျ”လို့လည်း သူကပြောပါသေးတယ်။

”ကိုယ်နဲ့သက်ဆိုင်နေတဲ့ ကဏ္ဍနယ်ပယ်တစ်ခုနဲ့ ပတ်သက်လို့ ခင်ဗျားမှာ အကြားအမြင်ဗဟုသုတမရှိဘူး ဆိုမှတော့ ကိုယ့်ကိုယ်ကိုယ် ဘာလိုအပ်နေတယ်ဆိုတာကို အကဲမဖြတ်နိုင်တော့သလို တခြားတစ်ယောက်ကို အကဲ ဖြတ်ဖို့ဆိုတာလည်း ခက်နေမှာပါပဲ”လို့ ဒေါက်တာဒန်း နင်းက ပြောပါတယ်။ စမ်းသပ်ချက်တွေလုပ်ကြည့်တော့ လည်း အဲဒီအတိုင်းပဲတွေ့ရပါတယ်။ အဲဒီပြဿနာဟာ ကိုယ်စားလှယ်လောင်းတွေ ရွေး ချယ်ရာမှာ တကယ်ကိုကြုံရတော့တာပါပဲ။ အကြားအမြင် ဗဟုသုတနည်းပါးပြီး လေ့လာမှုလည်း မရှိတဲ့ပြည်သူတွေ ဟာ ကိုယ်ရွေးပေးရမယ့် ကိုယ်စားလှယ်လောင်းနဲ့ မူဝါဒ
တွေကို ရွေးချယ်ရာမှာ တော်တော်ကိုခက်ခဲလိမ့်မယ်လို့ ဒေါက်တာ ဒန်းနင်းကပြောပါတယ်။ အဲသလို မှားယွင်း ရွေးချယ်မိတာဟာ ကိုယ်ဖော်တဲ့ဆေးကိုယ်ပြန်စားရတဲ့ အဖြစ်မျိုးနဲ့တူပြီး မသက်မသာခံစားရတာတွေကို ရင် ဆိုင်ရမှာပါလို့လည်း သူကပြောပါသေးတယ်။

ဂျာမနီနိုင်ငံက လူမှုသိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ မာတိုနာဂယ်လ် ကတော့ ဒေါက်တာ ဒန်းနင်းနဲ့ ကရူး ဂါးတို့ရဲ့ အရည်အချင်းမပြည့်မီမှု သီအိုရီဆိုင်ရာအချက် အလက်တွေကို ကွန်ပျူတာပရိုဂရမ်ရေးပြီး ဒီမိုကရေစီရွေးကောက်ပွဲနမူနာတစ်ခုကို ကွန်ပျူတာထဲမှာ ပုံဖော် ကြည့်ခဲ့ပါတယ်။ သူရဲ့ ကွန်ပျူတာပရိုဂရမ်နမူနာ မော် ဒယ်ရွေးကောက်ပွဲမှာလည်း မဲဆန္ဒရှင်တွေဟာ ကိုယ်စား လှယ်လောင်းတွေရဲ့ ခေါင်းဆောင်မှုအရည် အသွေးကို သိရှိနိုင်စွမ်းမရှိကြတာကိုတွေ့ရ ပြီး အမြဲမဲနိုင်နေကျ အဆင့်အတန်းထက် မဆိုစ လောက်ကလေးပဲ အရည်အချင်းသာတဲ့ ကိုယ်စားလှယ် တွေကိုပဲ ဆုံးဖြတ်ရွေးချယ်ခဲ့ ကြတာကို တွေ့ရပါတယ်။

ဒီမိုကရေစီစနစ်နဲ့ အကောင်းဆုံးခေါင်းဆောင်တွေ ကို ရွေးချယ်ဖို့ဆိုရာမှာ လုံးဝမဖြစ်နိုင်(ဒါမှမဟုတ်) အင် မတန်ဖြစ်နိုင်ခဲပါတယ်လို့ မာတိုနာဂယ်လ်က မှတ်ချက် ချပါတယ်။ အာဏာရှင်စနစ်(ဒါမှမဟုတ်)တခြားအုပ် ချုပ်ပုံစနစ်တွေထက် ဒီမိုကရေစီစနစ်ရဲ့ အားသာချက် ကတော့ သာမန်အဆင့်ထက်နိမ့်တဲ့ ကိုယ်စားလှယ်တွေ ဟာ ခေါင်းဆောင်တွေ ဖြစ်လာရေးကို ထိထိရောက် ရောက် ကာကွယ်နိုင်ခြင်းလောက်ပဲဖြစ်တယ်လို့လည်း မာတိုနာဂယ်လ်က ပြောပါတယ်။

ဟက်ကာ
ref: People Aren’t Smart Enough for Democracy to Flourish, Scientists Say

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*