အကြမ်းဖက်တိုက်ခိုက်ခံရသည့် မောင်တောနယ်စပ်ကိစ္စ ရခိုင်ပြည်နယ်လွှတ်တော်ကလည်း စုံစမ်းမည်

အကြမ်းဖက်တိုက်ခိုက်ခံရသည့် မောင်တောနယ်စပ်ကိစ္စ ရခိုင်ပြည်နယ်လွှတ်တော်ကလည်း စုံစမ်းမည်
October 27, 2016 Asian Fame

5:38 am
အကြမ်းဖက်တိုက်ခိုက်ခံရသည့် မောင်တောနယ်စပ်ကိစ္စ ရခိုင်ပြည်နယ်လွှတ်တော်ကလည်း စုံစမ်းမည်
In Crime, Parliament

အကြမ်းဖက်တိုက်ခိုက်ခံရသည့် မောင်တောနယ်စပ်ကိစ္စ ရခိုင်ပြည်နယ်လွှတ်တော်ကလည်း စုံစမ်းမည်

maung-daw-news-copy

ရန်ကုန်၊ အောက်တိုဘာ ၂၅
မောင်တောခရိုင်အတွင်း  အောက်တို ဘာလ ၉ ရက်နေ့ကဖြစ်ပွားခဲ့သည့်  နယ် ခြားစောင့် စခန်း ၃ ခု အကြမ်းဖက်တိုက်ခိုက် ခံလိုက်ရမှုကို ရခိုင်ပြည်နယ်လွှတ်တော်က ကော်မရှင်ဖွဲ့ပြီး စုံစမ်းဦးမည်ဟုသိရသည်။
အောက်တိုဘာလ ၂၄ ရက်နေ့က ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်၏ အရေးပေါ်အထူးအစည်းအဝေးတွင် ယင်း ကော်မရှင်ကို ဖွဲ့လိုက်ခြင်းဖြစ်သည်ဟု ပြည် နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက ပြောသည်။
အဖွဲ့ဝင် ၁၁ ဦးပါ ယင်းကော်မရှင်က နယ်ခြားစောင့်စခန်းတိုက်ခိုက်ခံရမှု၊ ထိုသို့ မဖြစ်စေရေးအတွက် ကြိုတင်လုပ်ဆောင် သင့် သည့်အချက်များ အစရှိသည်တို့ကို စုံစမ်းရှာဖွေကြမည်ဟု ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ဆိုသည်။
ကော်မရှင် စဖွဲ့ပြီး နောက်တစ်ရက် မှာပင် ဘူးသီးတောင်နှင့် မောင်တောမြို့ နယ်များသို့ ကွင်းဆင်းပြီး လေ့လာမှုများပြု လုပ်နေ သည်ကို တွေ့နေရသည်။
”နှစ်ပတ်အတွင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကို အစီရင်ခံစာ တင်သွင်းရမယ်”ဟု အထက်ပါကော်မရှင်အဖွဲ့ ဝင်တစ်ဦး က ပြောသည်။
ပြည်နယ်လွှတ်တော်၏ ထိုသို့ဆောင် ရွက်ချက်ကို စစ်တွေအခြေစိုက် လူမှုအဖွဲ့ အချို့နှင့် ရခိုင်ဒေသခံတို့က ကြိုဆိုခဲ့ကြ သည်ဟု ရခိုင်အမျိုးသမီးကွန်ရက်အဖွဲ့က ပြောသည်။
ရုတ်တရက် စီးနင်းတိုက်ခိုက်ခံရပြီး နောက် အကြမ်းဖက်စီးနင်းရာတွင် ပါဝင်ခဲ့ သူတို့ကို  တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က အောက် တိုဘာ ၂၄ ရက်နေ့အထိ ဆက် တိုက်ဖမ်းဆီးနိုင်နေသည်ကို သတင်းထုတ် ပြန်ချက်များအရ သိရသည်။
ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်ဖြစ် စဉ်နှင့် ပက်သက်ပြီး ပြည်ထောင်စု အစိုးရ အဖွဲ့က ဥပဒေနှင့်အညီ ဆောင်ရွက်နေ ကြောင်းနှင့် ရခိုင်ပြည်နယ်ဘက်မှ မူစလင် အသိုင်း အဝိုင်းနှင့် ဘာသာရေးခေါင်းဆောင် များအနေဖြင့်လည်း ထူးခြားသတင်းများ ရရှိပါက လာရောက်သတင်းပေးပို့ခြင်းဖြင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်စေလို ကြောင်း ပြောသည်။

PN-051

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*