ထိုင်းဘုရင်ကွယ်လွန်ခြင်းကြောင့် အလုပ်သမားစည်းကမ်း ကြီးကြီးမားမားပြောင်းလဲမည်ကို မြန်မာများ စိုးရိမ်နေ

ထိုင်းဘုရင်ကွယ်လွန်ခြင်းကြောင့် အလုပ်သမားစည်းကမ်း ကြီးကြီးမားမားပြောင်းလဲမည်ကို မြန်မာများ စိုးရိမ်နေ
October 27, 2016 Asian Fame

8:09 am
ထိုင်းဘုရင်ကွယ်လွန်ခြင်းကြောင့် အလုပ်သမားစည်းကမ်း ကြီးကြီးမားမားပြောင်းလဲမည်ကို မြန်မာများ စိုးရိမ်နေ
In International News

ထိုင်းဘုရင်ကွယ်လွန်ခြင်းကြောင့် အလုပ်သမားစည်းကမ်း ကြီးကြီးမားမားပြောင်းလဲမည်ကို မြန်မာများ စိုးရိမ်နေ

thai-news-copy

ထိုင်းဘုရင်မင်းမြတ်ကွယ်လွန် ခြင်းကြောင့် အလုပ်သမားဆိုင်ရာ စည်းကမ်းများ ကြီးကြီးမားမား ပြောင်းလဲ မည်ကို မြန်မာရွှေ့   ပြောင်းလုပ်သားများ စိုးရိမ်နေ ကြောင်း သိရသည်။

မဲဆောက်အခြေစိုက်  မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှား မှုကော်မတီ (JACBA ) ဥက္ကဋ္ဌ ဦးမိုးကြိုးက ”ရွှေ့ပြောင်းအလုပ် သမားတွေနဲ့ ပတ်သက်ပြီး အပြောင်း အလဲဖြစ်မှာကို သူတို့စိုးရွံ့မှုရှိနေ ကြတယ်။ အထွေထွေပါပဲ။ အခု ဟာက ထိုင်းနိုင်ငံရဲ့နိုင်ငံရေး က အများကြီး ရှုပ်ထွေးစရာတွေရှိနေ တယ်။ အဲဒါတွေအပေါ်မှာဆောင်ရန် ရှောင်ရန်တွေ အထူးသတိပေးနေ တယ်။ ဥပမာ စစ်အစိုး ရဆက်အုပ် ချုပ်မယ်ဆိုရင် ငါးယောက်ထက် ပို မစုရဘူးလေ။ ဒါကို အလိုလို သိနေ ရမယ်။ မြန်မာတွေရဲ့ သဘာဝက သိတဲ့အတိုင်း တအားပျော်တတ် တာလေ။ အဲဒါကြောင့် ရေဒီယို၊ တီဗီနဲ့ကျွန်တော်တို့လုပ်နေတဲ့ မြန်မာ ပြည်သားစာစောင်ဆိုတာထဲမှာ ရော အထူးသတိပေးချက်တွေ ထည့်ထားတယ်။ ဒီကာလက ပျော် ရွှင်မှု မလုပ်ရတဲ့ကာလဖြစ်နေတယ်” ဟု အောက်တိုဘာလ ၂၂ ရက် တွင် ပြောသည်။

အောက်တိုဘာလ ၁၃ ရက် နေ့က ထိုင်းနိုင်ငံ၏ဘုရင်ဘူမိတော အဒူရာဒက်(ရှ်)သည် ဘန်ကောက် မြို့၊ ဆရီရာ့ခ်ျဆေးရုံကြီး၌ ထိုင်းစံ တော်ချိန် မွန်းလွဲ ၃ နာရီ ၂၅ မိနစ် တွင် နတ်ရွာစံခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလအဖြစ် တစ်လ သတ်မှတ်ထားသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၃ သန်း ကျော်အခြေချ နေထိုင်လျက်ရှိကြ ပြီး ခွင့်ပြုထားသော အခြေခံအလုပ် အကိုင် ၂၅ မျိုးကိုလုပ်ကိုင် ကြကြောင်း၊ လက်ရှိတွင် အလုပ် သမားဆိုင်ရာ စာရွက်စာတမ်း ပြဿနာများ အဓိကကြုံတွေ့နေ ရကြောင်း JACBA  မှသိရသည်။

”ရှိနေတဲ့ စာရွက်စာတမ်းကို သက်တမ်းတိုးရတဲ့ ကုန်ကျစရိတ် အခက်အခဲ၊ မရှိရင်လည်း   လုပ်ရတဲ့ ကုန်ကျစရိတ်၊ ပြီးရင် ရှိရှိ မရှိရှိ အထောက်အထား မစုံပါဘူးဆိုပြီး အကြောင်းအမျိုးမျိုးနဲ့ ရမယ်ရှာပြီး မြန်မာနိုင်ငံသားတွေကို ATM  လို သဘောထားပြီး ထိုင်းရဲတွေ က ငွေ ညှစ်ယူနေကြတယ်။ စာရွက်စာတမ်း လုပ်တော့မယ်ဆိုရင် အလုပ်သမား တွေကြုံတွေ့နေရတာက တရားဝင် ကုန်ကျစရိတ်က တစ်မျိုး၊ ကိုယ် တိုင်မလုပ်ရဘဲ သူဌေးအမည်ခံ ပေးတဲ့ ထိုင်းလူမျိုးတစ်ယောက်ပါမှ ရနေတယ်။ ၂ မျိုးကုန်နေတယ်” ဟု ၄င်းက ဆက်ြေ ပာသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယာယီနေထိုင်လုပ်ကိုင်ခွင့်ကတ်ကို တရားဝင် ထိုင်းငွေ ၅၆၈ဝ ဘတ် သတ်မှတ်ထားသော်လည်း သူဌေး အမည်ခံအတွက် မဲဆောက်တွင် ဘတ် ၁ဝဝဝ၊ ကျန်ဒေသများတွင် ဘတ် ၂ဝဝဝ ဝန်းကျင်ပေးရကြောင်း၊ စာရွက်စာတမ်းများမှာ သတ် မှတ် သက်တမ်းကုန်ဆုံးပြီးပါက ထိုင်း အစိုးရက ဆက်လက်ခွင့်ပြု မပြု မသိရကြောင်း ၄င်းကပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*