ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်း အိမ်တိုင်ရာရောက်စနစ်ဖြင့် ကောက်ယူမည်

ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်း အိမ်တိုင်ရာရောက်စနစ်ဖြင့် ကောက်ယူမည်
October 27, 2016 Asian Fame

5:32 am
ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်း အိမ်တိုင်ရာရောက်စနစ်ဖြင့် ကောက်ယူမည်
In Election

ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်း အိမ်တိုင်ရာရောက်စနစ်ဖြင့် ကောက်ယူမည်

election-copy

၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်မြင်ကွင်း။ (Photo: AFP)

စိုင်းလမင်း
နေပြည်တော်၊ အောက်တိုဘာ ၂၄

၂ဝ၁၇ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲအတွက် မဲစာရင်းများကို နိုဝင် ဘာလ ၁ ရက်နေ့မှစကာ အိမ်တိုင် ရာရောက်(Door To Door))စနစ် ဖြင့် ကောက်ယူသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြော သည်။

”မဲစာရင်းမှန်ကန်ဖို့က Door To Door စနစ်နဲ့ကောက်မယ်။လက်ရှိစာရင်းနဲ့ အိမ်ထောင်ဦးစီး က ဖြည့်စွက်စရာရှိလား၊ ပယ်ဖျက် စရာရှိလား၊ ကွယ်လွန်သွားပြီဆို လည်း အိမ်ထောင်ဦးစီးရဲ့လက်မှတ် တစ်ခုတည်းနဲ့ ဒီလူကတော့ ကျန်ခဲ့ ပြီဆိုရင်လည်း သူ့ရဲ့ လက်မှတ်နဲ့ ထည့်သွင်းမှာပေါ့။  ကိုယ်တိုင်ဖြေ တဲ့အဖြေကို ယူမယ့်အတွက်ကြောင့် မဲစာရင်းဟာ ပိုတိကျမယ်”ဟု ၄င်း ကဆိုသည်။

အောက်တိုဘာလ ၂၄ ရက် နေ့က နေပြည်တော်ရှိ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ ဆုံပွဲ ခေတ္တရပ်နားချိန်တွင် သတင်း မီဒီယာများကို ¤င်းက အထက်ပါ အတိုင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

    ထို့အပြင် ပြည်ပတွင်ရောက်ရှိ နေသော မြန်မာနိုင်ငံသားများ မဲ ပေးခွင့်မဆုံးရှုံးစေရန် နိုဝင်ဘာလ ၁ ရက်နေ့မှစကာ သက်ဆိုင်ရာ   နိုင်ငံများတွင် ပုံစံ ၁၅ စတင်ဖြည့် သွင်းနိုင်ပြီဖြစ်ကြောင်း ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်မှ သိရ သည်။

”ဥပဒေမှာကိုက တရားဝင် သွားရောက်တဲ့ မြန်မာနိုင်ငံသား လို့ပြောတဲ့အတွက် နိုင်ငံတော်မှ တရားဝင်စေလွှတ်ထား တဲ့ မြန်မာ   နိုင်ငံသားတွေပဲ မဲပေးလို့ရမှာပါ” ဟု၎င်းက ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲ မဲ ပေးသည့်စနစ်ကိုလည်း တံဆိပ်တုံး ရိုက်နှိပ်သည့်စနစ်သာ ဆက်လက် အသုံးပြုမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးလှသိန်းက ဆိုသည်။

”ဘာလို့လဲဆိုတော့ ပြည်သူ တွေ မျက်စိလည်မှာစိုးလို့ပါ” ဟု ၄င်းကပြောကြားခဲ့သည်။

၂ဝ၁၇ ခုနှစ်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲလစ်လပ် နေရာ ၁၈ နေရာဖြစ်ကြောင်းမူလက ကြေညာခဲ့ပြီး ၄င်းတို့မှာ ပြည် သူ့ လွှတ်တော်တွင် ၃နေရာ၊ အမျိုး သားလွှတ်တော်တွင် ၆ နေရာ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော် ၉ နေရာဖြစ်သည်။

သို့သော်  ရှမ်းပြည်နယ်လွှတ်တော် ညောင် ရွှေ မဲဆန္ဒနယ်အမှတ် ၁မှ ပြည် နယ် လွှတ်တော်ကိုယ်စားလှယ်တစ် ဦး ကွယ်လွန်ခဲ့သဖြင့် လစ်လပ်နေ ရာ ၁၉ နေရာဖြစ်လာကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*