မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း နှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း နှင့် တွေ့ဆုံမေးမြန်းခြင်း
October 27, 2016 Asian Fame

8:37 am
မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း နှင့် တွေ့ဆုံမေးမြန်းခြင်း
In Interview

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း နှင့် တွေ့ဆုံမေးမြန်းခြင်း

lu-min

နိုင်ငံခြား ဇာတ်ကား များရောင်း ချမှုကို မဖမ်းဆီးရေး၊ ၁၉၉၆ ရုပ်မြင်သံကြား နှင့် ဗီဒီယို ဥပဒေကို ပြင်ဆင်ဖြေလျှော့ပေးရေး အတွက် လူဦးရေ ၅ဝ ခန့်က အောက်တိုဘာ ၁၆ ရက်နေ့တွင် ဆန္ဒ ဖော်ထုတ်ခဲ့ ကြသည်။ အဆိုပါ ဆန္ဒထုတ်ဖော် မှုနှင့်ပတ်သက်၍ လည်းကောင်း၊ မြန်မာ ရုပ်ရှင် ဇာတ်ကား များ အပေါ် ပရိသတ် များ၏ ဝေဖန်မှုများနှင့် ပတ်သက်၍ လည်းကောင်း မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းအား တွေ့ ဆုံမေးမြန်းခဲ့ ပါသည်။

အောက်တိုဘာ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဆန္ဒ ထုတ်ဖော်မှုတွေနဲ့ ပတ်သက်ပြီး ရုပ်ရှင် အစည်းအရုံး ဘက်က ဘာတွေ လုပ်ဆောင်ဖို့ရှိ ပါသလဲရှင့်။

အဲဒီ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ကျွန်တော် လေ့လာဖြစ်တယ်။ သူ တို့ တောင်းဆိုတဲ့ အချက်တွေက ရုပ်ရှင် အစည်းအရုံးက တစ်ခုခု လုပ်ဆောင် ပေးမှာလား ဆိုတာက ရုပ်ရှင် အစည်းအရုံးက ဥပဒေပြု ရေး၊ တရား စီရင်ရေး ပြုလုပ်တဲ့ အဖွဲ့ မဟုတ်ပါဘူး။ အနုပညာရှင် တွေနဲ့ ဖွဲ့စည်းထားတဲ့ NGO အဖွဲ့ အစည်း တစ်ခုပါ။ ဒီဥပဒေ ပြင်ဆင် ရေးဆိုတာက အစ်ကိုတို့နဲ့ မဆိုင် ဘူး။ အစ်ကိုတို့ ရည်ရွယ်ချက်က လည်း ပြည်သူ အနုပညာရှင်တွေရဲ့ အကျိုးစီးပွား ကာကွယ်ဖို့ အတွက် သက်ဆိုင်ရာ တည်ဆဲ ဥပဒေအရပဲ တောင်းဆိုတာ ဖြစ်တယ်။ သက်ဆိုင် ရာ တာဝန်ရှိ အစိုးရဌာနက ဆောင် ရွက်ပေးနိုင်တယ် ဆိုရင်တော့ သူတို့ ဆောင်ရွက် ပေးရမယ့် ကိစ္စဖြစ်တယ်။

နိုင်ငံခြားကားတွေ မဖမ်းဆီးဖို့ တောင်းဆိုနေတဲ့အချက်နဲ့ ပတ်သက် ပြီး ကိုလူမင်းအမြင်ကို ပြောပြပေး ပါဦး။

ကျွန်တော်တို့ ရည်ရွယ်ချက်က တရားမဝင် ဆင်ဆာမဲ့ ဖမ်းဆီးရေး ဖြစ်တယ်။ မြန်မာနိုင်ငံ ဥပဒေမှာ ကိုက မြန်မာကား တစ်မျိုး အင်္ဂလိပ် ကားတစ်မျိုး ဆိုပြီး ခွဲခြားထားပြီး သတ်မှတ်ထားတာ ရှိမယ် မထင်ဘူး။ သက်ဆိုင်ရာ အာဏာပိုင်က အရေး ယူဆောင်ရွက်တယ်လို့ထင်တယ်။

ဝေဖန်မှုတွေ ပြင်းထန်လာတဲ့ အခါ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ကိုယ့် လောကသားတွေ ကို ဘာပြောချင် ပါသလဲ။

အခု လတ်တလော ဝေဖန် ထောက်ပြမှုထက် လွန်ကဲလာတယ်။ အနုပညာရှင်တွေ အနေနဲ့က ဝေဖန် ထောက်ပြတဲ့ အခါမှာ ကောင်းတာ ဖြစ်စေ ဆိုးတာ ဖြစ်စေ ခံယူရမှာပဲ။ ရည်ရွယ်ချက် ရှိရှိ မြန်မာ့ ရုပ်ရှင် လောကကို ထိုးနှက် တိုက်ခိုက်နေ တာတွေလည်း တွေ့ရပါတယ်။ ဒါတွေအတွက် ပြင်ဆင်ရမယ့် ကိစ္စ ကတော့ အစ်ကိုတို့ဘက် ကပြင်ဆင် ရမယ်။ တချို့ဝေဖန်တဲ့ နေရာမှာ ကော်ပီကူးတာနဲ့ သက်ဆိုင်တယ်။ တကယ်တော့ အရင်ကလည်း သူ့ ခေတ် သူ့ကာလ နဲ့ဒီလိုပဲ ဖြစ်ခဲ့ကြ တယ်။ ကော်ပီနဲ့ ကင်းတဲ့ဟာ ရှိပါ တယ်၊ ဒါပေမယ့် ရှားပါတယ်။ အဲဒီအချိန် အဲဒီကာလက ပရိသတ် တွေ အားပေး ခဲ့ကြတာပဲ။ ဒါပေ မယ့် အခုခေတ် ကာလက Copy Right (မူပိုင်ခွင့်) သတိထားရမယ့် ကာလဖြစ်နေပြီ။

Copy Right အပြင် သတင်း စီးဆင်းမှု မြန် ဆန်တယ် ဆိုတဲ့ အချက် ကိုရော အရေးကြီး တယ်လို့ မြင်ပါ သလား။

ဟုတ်တယ်၊ အဲဒီ အချက်က သိပ် အရေးကြီးတယ်။ ဒီနေ့ခေတ် အချိန်ကာလက အရင်လို မဟုတ် တော့ဘူး။ သတင်း စီးဆင်းမှုက အချိန်နဲ့ တပြေးညီ ဆိုတဲ့အတိုင်း တအားကို မြန်ဆန်တယ်။ လူတိုင်း က မီဒီယာဖြစ်တယ်။ အရင်က မီဒီယာ အနည်းငယ်နဲ့ အနုပညာ ရှင်ပဲ ပတ်သက်တယ် ဆိုပေမယ့် အခုက ပြည်သူပြည်သား တိုင်း သတင်းသမား ဖြစ်နေတယ် ဆိုတော့ အများသူ ငါသိအောင် သတင်း အချက်အလက် ကို တပြေးညီကို တင်နေတဲ့ အတွက် မီဒီယာသမား ရယ် သီးသန့် မဟုတ်တော့ဘူး။ အလျင်မြန်ဆုံး စီးဆင်းနေတဲ့ အချိန်မှာ ပရိသတ်တွေဘက်က လည်း မြန်ဆန်မှု နောက်မှာ အမှား အမှန်ကို ပိုင်းခြား နိုင်ဖို့ အရမ်းလို အပ်တယ်။ အခု ဖြစ်ပျက်နေတာတွေ နည်းပညာ အားကောင်းမှု တအား ကို မြန်ဆန်တာလည်း ပါတယ်။ အနုပညာရှင်တွေ လည်း အရည် အသွေးကို ဦးစားပေး လုပ်ဆောင်ဖို့ အရမ်းကို အရေးကြီး လာပြီ။ ဒီလို စီးဆင်းမှု မြန်ဆန်နေတဲ့ အချိန်မှာ အနုပညာသမားတွေ ဘက်က တိကျရတော့မယ်။

ဗီဒီယို အခွေတွေ ရောင်းဝယ်နေတဲ့ ဈေးကွက်ကို တရားဝင် ဈေးကွက်အဖြစ် ထိန်းချုပ်မယ် ဆိုရင် အစိုးရ အတွက် အနုပညာ လောကသားတွေ အတွက် အကျိုး သက်ရောက်မှု တစ်ခု ခုရှိလာမယ် လို့ ယုံကြည်ပါသလား။

တရားမဝင်တဲ့ ဈေးကွက်တွေ ကျယ်ပြန့်လာတာ အနုပညာရှင် တစ်ယောက် အနေနဲ့ ပြောရမယ်ဆို ရင် တရား ဥပဒေ စိုးမိုးရေး ပြစ်ဒဏ် ချမှတ်ရေးမှာ အားနည်းနေတဲ့ ကိစ္စ ပဲ။ ဒါကို နိုင်ငံတော်က ကိုင်တွယ် ပြီးတော့ အာဆီယံဒေသ အတွင်း တံခါးဖွင့် ဝါဒတွေ ဖြစ်လာခဲ့ရင် နိုင်ငံတော် အတွက် သော်လည်း ကောင်း၊ အနုပညာရှင် အတွက် သော်လည်းကောင်း အလားအလာ ကောင်းတွေ ရလာမယ်။ ဒီကိစ္စ ကတော့ အစိုးရကနေ ကြပ်မတ် ကိုင်တွယ်ရမယ့် ကိစ္စတစ်ခုဖြစ်လာ မယ်လို့ ယူဆတယ်။ ဒါတွေက တင်သွင်း ဖြန့်ချိမယ်ဆို သွင်းကုန် ထုတ်ကုန် အခွန်စသဖြင့် လာတော့ မယ်လေ။ တံခါးဖွင့်ပြီ ဆိုရင် တရားဝင် ဈေးကွက်တွေ ဖြစ်လာ မယ်။ ဈေးကွက်လည်း အခုလို မဟုတ်တော့ဘူး။ အင်္ဂလိပ်ကား ကြိုက်တာ ကိုယ်လည်း ပါတာပဲ။ အခု အခြေအနေအခါ က တရားဝင် ဖြန့်ချိလို့ကို မရဘူး။ တရားမဝင် ဈေးကွက်တွေ ကြီးစိုးနေတယ်။ အဲဒီလို ကြီးစိုးနေတာကလည်း တောင်း ဆိုတဲ့ ပရိသတ်တွေ အခိုင်အမာရှိ နေတာလည်း ပါတယ်။

ကိုလူမင်း ဥက္ကဋ္ဌ သက်တမ်းတစ် လျှောက်မှာ မထင်မှတ်တဲ့ ပြဿနာ တွေ၊ ဝေဖန်မှုတွေ မကြာခဏ ကြုံ တွေ့ရတဲ့အပေါ် ဘာပြောချင်ပါ သလဲ။

ဟုတ်ပါတယ်။ တကယ်တော့ ကျွန်တော်လည်း ပုထုဇဉ်လူသား တစ်ယောက်ပဲ။ စိတ်ညစ်တာတွေ၊ စိတ်ပင်ပန်းတာတွေ ရှိတယ်။ ပြန် ကြည့်လိုက်တော့ တိုင်းပြည် အခြေ အနေလည်း ရှိသေးတယ်။ အခု ဒီမိုကရေစီ ဒီမိုကရေစီ ပြောနေတာ တွေမှာ ပြောင်းလဲမှု ကနှစ်ခုပေါ့။ အရင်ကဆို သက်ဆိုင်ရာ အာဏာ ပိုင် အစိုးရ အဖွဲ့အစည်းက အရမ်း ကိုယ်တို့လောကကို ဖိနှိပ်ထား လို့ ဆိုပြီးတော့ အဲဒီ ဖိနှိပ်မှုတွေကန့် သတ်ချက်တွေ ကို တွန်းလှန်ဖို့ကြိုး စားခဲ့ကြတယ်။ အခုရောက်ပြန် တော့လည်း ဒီမိုကရေစီ ဆိုပြီးလွတ် လပ်မှုကို တောင်းဆိုကြတဲ့သူ တွေက ဆန္ဒ တစ်ခု၊ စည်းကမ်းထိန်း ချုပ်မှု ပိုင်းမှာ လျော့နည်းတယ် ဆိုပြီး သုံးသပ်ဝေဖန်တာ တစ်ခု ဖြစ်နေတယ်။ အခု ဝေဖန်မှုတွေကို ကျွန်တော် အပြစ်မမြင်ဘူး။ နယ် ရုပ်ရှင်ရုံတွေ မှာ မြန်မာကားကို မပြရင် ရပ်တည်လို့ မရပါဘူး။ အခု ရန်ကုန်မှာ မြန်မာကားမကြည့် လည်း နယ်တွေမှာ ကြည့်တယ်။ နယ်မှာက ပရိသတ် အခိုင်အမာ ရှိတယ်။ ဒီမြို့ပေါ်မှာ ဗီဒီယိုဈေး ကွက်ကျပေမယ့် နယ်တွေမှာဆို ပရိသတ်ရှိနေဆဲပါပဲ။ အခု ရန်ကုန် မှာတင်တဲ့ မြန်မာ ကားတွေလည်း ပရိသတ် ဝင်ပါတယ်။ မြန်မာကား ကို အားပေးတဲ့ မြန်မာ ပရိသတ်ရှိ ပါတယ်။ သူတို့ ဝေဖန်တာတွေကို ကျွန်တော်တို့က ယူတတ်ရမယ်၊ ပြင်သင့်တာ ပြင်ရမယ်။ တစ်နည်း အားဖြင့် အစ်ကိုတို့လောက အတွက် တွန်းအား တစ်ခုဖြစ်တယ် လို့တောင် မြင်တယ်။

ထူးထူး မေးမြန်းတင်ဆက်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*