အမျိုးသမီးနှင့် ကလေးသူငယ်အကြမ်းဖက်မှု တိုင်ပင်နိုင်မည့် Hot Line သို့ ဝေးလံခေါင်သီသည့် ဒေသများမှပါ မေးမြန်းခြင်း များ ရှိလာ

အမျိုးသမီးနှင့် ကလေးသူငယ်အကြမ်းဖက်မှု တိုင်ပင်နိုင်မည့် Hot Line သို့ ဝေးလံခေါင်သီသည့် ဒေသများမှပါ မေးမြန်းခြင်း များ ရှိလာ
October 27, 2016 Asian Fame

6:01 am
အမျိုးသမီးနှင့် ကလေးသူငယ်အကြမ်းဖက်မှု တိုင်ပင်နိုင်မည့် Hot Line သို့ ဝေးလံခေါင်သီသည့် ဒေသများမှပါ မေးမြန်းခြင်း များ ရှိလာ
In Local

အမျိုးသမီးနှင့် ကလေးသူငယ်အကြမ်းဖက်မှု တိုင်ပင်နိုင်မည့် Hot Line သို့ ဝေးလံခေါင်သီသည့် ဒေသများမှပါ မေးမြန်းခြင်း များ ရှိလာ

ဧကရီကျော်
ရန်ကုန်၊ အောက်တိုဘာ ၂၅

အမျိုးသမီးနှင့်ကလေးသူငယ် အကြမ်း ဖက်မှုများအတွက် ဥပဒေပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်နိုင်မည့် Hot Line ဖွင့်ပြီး   နောက် ဝေးလံခေါင်သီသည့် ဒေသများမှပါ မေးမြန်းခြင်းများ ရှိလာကြောင်းBlue Ocean Contact Center  မှ သိရသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများ အိမ် တွင်းအကြမ်းဖက်ခံရခြင်းနှင့် ကလေးသူ ငယ်များ ညှဉ်းပန်းနှိပ်စက်ခံရခြင်းများ ကြုံ တွေ့နေရပါက ဥပဒေအတွင်းမှ မည်သို့အ ကာအကွယ်ယူသင့်သည်၊ မည်သို့ဖြေရှင်း သင့်သည်တို့အပါအဝင် မိမိတို့၏ အခက် အခဲများ၊ စိတ်ခံစားချက် များကို Blue Ocean Legal Helpdesk ၏ အထူးHot Line 1886 လိုင်းခွဲ(၃)သို့ အောက်တိုဘာ ၂ဝ ရက်နေ့မှ စတင်ကာ တိုင်ပင်နိုင် ပြီဖြစ် သည်။

အဆိုပါ အစီအစဉ်ကိုBlue Ocean  Contact Center နှင့် အခရာ အမျိုးသမီး အဖွဲ့တို့ ပထမဆုံး ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

Blue Ocean Contact Center   မှ ဌာနမှူး ဦးမင်းတေဇညွန့်တင်က ”အဓိက ကတော့ မြို့နဲ့ အလှမ်းဝေးကွာတဲ့ နေရာ ဒေသက အမျိုးသမီးတွေရဲ့ အခက်အခဲ တွေကို အဆင်ပြေစေချင်တဲ့ ရည်ရွယ်ချက် နဲ့ပါ။ အခု ကျွန်တော်တို့ ဖေ့စ်ဘွတ်ခ် လူမှု စာမျက်နှာမှာ   ကြေညာပြီးတဲ့ အချိန်ကစပြီး ရှမ်းပြည်နယ် အရှေ့မြောက်ဘက် ဝေးလံ တဲ့နေရာတွေကပါ ဆက်သွယ်မေးမြန်းတိုင် ပင်လာတာတွေ ရှိပါတယ်။ ပထမဆုံး ဥပ ဒေပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်လို့ရပါ တယ်။ လိုအပ်လာရင် တခြားအဖွဲ့အစည်း တွေဖြစ်တဲ့ ရှေ့နေတို့၊ အခရာတို့လို အဖွဲ့ တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာ ပါ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးနှင့်ပတ် သက်၍ ဥပဒေဟောင်းများအား ပြင်ဆင် ပြုပြင်ရန်နှင့် ဥပဒေသစ်တွင် အမျိုးသမီးထု အား ထိရောက်စွာကာကွယ်ပေးနိုင်ရန် လုပ်ဆောင်နေကြောင်း အခရာ အမျိုးသမီး အဖွဲ့မှ သိရသည်။

အဆိုပါအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ထားထားက လည်း ”ပြဿနာဖြေရှင်းတဲ့နေရာမှာ အ တွေ့အကြုံအရ ဆုံးဖြတ်ချက်ချရတဲ့နေရာ တွေမှာ အမျိုး သမီးတွေ ရှိသင့်တယ်။ ဒါမှ အမျိုးသမီးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ ဥပဒေတွေဟာ အသက်ဝင်လာမှာ။ အရင်ကထက်စာရင် အခုလိုရင် ဖွင့်တိုင်ပင်ဖို့Hot Line  တွေပေါ်လာပြီဖြစ်တဲ့အတွက် အချိန် မီတားဆီးနိုင်လာမှာပါ”ဟု  ပြောသည်။

ဆက်သွယ် တိုင်ပင်လိုသူများသည် တနင်္လာနေ့မှ စနေနေ့အထိ မနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ တစ်မိနစ်လျှင် တစ် ရာကျပ်နှု န်းဖြင့် မည်သည့်အခကြေးငွေမှ ထပ်မံပေးဆောင်ရန် မလိုဘဲ ဥပဒေဆိုင်ရာ အကြံÓဏ် အခက်အခဲများကို ဆွေးနွေးတိုင်ပင်နိုင် မည်ဟု သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*