အမှိုက်ကစ ပြာသာဒ် မီးမလောင်ခင်မှာ (၂)

အမှိုက်ကစ ပြာသာဒ် မီးမလောင်ခင်မှာ (၂)
October 27, 2016 Asian Fame

10:01 am
အမှိုက်ကစ ပြာသာဒ် မီးမလောင်ခင်မှာ (၂)
In Articles
ko-ko-hlaing-article

ယခင်အပတ်မှအဆက်

စာရင်းချုပ် လိုက်ရင် ၂ဝဝ၄ ခုနှစ်ကနေ ၂ဝ၁၆ ခုနှစ်ဆန်းပိုင်း အထိ ထိုင်းတောင်ပိုင်း အကြမ်းဖက် မှုတွေကြောင့် လူပေါင်း ၆၅ဝဝ ကျော် သေဆုံးခဲ့ပြီး ၁၁ဝဝဝ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။ အခုအချိန် အထိ လက်သည် အဖွဲ့အစည်းအ ဖြစ် အတိအကျ နာမည်ခံတာ မရှိခဲ့ ဘဲ အဓိက အဖွဲ့ကြီးတွေ ဖြစ်တဲ့ BRN-C, RKK, GMIP နဲ့ အခြား အဖွဲ့ လေးဖွဲ့လောက် ပေါင်းစပ်ညှိ နှိုင်း လှုပ်ရှားနေတဲ့ သဘောရှိပြီး ဘယ်သူမှ တာဝန်ခံပြီးတော့ ငြိမ်း ချမ်းရေး ဆွေးနွေးမယ့် အနေအ ထားမရှိလို့ ပဋိပက္ခက ကြာရှည်နေ ဦးမှာပါ။ အကြမ်းဖက် အုပ်စုတွေ ဘက်မှာ အခုခေတ်စားလာတဲ့ ဘာ သာရေး အစွန်းရောက် စစ်သွေးကြွ အုပ်စုတွေက စစ်ရေးအရ လေ့ကျင့် မှု၊ အကြံပေးမှုနဲ့ ပူးပေါင်း ပါဝင်မှု တွေရှိနိုင်သလို နိုင်ငံရေး အရလည်း အဖွဲ့ဝင် ၅၇ နိုင်ငံပါတဲ့ နိုင်ငံ တကာ ဘာသာရေး အဖွဲ့ကြီးက ပါဝင် ဖိအားပေးနေတာကို ခံနေရ ပါတယ်။ ထိုင်းတောင်ပိုင်း ဟာ ဒေသတွင်းမှာ မူးယစ်ဆေးဝါးနှင့် လက်နက် မှောင်ခို ရောင်းဝယ်မှုနဲ့ လူကုန်ကူးမှုတွေမှာ နာမည်ကြီးတဲ့ နေရာဖြစ်တဲ့ အတွက် ဘဏ္ဍာငွေ ကြေးအရလည်း ဖြည့်ဆည်းနိုင် မယ့်နည်းလမ်းတွေ ရှိနေတာမို့ ဒီ ပဋိပက္ခ အဆုံးသတ်ရေးဟာ အ လှမ်းဝေးနေဦးမယ်လို့ တွက်ဆရ ပါတယ်။

ထိုင်းတောင်ပိုင်း အရေးအ ခင်းလိုဘဲ ဘူးသီးတောင် မောင် တောကိစ္စကို ကြည့်မယ် ဆိုရင် တူ ညီတဲ့ အချက်တွေကို အောက်ပါ အတိုင်း တွေ့ရပါလိမ့်မယ်။

၁။ လူအုပ်စု နှစ်စုရဲ့ ပဋိပက္ခဟာ ရှေ့ကတည်းက သမိုင်းနဲ့ချီတဲ့ အာ ဃာတတွေ ရှိခဲ့ကြတာပါ။ အုပ်စုဖွဲ့ တိုက်ခိုက်မှု ဆိုရင်တော့ ရခိုင် ပြဿနာက ပိုပြီးပြင်းထန် ခဲ့တာ တွေ့ရပါတယ်။

၂။နယ်စပ်မျဉ်းတစ်ဖက်မှာ အ ကြမ်းဖက်အုပ်စုနဲ့ လူမျိုးတူ၊ ဘာ သာတူ၊ စကားတူ၊ ဆွေမျိုးနိုင်ငံ တစ်နိုင်ငံ ရှိနေပြီး ဒီဘက်က စစ် ရေး ဖိအားပေးလိုက်ရင် တစ်ဖက် မှာသွားပြီး ခိုလှုံစရာ နေရာ ရှိနေ တာလည်းတူပါတယ်။ ရေရှည်ရပ် တည်နိုင်ဖို့ မူးယစ်ဆေးဝါးနဲ့ လက် နက်မှောင်ခို လုပ်ငန်းတွေ ရှိတာ လည်း တူပါတယ်။

၃။ ထိုင်းတောင်ပိုင်း ကိစ္စမှာ BRN.C, RKK, GMIP, PULO, JI အစရှိတဲ့ နာမည် အမျိုးမျိုးနဲ့ အ ဖွဲ့ခွဲအမျိုးမျိုး လှုပ်ရှားနေခဲ့ ကြသ လို ဘူးသီးတောင် မောင်တောမှာ လည်း RSO, ARIF, ARNO အစရှိတဲ့ R အမျိုးမျိုးနဲ့ အဖွဲ့တွေရှိ နေခဲ့ကြတာပါ။ ဒီအဖွဲ့တွေဟာ ၂ဝဝဝ ပြည့်လွန်နှစ်တွေမှာ စစ် ရေးလှုပ်ရှားမှုတွေ တိမ်မြှုပ် သွားသ လိုရှိပေမယ့် အကြမ်းဖက်မှုကို လုံးဝ စွန့်လွှတ် သွားတာ မဟုတ်ပါဘူး။ RSO အဖွဲ့ဝင်တွေ အာဖဂန်နစ္စတန် မှာ အယ်လ်ကေးဒါး နဲ့ ပူးပေါင်းပြီး တိုက်ပွဲ ဝင်တာကို အမေရိကန်တွေ မိသွားလို့ တစ်ဖက်နိုင်ငံ ကို ဖိအား ပေးခဲ့တဲ့ အတွက် ၂ဝဝ၂ ခုနှစ်မှာ တစ်ဖက် နယ်စပ်က စခန်းတွေ အ ဖျက်ခံရပါတယ်။ ဒါကြောင့် ထိုင်း နယ်စပ်ဘက်မှာ ခိုလှုံစရာရှာဖို့ DAB အဖွဲ့ထဲ ဝင်လို့ရအောင် တိုင်း ရင်းသား ပြည်ပြေးခေါင်းဆောင် တစ်ယောက်ရဲ့ အဆက်အသွယ် နဲ့ ကြိုးစားခဲ့ပါတယ်။ မအောင်မြင်တဲ့ အတွက် စစ်ရေးအရ ရပ်တည်နိုင် စွမ်းမရှိတော့လို့ နိုင်ငံရေးဘက် လှည့်သွားကြပါတယ်။ ဒါပေမယ့် သူတို့ အချင်းချင်း စပွန်ဆာရှာရင်း ခေါင်းဆောင်နေရာ လုရင်း စိတ် ဝမ်းကွဲခဲ့ကြတယ်။ နောက်ဆုံးမှာ တော့ OIC အကူအညီနဲ့ ၂ဝ၁၁ ခုနှစ် OIC ဌာနချုပ်မှာ Arakan Rohingya Union (ARU) ဆိုပြီး စဖွဲ့ခဲ့ပါတယ်။
အဲဒီအဖွဲ့မှာ အ နောက် အုပ်စုနဲ့ အလွမ်းသင့်တဲ့သူ တွေက ခေါင်းဆောင်နေရာ ရခဲ့ပြီး အမေရိကန်မှာ ဌာနချုပ် ဖွင့်ခဲ့ တယ်။ ငွေကြေး အင်အားလည်း တောင့်တင်းတော့ ခဏအတွင်းမှာ ကြီးထွား လာပါတယ်။ ဒါပေမယ့် မူလဘူတ R အဖွဲ့ ခေါင်းဆောင် ဟောင်းတွေက နေရာ မရတော့လို့ ဘင်္ဂလားပြန်ပြီး စစ်တကောင်း ဘက်မှာ ဘာသာရေး ကျောင်း ထောင်ရင်း လူစုကြ ပြန်ပါတယ်။ သဘောတရားရေး နဲ့ တိုက်ခိုက်ရေး သင်တန်းတွေလည်း တိတ်တိတ် ပုန်းပေးကြတယ်လို့ ဆိုပါတယ်။ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလမှာ မြန် မာ တပ်မတော်က စစ်သည်သုံးဦး ကို RSO အဖွဲ့က ဖမ်းဆီးသွားပြီး လည်လှီး သတ်ဖြတ်ခဲ့ပါတယ်။ မသတ်ခင်မှာ သူတို့ ဖမ်းဆီးခံထား ရတဲ့ပုံကို တူရကီ သတင်းဌာန တစ်ခု ရဲ့ ဝက်ဘ်ဆိုက် မှာ လွှင့်တင်ခဲ့ပါ တယ်။ ၂ဝ၁၄ ခုနှစ် မေလမှာ နှစ် နိုင်ငံနယ်စပ် မိုင်တိုင် ၅၂ အနီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ လှည့်ကင်း ကို ခြုံခို တိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ ဝင် ၄ ဦး ကျဆုံးခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်ထဲမှာတင်ပဲ အလားတူဖြစ်ရပ် မျိုး ထပ်မံဖြစ်ပွားပြီး တပ်မတော် သား အရာရှိစစ်သည်တချို့ နယ် စပ်ခြံစည်းရိုး ပြုပြင်နေချိန်မှာ တိုက် ခိုက်ခံရပြီး ကျဆုံး ခဲ့ကြရပြန်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ယခုဘူးသီး တောင် မောင်တောဖြစ်စဉ် ပေါ် ပေါက်လာတော့တာပါပဲ။

၎။ ထိုင်းတောင်ပိုင်းရော၊ ဘူးသီး တောင်မောင်တော ကိစ္စမှာပါ အဓိ က တိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့ သူတွေဟာ ဒေသခံ ကျေးရွာတွေ မှာ နေထိုင်ကြ သူတွေဖြစ်ပြီး သို သိပ်တဲ့ လျှို့ဝှက် အမာခံ ကလာပ် စည်းဖွဲ့စည်းမှုနဲ့ အစွန်းရောက် ဘာသာရေး ခေါင်းဆောင်တွေက တစ်ဆင့် ကြိုးကိုင် ထားတာ ဖြစ်ပါ တယ်။ ပြင်ပက အားပေး ထောက်ပံ့ မှုနဲ့ လေ့ကျင့်ရေး၊ ထောက်ပံ့မှုတွေ ရရှိသော်လည်း အိုင်အက်စ်တို့ အယ်လ်ကေးဒါး တို့လို အလုံးအရင်း နဲ့ ဝင်ရောက်မှုတော့ ရှိသေးပုံမရ ဘူး။ ဒါကလည်း ပထဝီအနေအ ထားအရ အလှမ်းဝေးမှုနဲ့ စစ်ရေး မဟာဗျူဟာအရ ရေရှည် အချိန်ဆွဲ တဲ့စစ် Protracted War နယ်မြေခံ လူထုအခြေခံတဲ့ စစ်၊ ပြောက်ကျား စစ်ပုံစံမျိုးနဲ့ ကနဦး စတင်တဲ့ သ ဘောလည်းဖြစ်နိုင်ပါတယ်။ အိုင် အက်စ်လို နယ်မြေ တစ်ခုကို ခြေ ကုပ်အခိုင်အမာ ရသွားပြီဆိုရင် တော့ တစ်မျိုးဖြစ် သွားနိုင်ပါတယ်။ သို့သော်လည်း သေချာတာကတော့ စစ်ရေး စစ်ရာကို နားလည်တဲ့သူ တွေက စနစ်တကျ စီမံကွပ်ကဲ၊ အ ကွက်ချပြီး တိုက်ကွက် ဖော်လာတာ ကတော့ ထင်ရှားပါတယ်။ ဒေသမှာ ရှိတဲ့ အဓိကအကျဆုံး စစ်ဌာနချုပ် ကို စစချင်း စိန်ခေါ် တိုက်ခိုက်ရဲ တယ် ဆိုတာက တိုက်ခိုက်သူတွေ ရဲ့ နောက်ပိုင်းက ကျောထောက် နောက် ခံတောင့်တင်းပြီး ယုံကြည်မှု အပြည့် ရှိနေတယ် ဆိုတာ ဖော်ညွှန်းနေပါ တယ်။ တိုက်ခိုက်သူတွေရဲ့ ရည် ရွယ်ချက် က တော့ ထိုင်းတောင်ပိုင်း မှာလိုပဲ ကျောင်းတွေပိတ်ထား၊ အ စိုးရရဲ့ အုပ်ချုပ်မှု လုပ်ငန်းတွေ ရပ် တန့်သွားအောင် ရေရှည် စစ်ပွဲဆင် နွှဲပြီး လူအုပ်စုဖွဲ့ အုံကြွဆူပူမှု (အင် တီဖာဒါ) ပုံစံမျိုးနဲ့ တွဲစပ်ကာ တရား ဥပဒေစိုးမိုးမှု လုံးဝ ပျက်ပြားသွား အောင် အစိုးရ အာဏာစက်ပျောက် ဆုံးသွားအောင် လုပ်ဖို့ ဖြစ်ဖွယ် ရှိပါ တယ်။ ဒီလိုနည်းနဲ့ အစိုးရ အုပ်ချုပ် လို့မရတဲ့ နယ်မြေတစ်ခု ဖန်တီးပြီး ကိုယ့်ဓလေ့ထုံးစံ၊ ဘာသာတရား၊ ဘာသာ စကားတွေနဲ့ ကိုယ်နေချင် သလို နေဖို့ ကြိုးစားလာနိုင်တာ မျိုးလည်း ရှိနိုင်ပါတယ်။

နိဂုံးချုပ်ပါတော့မယ်။ ကမ္ဘာ ပေါ်မှာ ဘာသာရေး အစွန်းရောက် အယူအစွဲတွေ ကင်ဆာ ရောဂါလို ပျံ့နှံ့လာတဲ့ အချိန်။ အရှေ့အလယ် ပိုင်းက အစွန်းရောက် အဖွဲ့တွေ စစ်ရေးအရ ဖိနှိပ်ခံရလို့ ကစဥ့်က လျားနဲ့ ပုန်းခိုရာ ရှာနေတဲ့ အချိန်၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လည်း စစ်သွေးကြွ အစွန်းရောက် အကြမ်းဖက်အုပ်စုတွေ ထကြွ သောင်းကျန်းနေတဲ့ အချိန် ဒေသ တွင်း တောင်အာရှ နိုင်ငံကြီး နှစ်ခု ဖြစ်တဲ့ အိန္ဒိယ(ဟိန္ဒူ) နဲ့ ပါကစ္စတန် (မွတ်စလင်)တို့အကြား တင်းမာမှု တွေ မြင့်တက်နေတဲ့အချိန် (အိန္ဒိ ယ ကက်ရှ်မီးယား ဒေသမှာလည်း ဘူးသီးတောင် မောင်တော ဖြစ်စဉ် ပုံစံအတိုင်း စစ်ရဲဌာနချုပ်ကို ဝင် စီးပြီးလက်နက်တွေ ယူသွားတဲ့ ဖြစ် စဉ်ဟာ မကြာခင် ရက်ပိုင်းကပဲ ဖြစ်ခဲ့ပြီး အဲဒီဖြစ်စဉ်မှာ အဓိက လက်သည်ဖြစ်တဲ့ ဟစ်ဇဘူမူဂျာ ဟစ်အဖွဲ့ဟာ ယခင်ကတည်းက RSO တွေနဲ့ အဆက်အသွယ်ရှိပါ တယ်။) နိုင်ငံတကာ ပတ်ဝန်းကျင် အနေအထားက စိတ်သက်သာစ ရာမရှိတာ ထင်ရှားပါတယ်။ ကမ္ဘာ့ မဟာဗျူဟာ အနေအထားအရ လည်း မွတ်စလင် ဆန့်ကျင်ရေး တံဆိပ်ကပ် မခံချင်လို့ အကွက်ရှာ ပြီး ဘာသာရေး လူနည်းစုအခွင့် အရေးကို ထောက်ခံနေပါတယ် လို့ ပြချင်တဲ့ အင်အားစုကြီးတွေက လည်း ရခိုင် ပြဿနာကို နိုင်ငံတ ကာ လူ့အခွင့်အရေး ပြဿနာအ ဖြစ် ပုံကြီးချဲ့ဖို့ ကြိုးစားနေတာ အားလုံးအသိပါပဲ။

ဒီလို အခြေအနေမှာ ကိုယ့် နိုင်ငံ၊ ကိုယ့်ပိုင်နက် နယ်မြေနဲ့ အ ချုပ်အခြာ အာဏာကို မဖြစ်မနေ ကာကွယ် စောင့်ရှောက်ရမယ့် အဓိ က တာဝန်ကလည်း အစိုးရနဲ့တကွ ပြည်သူအားလုံးမှာ ရှိနေပါတယ်။ ကိုယ်ရင်ဆိုင်ရမယ့် အန္တရာယ်ဟာ ရေရှည်စစ်ပွဲဖြစ်လိမ့်မယ်။ သမား ရိုးကျ စစ်ပွဲမဟုတ်ဘဲ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စိတ်ဓာတ် စစ်ဆင်ရေးနဲ့ သံတမန်ရေး၊ လူထု ဆက်ဆံရေး နည်းလမ်းစုံ သုံးရမယ့် ဘက်စုံစစ်ပွဲ ဖြစ်လိမ့်မယ် ဆိုတာကို ကြိုတင် စဉ်းစားပြီး သေချာစီမံချက် ချမှတ်လုပ်ဆောင်ဖို့ လိုပါလိမ့် မယ်။ စစ်ရေးအရ ခိုင်မာဖို့လိုသလို နိုင်ငံရေးအရ ပါးနပ်ဖို့ လိုပါလိမ့် မယ်။

မြန်မာပြည်သူ လူထု အများစု ကြီးအတွက် ကတော့ ဒီကိစ္စဟာ ထောင်ချောက် တစ်ခုဖြစ်တယ်ဆို တာ သေချာ သဘောပေါက်ဖို့ လို ပါလိမ့်မယ်။ ဘူးသီးတောင် မောင် တောမှာ ဖြစ်သွားတဲ့ ကိစ္စတွေ အပြင် နောက်ထပ် ဆွလာ၊ ဖွလာ မယ့် ကိစ္စမျိုးတွေလည်း ရှိလာနိုင် ပါတယ်။ တဒင်္ဂ စိတ်လှုပ်ရှားမှု နောက်ကို လိုက်ပြီး ကိုယ့်ဘက်က လက်လွန် ခြေလွန်တွေ ဖြစ်သွား ရင် ဒီအကွက်ကို စောင့်နေတဲ့ နိုင်ငံတကာ ဆိုတဲ့ ဘက်လိုက် မီဒီ ယာတွေ၊ အဖွဲ့အစည်းတွေက ဝိုင်း ပြီး တရားခံကို အသင့် စောင့်နေကြ တယ်ဆိုတာ မမေ့စေချင်ပါဘူး။

ဒါဖြင့် ဘာလုပ်ရမလဲ ဆိုတော့ သတိရှိကြပါ။ အာဏာပိုင်တွေ၊ လုံ ခြုံရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင် ရွက်ပေးကြပါ။ မသင်္ကာစရာ ရှိရင် ချက်ချင်း သတင်းပေးကြပါ။ စိတ် လှုပ်ရှားမှုကို ထိန်းချုပ်ပြီး ဥပဒေ ဘောင်ထဲက အညီပဲ လုပ်ကိုင်ကြ ပါ။ မီဒီယာပိုင်း ကလည်း အမျိုး သားရေး ကိစ္စဖြစ်တဲ့ အတွက် မိမိတို့ ရဲ့ အရောင်အသွေးတွေ ဘေးချိတ် ပြီး မဟုတ်မမှန် ဘက်လိုက်တဲ့ မီဒီ ယာတွေကို ဝိုင်းဝန်း တုံ့ပြန်ပေးကြ ပါလို့ပဲ မေတ္တာရပ်ခံပါရစေ။

ကိုကိုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*