လဝက ဝန်ထမ်းများ၏ လာဘ်ယူမှုနှင့် လုပ်ထုံးလုပ်နည်းအမှားများ ဝန်ကြီးထံ တိုက်ရိုက်တိုင်ကြားနိုင်

လဝက ဝန်ထမ်းများ၏ လာဘ်ယူမှုနှင့် လုပ်ထုံးလုပ်နည်းအမှားများ ဝန်ကြီးထံ တိုက်ရိုက်တိုင်ကြားနိုင်
October 27, 2016 Asian Fame

7:44 am
လဝက ဝန်ထမ်းများ၏ လာဘ်ယူမှုနှင့် လုပ်ထုံးလုပ်နည်းအမှားများ ဝန်ကြီးထံ တိုက်ရိုက်တိုင်ကြားနိုင်
In Labour

လဝက ဝန်ထမ်းများ၏ လာဘ်ယူမှုနှင့် လုပ်ထုံးလုပ်နည်းအမှားများ ဝန်ကြီးထံ တိုက်ရိုက်တိုင်ကြားနိုင်

u-min-copy

ဦးမင်း
မကွေး၊ အောက်တိုဘာ၂၄

လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဦးစီးဌာန ဝန်ထမ်းများ လာဘ်ယူမှုများ၊ လုပ်ထုံးလုပ်နည်းအမှားများ ရှိပါက ပြည်သူများအနေဖြင့် ဝန်ကြီးထံတိုက်ရိုက်တိုင်ကြား နိုင်ကြောင်း ဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင် ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် မကွေးတိုင်းဒေသ ကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီးနှင့် တိုင်းညွှန်ြ ကားရေးမှူး၊ ခရိုင်ညွှန်ကြား ရေးမှူး၊ မြို့နယ် လဝကဦးစီးမှူးများနှင့် တွေ့ဆုံရာတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

”ပြည်သူတွေရဲ့ တိုင်ကြားချက်တွေဟာ အကြောင်း အကျိုးတွေ ညီတယ်၊ အချက်အလက်တွေ ပြည့်စုံတယ် ဆိုလို့ရှိရင် ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူ ပါမယ်” ဟု ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဦးနေမျိုးကျော် အနေဖြင့်တွေ့ဆုံပွဲတွင် ၄င်း၏လက်ထက်၌ အသက် ၁ဝ နှစ်နှင့် အသက် ၁၈ နှစ်ပြည့် ပြီးသူများအားမှတ်ပုံ တင်များ ပြုလုပ်ပေးရေးကို စီမံချက် တစ်ရပ်အနေဖြင့် ပြု လုပ်ပေးသွားမည်ဖြစ်ပြီးဝန်ထမ်းများသည် အလုပ်ကိစ္စအောင်မြင်နိုင်ရေး အတွက် ဝန်ခံတတ် သော အမူအကျင့်များ အသင့်ရှိနေရန် မှာကြားခဲ့ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*