ပစိဖိတ် အနာဂတ်နှင့် လုံခြုံရေး လိုအပ်ချက် ခေါင်းစဉ်အောက်၌

ပစိဖိတ် အနာဂတ်နှင့် လုံခြုံရေး လိုအပ်ချက် ခေါင်းစဉ်အောက်၌
October 27, 2016 Asian Fame

9:48 am
ပစိဖိတ် အနာဂတ်နှင့် လုံခြုံရေး လိုအပ်ချက် ခေါင်းစဉ်အောက်၌
In Articles

ပစိဖိတ် အနာဂတ်နှင့် လုံခြုံရေး လိုအပ်ချက် ခေါင်းစဉ်အောက်၌

min-tinn-article

ပစိဖိတ်သမုဒ္ဒရာ ဘေးတစ် ဖက် တစ်ချက်ဆီမှာ ကမ္ဘာ့တိုက်ကြီး ၄ တိုက် ရှိနေသည်။ အာရှ၊ သြစ တြေးလျ၊ မြောက်အမေရိက နှင့် တောင်အမေရိက။ ကမ္ဘာ့ဇုန်တွေ နှင့် ခွဲပြောရလျှင်တော့ ပထဝီနိုင်ငံ ရေးဇုန်နှင့် ပထဝီဇုန်ဟု နှစ်မျိုး ထပ်ထွက်လာမည်။ ပထဝီအရ တည်နေရာနှင့် အချုပ်အခြာ အာ ဏာပိုင် လွတ်လပ်သော နိုင်ငံများ ကိုယူလျှင် ၃၉ နိုင်ငံရှိ၏။ ရေပြင် အရပြောလျှင် တော့ မြောက်ခြမ်း၊ တောင်ခြမ်း နှစ်ပိုင်း ရှိမည်။ မြေ ပြင် (ကုန်းမြေ) အရပြောလျှင်တော့ အာရှနှင့် သြစတြေးလျ၊ မြောက် နှင့် တောင်အမေရိက တိုက်ကြီး ၃ တိုက်စီ ပတ်လည်ရှိနေသည်။ လူ ဦးရေအရ ဆိုလျှင် ၄ ဘီလျံကျော် ရှိ၏။ နယူးဇီလန်၊ ဖီဂျီတို့လို ကျွန်း စုနိုင်ငံများက ဘယ်တိုက်ကြီး ထဲမှာ မှမပါ၍ သမုဒ္ဒရာပိုင်း နိုင်ငံများဟု ထပ်ခွဲခြမ်း ကြည့်မြင်ယူ၍လည်းရ ၏။ ဒီဘက်နှစ် အပိုင်းအခြားတွေမှာ သြစတြေးလျက အာရှနှင့် ပေါင်း စည်းသည့် စီးပွားရေး၊ အားကစား စသော ဆက်ဆံရေး တိုးမြှင့်မှုတွေ လုပ်လာတာလည်း တွေ့ရသည်။

ပထဝီနိုင်ငံရေး အရဆိုလျှင် တော့ စီးပွားရေး၊ နိုင်ငံရေး၊ စစ် ရေး စသဖြင့် ခွဲကြည့် ရပေတော့ မည်။ အတော့်ကို ကျယ်ပြန့်သွား မည်ဖြစ်၏။ ဒေသတွင်း စုစည်းထား သောအဖွဲ့အစည်း များအပြင် တစ် ခုခုဖြင့် မဟာမိတ် ဖွဲ့ထားကြတာ တွေလည်း သီးခြား ရှိနေသေးပြန် ရာ ထပ်မံခွဲခြား ထည့်သွင်း ရေ တွက်ရဦးမည် ဖြစ်သည်။ အကြီး မားဆုံး ဆက်ဆံရေး နယ်ပယ်ကြီး အဖြစ်တော့ စီးပွားရေးကိုပဲ ရှေ့ တန်းတင်ကြ၊ ဇောင်းပေး ပြောဆို လုပ်ကိုင်ကြသော်ငြား နောက်ပါးမှာ နူးညံ့စွာ ယှဉ်ပြိုင်နေသည့် နိုင်ငံရေး စနစ်နှင့် အမျိုးသားရေး ဝါဒတွေ ရှိနေ၏။ ယတိပြတ် ပြောရလျှင် ဤ ပစိဖိတ် သမုဒ္ဒရာ ဟိုမှာဘက်၊ သည် မှာဘက်နှစ်ခြမ်း ဧရိယာကို ကမ္ဘာ ၏ အားပြိုင်မှု အကြီးမားဆုံး အ ကြောင်း ကိစ္စရပ်တို့ ထွက်ပေါ်ရာဟု ဆိုရပေမည်။ အဓိကက ယူအက်စ် နှင့် တရုတ် ဖြစ်ပါသည်။ အရှေ့အာ ရှအုပ်စု နှင့် ရုရှားလည်း တည်ရှိပါ ဝင်နေသလို တောင် တရုတ်ပင် လယ်နှင့် အာဆီယံလည်း ပါဝင်နေ ပါ၏။ ဓနသဟာယ အုပ်စုဝင်နိုင်ငံ တွေ ဖြစ်ငြား ၂ဝ ရာစု ကုန်ခါနီးက တည်းက နယူး အင်္ဂလန်နှင့် သြစ တြေးလျတို့၏ ထွန်းသစ် ထိုးဖောက် လာသော အခန်း ကဏ္ဍကိုလည်း ထည့်မတွက်၍ မရပါ။ ယနေ့ဖိလစ် ပိုင်လို စွာတေးလန် ခေါင်းဆောင် တစ် ဦးကြောင့် ပေါ်ပြူလာ ဖြစ်လာ သည်မျိုးလည်း ရှိပြီး ကမ္ဘာ့ အန္တ ရာယ် ဗြဟ္မာကြီးဦးခေါင်း မြောက် ကိုရီးယား လည်း ပါဝင် တည်ရှိနေပါ ၏။ ၂၁ ရာစု၏ အရေး အကြီးဆုံး ပထဝီနိုင်ငံရေး ကမ္ဘာ့ နယ်မြေနှင့် အကြောင်းရင်း ၃ရပ်ထဲမှာ တောင် တရုတ်ပင်လယ် နှင့် အာဆီယံက နံပါတ် ၂ ဖြစ်ပါ၏။ နံပါတ် ၁ က တော့ ယမ်းအိုးကြီး အရှေ့အလယ် ပိုင်းဒေသ (အလယ်အာရှ၊ တောင် အာရှနိုင်ငံ တချို့လည်း ထည့်သွင်း ထားရ၏) ဖြစ်ပြီး နံပါတ် ၃ က ရုရှား နှင့်ကပ်လျက် အရှေ့ ဥရောပ ဖြစ်ပါသည်။

သည်တော့ကာ… ပစိဖိတ် သည် အနောက် ကမ္ဘာက ကြည့် သော် အာရှ ပစိဖိတ်ဒေသ၊ အာရှ မှ ကြည့်သော် အမေရိကန် လွှမ်းမိုး ကြီးစိုး အရိပ်ထိုးထားသည့် ပစိဖိတ် ဒေသ၊ ကမ္ဘာကကြည့်သော် ၂၁ ရာစု မော်ဒန်ပစိဖိတ် ရပ်ဝန်း…။ ဘာပဲဖြစ်ဖြစ် အရှေ့ကမ္ဘာနှင့် အ နောက်ကမ္ဘာကို၊ ကမ္ဘာ၏ နေထွက် အစောဆုံး ဒေသနှင့် နေဝင်နောက် အကျဆုံးဒေသကို သည်ပစိဖိတ် သမုဒ္ဒရာက ခွဲခြား ပိုင်းဖြတ်ပြထား တာ သေချာလှပါ၏။ ကမ္ဘာတည် သရွေ့ သည်တစ်ချက် ကတော့ ယတိပြတ်မှန်မည်။ နောက်တစ် ချက် လက်ရှိ ပကတိ တရားက တော့ အာရှ- ပစိဖိတ်- အမေရိက နှင့် ကင်းလွတ်သော နေ့ရက်နှင့် အကြောင်းရပ် ဟူ၍မရှိ။ ဥရောပ နှင့် အာဖရိကပင် ကင်းလွတ်၍ မ ရ။ ဒါက မော်ဒန် ၂၁ ရာစု ဒီမို ကရက်တစ်နှင့် လွတ်လပ်သော ဈေး ကွက်၊ ကုန်သွယ်ရေး၊ ဂလိုဘယ် လိုက်ဇေးရှင်း၊ အိုင်တီ…ကမ္ဘာ ၏ ပြယုဂ်။

အာရှ-ပစိဖိတ်ကို ‘တည်’၍ ပြောလျှင်တောင်မှ

အာရှ-ပစိဖိတ် စီးပွားရေး ပူး ပေါင်း ဆောင်ရွက်မှု အဖွဲ့ကြီး၊ အုပ် စုကြီး အေပက် (APEC-Asia-Pacific Economic Cooperation) ကိုပဲ ကြည့်လျှင် နူးညံ့ သိမ်မွေ့မှုနှင့် ခက်ထန် တင်းမာမှုတွေ ရစ်ဖွဲ့နေ ကြောင်း စစ်အေးခေတ်လွန်၊ ၁၉၉ဝ ဆယ်စုနှစ်၊ ၂ဝဝဝ ပြည့်နှစ် ကာလ တွေကတည်းက စတင် သတိထား မိကြရပါ၏။ မြင်တွေ့နိုင် လာခဲ့ကြ ရပါ၏။ ၂၁ ရာစု ပထမ ဆယ်စုနှစ် တစ်ဝက်(၂ဝဝ၅)ဝန်းကျင်မှာ ထိပ် တန်းပို ရောက်လာခဲ့၍ ၁ဝ နှစ် ကျော်ကြာ ဘက်စုံပါဝင်ယှဉ်ပြိုင်မှု ကြီးများ (MSC-Multi-Sectoral Competitions) ဤဒေသမှာ ပိုမိုမြင့်တက် လာနေ ခဲ့ကြောင်းနှင့် ယမ်းငွေ့ ထက် ငွေကြေးနှင့် ပါဝါ သုံးမျိုးရှေ့တင် လုပ်ကိုင်ကြခြင်းကို မြင်ကြရသည်။ ငွေကြေးက Money ဟု မယူဘဲ ကမ္ဘာ့ ကုန်သွယ်ရေး ကဏ္ဍဘက်မှ Currency ဟုယူပါ။ ဘဏ္ဍာရေးနှင့် ဈေးကွက် အပြင် ယခုနှစ်ပိုင်းများ မှာတော့ ကုန်သွယ် ရေကြောင်း ပြဿနာတွေ၊ နယ်မြေ ချဲ့ထွင်မှုနှင့် အငြင်းပွား မှုတွေ အ ပြင် ခပ်တင်းတင်းမာမာ ကိစ္စကြီး တွေပါ ပေါ်ထွက် လာခဲ့ပါ၏။ အ ဆုံးလည်း မသတ်နိုင်သေးသလို ပြီးမည့်ပုံလည်း မရှိ၊ မတွေ့ရသေး။

စူပါ ပါဝါ အမေရိကန်ပြည် ထောင်စု၏ ‘ပစိဖိတ်ကျော်ဖြတ် မိတ်ဖက်'(TPP-Trans-Pacific Partnership) လွတ်လပ်စွာ ကုန် သွယ်ရေးသဘောတူညီချက် မဟာ ဗျူဟာ၊ အာရှအဓိကဦးတည်ချက် မဏ္ဍိုင် (Asian Pivot) မဟာဗျူ ဟာ တို့က ဤဒေသကို များစွာ သြ ဇာညောင်း နေသေးသော်လည်း ဂလိုဘယ် ပြိုင်ဘက်၊ စီးပွားဖက် မေ ဂျာပါဝါ တရုတ်၏ ကုန်သွယ်ရေး နှင့် ငွေကြေးပိုင်း အားသာချက်ကို အမြဲတမ်း အသာစီးချည်း ယူမထား နိုင်ခဲ့တော့ပေ။ တရုတ်ကို ဝန်းရံ ပိတ်ဆို့ရေး (Contained) ဟု ဆိုသူ ဆိုလာကြချိန်၌ပဲ တရုတ် ကိုယ်တိုင် က တောင်တရုတ် ပင်လယ်၊ အရှေ့ အာရှ ဒီမိုကရေစီ နိုင်ငံများ စသဖြင့် တွေကို ကျွန်းစု နယ်မြေ ပိုင်ဆိုင်မှု ပြဿနာများ သွားစလိုက်သလို ဖြစ်သွားပြီး ဂျပန်နှင့် ဆိုလျှင် စစ် ရေးတင်းမာမှု ခပ်ဆင်ဆင် မျိုးပင် ဖြစ်လာပြီးချိန် နောက်ပိုင်း၌တော့ အပြည်ပြည် ဆိုင်ရာ ရေကြောင်း လမ်းနှင့် ကုန်သွယ် ရေကြောင်း ဆိုင်ရာ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများ ကိုပင် ထိုးနှက်သလို အ ဖြစ် ခံရစေတာတော့ သေချာပါ၏။ နီယိုကွန် (ကွန်ဆာဗေးတစ် လက် သစ်)တွေက တရုတ်ကို ဆိုဗီယက် ခေတ် စတာလင် လက်ထက်ကာ လတုန်းက ပုံစံဖြင့်တောင် နှိုင်းယှဉ် ပြလာမှုမျိုးတွေ ထွက်ပေါ်ခဲ့၏။ ပင်လယ် ရေကြောင်း၊ ကုန်သွယ်ရေ ကြောင်းနှင့် ကျွန်းစုများ၊ ပိုင်နက် နယ်မြေများ အငြင်းပွားနေ မှုတို့ သည်လည်း ဆယ်စုနှစ်တစ်စု နီး ပါးသာ ရှိလာပြီး ယနေ့ထိ မည် မည်ရရ အဖြေရှာမရသေး၊ ထွက် လာမည့် ပုံလည်း မရှိ၊ မရသေးပေ။ အာဆီယံ ထဲမှာလည်း ဘယ်ဘက် ယိမ်းသလဲဟု ၂ အုပ်စုကွဲနေ ကြောင်း ပိုထင်ရှားလာစေခဲ့တာ မနေ့တစ်နေ့က ပူပူနွေးနွေးပဲ ရှိပါ သေး၏။ အေပက် (APEC) ထိပ် သီးအစည်းအဝေး၊ အရှေ့အာရှ ထိပ်သီး အစည်းအဝေး တို့အပြင် အခြား ဆက်စပ် အဖွဲ့ကြီးများ၊ ဒေသတွင်း တစ်ဆင့်နိမ့် (ဝန်ကြီး အဆင့်) အစည်းအဝေး များတွင် ဤ ကိစ္စ (ပစိဖိတ် တစ်ဝန်းလုံးနှင့် ပါ ဆိုင်သွား၏) ရှေ့တန်း ပိုရောက် လာပါ၏။ လုံခြုံရေး (Security) ဖြစ်ပါသည်။

လုံခြုံရေးခေါင်းစဉ်အောက်၌

လေ့လာနိုင်သလောက် ကြည့် မြင် ဆွဲထုတ်ယူနိုင်ပြီး အင်မတန် ကျယ်ပြောသော ဝေါဟာရဖြစ်နေ ၏။ အမျိုးသား လုံခြုံရေး (Nation-al Security) အသုံးအနှုန်း တစ်ရပ် တည်းအောက်၌ပင် ရောယှက် ဆက်စပ် တစ်နွယ်ငင် တစ်စင်ပါ ကိစ္စကြီးတွေ အများအပြား ရစ်ပတ် နှောင်ဖွဲ့နေ၏။ ခပ်ရွဲ့ရွဲ့ပြောလိုသူ များက အမျိုးသား လုံခြုံရေးသည် ကမ္ဘာ့ လုံခြုံရေးကို ဆန့်ကျင်ဖီလာ ပြုခြင်း၊ တစ်နိုင်ငံချင်း အကျိုးစီး ပွားကို ကာကွယ်လိုလျှင် ဘယ်နိုင်ငံ မဆို သုံးစွဲတတ်ကြခြင်း၊ တစ်စုံတ ရာသော အကြောင်းရင်း ကို မဖြေ ရှင်းနိုင်ပါက လက်ပူ တိုက်သော နည်းဖြင့် ထိုခေါင်းစဉ်အောက် ဆွဲ ထည့်လိုက်ပြီး ဝေဝါးသွားစေခြင်း ဟု အဓိပ္ပာယ် ဖွင့်ဆိုလာကြ၏။

အောက်တိုဘာ လဆန်းပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ‘ခေတ် ပြိုင် နိုင်ငံတကာ ဆက်ဆံရေး’ အင် စတီကျုများ ညီလာခံကြီး တစ်ရပ် ပြုလုပ်ခဲ့သည်။ ခေါင်းစဉ်ကြီးအ ဖြစ် ‘အာရှ-ပစိဖိတ် လုံခြုံရေးနှင့် ပစိဖိတ်ဖြတ်ကျော် လိုအပ်ချက် တို့ အပြိုင်’ ဖြစ်ကြောင်း ‘တင်’ ထား သော်လည်း ဆယ်ရက်တာ ကာလ အတွင်း နယ်ပယ် အသီးသီး ပညာ ရှင်တို့၏ အပြုသဘော အငြင်းအခုံ များ၊ စာတမ်းများ၊ သုတေသနနှင့် လေ့လာချက်များ အတော်ဖတ်ကြား သိရှိတွေ့မြင်ခဲ့ရပါ၏။ အောက် တိုဘာ တတိယပတ် အစအထိ ပြု လုပ်ခဲ့ကြပြီး လွန်ခဲ့သော ရက်သတ္တ ပတ်ကစ၍ ထိုထိုစာတမ်းနှင့် သုံး သပ်ချက်များ ဖြန့်ချိ ထုတ်ဝေလာ ခဲ့ကြပါသည်။

ကုန်သွယ်စီးပွား၊ ကုန်သွယ် ရေကြောင်း၊ အပြည်ပြည် ဆိုင်ရာ နှင့် သီးခြား နိုင်ငံ(များ) ပိုင်ရေပြင်၊ ဥပဒေနှင့် နည်းဥပဒေ၊ ကုလသမဂ္ဂ ပဋိညာဉ်များ၊ စစ်ရေးချဲ့ထွင်မှု၊ နှစ်နိုင်ငံ သဘောတူညီချက် နှင့် နိုင်ငံစုံ (နှစ်နိုင်ငံအထက် ဖြစ်စေ၊ ဒေသတွင်း အဖွဲ့နှင့် အခြားနိုင်ငံအ ခြား အဖွဲ့ဖြစ်စေ) သဘောတူညီ ချက်၊ ဆက်သွယ်ရေး စနစ်၊ စက်မှု နှင့် ဝန်ဆောင်မှု၊ စီးပွားရေးမိတ် ဖက်၊ နိုင်ငံရေး မဟာမိတ်၊ စစ်ရေး မဟာမိတ် အတော့်ကို များများစား စား ခေါင်းစဉ် ကွဲတွေ တွေ့ရသည်။ ဤကာလထဲမှာ မြောက်ကိုရီးယား က တစ်စခန်းထလိုက်တော့ စစ် ရေးလုံခြုံမှုကို ကသောကမျော ဦး တည် သွားခဲ့ကြရပြန်သည်။ နိုင်ငံ ငယ်များ အများစု အတွက်က ကိုယ် ပိုင် အချုပ်အခြာ အာဏာ မထိခိုက် လျှင်တောင် မျှတပြေပြစ် ကုန်သွယ် ရေးလုံခြုံမ တစ်ခုတည်း အတွက်ပင် ရတက် မအေးဖြစ်နေရပါ၏။

Conference on A-PS Vs. T.PO ဟု အမည်ပေးထားသည့် အောက်မှာ လုံခြုံရေးနှင့် လိုအပ် ချက်ဘယ်လို သဟဇာတ ဖြစ်စေ မည်လဲ ဆွေးနွေးရင်း ဒီမိုကရေစီ ဖြစ်ပြီးသား ဖိလစ်ပိုင် သမ္မတက တရုတ် ခရီးစဉ်ထဲ တရုတ်နှင့် ရု ရှား (ကမ္ဘာ့အင်အား အကြီးဆုံး အော်တိုကရေစီ ၂ နိုင်ငံ) တို့နှင့် သာ ပူးပေါင်းမည်ဟု ထုတ်ပြောလို ပြောခဲ့၏။ ဝန်ကြီးတွေက ဒီမိုက ရေစီ နိုင်ငံတွေနှင့် အဆက်ဖြတ် မည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အာ ဆီယံထဲကလည်း မထွက်ပါ။ ဒူ တာတေး စကားကို အတေးအမှတ် မပြုဘဲ အဓိပ္ပာယ် အကောက်အယူ မလွဲကြပါနှင့်ဟု ကမ္ဘာကို လိုက် တောင်းပန် ဖြေရှင်းပြနေခဲ့ကြရ၏။ စာတမ်းများစွာ ဖတ်ရှု လေ့လာဆွေး နွေးနေကြရင်း လုံခြုံရေး ခေါင်းစဉ် အောက်မှာ ဘာတွေ ထပ်တိုးပြီး ကြိတ်ယှဉ်ပြိုင် လာဦးမလဲဟု ဥရောပ ကပင် ဂရုတစိုက် ရှိလာကြရ၏။ အင်္ဂလန်ဝန်ကြီးချုပ်သစ် ထရီဆာ မေပင် အီးယူမှထွက်ရေးကိစ္စနပန်း လုံးရှုပ်ထွေးနေရချိန် ကာလအ တွင်း ဤညီလာခံအကြောင်း ယခု တစ်ပတ် အတွင်းမှာပဲ ထည့်ပြော သွားခဲ့ပါသေး၏။

‘ပါဝါ’ ယှဉ်ပြိုင်မှုလား၊ ‘သြဇာ’ လုမှုလား

အရှေ့ရယ်၊ အနောက်ရယ်ဟု မခွဲခြားဘဲ ပညာရပ် နယ်နိမိတ်အ တွင်းမှ မျှမျှတတ လေ့လာသုံးသပ် ချက်တွေလည်း ပေါ်ထွက်လာပါ သည်။ ဤခေါင်းစဉ် အကြောင်းအ ရာကြီး ကိုက ကျယ်ပြန့်သလောက် ရှုပ်ထွေးပြီး တစ်ချိန်တည်းမှာ မသင့် လျော်မှုတွေ၊ အင်အားကို မလျော် မကန် အကြောင်းပြု ခြိမ်းခြောက် ချက် ဆန်ဆန် ဖြစ်ရပ်တွေကိုလည်း တွေ့မြင်နေရသော ၂၁ ရာစု ဒုတိယ ဆယ်စုနှစ် တစ်ဝက် ကျော်လာချိန် မှာ လွတ်လပ်သော ကုန်သွယ်ရေး နှင့် စစ်ရေး၏ တိုက်ရိုက် ဆက်စပ် နေချက်အစား ‘ယှဉ်ပြိုင်စွမ်းအား သက်သက်’ အမြင်မျိုး ကလည်း နေရာမရသေးဘဲ ဖြစ်နေပြန်ပါ၏။ ပါဝါ အမာထဲမှာ စစ်ရေး၊ စီးပွား ရေး ၂ ရပ်က အဓိကမို့ ပါဝါအမာ ခေတ်ပြန်ရောက် နေပြီလားဟု ငေါ့ တော့တော့ မေးခွန်းတွေကို ဂျာနယ် လစ်ပေါင်းများစွာ ဝေဖန် ထောက်ပြ သုံးသပ် ရေးသားခဲ့ပါ၏။ ဤညီလာ ခံအပြီး အတော် ပြေပြစ် မျှတသော ချဉ်းကပ်ချက် တချို့လည်း လေ့လာ ဖြစ်ခဲ့ရသောကြောင့် အလျဉ်းသင့် သလို ဆက်ဆွေးနွေးရေးသား တင် ပြသွားပါဦးမည်။

လောလောဆယ်တော့ ဤ ဆောင်းပါး ခေါင်းစဉ်သည်ပင် ပြိုင်ဆိုင်တာ နှင့်လုတာ၊ ယှဉ်ပြိုင် ခြင်းနှင့် လုယက်ခြင်းအောက် တိမ် မြုပ်ရမလို ဖြစ်နေသေး၏။ လုံခြုံ ရေးက အဓိကဆိုပါက ဘာလုံခြုံ ရေးကို ပိုဦးစားပေးမည်လဲ။ လို အပ်ချက် အတွက် ယေဘုယျ အဖြေ တစ်ရပ် မရသေးသော်ငြား ကြိုးစား ဆွဲထုတ်ညှိယူ သုံးသပ်ကြည့်မြင်နိုင် ကြဖို့တော့ အမှန် လိုအပ်နေပေပြီ။

Ref: Brookings Institution, CFR, Chinese Institute of IR.

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*