တစ်ပတ်အတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၃၃ သန်းကျော်ရှိခဲ့၊ ဒေါ်လာဈေးများတရိပ်ရိပ်တက်

တစ်ပတ်အတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၃၃ သန်းကျော်ရှိခဲ့၊ ဒေါ်လာဈေးများတရိပ်ရိပ်တက်
October 27, 2016 Asian Fame

5:02 am
တစ်ပတ်အတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၃၃ သန်းကျော်ရှိခဲ့၊ ဒေါ်လာဈေးများတရိပ်ရိပ်တက်
In Bussiness

တစ်ပတ်အတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၃၃ သန်းကျော်ရှိခဲ့၊ ဒေါ်လာဈေးများတရိပ်ရိပ်တက်

HEZ
ရန်ကုန်၊ အောက်တိုဘာ ၂၅

၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ ဒုတိယပတ်အတွင်း နိုင်ငံခြား ကုန်သွယ်မှုတွင် ကုန်သွယ်မှု လိုငွေမှာ အမေရိကန်   ဒေါ်လာ ၁၃၃ ဒသမ ၅၆၄ သန်းအထိ ရှိခဲ့ကြောင်း စီး ပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများ အရ သိရသည်။

ထိုသို့ လိုငွေ ပြရခြင်းမှာ ချုပ်ပြီး အဝတ်အထည်နှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှု လျော့နည်းမှုများကြောင့်ဖြစ်ပြီး ပို့ကုန် အမေရိ ကန်ဒေါ်လာ ၁၆၄ ဒသမ ၇၃၂ သန်း၊ သွင်းကုန် အမေရိကန် ဒေါ် လာ ၂၉၈ ဒသမ ၂၉၆ သန်းရှိခဲ့ပြီး စု ပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိ ကန် ဒေါ်လာ ၄၆၃ ဒသမ ဝ၂၈ သန်း ရှိခဲ့သည်။

ထိုကဲ့သို့ ကုန်သွယ်မှု လိုငွေများ မြင့်တက်လာချိန်တွင် ပြည်တွင်းရှိ ဒေါ် လာဈေးကွက်သည်လည်း ဒေါ်လာဝယ် လိုအားများ မြင့်တက် လာသောကြောင့် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၂၉၂ ကျပ် အထိ မြင့်တက်လျက် ရှိပြီး ဆက် လက် မြင့်တက်လာနိုင်ကြောင်း ခန့်မှန်း မှုများ ရှိနေသည်။

ရက်သတ္တပတ်အတွင်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ ပို့ကုန်အမေရိကန် ဒေါ်လာ ၁ဝ၇ ဒသမ ဝ၄၁ သန်းဖိုး တင် ပို့ပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၄၂၈ သန်းဖိုး တင်သွင်းခဲ့ သောကြောင့် ကုန်သွယ်မှု လိုငွေသည် အမေရိကန် ဒေါ်လာ
၁၂၈ ဒသမ ၃၈၇ သန်း ဖြစ်သည်။

ကုန်သွယ်ရေး စခန်းများမှ ပို့ကုန် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၆၉၁ သန်း၊ သွင်းကုန်တင်သွင်းနိုင်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၈၆၈ သန်း ဖြစ်သောကြောင့် အမေရိ ကန်ဒေါ်လာ ၅ ဒသမ ၁၇၇ သန်းဖြစ် ပါသည်။

ယခု ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ် လာ ၃၇၅၂ ဒသမ ၃၉၂ သန်း၊ ကုန်သွယ်ရေးစခန်းများမှ ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၂၂ ဒသမ ၇၇၆ သန်း စုစုပေါင်း
ပို့ကုန် တင်ပို့မှု အမေရိကန်ဒေါ်လာ ၆ဝ၇၅ ဒသမ ၁၆၈ သန်း ဖြစ်သည်။         သွင်းကုန် တင်သွင်းမှုအနေဖြင့် ပင် လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိ ကန်ဒေါ်လာ ၆၅ဝ၂ ဒသမ ၉ဝ၄ သန်း၊ ကုန်သွယ်ရေးစခန်းများမှ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၄၆၇ ဒသမ ၅၂၄ သန်း စုစုပေါင်းသွင်းကုန် တင်သွင်း မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၇၉၇ဝ ဒသမ ၄၂၈ သန်း ဖြစ်သည်။

ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှု နှစ် ရပ်လုံး၏ စုစုပေါင်း ပမာဏသည် အမေ ရိကန် ဒေါ်လာ ၁၄ဝ၄၅ ဒသမ ၅၉၆ သန်းဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*