စည်သွပ်ဘူးများနှင့် အသင့်စားသံဘူးများကြောင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်

စည်သွပ်ဘူးများနှင့် အသင့်စားသံဘူးများကြောင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်
October 26, 2016 Asian Fame

9:05 am
စည်သွပ်ဘူးများနှင့် အသင့်စားသံဘူးများကြောင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်
In Health

စည်သွပ်ဘူးများနှင့် အသင့်စားသံဘူးများကြောင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်

ဧကရီကျော်
ရန်ကုန်၊ အောက်တိုဘာ ၂၁

ကြာရှည်စွာ အထားခံသည့် စည်သွပ်ဘူးများ၊ အသင့်စားသံဘူးများတွင် အစားအစာများကို ကောင်းစွာထည့်ထားခြင်းမရှိပါက အစားအစာမှတစ်ဆင့် နောက်ဆက် တွဲ ရောဂါများအနေဖြင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာပြဿနာများ ဖြစ်ပွားနိုင်ကြောင်း မကွေးတိုင်းဒေသကြီးအစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက သတိပေးထားသည်။

ယင်းသို့ ကောင်းစွာထည့်ထားခြင်း မရှိသည့် အသင့်စားဘူးများတွင် ပါဝင်သည် အစာများမှတစ်ဆင့် Clostridium Botulinum ဘက်တီးရီးယားမှ ထုတ်သည့် အဆိပ်ကြောင့် အစာအဆိပ်သင့်ကာ နောက်ဆက်တွဲရောဂါအနေဖြင့် အစာအိမ်လမ်းကြောင်းမှတစ်ဆင့် အဆုတ်အတွင်း ပိုးဝင်ခြင်းနှင့် ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာပြဿနာများဖြစ်ပွားနိုင်ကြောင်း ဆေးဝါးကွပ်ကဲရေးဌာနမှ တာဝန်ခံ ဒေါက်တာပြည့်ထူးက ပြောသည်။

အဆိုပါ ဘက်တီးရီးယားသည် အ သင့်စားသံဘူးများ၊ ကြာရှည်ခံစည်သွပ်ဘူး များရှိ အစားအစာများတွင် ဖြစ်ပွားနိုင်ပြီး အဆိပ်သင့်စေကာ ယင်းကိုစားသောက်မိ ပါက ဗိုက်ရစ်၍နာခြင်း၊ အသက်ရှူရခက် ခဲခြင်း၊ တံတွေးမျိုရ၊ စကားပြောရခက်ခြင်း၊ အမြင်နှစ်ထပ် ဖြစ်လာခြင်း၊ ပျို့အန်ခြင်း၊ ပျော့ခွေ အားနည်းလာခြင်း၊ ဝမ်းချုပ်ခြင်း၊ သွားရည်ကျခြင်းနှင့် ကလေးများတွင်ဖြစ်ပါ က နို့မစို့နိုင်ခြင်း၊ အစာမစားနိုင်ခြင်း၊ အ သက်ရှူရခက်ခဲခြင်း၊ ငိုသံမထွက်တော့ခြင်း စသည်တို့ ရောဂါလက္ခဏာများ ဖြစ်ပွားနိုင် သည်ဟု သိရသည်။

”ဘူးတိုင်းမှာတော့ မပါဘူးပေါ့။ အဲ့ဒီဘက်တီးရီးယားပိုးပါသွားတဲ့ဘူး၊ ဒါမှမ ဟုတ်အစားအစာကိုစားမိရင် ချက်ချင်းဆို သလို ရောဂါကမဖြစ်ပေမယ့် စားပြီး ၈ နာရီကနေ ၃၆ နာရီအတွင်းမှာ ဖြစ်ပေါ်တတ်ပါတယ်” ဟု ဒေါက်တာပြည့်ထူးက ဆိုသည်။ ယင်း ဘက်တီးရီးယားသည် အပူကို ခံနိုင်စွမ်းရှိခြင်း၊ လေမရှိသော်လည်း အက်စစ်နည်းဖြင့် ပတ်ဝန်းကျင်တွင် Botulin အဆိပ်ကို ထုတ်ပေးနိုင်သောကြောင့် အသင့်စားသံဘူးများ ဖောင်ြး<ွကနေပါက၊ တာရှည်ခံအစားအစာများ အနံ့ဆိုးထွက်နေပါက စားသုံးခြင်းမပြုရန်နှင့် အသင့်စား သံဘူးများကို အနည်းဆုံး ၂၅ဝ ဒီဂရီ ဖာရင်ဟိုက်ရှိ မီးဖိုပေါ်တွင် မိနစ် ၃ဝ ခန့် ကြာအောင် အပူပေး၍ ပိုးသတ်ခြင်းဖြင့် ရောဂါကို ကြိုတင်ကာကွယ်နိုင်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*