ဝမ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင် ဝတ်စုံ ဝတ်ဆင် ထားကြသော ညငှက်မယ်လေး များ ထိုင်းတွင် ပြန်လှုပ်ရှား လာကြပြီ

ဝမ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင် ဝတ်စုံ ဝတ်ဆင် ထားကြသော ညငှက်မယ်လေး များ ထိုင်းတွင် ပြန်လှုပ်ရှား လာကြပြီ
October 26, 2016 Asian Fame

8:06 am
ဝမ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင် ဝတ်စုံ ဝတ်ဆင် ထားကြသော ညငှက်မယ်လေး များ ထိုင်းတွင် ပြန်လှုပ်ရှား လာကြပြီ
In International News

ဝမ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင် ဝတ်စုံ ဝတ်ဆင် ထားကြသော ညငှက်မယ်လေး များ ထိုင်းတွင် ပြန်လှုပ်ရှား လာကြပြီ

thai-girl2

(ဘန်ကောက်၊ အောက်တိုဘာ ၂၅)

ထိုင်းနိုင်ငံရှိ နိုက်ကလပ်များ၊ ဘားဆိုင်များနှင့် အနီးတဝိုက်ဝယ် ညငှက်မယ်လေးများ ပြန်လည် သက်ဝင် လှုပ်ရှား လာကြပြီဖြစ်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် အနက်ရောင် ဝတ်စုံများကို ဝတ် ဆင်ထားကြကြောင်း သိရသည်။

ထိုင်းဘုရင်မင်းမြတ် နတ်ရွာ စံပြီး နောက်ရက်ပေါင်း ၃ဝ အတွင်း သီတင်းကျွတ် လပြည့်ပွဲ အပါအဝင် မည်သည့် ပျော်ပွဲရွှင်ပွဲကိုမျှ မပြု လုပ်ရဟု အစိုးရက အမိန့်ထုတ်ပြန် ထားသော်လည်း၊ ရက်သတ္တ တစ်ပတ်မျှ အကြာတွင် ယခုကဲ့သို့ ပြည့်တန်ဆာ အမျိုးသမီးငယ်များ ရာနှင့်ချီ၍ ပြန်လည် ပေါ်ထွက် လာကြခြင်းဖြစ်သည်။

”အားလုံး တိတ်တိတ်ဆိတ် ဆိတ်ပါပဲ။ ဘုရင်ကြီး နတ်ရွာစံလို့ အားလုံး စိတ်မကောင်းဖြစ်နေကြ ပါတယ်။ ဒါပေမယ့် ငွေရဖို့ အတွက် တော့ ကျွန်မတို့ အလုပ် လုပ်ကြရ ဦးမယ်လေ။ တခြားလုပ်စရာ ကလည်း လုပ်နေကျ မဟုတ်တော့ အရင်လုပ်နေကျ အလုပ်ကိုပဲ ပြန် လုပ်ပြီး ဖောက်သည် ကိုစောင့်ရ တော့တာပေါ့”ဟု ဘန်ကောက်မြို့ မှ အသက် ၂၆ နှစ် အရွယ် ညငှက်မယ်လေးက ပြောပါသည်။

”ဘားဆိုင်တွေ ပြန်ဖွင့်တာနဲ့ မိန်းမလျာလေးတွေ ရောက်လာ တော့တာပဲ။ ကျုပ်တို့လည်း စီးပွားရေး အတွက် ပြန်ဖွင့်ရတော့ တာပဲလေ” ဟု ဘား ဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါသည်။

”ကျွန်မ တို့တတွေ အားလုံး လိုလိုပဲ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ်အနက်ရောင် အဝတ်အစား တွေကိုပဲ ဝတ်ထားကြပါတယ်။ ဖိနပ်ကိုတောင် အခုမြင်တဲ့ အတိုင်း အနက်ရောင် လည်ရှည် ဖိနပ်စီး ထားကြပါတယ်။ ပုံမှန်ဆို ဒီလို ဖိနပ်မျိုး ဘယ်စီးမလဲရှင်။ ဘန် ကောက်က အင်မတန် ပူတာကို”ဟု ညငှက်မယ်လေး တစ်ဦးက ပြောပါသည်။

PN002
Ref: Thailand’s red light district is back in business after the death of the king… but the sex workers are wearing black maid outfits as a mark of respect

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*