ပုဂံရောက်ခရီးသွားများအတွက် သတင်းအချက်အလက်စင်တာ ဖွင့်လှစ်

ပုဂံရောက်ခရီးသွားများအတွက် သတင်းအချက်အလက်စင်တာ ဖွင့်လှစ်
October 21, 2016 Asian Fame

6:21 am
ပုဂံရောက်ခရီးသွားများအတွက် သတင်းအချက်အလက်စင်တာ ဖွင့်လှစ်
In Travel

ပုဂံရောက်ခရီးသွားများအတွက် သတင်းအချက်အလက်စင်တာ ဖွင့်လှစ်

photo-wonder-bagan-facebook-%e1%80%9c%e1%80%af%e1%80%ad%e1%82%95%e1%80%91%e1%80%af%e1%80%ad%e1%80%b8%e1%80%b1%e1%80%95%e1%80%b8%e1%80%95%e1%80%ab%e1%80%a5%e1%80%ae%e1%80%b8-copy

PN -042
ရန်ကုန်၊ အောက်တိုဘာ ၁၄

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ လာရောက်လည် ပတ်သော ခရီးသွားများအား သတင်းအချက်အလက် ပေးနိုင် မည့်Bagan Information Center ကို အောက်တိုဘာ ပထမအပတ်မှ စတင် ဖွင့်ထား ကြောင်း ဂျပန်အပြည်ပြည်ဆိုင် ရာ ပူးပေါင်း ဆောင်ရွက်ရေး   အေဂျင်စီ (JICA)  မှ သိရသည်။

အဆိုပါ စင်တာကို သရပါ ဟိုတယ်တောင်ဘက်၊ အာနန္ဒာ ဘုရား မြောက်ဘက်တွင် ဖွင့် ထားခြင်းဖြစ်ပြီးJICA နှင့် ဟို တယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်း လုပ် ဆောင်ခြင်း ဖြစ်ကြောင်းJICA  မှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။

”အဓိက က Visitor  တွေ ကို သတင်းအချက်အလက်ပေး ဖို့ပါ၊ ကျွန်တော်တို့ စမ်းသပ် လုပ်ဆောင်ကြည့်တဲ့ သဘော ပါ” ဟု ၄င်းက ပြောသည်။

အဆိုပါ စင်တာတွင် လက် ကမ်းစာစောင်များ၊ မြေပုံများဝေငှ ပေးမည်ဖြစ်ပြီး လာရောက် လုပ် အားပေးလိုသော ဧည့်လမ်း ညွှန် များကိုလည်း ဖိတ်ခေါ်ထား ကြောင်း ပုဂံ အခြေစိုက် ဧည့် လမ်းညွှန် ဦးဇော်ဝင်းချိုက ပြော သည်။

အဆိုပါစင်တာကို နေ့စဉ် နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီ ခွဲအထိ ဖွင့်ပေးမည် ဖြစ်ပြီး အောက်တိုဘာ၊ နိုဝင်ဘာ နှစ် လစ မ်းသပ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ပုဂံသို့ လာရောက်လည်ပတ် သော ဧည့်သည်များအတွက်Tourist Information Counter  ကို ပုဂံညောင်ဦး လေဆိပ်တွင် လွန်ခဲ့သည့် သုံးနှစ်က ဖွင့်လှစ်ခဲ့ ဖူးသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*