တီဘီရောဂါ လုံးဝပပျောက်ရန် END TB မဟာဗျူဟာ လာမည့်နှစ်စတင်မည်

တီဘီရောဂါ လုံးဝပပျောက်ရန် END TB မဟာဗျူဟာ လာမည့်နှစ်စတင်မည်
October 21, 2016 Asian Fame

10:45 am
တီဘီရောဂါ လုံးဝပပျောက်ရန် END TB မဟာဗျူဟာ လာမည့်နှစ်စတင်မည်
In Health

တီဘီရောဂါ လုံးဝပပျောက်ရန် END TB မဟာဗျူဟာ လာမည့်နှစ်စတင်မည်

tb

စိုင်းလမင်း
နေပြည်တော်၊ အောက်တိုဘာ ၁၄

မြန်မာနိုင်ငံတွင် တီဘီရောဂါ လုံးဝပပျောက်ရန်အတွက် END TB မဟာဗျူဟာနှင့် တီဘီရောဂါတိုက်ဖျက်ရေး မဟာဗျူဟာ ငါးနှစ်စီမံကိန်းကို လာမည့်နှစ်တွင် စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

တီဘီရောဂါ လူနာများကို ပျောက်ကင်းအောင် ကုသပေးနိုင်မှသာလျှင် ရောဂါကူးစက်မှုများ ကွင်းဆက်ပြတ်တောက်နိုင်မည်ဖြစ်၍ ထိုစီမံကိန်းကို ရေးဆွဲ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောသည်။ထိုစီမံကိန်းကာလကို ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်ထိချမှတ်ထားပြီး ထိုထဲတွင် တီဘီလူနာ ဗဟိုပြု ပူးပေါင်းစောင့်ရှောက်ကုသခြင်းနှင့် ကာကွယ်ခြင်း၊ ခိုင်မာသော မူဝါဒများနှင့် အထောက်အကူပြုစနစ်များတည်ထောင်ခြင်း၊ သုတေသနလုပ်ငန်းများ နှင့် တီထွင်မှုများကို ဆောင်ရွက်ခြင်းစသော နည်းဗျူဟာသုံးရပ်ကို ချမှတ်ရေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် တီဘီရောဂါသည် တိုင်းဒေသကြီးများထက် ပြည်နယ်များတွင် ပို၍ဖြစ်ပွားနေပြီး ယမန်နှစ်က ကောက်ခံခဲ့သော စာရင်းအရ ကရင်ပြည်နယ်၊ ရန် ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် အများဆုံး ဖြစ်ပွားနေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန္တာလွင်က ပြောသည်။

”တချို့ ပြည်နယ်တွေမှာလည်း ရှာမတွေ့တာတွေ ရှိနိုင်တယ်၊ လက်လှမ်းမမီနိုင်တဲ့ ဒေသတွေထိ လွှမ်းခြုံနိုင်အောင် ရှာဖွေကုသရေးလုပ်ငန်းတွေကို ၂ဝ၁၇ မှာ စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွား နှုန်းမှာ လူဦးရေ တစ်သိန်းတွင် ၆ဝ ဦးမှ ၇ဝ အထိ ဖြစ်ပွားနေပြီး သေဆုံးမှုမှာ လူဦးရေ တစ်သိန်းတွင် ၅၃ ဦးအထိရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*