ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ပြပွဲတွင် နောက် ဆုံးပေါ် နည်းပညာ များ ထည့်သွင်း ပြသမည်

ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ပြပွဲတွင် နောက် ဆုံးပေါ် နည်းပညာ များ ထည့်သွင်း ပြသမည်
October 20, 2016 Asian Fame

10:24 am
ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ပြပွဲတွင် နောက် ဆုံးပေါ် နည်းပညာ များ ထည့်သွင်း ပြသမည်
In Bussiness

ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ပြပွဲတွင် နောက် ဆုံးပေါ် နည်းပညာ များ ထည့်သွင်း ပြသမည်

business-copy

HEZ
ရန်ကုန်၊ အောက်တိုဘာ ၁၇

ရေနှင့်ရေဆိုး စီမံဖြေရှင်းမှု နည်းပညာဆိုင်ရာများနှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာများ သိ ရှိစေရန်အတွက် Myanmar  Water 2016 & Renewable Energy Myanmar 2016 ပြပွဲကို ရန်ကုန် မြို့၊ Myanmar Event Park  တွင် အောက်တိုဘာ ၂ဝ
ရက်မှ ၂၂ ရက် အထိကျင်းပမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါပြပွဲသို့ နိုင်ငံပေါင်း ၁၆ နိုင်ငံရှိ ကုမ္ပဏီပေါင်း ၁၅ဝ ကျော်က လုပ်ငန်းကျွမ်းကျင်သူများ၊ ရေနှင့်ရေဆိုး စီမံဖြေရှင်းမှု ကျွမ်း ကျင်ပညာရှင်များ၊ အကြံပေးပုဂ္ဂိုလ် များနှင့် ကန်ထရိုက်တာများ စသည့် ပုဂ္ဂိုလ်များ လာရောက်ကြမည် ဖြစ် ပြီး ရေနှင့်ရေဆိုး စီမံဖြေ ရှင်းမှု နည်း ပညာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နှင့်စွမ်းအင်ပြည့်ဝနည်းပညာ စသည့် စာတမ်းဖတ်ပွဲတို့ကိုပါ  ထည့်သွင်း ကျင်းပမည်ြ ဖစ်ကြောင်း သိရသည်။

”မြန်မာနိုင်ငံရဲ့  စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံသားများရဲ့ စားဝတ်နေရေး ကောင်းမွန်စေဖို့ ကတိကဝတ်ထားပြီးတော့ Myanmar Water2016  က ရေရှည်တည် တံ့တဲ့ အနာဂတ်ရေအရင်းအမြစ် ဆီသို့ မြန်မာနိုင်ငံကို ခေါ်ဆောင် သွားဖို့ဆိုတဲ့ ရှင်းလင်းတဲ့ ရည်ရွယ် ချက်နဲ့အတူ ရေနှင့်ရေဆိုး စနစ်နဲ့ ဆိုင်တဲ့ ဆန်းသစ်တဲ့ ဖြေရှင်းမှုတွေ ရေသန့်စင် ဘေးကင်းဖို့အတွက် အနာဂတ်စိန်ခေါ်မှုတွေကို ရင် ဆိုင်ဖို့ အထူးစီစဉ်ထားတာပါ”ဟု  UBM Asia(ASEAN  စီးပွားရေး) ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ
Mr.Gandhi က ပြောသည်။

အဆိုပါပြပွဲသည်   ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စွမ်းအင် ပြည့်ဝရေး အဖြေများနှင့် အသစ် တီထွင်မှု အဝန်းအဝိုင်းပေါ် တစ်မူ ထူးခြားရှင်းလင်းစွာ အချက်အချာ ထားသည့်B2B ပြပွဲတစ်ခုဖြစ် သည်။

ယခုကျင်းပမည့် ပြန်လည်သုံး  စွမ်းအင်ပြပွဲတွင် မြေ ဆီလွှာသုံး စွမ်းအင်၊ စွန့်ပစ်စွမ်းအင်၊ လောင် စာဆီ၊ သဘာဝဓာတ်ငွေ့၊ နေေ ရာင် ခြည် သုံးစွမ်းအင်၊ လေနှင့်ရေအား လျှပ်စစ် စွမ်းအင်တို့ပါဝင်သည့် နောက်ဆုံးပေါ် နည်းပညာများကို ထည့်သွင်းပြသသွား မည် ဖြစ် ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*