ရန်ကုန်တိုင်းရှိ တရားမဝင်အဆောင်များ အရေးယူတော့မည်

ရန်ကုန်တိုင်းရှိ တရားမဝင်အဆောင်များ အရေးယူတော့မည်
October 20, 2016 Asian Fame

5:05 am
ရန်ကုန်တိုင်းရှိ တရားမဝင်အဆောင်များ အရေးယူတော့မည်
In Local

ရန်ကုန်တိုင်းရှိ တရားမဝင်အဆောင်များ အရေးယူတော့မည်

ဖြိုးထက်အောင်
ရန်ကုန်၊ အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီးအတွင်း မှ တရားမဝင် ဖွင့်လှစ်ထားသော အဆောင်များအား ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်တော့ မည်ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။

၂ဝ၁၃ ခုနှစ်ရန်ကုန်စည်ပင် သာယာရေး ဥပဒေပုဒ်မ  ၆၈/၆၉ တို့နှင့်ဖြစ်သည်ဟု သူက ပြောသည်။

အောက်တိုဘာလ ၁၄ ရက် နေ့က ပြုလုပ်ခဲ့သော ဒုတိယအ ကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တတိယပုံမှန်အစည်း အဝေး (နဝမနေ့)တွင် ပန်းဘဲ တန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ဦးက ”ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားမဝင် အဆောင်များ ငှားရမ်းဖွင့်လှစ် ခြင်းအတွက် သက်ဆိုင်ရာမှ စစ်ဆေးအရေးယူဆောင်ရွက် ရန် အစီအစဉ် ရှိ မရှိ” မေးခွန်း   နှင့်ပတ်သက်၍ မေးမြန်းမှု တစ်ခု ပြုခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ဦးက ၄င်း၏ မဲဆန္ဒ နယ် ပန်းဘဲတန်းတွင် လိုင်စင် နှင့်ဖွင့်သည့် ဘော်ဒါဆောင် အရေအတွက် က ၅ ခုသာရှိ ကြောင်း၊ လိုင်စင်မဲ့နှင့်ဖွင့်နေ သည်က အများအပြားဟုဆို သည်။

”၁၂ ပေခွဲ ပေ ၅ဝ အခန်း ကျဉ်းလေးထဲမှာ ဘော်ဒါဖွင့် နေတာတွေ အများကြီးရှိတယ်။ အနည်းဆုံးတော့ အခု ၂ဝ လောက်ရှိမယ် အနည်းဆုံးပါ။ အဆောင်စည်းကမ်းချက်တွေနဲ့ မညီဘဲနဲ့ လူတွေအများကြီး ကျပ်ညပ်နေအောင် ထားထား တယ်။

ပြီးတော့အဆောင်နေလူ တွေရဲ့ စည်းကမ်းလိုက်နာမှုပေါ့ အမှိုက်ပစ်တာ ရေမီးသုံးစွဲတာ စသဖြင့်ပေါ့ ” ဟုဦးသိန်းနိုင်ဦးက ပြောသည်။
ရန်ကုန်မြို့အတွင်း ဘော်ဒါ ဆောင်တစ်ခု ဖွင့်လှစ်မည်ဆို ပါက ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီကိုလျှောက် ထား၍ နည်းဥပဒေ ၄၅၊ နည်း ဥပဒေ ၄၈ အရသတ်မှတ်ချက်များ နှင့်အညီဆောင်ရွက်ရသည်။

ထိုသို့ ဆောင်ရွက်ပြီးပါက သန့်ရှင်းရေး၊ လုံခြုံရေး၊ မီးဘေး အန္တရာယ်ကြိုတင်တားဆီးရေး၊ အထွေထွေစီမံခန့်ခွဲရေးများကို အဆောင် များက လိုက်နာကြရ သော်လည်း အဆောင်ပိုင်ရှင် များက လိုက်နာမှုအားနည်း နေပြီး အမှိုက်စွန့်ပစ်ရာတွင် လည်း တာဝန်ယူမှုမရှိခြင်း များ တွေ့နေရသည်ဟု ၄င်းက ဆက် ပြောသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက် ၍ မြို့တော်ဝန် ဦးမောင်မောင်စိုး က ရန်ကုန်မြို့အတွင်းရှိ လာ ရောက် အလုပ်လုပ်ကိုင်သူများ နှင့် ပညာရေးကိစ္စဖြင့် လာ ရောက်ကြသည့် ကျောင်းသား လူငယ်များ အဆင်ပြေစေရန် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ် ရေးမှူး၊ မြို့နယ်ရဲ တပ်ဖွဲ့၊ မီး သတ်တပ်ဖွဲ့၊ လျှပ်စစ်ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန စသည့်ဌာနများမှ ထောက် ခံချက်များဖြင့် ဥပဒေနှင့်အညီ တင်ပြလာသော ဘော်ဒါဆောင် များကို လိုင်စင်ထုတ်ပေးလျက် ရှိကာ ရှောင်တခင်ဝင်ရောက် စစ်ဆေးကြောင်း၊ လိုက်နာ ဆောင် ရွက်ခြင်းမရှိသည့် ဘော် ဒါဆောင်များကို အရေးယူလျက် ရှိကြောင်း၊ တရားမဝင်အဆောင် များငှားရမ်းဖွင့်လှစ်သည် ကို တွေ့ရှိပါက လည်း ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*