ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ တင်သွင်းမှု လျော့ကျလာ

ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ တင်သွင်းမှု လျော့ကျလာ
October 20, 2016 Asian Fame

10:47 am
ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ တင်သွင်းမှု လျော့ကျလာ
In Bussiness

ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ တင်သွင်းမှု လျော့ကျလာ

HEZ
ရန်ကုန်၊ အောက်တိုဘာ ၁၇

ယခုဘဏ္ဍာနှစ်အတွင်း ပြည် ပမှ တင်သွင်းလာသော ရင်းနှီးမြှုပ် နှံမှု ကုန်ပစ္စည်းတင်သွင်းမှုများ လျော့နည်းကျဆင်းလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်း မှုမှာ နိုင်ငံပိုင်ကဏ္ဍမှ ဒေါ်လာ ၁ဝ၆ သန်းကျော်၊ ပုဂ္ဂလိကကဏ္ဍမှဒေါ်လာ ၂၉၇၂ သန်းကျော် စုစု ပေါင်းဒေါ်လာ ၃ဝ၇၉ သန်းကျော် တင်သွင်းထားသည်။

           ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိမူ ပြည်ပ မှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင် သွင်းမှုမှာ နိုင်ငံပိုင်ကဏ္ဍ မှ ဒေါ်လာ ၉၇၆ သန်းကျော် ပုဂ္ဂလိကကဏ္ဍမှ ဒေါ်လာ ၃ဝ၉၇ သန်းကျော် စုစု ပေါင်း ဒေါ်လာ ၄ဝ၇၃ သန်းကျော် တင်သွင်းထားခြင်း   ဖြစ်သည်။

ဝန်ကြီးဌာန၏စာရင်းများအရ လက်ရှိ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း စီးဝင်မှုသည် အမေရိကန် ဒေါ်လာ ၃ ဒသမ ၂ ဘီလျံကျော်သာရရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် တင်သွင်းမှု ၁ ဘီလျံကျော် လျော့ကျသွားခြင်း ဖြစ်သည်။ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းတင်သွင်းမှု အမေရိကန်ေ ဒါ် လာ ၂ ဒသမ ၅၆ ဘီလျံ၊ လူသုံး ကုန်ပစ္စည်းတင်သွင်းမှုသည် အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ ကျော် ရရှိထားသောကြောင့် လုပ် ငန်းသုံးနှင့် လူသုံးကုန်ပစ္စည်းတင် သွင်းမှုများကမှု လျော့ကျခြင်း မရှိ ပေ။

ယခုဘဏ္ဍာနှစ် စက်တင်ဘာ လကုန်အထိနှင့် ယခင်နှစ်ကာလ တူကို နှိုင်းယှဉ်ပြီး နိုင်ငံပိုင်နှင့် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှုကို လေ့လာ ကြည့်ပါက နိုင်ငံပိုင်ကဏ္ဍမှဒေါ်လာ ၈၆၉ သန်းကျော်လျော့ကျနေပြီး ပုဂ္ဂလိကကဏ္ဍမှ ဒေါ်လာ ၁၂၄ သန်းကျော်လျော့ကျနေခြင်းဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရ သည်။

လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း တင်သွင်းထားမှု အခြေအနေမှာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် စက်တင် ဘာလကုန်အထိ နိုင်ငံပိုင် ကဏ္ဍမှ ဒေါ်လာ ၄၇ သန်းကျော်နှင့် ပုဂ္ဂလိကကဏ္ဍမှဒေါ်လာ ၂၄၅၉ သန်းကျော် စုစုပေါင်း ဒေါ်လာ ၂၅ဝ၆ သန်းကျော် တင်သွင်းထား သည်။ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၈ဝ ကျော်ဖိုး ပိုမို တင်သွင်းထားကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*