တိုးတက် ကြီးထွားနှုန်း ကျနေဆဲ ကမ္ဘာ့ စီးပွားရေး နောက်ဆုံးရ ခြုံငုံ သုံးသပ် တွေ့ မြင်ချက် အချို့

တိုးတက် ကြီးထွားနှုန်း ကျနေဆဲ ကမ္ဘာ့ စီးပွားရေး နောက်ဆုံးရ ခြုံငုံ သုံးသပ် တွေ့ မြင်ချက် အချို့
October 20, 2016 Asian Fame

11:21 am
တိုးတက် ကြီးထွားနှုန်း ကျနေဆဲ ကမ္ဘာ့ စီးပွားရေး နောက်ဆုံးရ ခြုံငုံ သုံးသပ် တွေ့ မြင်ချက် အချို့
In Articles

တိုးတက် ကြီးထွားနှုန်း ကျနေဆဲ ကမ္ဘာ့ စီးပွားရေး နောက်ဆုံးရ ခြုံငုံ သုံးသပ် တွေ့ မြင်ချက် အချို့

min-tin

ကာလ အတန် ကြာလာနေခဲ့ ပြီဖြစ်သည့် ကမ္ဘာ့စီး ပွားရေး ကြီးထွားမှုနှုန်း နိမ့်ကျ လျော့ပါးနေခြင်းမှာ အ ရာရာအကြောင်းကြောင်း ဆင်ခြေတွေဖြင့် ပြန်မတည့် မတ်နိုင်သည့် အပြင် ယခု တလောမှာတော့ အနည်း ငယ် ထပ်လျော့ကျ လာနေပြန်ပါသည်။ စူပါပါဝါရော ဂရိတ်နှင့် မေဂျာပါဝါ ကီးတွေပါ နည်းနည်းလောက် ပြန်တက်အောင်ပင် မစွမ်းနိုင်ကြသေးဘဲ ရှိနေ၏။ တကယ့် ပေါ်ပြူလာ ကျကျဖက်ရှင်တစ်ရပ် ”ပေါက်” သွားသလို သူလည်း ဒီလို၊ ငါလည်း ဒီလို၊ တို့များလည်း ဒီလို…ထိုအနိမ့်မှ မတက်လာနိုင်ကြသေးသည့် ပုံစံ တူထဲမှာ ကော်ဖြင့် ကပ်ထားသည့် နှယ် စွဲကပ်နေပါ၏။

အရာရာ အကြောင်းကြောင်း ဆိုရာ၌တော့ ပါဝါ ကြီး တစ်နိုင်ငံချင်းစီ နှင့် ကမ္ဘာ့ အဆက် အစပ် ကြားထဲ က စီးပွားရေးမှာ ပိုဖြစ်နေခြင်းကို ဆိုလိုပါ၏။ ပါဝါကြီး တွေအပြင် ထွန်းသစ်စရော၊ ဖွံ့ဖြိုးဆဲနှင့် ထိုထက်နိမ့်ပါး နေသေးသော နိုင်ငံများ အားလုံးကိုပါ ခြုံငုံ၍ ဂလိုဘယ် စီးပွားရေး တစ်ရပ်လုံးကို လွှမ်းခြုံ ကြည့်နိုင်ရေး ဆိုသည် ကလည်း မတူညီသော အရာရာ အကြောင်းကြောင်း များ၏ ပါဝါကြီးတွေ စီးပွားရေး၊ ကမ္ဘာ့ အများဆုံး ဝေစု၊ တစ်နည်း ထုတ်လုပ်မှု ပိုင်းရော၊ ဝန်ဆောင်မှုပိုင်း နှစ်ရပ် လုံးအပြင် နိုင်ငံတကာ နိုင်ငံရေး ဆိုင်ရာ စီးပွားရေး၊ ဂလိုဘယ် နိုင်ငံရေး ဘောဂဗေဒ (IPE-International Political Economy and/or (GPE- Global Political Economy) ရှုထောင့်များ မှလည်း ထည့်သွင်း သုံးသပ် ချက်မဖြစ်မနေ လိုအပ်ပြန်၏။ IPE နှင့် GPE နှစ် ရပ်သည် ချဉ်းကပ်ပုံ (Approach) မတူညီလှပါ။ အဆောက်အအုံ ပိုင်း၊ စံစနစ်ပိုင်း နှစ်ရပ်လုံး (Structural, Normative) ၌ဖြစ်ပါ၏။ ကျယ် ပြန့်လှပါသည်။ ဟုတ်ပြီ။ ကမ္ဘာ့/ ဂလို ဘယ်စီးပွားရေး တိုးတက်ကြီးထွားနှုန်း ဘာကြောင့် နိမ့်ကျလာနေ ရသည်လဲ၊ ကာလတစ်ခု ကြာနေရပြီလဲ ဆိုခြင်း အပေါ် လွှမ်းခြုံ ကြည့်မြင်နိုင်ရေး အတွက် အနည်းငယ် တို့ထိကြည့်ကြ၊ ဆွေးနွေး ကြပါမည်။

ဤနေရာမှာ (ပညာရပ် အတော် အဆန်သော်လည်း လေ့လာဖို့ သင့်သော) အညွှန်းကိန်း နှင့် သုတေသန အင်စတီကျူ တို့ကို ထောက်ပြ၊ ဖော်ပြထား လိုပါ၏။ ဘရွက် ကင်းစ်အင်စတီကျု၊ (Brookings Institute) ၏ သုတေသန၊ စီးပွားရေး၊ ဈေးကွက်၊ စာရင်းအင်း ဌာန များအပြင် ဖိုင်နင်ရှယ် တိုင်းမ်စ် (Financial Times) က ကာလ အားလျော်စွာ သုံးသပ် ထုတ်ပြန်ပေးနေသော လေ့လာချက် (TIGER-Tracking Indexes for the Global Economic Recovery) ဖြစ်ပါ၏။ မြန်မာမှု ပြုရလျှင် အနီးစပ်ဆုံး အဖြစ် ”ဂလိုဘယ် စီးပွားရေး နာ လန် ပြန်ထူရန် လမ်းကြောင်းပြိုင် အညွှန်း ကိန်းများ” ဖြစ်ပါ၏။ ရှေ့နားမှာ ပြောခဲ့သလို ဂလိုဘယ် နိုင်ငံရေး ဘောဂဗေဒ (GPE/ IPE) တွေဘက်က လည်း ချင့်ချိန် ချက်တွေပါပါသည်။ နောက်ဆုံး Update လုပ်ထား သည်မှာ ရက်ပိုင်းပဲ ရှိသေး၏။ October,2016-Index များမှာ ပါဝင်ပါသည်။ FT.com မှာလည်း ဝင်ရောက် လေ့လာနိုင်သည်။ ထိုအညွှန်းကိန်းများအရ နိုင်ငံအ နည်းစု မပြောပလောက် စာလေး၌သာ အားဖြည့်တိုး မြှင့်လာနိုင်ခဲ့ပြီး ဂလိုဘယ် တစ်ရပ်လုံး ကမ္ဘာကိုခြုံကြည့် လျှင် သီးခြားခွဲထုတ်ခံ ပုံစံ အချက်ပြနေ တာတွေက ပို များလှပါ၏။ ထိုအချက်ပြချက် (Signal) တွေထဲမှာ ရင်းနှီးမြှုပ်နှံမှု ချည့်နဲ့ လာချက်ကြောင့် တိုးတက်ကြီး ထွားနှုန်း လျော့ကျနေရသော ဝန်းကျင် တစ်ရပ်၏ သီး ခြား လက္ခဏာ ပုံစံဆောင်မှု တစ်ရပ်ကို တွေ့မြင်ရ၏။ ထုတ်လုပ်မှုပိုင်း ရပ်တန့်နေသည် (တက်မလာခြင်း)။ အ သားကျပုံစံစွဲ ပုဂ္ဂလိက ကဏ္ဍ ယုံကြည်မှု အပိုင်းမှာ ထောက်ပြစရာတွေ များနေသည်။ စူပါနှင့် အခြားပါဝါ ကြီးများကို ခြုံကြည့်ပါမည်။

အမေရိကန်ပြည်ထောင်စု

ယူအက်စ် စီးပွားရေးက ရောပြွမ်း အချက်ပြမှုတွေပဲ (စာရင်းထဲ) ဆက်ပို့နေ၏။ ယမန်နှစ် အောက်တိုဘာ လကထက် ဂျီဒီပီ တိုးတက်နှုန်း၊ စက်မှု ထုတ်ကုန်လုပ် ငန်းကဏ္ဍတွေ အနည်းငယ် ကျဆင်း၏။ ရင်းနှီးမြှုပ်နှံ မှုနှင့် ထုတ်လုပ်နိုင်စွမ်း တိုးတက်မှုမှာ နဂိုနေရာက မတက်။ သို့ခြား လုပ်သား ဈေးကွက် အကြီးအကျယ် ထုနှက် ခံနေရ၏။ အလုပ်အကိုင် ရရှိမှုလည်း ဆက် တိုက် ကျနေပြီး လုပ်သား အင်အားစု ပူးပေါင်း ပါဝင်ခြင်း နာလန်ပြန်ထူ လာနေမှု၊ လုပ်ခလစာ တက်ရိပ် ပြလာမှု တို့သာ အနည်းငယ် စိတ်ချမ်းသာစရာဟု ရှာကြံမြင် ယူကြရသလို ဖြစ်နေသည်။ တိုးတက် ကြီးထွားနှုန်း တက်ရိပ်ပြနေ၏။ ဖက်ဒရယ်(ဗဟို) အရန်ငွေကြေး ပမာဏ ကလည်း သေတ္တာ ထဲမှာ လုံခြုံပြီး ဒီဇင်ဘာလ တွင် မြင့်တက်ခဲ့သော်ငြား လုပ်သားဈေးကွက် တည် ငြိမ်မှု အပေါ် မူတည်နေခြင်းကြောင့် စိတ်ချ ရပြီဟုတော့ တစ်ထစ်ချ မပြောနိုင်၊ ပြောမရသေးပါ။

ပြက္ခဒိန်နှစ်၊ ဘဏ္ဍာရေးနှစ်နှင့် ပုံမှန်လုပ်ထုံး လုပ်နည်း ဆိုင်ရာ မူဝါဒများကား နိုင်ငံရေး ကသော ကမျော ဇာတ်ရှုပ်ချက်တွေကြောင့် အကျဉ်းချ ခံနေရ သလို ဖြစ်နေ၏။ ထိုထို နိုင်ငံရေး ဇာတ်ရှိန်မြင့်တက်မှု က ကောင်းသော လာခြင်းထံမှ မဟုတ်၍ လုပ်ငန်းများ အပိုင်း၊ စားသုံးသူ ယုံကြည်ချက် အပိုင်းတို့ကိုလည်း မရေရာ မသေချာ ဖြစ်နေမှုမှာ ရပ်တန့်နေ စေခြင်းသာ ဆက်ဖြစ်ပေါ်နေပါ၏။ အိုဘားမားသည်ပင် အမေရိ ကန်တို့၏ နောက်ဆုံး ”လွတ်လပ်သော ကုန်သွယ်မှု” သမ္မတ ဖြစ်လာမည်လား …ဟုပင် မေးခွန်း ထုတ်လာ နေကြ၏။ ဒါက ပထဝီ နိုင်ငံရေး နှင့် ဂလိုဘယ် ပထဝီ စီးပွားရေး (Global Geo-economics) ကြောင့်ပါဟု ပြောသူလည်း မနည်းလှပေ။ ခုခံချေပချက်ဟု လတ် တလော အပူမိ ကမ္ဘာက ပြန်တုံ့ပြန်ပါ၏။

ယူရိုနယ်မြေ

ဒုက္ခဘုံထဲ ခပ်နက်နက်ပိုပိုပြီး တိုးဝင်နေသလို ဖြစ် နေသည့် ယူရိုငွေကြေးသုံး၊ ဥရောပသမဂ္ဂ နိုင်ငံများ နှင့် ထိပ်သီး စာရင်းပေါက် အနောက် ဥရောပအုပ်စုထဲ က ”ဗိုလ်”တွေကို နောက်ပြန်ဂျွန်း ထိုးနေကြသည်ဟု ငေါ့ကြသည်။ ငွေကျုံ့မှု ဖိအားဝင် နေဆဲဖြစ်၏။ သို့ ငြားနိုင်ငံ တချို့ကိုတော့ နည်းနည်းမက သက်သာ ချောင်ချိ သွားစေပြန်သည်။ ဘဏ္ဍာရေး တည်ငြိမ်မှုအ တွက် လေးလေးပင်ပင် ခြိမ်းခြောက် စိန်ခေါ်နေသည်မှာ အဆောက်အအုံ ဆိုင်ရာ ပြဿနာများ၊ ပုံမှန် လုပ်ထုံး လုပ်နည်း တည်ဆောက်ပုံ တို့အတွင်း အပြောင်းအလဲ ဖြစ်နေမှုများ၊ အတိုးနှုန်း လျော့နည်း ဝန်းကျင်တစ်ရပ် အသွင်ဆောင်လာမှု… စသော ဘဏ္ဍာရေး နယ် ပယ်ထဲက အကြောင်းအရာ များပင်ဖြစ်နေပြီး ဥရောပ ဘဏ် လုပ်ငန်းစနစ် ကို လှုပ်ခါရုံမက ကိုင်ပေါက်သလို ဟု အမည်ပေးကြသည်။ ဒေသတွင်း နိုင်ငံ တချို့၌လည်း နိုင်ငံရေး၊ စီးပွားရေး မတည် မငြိမ်ဖြစ်နေပြီး လုပ်ငန်း ယုံကြည်ချက်နှင့် ရင်းနှီး မြှုပ်နှံမှု လျော့ပါးခြင်း တို့ကို အခြေခံ ကျကျ ထိုးနှက်နေသည်။

ဂျပန်

စီးပွားရှာချက် ပုံစံနှင့် လုပ်သား ဈေးကွက်များတွင် ဂျပန်သည် မိုဒယ်အကျဆုံး အင်အားရှိနေ၏။ မြင့် တက်နေ၏။ သို့ငြား ဂျပန် သူရဲကောင်းဝါဒ၏ ကမ်းပါး နှင့် ယန်းငွေ တန်ဖိုး အားနည်းစေအောင် ဖြစ်ပေါ်နေ စေသော အမျိုးမျိုး အဖုံဖုံ တွေ့ရှိချက်များ၊ ငွေကျုံမှု တန်ပြန်ရေး အစီအစဉ် တို့ကတော့ အ လုပ်မဖြစ်ပေ။

ယူကေ

ဘရက်စ်ရှော့ခ် (EU မှ အင်္ဂလန် ခွဲထွက်ခြင်း ရိုက် ခတ်မှု) အဆိုးဆုံး အနေအထားမှ ယူကေ စီးပွားရေး ပြန်ရှင်သန် ကျန်ရစ်လာပြီဟု မြင်ရပါသည်။ လူထုဆန္ဒ ခံယူပွဲ အလွန်ဇောက်ထိုး ကျခဲ့ရသော အနေအထား တွေမှ ဘဏ္ဍာရေး ဈေးကွက်ပြမျဉ်းနှင့် ဂရပ်ဖ်များ အ များစု ခပ်မြန်မြန် ထောင်တက် လာနေခဲ့၏။ စားသုံး သူနှင့် လုပ်ငန်းပိုင်းများ ဆိုင်ရာ ယုံကြည်မှု ကတော့ လူထု ဆန္ဒလဒ်ကြောင့် အမှန်တကယ် စီးပွားရေး သက်ရောက်ချက် များနှင့် ဆန္ဒတို့ ရုပ်လုံးပေါ်ချိန် အထိ လှုပ်လီလှုပ်လဲ့ ရှိဦးပေမည်။

ဒါတွေက စူပါ ပါဝင်ယူအက်စ် နှင့် ဂရိတ်ပါဝါကြီး တွေကို အကျဉ်း ချုံး သုံးသပ်ခြင်းဖြစ်ပြီး ထွန်းသစ်စနှင့် မေဂျာပါဝါဟု အမည်ပေးကြသော နိုင်ငံများ ဈေးကွက် တို့ကတော့ အောက်ဆုံးက ထွက်လာပြီဟု ပြောလို့ရ နိုင်သည်။ နိုင်ငံရေး ဘောဂဗေဒ အရ အားနည်းချက် တွေကြောင့် ထိုနိုင်ငံများ စီးပွားရေး တို့သည်လည်း ၄င်းတို့ နောက်ပါးမှာ စိုးရိမ်ဖွယ်လား၊ အဆိုးဆုံးလား၊ အကောင်းဘက်လား ယတိပြန်မပြောလိုပါ။ နိုင်ငံရေး ဆိုင်ရာ အုပ်ချုပ်ပုံ စနစ်၊ ကျင့်ဝတ်နှင့် ဝတ္တရားပိုင်း၊ နိုင်ငံရေး စနစ်၊ ဘောဂဗေဒ အရ စီးပွားရေး လုပ်ပုံကိုင် ပုံတွေပါ ပူးတွဲ နွယ်ယှက် ရှုပ်ထွေး ကျယ်ပြောလှပြီး အငြင်းအခုံ တုတ်ထမ်း၊ ဓားထမ်းတွေ ရှိနေ၍ပင်။ ယေဘုယျပဲ ခြုံငုံ ကြည့်မြင်ကြပါမည်။

တရုတ်

ဂျီဒီပီ (Nominal) အရသာ တရုတ်ကို ယူအက်စ် ပြီးလျှင် ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေး ဟု ကမ္ဘာက ယေဘုယျ သတ်မှတ်လက် ခံခဲ့တာ ၇ နှစ် ကြာပြီ ဖြစ်ငြား ဂျီဒီ ပီ (PPP) နှင့် တစ်ဦးချင်း အညွှန်းပြကိန်း၊ ဘဏ္ဍာ ရေးကဏ္ဍကိန်း ဂဏန်းများ စသဖြင့်တို့အရ မေဂျာ ပါဝါ၊ ထွန်းသစ်စ နိုင်ငံနှင့် စီးပွားရေး ဟုသာ ပညာရပ် က သတ်မှတ်ပါ၏။ စက်မှုလွန်ခေတ် (Post- Industrialized) နိုင်ငံ မဟုတ်သလို ဘဏ်စနစ်၊ ပွင့် လင်းမြင်သာမှုနှင့် တာဝန် ခံယူမှု၊ ကိုယ်ကျိုး ကြည့်လွန်း သော Protectionism ဝါဒ စသဖြင့် တွေကြောင့်လည်း ပါပါသည်။

လတ်တလော တရုတ်ထုတ် ပြန်ကိန်းများက ကြီး ထွား တိုးတက်မှုနှုန်း တည်ငြိမ်ခြင်း တစ်ရပ်ကိုသာ ဆက် ပြနေဆဲဖြစ်၏။ ရင်းနှီးမြှုပ်နှံမှုပိုင်း လက်ဦးမှုကို ရသ လို ပုံစံဖြင့် ဖြစ်အောင် လုပ်ယူတက်ခြင်း (ကမ္ဘာ့ဖွံ့ဖြိုးဆဲ ဒေသများ အားလုံး နီးပါး)၊ စွန့်စားလိုစိတ်က ဂလိုဘယ် အကျိုး မငဲ့ကွက်ဘဲ ပိုင်မှ ချည်ပြီးတုပ်ပြီး လုပ်ယူနေ တတ်မြဲဖြစ်ခြင်း တို့ကြောင့် လူပြောခံနေရဆဲဖြစ်သည်။ တရုတ် GDP တိုးတက်မှုသည်လည်း ဝန်ဆောင်မှု ကဏ္ဍ စွမ်းဆောင်ရည် အပေါ် မှီခိုခြင်း မဟုတ်ပြန်ပါ။ ကုန် ထုတ်မှု တိုးတက်ရေး ဆိုရာ၌ GDP တက်ရေး တစ်ခုသာ ပဓာန ပုံစံပေါက်နေဆဲဖြစ်၏။ ဆိုးဆိုးရွားရွား ငွေထုတ် ချေးမြန် လွယ်မှု၊ ဘဏ်စနစ်၌ ဘာပြောရမှန်း မသိ လောက်အောင် ”အားလုံး ရာနှုန်းပြည့်ကောင်း ပါ၏” အစီရင်ခံစာ များဖြင့်သာ ပြည့်နှက်နေသေး သော်လည်း တရုတ် စီးပွားရေး တည်ငြိမ်နေပါ သည်။ ဂလိုဘယ် ဆိုးကျိုး သက်ရောက်မှု (Global Impact) ကြီးကို ဒီမိုကရေစီ ကမ္ဘာက စိုးရိမ်စွာ ဖြင့် တရုတ်ကို သိပ်မပုတ်ခတ်လှတော့ပါ။

ပုံစံ၏ အောက်ခြေပိုင်း

အခြားထွန်းသစ်စ စီးပွားရေး မေဂျာပါဝါများကို ဆိုလိုပါသည်။ အိန္ဒိယ၊ ရုရှားနှင့် ဘရာဇီး တို့ကို ညွှန် ပြကြတာများပါ၏။

အိန္ဒိယ အာရှဆင်ကြီး မှန်မှန် တိုးတက်နေပါသည်။ ကိန်း ဂဏန်းများ ကောင်းမွန်လှသလို ကုန်ပစ္စည်းပိုင်း၊ ဝန်ဆောင်မှုပိုင်း အခွန်ကိစ္စ တာဝန်ယူမှုကလည်း မြင့် မား ပိုင်နိုင်လှ၏။ ဗဟိုဘဏ် ဥက္ကဋ္ဌ လူမှန်နေရာမှန် ဖြစ်နေပြီး မိုဒီအစိုးရကို ဘစ်ဘရယ်ပြုမှုနှင့် ပြုပြင်ပြောင်း လဲရေး နောက်ဆုံး သက်တမ်းအဆင့် ဖြစ်လာနိုင်ခြေရှိ သည်ဟု မျှော်လင့်ကြရလောက် အောင်ပင် အပြုသ ဘော အချက်ပြခြင်းတွေ ဆက်တိုက် တွက်ပြနေပါ၏။ ပြင်ပရှော့တွေကို ခံနိုင်ရည်ရှိပြီး စွန့်စားရမှု လျှော့ချ နိုင်ခြင်းက အိန္ဒိယ စီးပွားရေး၏ အားသာ ဆက်နွှယ်ချက် တွေဖြစ်သည်။ ဘဏ်စနစ် မှာတော့ လျော့ရဲပြီး လုပ် သားဈေးကွက်၊ အခြားနက်နက်ရှိုင်းရှိုင်း အောက်ခြေ ပြုပြင် ပြောင်းလဲမှု တချို့မှာ ထောက်ပြစရာတွေ ရှိနေ ငြား ပုံမှန်မက ကြီးထွား တိုးတက်မှု စဉ်ဆက်မပြတ် ထိန်းထားနိုင်ရေး ကို တိုက်ရိုက် မထိခိုက်စေနိုင်ပါ။

ရုရှားနှင့် ဘရာဇီး ကတော့ ဆုပ်ကပ်ထဲရောက် နေကြသလို ဖြစ်နေ၏။ ရေနံဈေးနှုန်း ပိုမြင့်လာခြင်း ကသာ ရုရှားကို ယာယီပြန်နေကောင်းထိုင်သာရုံရှိ စေပါ မည်။ ယှဉ်တွဲဆက်စပ်ချက်များလှ၏။

ဘရာဇီး ကတော့ အစိုးရသစ် အနေဖြင့် စားသုံးမှု၊ လုပ်ငန်း ၂ပိုင်းလုံး ယုံကြည်စိတ်ချမှု ပျောက်ဆုံးနေ ခြင်းကို အဓိက ဖြည်ထုတ်နေရရင်း ပိုရှုပ်သလို ဖြစ်ရင်း လုံးချာလည်နေသေး၏။ ကိုယ့်ကိုယ်ကိုယ် ပြန်ထိစေ သော အလုပ်အကိုင် ကိစ္စ လုံးပါးပါး နစ်မြုပ်စေသည့် မူဝါဒ၊ လက်လီ အရောင်းများ၊ စက်မှု ကုန်ထုတ်လုပ်ငန်း ကဏ္ဍ အကြောင်းရင်း သုံးရပ်ကို အဓိက ပြန်မြှင့်တင် တည်ငြိမ်ရေး လိုအပ်ချက်ကြီး ရှိနေသည်။

စူပါပါဝါ၊ ဂရိတ်ပါဝါများ၊ မေဂျာပါဝါများကို အ ကျဉ်းဆုံးချုံ့၍ တို့ထိ သုံးသပ်ကြည့်မြင် တွေ့ရှိချက်များ ဖြစ်ပါ၏။ ဤသို့သော မျှခြေညီမှု ပျောက်ဆုံးနေခြင်းကို ဘာနှင့် ကုစားနိုင်ကြမည်လဲ…။ ကျမ်းအဆူဆူ ရှိခဲ့၊ ရှိဆဲ၊ ရှိပါဦးမည်။ စာရေးသူ ကတော့ အချက်နှစ်ချက် ဆွဲထုတ်ပြလိုပါ၏။

(၁) အားကောင်း ခိုင်ကျည်ဖြောင့်မှန်သော နိုင်ငံ ရေးဆိုင်ရာ ပြန်လည်ပြုပြင် ပြင်ဆင်ချက်လိုအပ်မှု၊
(၂) အင်ပြည့်အားပြည့် ဝါယမ စိုက်ထုတ်ကြရမည့် မူဝါဒ အကောင်အထည် ဖော်မှုများ အပိုင်း လိုအပ်ချက်

ကမ္ဘာက လည်း ဒါကိုလိုနေသည်။ ကိုယ့်နိုင်ငံမှာ လည်း ဤနှစ်ချက်က အခရာ ကျနေသည်။ ဆက်လက် ဆွေးနွေး ငြင်းခုံ အပြုသဘော ဆောင်ဖို့တွေ အတော် များများရှိနေပြီး အလျဉ်း သင့်သလို ရေးသား သွားပါဦး မည်။

မင်းတင်

Ref: Hudson Institute’s WPR,FP

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*