ကျပ်သိန်းနှစ်သောင်းကျော်တန်ဖိုးရှိရွှေများ လိမ်လည်ခံရမှု နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ တိုင်ကြား

ကျပ်သိန်းနှစ်သောင်းကျော်တန်ဖိုးရှိရွှေများ လိမ်လည်ခံရမှု နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ တိုင်ကြား
October 20, 2016 Asian Fame

4:18 am
ကျပ်သိန်းနှစ်သောင်းကျော်တန်ဖိုးရှိရွှေများ လိမ်လည်ခံရမှု နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ တိုင်ကြား
In Local

ကျပ်သိန်းနှစ်သောင်းကျော်တန်ဖိုးရှိရွှေများ လိမ်လည်ခံရမှု နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ တိုင်ကြား

ရန်ကုန်၊ အောက်တိုဘာ ၁၈

မော်လမြိုင်၌ ကျပ်သိန်းနှစ် သောင်းကျော်တန်ဖိုးရှိ ရွှေများလိမ် လည်မှုနှင့်ပတ်သက်၍ အရေးယူ ရန်  ကြန့်ကြာနေသည်ဟုဆိုကာ
လိမ်လည်ခံရသူအချို့က နိုင်ငံတော် အတိုင်ပင်ခံရုံးထံသို့ တိုင်ကြားထား ကြောင်း သတင်းရရှိသည်။

ယခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ က မော်လမြိုင်မြို့၊ လေးထပ်ဈေး အတွင်း ရွှေအရောင်းအဝယ်လုပ် သူ ၄၈ ဦးထံမှ ငွေကျပ်သိန်းပေါင်း   နှစ်သောင်းခွဲကျော်ကို ရွှေအရောင်း အဝယ်သမားတစ်ဦးဖြစ်သူ (ထိုသူ သည် မော်လမြိုင်မြို့နယ် ရွှေလုပ် ငန်းအသင်းဝင်တစ်ဦးလ ည်း ဖြစ် သည်။)က  ယူဆောင်ထွက်ပြေး သွားသည့်အတွက် အလိမ်ခံရသူ အချို့က ယခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ညပိုင်းတွင်   မော်လမြိုင်  မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ သူထဲမှ တစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်း အောင်က ပြောသည်။

အမှုဖွင့်ပြီး နောက်ရက်များ တွင် ထိုသူက ၄င်းယူဆောင်သွား သော  ကာယကံရှင်အသီးသီးထံ သို့ ယူဆောင်သွားသည့် ငွေ၏ ၂ဝ ရာခိုင်နှုန်းကို ပြန်ပေးခဲ့ကာ ကျန် ငွေများကို နောင်တွင် အလုပ်လုပ် ကာ ပြန်လည်ပေးဆပ်မည့် အ ကြောင်း ပြောဆိုခဲ့ကြောင်း ၄င်းက   ပြောသည်။

”ဒီငွေတွေကို မရှိတော့ဘူး ပြောတယ်။ ဘယ်ရောက်သွားလဲ ဆိုတာကိုလည်း မပြောနိုင်ဘူး။  ဒါကြောင့် ကျွန်တော်တို့လိုပဲ မကျေ နပ်တဲ့သူ ဆယ်ဦးလောက်က မယူ ဘူး။ အခုကျွန်တော်တို့ အမှုဖွင့် ထားတယ်။ ပြီးတော့ ကျန်တဲ့သူ တွေကလည်း အမှုဖွင့်ဖို့ စဉ်းစား   နေကြတယ်”ဟု ကိုဥာဏ်ဝင်းအောင် ကဆိုသည်။

ထို့ပြင် ရွှေ ၂ဝ ကျပ်သားနှင့် ငွေကျပ်သိန်း ၂၁ဝ အလိမ်ခံလိုက်ရ သူ ဒေါ်အေးအေးသိန်းက အမှုဖွင့် ခြင်းများ ဆောင်ရွက်ထားသော် လည်း လက်ရှိအချိန်ထိ ရဲလုပ်ငန်း နှင့်အညီ သက်သေခံပစ္စည်းများနှင့် လိမ်လည်သူကို တရားရုံးသို့ တရား စွဲဆိုမပို့သေးကြောင်း   ပြောသည်။

”ပြစ်မှုကျူးလွန်သူကို အချိန် အကြာကြီး လွတ်လပ်ခွင့်ပေးထား ပါတယ်။ ဒါဟာ ပြစ်မှုကျူးလွန်သူ ကို  အထူးအခွင့်အရေး ပေးထား တာပါ” ဟု ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ မော် လမြိုင် မြို့မရဲစခန်းမှ စခန်းမှူး  က ဥပဒေအကြံပြုအဖွဲ့ထံမှ ပြန် ကျပါက စွပ်စွဲခံရသူကို ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွား မည်ဟု ပေါ်ပြူလာနယူးစ်သို့ ပြော သည်။

စွပ်စွဲခံရသူက ”သူတို့အထင် လွဲတာပါ။ ကျွန်တော် ယူသွားတဲ့ ငွေရဲ့ ၂ဝ ရာခိုင်နှုန်းကို ပြန်ပေး ပြီးပါပြီ။  ကျန်တာတွေကိုလည်း အလုပ်လုပ်ပြီးပြန်ဆပ်မှာပါ။  အမှု ဖွင့်ခံထားရတာလည်း သိပါတယ်” ဟု ပေါ်ပြူလာနယူးစ်သို့ ပြော သည်။

P News

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*