ရုရှားနိုင်ငံ မှ ထိပ်တန်း သူဌေးသား တစ်ဦး ကား ပြိုင်မောင်းခြင်းကြောင့် လူမှု ဝန်ထမ်း အလုပ်များ နာရီ ၃ဝဝ ပြုလုပ်စေရန် မော်စကို တရားရုံး က အပြစ်ပေး

ရုရှားနိုင်ငံ မှ ထိပ်တန်း သူဌေးသား တစ်ဦး ကား ပြိုင်မောင်းခြင်းကြောင့် လူမှု ဝန်ထမ်း အလုပ်များ နာရီ ၃ဝဝ ပြုလုပ်စေရန် မော်စကို တရားရုံး က အပြစ်ပေး
October 19, 2016 Asian Fame

8:20 am
ရုရှားနိုင်ငံ မှ ထိပ်တန်း သူဌေးသား တစ်ဦး ကား ပြိုင်မောင်းခြင်းကြောင့် လူမှု ဝန်ထမ်း အလုပ်များ နာရီ ၃ဝဝ ပြုလုပ်စေရန် မော်စကို တရားရုံး က အပြစ်ပေး
In International News

ရုရှားနိုင်ငံ မှ ထိပ်တန်း သူဌေးသား တစ်ဦး ကားပြိုင်မောင်း ခြင်းကြောင့် လူမှု ဝန်ထမ်း အလုပ်များ နာရီ ၃ဝဝ ပြုလုပ်စေရန် မော်စကို တရားရုံး က အပြစ်ပေး

russian-court-punishes

(မော်စကို၊ အောက်တိုဘာ ၁၈ )

ရုရှားနိုင်ငံမှ ထိပ်တန်း သူဌေးသား တစ်ဦးကို လူမှုဝန်ထမ်း အလုပ်များ နာရီ ၃ဝဝ ပြုလုပ်စေ ရန် မော်စကို တရားရုံး က အပြစ် ချမှတ်လိုက်ကြောင်း သိရသည်။

ရုရှားနိုင်ငံရှိ လုခ်ဝိုင် (L ukoil) ရေနံ ကုမ္ပဏီကြီး၏ အကြီးတန်း အမှုဆောင် အရာရှိကြီး တစ်ဦး၏ သားဖြစ်သူ ရုဆလန် ရှမ်ဆွာရော့ဗ် သည် ကန်ဒေါ်လာ တစ်သိန်း ခုနစ်သောင်းငါးထောင် တန် မာစီးဒီး ဂျစ်ကားဖြင့် မော်စကို မြို့ လမ်းမ များပေါ်တွင် ဟောလိ ဝုဒ်ရုပ်ရှင်ကား ဆန်ဆန် ကားပြိုင် မောင်းမှုကြောင့် ထိုသို့ ပြစ်ဒဏ် ချမှတ် လိုက်ခြင်းဖြစ်သည်။

ထိုသို့မောင်းနှင်ခြင်း အတွက် မော်စကို ယာဉ်ထိန်း တပ်ဖွဲ့က ရူဘယ်ငါးထောင် (ကန်ဒေါ်လာ ၇၇ ခန့်) ချမှတ် ခဲ့သော်လည်း တရားရုံး ကမူ သူ၏ ဂျစ်ကားကို ပါသိမ်းကာ လူမှုဝန်ထမ်း လုပ်ငန်း များကို နာရီ ၃ဝဝ ဆောင်ရွက် စေရန် ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ် လိုက်ခြင်းဖြစ်သည်။

ရုဆလန် ရှမ်ဆူ အာရော့ဗ်နှင့် သူ့ သူငယ်ချင်းများ မော်စကိုမြို့ လမ်းမများပေါ် တွင် ကား ပြိုင် မောင်းကြသည့် ဗီဒီယိုဖိုင်မှာ ရုရှားဘာသာ စကားဖြင့် အင်တာ နက်တွင် ပျံ့နှံ့ခဲ့သော် လည်း အာ ဏာပိုင် များက ကနဦးက လျစ် လျူရှုထား ခဲ့ကြကာ နောက်ပိုင်း တွင် ဝေဖန်ပြောဆိုမှုများ ရှိလာ သဖြင့် အရေးယူ ခဲ့ခြင်းဖြစ်သည်။

ယခုအမှုသည် ရုရှားနိုင်ငံ သူဌေးလောကတွင် ထူးဆန်း သော အမှု ဖြစ်နေသည်။ အဘယ် ကြောင့် ဆိုသော် ရုရှားနိုင်ငံမှ သူဌေးသား လူငယ်များသည် မော်စကိုမြို့ ၏ လမ်းမ များကို သူတို့ပိုင် ပြိုင်ကားကွင်း သဖွယ် သဘောထား၍ မောင်းနှင်နေကြ သည်မှာ အချိန် ကြာမြင့် လှပြီ ဖြစ်ပြီး မည်သည့် အရေးယူမှုမျှ မရှိခဲ့ခြင်းကြောင့် ပင် ဖြစ်လေ၏။

ယခုမှသာလျှင် ဆိုးသွမ်းလူ ငယ် ပပျောက်ရေး ကို နိုင်ငံတစ်ဝန်း စည်းရုံး လှုံ့ဆော်မှုများပေါ်ပေါက် လာသောကြောင့် စတင် အရေးယူ ခြင်းဖြစ်နိုင်သည် ဟု မော်စကိုမြို့နေ ဒေသခံ အချို့က ဆိုကြသည်။

PN002
REF: In rare case, Russian court punishes top oil man’s son for street-racing

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*