နျူကလီးယားသုတေသနခြေလှမ်းတစ်ရပ် ပညာရေးဝန်ကြီးဌာန စပြီ

နျူကလီးယားသုတေသနခြေလှမ်းတစ်ရပ် ပညာရေးဝန်ကြီးဌာန စပြီ
October 19, 2016 Asian Fame

5:40 am
နျူကလီးယားသုတေသနခြေလှမ်းတစ်ရပ် ပညာရေးဝန်ကြီးဌာန စပြီ
In Articles

နျူကလီးယားသုတေသနခြေလှမ်းတစ်ရပ် ပညာရေးဝန်ကြီးဌာန စပြီ

nu

အစိုးရသစ် ပညာရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ထဲတွင်နျူကလီးယား သုတေသန အဆောက်အအုံသစ် တစ်ခု ဆောက်လုပ်ရန်အတွက် စီစဉ်နေသည်ဟု သိရသည်။ ထိုအဆောက်အအုံ ဆောက် လုပ်ရေးအတွက် ကြီးကြပ်တာဝန်ယူမှုကို ယင်းဝန်ကြီးဌာနလက်အောက်ခံ စက်မှုနည်းပညာမြှင့် တင်ရေးနှင့်ပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန၊ အဏုမြူစွမ်းအင် ဦးစီးဌာနက ဆောင်ရွက်မည်ဖြစ်ပြီး ယခင်သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနပိုင် ရှေ့ပြေးစမ်းသပ်စက်ရုံမြေပေါ်တွင် ဆောက်လုပ်မည်ဟု အဏုမြူစွမ်းအင်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာခင်မောင်လတ်က ပြောသည်။လက်ရှိတွင် အဆောက်အအုံ ဆောက်လုပ်ရန် ပထမဦးဆုံးခြေလှမ်းတစ်ရပ်အနေဖြင့် တင်ဒါခေါ် ထားပြီး မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား ဆောက်လုပ်ခွင့်ပေးမည်ဟုသူက ဆိုသည်။

”အဓိက ကတော့ နျူကလီး ယားနည်းပညာတွေသုံးတဲ့ သုတေသနတွေလုပ်ဖို့ပေါ့။ ပြီးတော့ နျူကလီးယား နည်းပညာကို အသုံးချတဲ့သုတေသနတွေလုပ်ဖို့ပါ” ဟု ဒေါက်တာခင်မောင်လတ်က ပြောသည်။ ထိုအဆောက်အအုံပြီးစီးသွားပြီဆိုပါက နျူကလီးယားသုတေသနနှင့်ပတ်သက်၍ သီးခြား အဆောက်အအုံ မရှိသေးသည့် အခြေအနေမျိုးမှ မြန်မာသည် လွတ်မြောက်သွားမည် ဖြစ်သည်။ ”ဒီ အဆောက်အအုံက နာ မည်တပ်လိုက်ရင်တော့ မြန်မာ နိုင်ငံမှာ ပထမဦးဆုံးပေါ့” ဟု ညွှန် ကြားရေးမှူးချုပ်က ပြောသည်။ ယခင်က နျူးကလီးယားနှင့် ပတ်သက်သည့် သုတေသနစင်တာ အသေးစားတစ်ခု ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် နတ်မောက်လမ်းတွင် တည်ရှိသော်လည်း အဆောက်အအုံ သေးငယ်ကာ သုတေသနနှင့် ပတ် သက်၍ ပြည့်ပြည့်စုံစုံဆောင်ရွက်၍ မရဟု နျူကလိယရူပဗေဒဘာသာ ရပ်သင် ဆရာ၊ ဆရာမများ အသိုင်းအဝိုင်းက ပြောကြသည်။ ထို့ကြောင့် ယခုကဲ့သို့ဆောက် လုပ်သွားမည့်အပေါ် ကြိုဆို ကြောင်း မန္တလေးတက္ကသိုလ်တွင် နျူကလိယရူပဗေဒဘာသာရပ်သင်ကြားပေးနေသည့် ကထိက ဒေါက်တာအောင်မွန်သက်က ပြောသည်။

”နျူကလိယရူပဗေဒလောက အတွက် လိုအပ်နေတာကြာပါပြီ” ဟုသူက ဆိုသည်။ နိုင်ငံတွင် နျူကလိယရူပဗေဒဘာသာရပ်ကို ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရတနာပုံ တက္ကသိုလ်တို့တွင် သင်ကြားပေး နေပြီး တက္ကသိုလ်တစ်ခုချင်းစီက ခေါ်ယူသောပမာဏသည် အယောက် ၃ဝ မကျော်ပေ။ ယင်းအပြင် လက်တွေ့သုတေ သနများလုပ်ရန် စက်ပစ္စည်း မည်မည်ရရမရှိကြောင်း အထက်ပါ ကထိက ကပြောသည်။”အရင်တုန်းကတော့ ၁၅ ယောက် ၁၆ ယောက်လောက် တစ်နှစ် တစ်နှစ်ကို တက်ကြတယ်၊ အခုတော့တစ်ယောက်နှစ်ယောက် လောက်ပဲရှိတော့တယ်။ လက်တွေ့ လုပ်ရတဲ့စက်ကလေး တစ်လုံးနှစ် လုံးဆိုတာလည်း ဟိုးလွန်ခဲ့တဲ့ ၁၉၇ဝ လောက်က စက်တွေဖြစ်နေတယ်” ဟု ဒေါက်တာအောင် မွန်သက်ကဆိုသည်။

လွန်ခဲ့သည့် ၈ နှစ်ခန့်မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးသည့် ထိုဘာသာရပ်အတွက် သတ်မှတ် သည့်အမှတ်သည် များလွန်းပြီး၊ ကျောင်းပြီးပါက အလုပ်အကိုင် ရှားပါးသဖြင့် တက်ရောက်သင်ကြား သူနည်းသည့် ဘာသာရပ် တစ်ခု လည်းဖြစ်သည်။ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ခင်မောင်လတ်က ယခု ဆောက် လုပ်သွားမည့် သုတေသနအတွက် သာရည်ရွယ်ပြီး အခြားမည်သည့် ရည်ရွက်ချက်မှမပါဟု ပြောသည်။

”ဒီနည်းပညာသုံးတဲ့ဟာက နည်းနည်းလေး ပြင်းအား နည်း နည်းများတော့ အထူကိုသာမန် အဆောက်အအုံတွေနဲ့မတူတဲ့ အဆောက်အအုံတစ်ခု ဆောက်တဲ့ သဘောပါ။ အထူကတော့ ဓာတ် ရောင်ခြည်တွေအပြင်ကို မထွက် နိုင်အောင် အပြင်ကနေရောင်ခြည် လို ဓာတ်ရောင်ခြည်တွေ မဝင်နိုင် အောင်လုံခြုံအောင်လုပ်တဲ့ သဘောပါ။ ဒါ့ထက် ပိုပြီး ရည်ရွယ် ချက်မရှိပါဘူး” ဟုညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။

လက်ရှိတွင် ၎င်းတို့ဌာနအနေ ဖြင့် တိမ်ကောမှုဖြစ်လာသည့် အင်းလေးကန်အခြေအနေ၊ သစ် ပင်စိုက်၍မရဖြစ်နေသည့် ပုပ္ပါး တောင်မှ နေရာအချို့တို့ကိုလေ့လာ သုံးသပ်မှုများ လုပ်နေသည့်အပြင် အရေပြား အစားထိုး ကုသမှုများ ပြုလုပ်နိုင်ရန်အတွက် ဓာတ်ရောင် ခြည်ဖြင့် အရေပြား ထိန်းသိမ်းပေး ခြင်းများ၊ တင်ပဆုံရိုးများ ဓာတ် ရောင်ခြည်ဖြင့် ထိန်းသိမ်းပေး ခြင်းများ အစရှိသည့်လုပ်ငန်းများကို လုပ်ဆောင်နေပြီး သုတေသန အဆောက်အအုံ ပြီးစီးသွားပါက ယခုထက်ပိုမို၍ သုတေသနလုပ်ငန်း များလုပ်ဆောင်နိုင်မည်ဟုညွှန်ချုပ်က ဆက်ပြောသည်။

”နတ်မောက်လမ်းမှာ ရှိတဲ့ သုတေသနစင်တာကို များသော အားဖြင့် ဘွဲ့ရနဲ့ ဘွဲ့လွန်ကျောင်း သားတွေ လာသုံးတယ်။စာတမ်း ရေးဖို့အတွက် လာသုံးကြတယ်။ ဥပမာ မာစတာကျောင်းသား အချို့ဆိုရင် ငရုတ်သီးမှာဘယ်အချိန် မှိုပေါက်လဲ ဓာတ်ရောင်ခြည်ပေး လိုက်ရင် ဘယ်လောက်ကြာကြာ ထိ ခံမလဲ စသဖြင့်မျိုးစုံပဲ” ဟု ညွှန်ချုပ်ကဆက်ပြောသည်။ဘ လက်ရှိ ဆောက်လုပ်သွားမည့် အဆောက်အအုံအတွက် အသုံးပြု သွားမည့်ငွေကြေးပမာဏကို တင်ဒါ အောင်ပြီးနောက်ပိုင်းမှ ပညာရေး ဝန်ကြီးဌာနဘက်က ထုတ်ဖော် ပြောကြားရန်ရှိနေသည်ဟု သိရသည်။ မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်က ကုလသမဂ္ဂ နျူကလီး ယားစောင့်ကြည့်ရေးအဖွဲ့နှင့် သဘောတူညီမှုတစ်ရပ်ကို ရေးထိုး ထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ် သည်။

လက်ရှိတွင်လည်း ပညာရေး ဝန်ကြီးဌာန၊ အဏုမြူစွမ်းအင် ဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (ှုဗနဗ) တို့ ၂၁ဝ၆-၂ဝ၁၇ ကာလ အတွင်းနည်းပညာပူးပေါင်းဆောင် ရွက်ရေးအစီအစဉ်တစ်ရပ်အဖြစ် အိုင်ဆိုတုပ်နည်းပညာအသုံးပြု၍ မြေအောက်ရေအရင်းအမြစ်များ စီမံခန့်ခွဲရေးဆိုင်ရာ စီမံကိန်း ဆောင်ရွက်နေသည်။

ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*