ဆင်တူယိုးမှားအန္တရာယ်ရှိသောကြောင့် ဓာတ်တိုင်မှဆက်သွယ်ရေးကြိုးများကို သီးခြားစီခွဲထုတ် တပ်ဆင်စေတော့မည်

ဆင်တူယိုးမှားအန္တရာယ်ရှိသောကြောင့် ဓာတ်တိုင်မှဆက်သွယ်ရေးကြိုးများကို သီးခြားစီခွဲထုတ် တပ်ဆင်စေတော့မည်
October 19, 2016 Asian Fame

7:32 am
ဆင်တူယိုးမှားအန္တရာယ်ရှိသောကြောင့် ဓာတ်တိုင်မှဆက်သွယ်ရေးကြိုးများကို သီးခြားစီခွဲထုတ် တပ်ဆင်စေတော့မည်
In Environment

ဆင်တူယိုးမှားအန္တရာယ်ရှိသောကြောင့် ဓာတ်တိုင်မှဆက်သွယ်ရေးကြိုးများကို သီးခြားစီခွဲထုတ် တပ်ဆင်စေတော့မည်

ဖြိုးထက်အောင်
ရန်ကုန်၊ အောက်တိုဘာ ၁၈

လျှပ်စစ်ဓာတ်တိုင်များတွင်ဆက်သွယ် ရေးကြိုးများကို တပ်ဆင်ခွင့် မပေးတော့ ဘဲ သီးခြားစီခွဲထုတ် တပ်ဆင်စေတော့ မည်ဖြစ်ေ ကြာင်း  ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်တိုင်များတွင် တပ်ဆင်ထား သော ဆက်သွယ်ရေးကြိုးများသည် လျှပ်စစ် ဓာတ်အားေ ပးကြိုးများနှင့်  အရောင်တူကာ ဆင်တူယိုးမှား ဖြစ်နေသည့်အတွက် အန္တရာယ်ရှိသောကြောင့်  ဆက်သွယ်ရေး ကြိုးများကို သီးခြားစီတပ် ဆင်သွားရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီး က ပြောခြင်းဖြစ်သည်။

”ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဆက်သွယ်ရေးကြိုး တွေနဲ့ လျှပ်စစ်ဓာတ် အားပေးကြိုးတွေဟာ အရောင်ချင်းတူနေပြီး ရှုပ်ထွေးနေ ပါတယ်။ သာမန်ပြည်သူတွေ အနေနဲ့ ခွဲခြားသိနိုင်ဖို့ ခက်ခဲပါတယ်။ ဒီအတွက် စတင်ပြီး ဆောင်ရွက်နေပါတယ်။ အခု ကိစ္စက ဌာနပေါင်း စုံချိတ်ဆက်ပြီး ဆောင် ရွက်ရတာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား ပေးကြိုးတွေ တပ်ဆင်ထားတဲ့တိုင်တွေ ကတော့ YESC ရဲ့တိုင်တွေပါ။ ဆက်သွယ် ရေးကြိုးတွေကျတော့ မြန်မာ့ဆက်သွယ် ရေးနဲ့သူတို့က ပေးထားတဲ့

အော်ပရေတာ တွေရဲ့ကြိုးတွေပါ။

မြေနေရာကျတော့ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ပိုင် ဖြစ် ပြန်ရော။ ဒါကြောင့်ညှိနှိုင်းပြီးအန္တရာယ် ကင်းအောင် ဆောင် ရွက်သွား ပါမယ်” ဟု ဒေါ်နီလာကျော်က ဆက်ပြောသည်။အောက်တိုဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး (ဒသမနေ့)တွင် လမ်းမတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စား လှယ်   ဒေါ်အေးအေးမာ၏ ”ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းမှ သွယ်တန်းထားသော ကြိုးများနှင့်
ဆက်သွယ်ရေး ကော်ပိုရေး ရှင်းမှ သွယ်တန်းထားသော ကြိုးများသည် ရှင်းလင်းမှုအားနည်းလျက် ရှုပ်ထွေးနေပြီး ကြိုးပျက်ကျသော အချိန်တွင် မည်သည့်ကြိုး ဟု ခွဲခြားရခက်ခဲကြောင်း၊ ဆက်သွယ်ရေးမှ စိုက်ထူထားသော တိုင်များသည် ယိမ်းယိုင် လျက် ရှိနေပါသဖြင့်
ပြန်လည်တည့်မတ် ပေးစေလိုပါ၍ ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ ” မေးခွန်းနှင့်ပတ်သက်၍ ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဒဂုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ ”ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် များတွင် လျှပ်စစ်မီး သုံးစွဲသူများ၏အစီအစဉ်ဖြင့် စိုက်ထူထား သောဓာတ်တိုင်များအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ယူ၍ ခိုင်ခန့် သောအင်္ဂတေတိုင်များဖြင့် ပြောင်းလဲစိုက် ထူပေးရန်အစီအစဉ် ရှိ မရှိ” မေးခွန်းနှင့် ပတ်သက်၍လည်း ဦးစားပေးမြို့နယ် အလိုက် ပိုင်းလော့ပရော့ဂျက်အဖြစ် ဆောင်ရွက်လျက်ရှိနေပြီး ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ကာ ပြောင်းလဲစိုက်ထူပေး သွားမည်ဖြစ်ကြောင်း   ဒေါ်နီလာကျော်က ပြောကြားခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*