ကားဗုံးထောင်ရန် ကြံစည်မှု နှင့် ပတ်သက်၍ သံသယရှိသူ တစ်ဦးကို ထိုင်းရဲ ဖမ်းဆီး

ကားဗုံးထောင်ရန် ကြံစည်မှု နှင့် ပတ်သက်၍ သံသယရှိသူ တစ်ဦးကို ထိုင်းရဲ ဖမ်းဆီး
October 19, 2016 Asian Fame

8:06 am
ကားဗုံးထောင်ရန် ကြံစည်မှု နှင့် ပတ်သက်၍ သံသယရှိသူ တစ်ဦးကို ထိုင်းရဲ ဖမ်းဆီး
In International News

ကား ဗုံးထောင်ရန် ကြံစည်မှု နှင့် ပတ်သက်၍ သံသယ ရှိသူ တစ်ဦးကို ထိုင်းရဲ ဖမ်းဆီး

carbomb

(ဘန်ကောက်၊ အောက်တိုဘာ ၁၈)

ကားဗုံး ၃ ခုထောင်ရန် ကြံ စည်မှုနှင့် ပတ်သက်၍ သံသယရှိသူ တစ်ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက် ကြောင်း သိရသည်။

ထိုသူမှာ မည်သူ မည်ဝါဖြစ် သည်ကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြော ဆိုခြင်း မရှိဘဲ Bang Sao Thong ခရိုင် အတွင်းရှိ တိုက်ခန်း တစ်ခန်း ဝယ် ရဲနှင့် တပ်မတော်က စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းကို သိရ သည်။

ယခု ဖမ်းဆီးရမိသူသည် အောက်တိုဘာ ၂၅ ရက်နှင့် ၃ဝ ရက် များအကြားဝယ် ကမ္ဘာလှည့် ခရီး သွားများဖြင့် စည်ကားသည့် နေရာ များဝယ် ကား ဗုံးဖောက်ခွဲရန် စီစဉ် မှုနှင့် ပတ်သက်နေသည် ဟု ထိုင်းရဲ က သံသယရှိသည်။

ထိုသူနှင့်အတူ ဖုန်းများ၊ ဝိုင် ယာကြိုး များနှင့် ဗုံးနှင့် ပတ်သက် သည့်ပစ္စည်း များဟု ယူဆရသည့် သေတ္တာလေးခု တို့ကိုပါ ရဲကသိမ်း ဆည်းခဲ့သည်။

မိမိတို့ ဆိုင်ရှေ့များရှိ အမှိုက် ပုံများအား အစဉ် သွန်ပစ်ကြရန်နှင့် အချိန် ကြာမြင့်စွာ ရပ်တန့်ထားသော ကားများအား သတိထားကြရန်ကို လည်း ရဲတပ်ဖွဲ့က ဒေသခံ ဆိုင်ရှင် များအား ညွှန်ကြားထားသည်။

နာရာသီဝပ် ခရိုင်တွင်လည်း လူစိမ်းနှစ်ဦးသည် အခန်း တစ်ခန်း ကိုငှားရမ်းပြီးနောက် ကျောပိုးအိတ် များ ချန်ထားခဲ့ပြီး ပြန်မလာကြတော့ ကြောင်း ဒေသခံ သတင်းရင်းမြစ် များထံမှ သိရသည်။ အာဏာပိုင် များက ထိုသူများကို လိုက်လံရှာ ဖွေနေသည်။

ဗုံးဖောက်ခွဲရန် ကြံစည်မှုဖြင့် သံသယရှိသူ တစ်ဦးကိုမူ ပြီးခဲ့သည့် ရက်သတ္တပတ် ကတည်းကပင်လျှင် ဘန်ကောက်မြို့ရှိ ရမ်ခမ်ဟန်း မြို့နယ်တွင် ဖမ်းဆီး ခဲ့သေးသည်။ ထိုသူနှင့် အပေါင်းပါ နှစ်ဦးတို့အား သူတို့ ငှားရမ်းထားသည့် အခန်း ဝယ် မျက်နှာကြက်ထဲ တွင် ဝှက် ထားသော ပလတ်စတစ် ပိုက်များ၊ ဗုံးဖောက်ခွဲသည့် ဒီတိုနေတာထိပ် ဖူးများနှင့် အတူ ဖမ်းဆီရမိခြင်းဖြစ် သည်။

PN002
ref: Bangkok car bomb suspect arrested

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*