ရှုပ်ထွေးတဲ့ ပြည့်အရေး

ရှုပ်ထွေးတဲ့ ပြည့်အရေး
October 14, 2016 Asian Fame

4:26 am
ရှုပ်ထွေးတဲ့ ပြည့်အရေး
In Politics

ရှုပ်ထွေးတဲ့ ပြည့်အရေး

ba-si-article-copy

ဘစီ ရေးသည်

ဟိုတုန်းကတော့  ”တိုင်းပြည် ကနုနု မုန်တိုင်းက ထန်ထန်”ဆိုပြီး ပြောကြတာပဲ။ လွတ်လပ်ရေး ရပြီး ၁ဝ  နှစ်လောက်ရှိတော့ လွတ်လပ် ရေး ရဲ့သက်တမ်းနဲ့အမျှ ဖြစ်ကြတဲ့ ပြည်တွင်းစစ်အပါအဝင် နိုင်ငံရေး ရှုပ်ထွေးမှုကို တင်စားပြောဆိုတဲ့ စကားပေါ့။ အခု တိုင်းပြည် လွတ် လပ်ရေးရတာလည်း နှစ်ပေါင်း ၆ဝ ကျော်ပြီမို့ တိုင်းပြည်က မနု တော့ပါဘူး။ ဖြစ်ချင်းဖြစ်ရင် သက် ကြီးပုပဲ ဖြစ်မှာခင်ဗျ။ ဘာကြောင့် လဲဆိုတော့ကာ လွတ်လပ်ရေးရတာ ပဲ ကြာလှပေတဲ့ ဘာမှ တိုးတက် ဖွံ့ဖြိုးမှု မရှိလို့ပါလေ။ နို့ပေတဲ့ မုန်တိုင်းကတော့ ထန်မြဲပဲခင်ဗျ။

ဒီတော့ ”တိုင်းပြည်က ရင့်ရင့် မုန်တိုင်းက ထန်ထန်” လို့ ပြင် ပြောမှသာ မှန်လိမ့်မယ်။ အနှာလို ပြောမှသာ အခု လက်ရှိ ဖြစ်ပျက် နေတဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးတရား ကိုယ်သဘောတွေနဲ့ ဆီလျော်အပ် စပ်မယ် မှတ်တာပဲ။ ကျုပ်တို့ ရွှေ ပြည်ကြီးရဲ့ နိုင်ငံရေးဟာ
အမယ် ဘုတ် ချည်ခင်ကို ရှင်းရတာကမှ လွယ်ဦးမယ်။ နိုင်ငံရေးက ပတ် တုတ်လို့ မရဘူးဆိုတဲ့ အမျိုးအစား ထဲမှာပါတယ်။
ကြည့်လေ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး ဝှဲချီးကျင်းပပြီး ဘာ ကြာလို့တုံး။ ဖြစ်လိုက်တဲ့ စစ်ပွဲတွေ ဟာ အတော်မသတ်တော့ဘူး။ ဒါ နဲ့များ ငြိမ်းချမ်းရေး ညီလာခံမှာ ဟိုဘက် ဒီဘက် နှစ်ဖက် မျက်နှာ စုံညီ လာတက်နေကြသေးဗျာ။ ကျုပ်တို့ သာမန်ပြည်သူတွေအဖို့ ရာမှာ ဘယ်လိုနားလည်ရမှန်းကို မသိတော့ဘူး။
စစ်ကြောင့် ပြည်သူတွေ ထပ် ပြီး အသက်ဆုံးနေရတာဟာ စိတ် ထဲမှာ လုံးလုံး မချမ်းသာပါဘူး။ နို့ ပေတဲ့ ကျုပ်တို့ ပြည်သူကလည်း ဘာတတ်နိုင်မှာတုံး။ အလွန်ဆုံး ငြိမ်းချမ်းရေးလိုလားကြောင်း ဆန္ဒ ပြရုံလောက်သာ တတ်နိုင်ကြတာ ပဲဗျာ။ ပြည်သူက
မည်သို့ပင် ငြိမ်း ချမ်းရေး လိုချင်နေပါစေဦး။ ဆိုင် ရာ လက်နက်ကိုင်များက အပစ်မ ရပ် သေနတ်သံ မစဲချင်ကြရင်လည်း ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးဆိုတာ မမီတဲ့ပန်းကို တုံးခုပြီး လှမ်းသလို သာ ဖြစ်နေဦးမှာပါဗျ။
ငြိမ်းချမ်းရေးဘက်မှာ အ လှမ်းအကမ်း မမြင်သေးလို့ ကိုယ့် နေ့စဉ်ဘဝ သွားလာလှုပ်ရှား လုပ် ကိုင် စားသောက်ရတဲ့ အနေအ ထားမှာရော သက်သောင့်သက်သာ ရှိပါပြီလားဆိုတော့လည်း အဖြေရ ခပ်ကျပ်ကျပ်ပါပဲ။ ကုန်ဈေးနှုန်း ဟာ ဘယ်သူ့အားကိုးနဲ့ တက်ပြီး ရင်း တက်နေလဲ မသိပါဘူး။ ဒီ ကြားထဲမှာ ဒေါ်လာဈေးကလည်း  မြေနိမ့်ရာ လှံစိုက်ဆိုသဟာလို တရိပ်ရိပ်နဲ့ ထိုးတက်လာပြန်သဗျ။ ရွှေဈေးက ရှစ်သိန်းကျော်ပြီး ကျပ် ကိုးသိန်းနားကို သီသီလေး ဝေ့နေ ပါတယ်။ ထားလိုက်ပါဦး။ ရွှေဈေး တက်တာ ဘာအရေးလဲ။ သူက စားကုန် မဟုတ်တော့ အာရုံဖြတ် လို့ရတယ်။ ကိုယ်နဲ့ တိုက်ရိုက်ကြီး မပတ်သက်ပါဘူး။ သို့ပေသော် လည်းပေါ့ဗျာ။ ဒီအရင်ကိုယ့်မှာ ဝယ်ထားပြီး ရှိရင် ဒီအချိန်ဟာ မရှိ ဝမ်းစာပဲ။ ထုတ်ရောင်းရင် တက် ဈေးရလို့ ဟန်ကျမယ်။
ဒေါ်လာဈေး တက်တာက တော့ ကျုပ်တို့နဲ့ နည်းနည်း ပတ် သက်သဗျ။ ရွှေပြည်ကြီးမှာက ဘာ ထုတ်ကုန်မှ မယ်မယ်ရရမရှိတော့ ပစ္စည်းပစ္စယဆိုတာမျိုးက နိုင်ငံ ခြားကို ဒေါ်လာပေး ဝယ်ရတာကိုး ဗျ။ ဒီတော့ ကိုယ့်ရပ်ကွက်ထဲက ဈေးထဲသွားလို့  ကျပ်နှစ်ရာ ရှိနေ တာကနေ အခုတလော ကျပ်သုံး ရာ ဈေးတက်သွားရင် မအံ့သြနဲ့။ ဈေးသည်ကို ဘာကြောင့် တက်သ လဲဗျာလို့လည်း မမေးနဲ့။ သူသိမှာ မဟုတ်ဘူး။ သူလည်း မနက်က ဒိုင်သွားပြီး တက်ဈေးနဲ့ လက်လီယူ လာခဲ့ရတာ။ အမှန်က ဒေါ်လာ ဈေးတက်လို့ပဲ။
အောင်မယ်။ ဘစီက ရာရာ စစဟေ့။ ရပ်ကွက်ဈေးမှာ ကန်စွန်း ရွက် ဈေးတက်တာဟာ ဒေါ်လာ ဈေးနဲ့ ပတ်သက်တယ်လို့ ပြောရ အောင် သူက စီးပွားရေးပညာရှင် ကြီးလား။ ဒါမှမဟုတ် အကြားအ မြင်ပေါက်တဲ့ ဘိုးတော်လား မထင် နဲ့။ ကျုပ်က လယ်သမားသား သိ တာပေါ့ဗျာ။ ကန်စွန်းရွက်ဆိုတာ အခု ကိုယ့်လူတို့ စားနေရသလို ဖောင်းဖောင်းကားကား နုနုဖတ် ဖတ်လေး ရဖို့ဆိုတာ လွယ်မှတ်လို့။ ရေထဲ ပစ်ထားရုံနဲ့ ရောင်းပန်းလှ တဲ့ အသီးအရွက် ဘယ့်နှယ်ရလိမ့် မတုံး။
ရအောင်က ဓာတ်မြေသြဇာ သုံးရသဗျ။ အနှီ ဓာတ်မြေသြဇာ ဆိုတာကလည်း နိုင်ငံခြားက ဝင် တာ။ နိုင်ငံခြားက ဒေါ်လာနဲ့ ဝယ်လာပြီး ရွှေပြည်ကြီးက တောင်သူ တွေက မြန်မာ ကျပ်ငွေနဲ့ ပေးချေ ဝယ်ယူရတာကလား။ အခု ဒေါ် လာဈေးတက်တော့

ဓာတ်မြေသြ ဇာဈေးလည်းတက်တာပေါ့။ ဓာတ် မြေသြဇာဈေး တက်တော့တာ

ဓာတ်မြေသြဇာ အသုံးပြုပြီး စိုက် ပျိုးထုတ်လုပ်နေရတဲ့ ကန်စွန်း ရွက်ကလည်း ဈေးလိုက်တက်တာ ဆန်းသလား။
ဒေါ်လာဈေး တက်တာက တော့ မြန်မာငွေ တန်ဖိုးထိုးကျနေ လို့ ဖြစ်တယ်ဆိုပြီး

စီးပွားရေး ပညာရှင်များက သုံးသပ်ကြတယ် ဗျ။ အေးဗျာ။  မြန်မာငွေတန်ဖိုး မြင့်မားတဲ့ ကာလဆိုတာကော ရှိ ခဲ့ဖူးလို့လား။ ပြန်စဉ်းစားကြည့် တော် မူကြပါ။ အမြဲတမ်း ကိုယ့်ငွေ

က ကျပြီး သူများငွေက တရိရိ တက်ခဲ့တာ အခုဆို တာဝတိံသာ တောင်ရောက်ပြီး

သိကြားမင်း အဝှာတောင် တက်ဆောင့်တော့ မလားပဲ။ ဟုတ်တယ်။ အဲသလိုသာ တစ်တစ်ခွခွ ပြောလိုက်ချင်တော့ ပါပဲဗျာ။
ငွေဆိုလို့ ပြောရဦးမယ်။ ကုန် ဈေးနှုန်းက ကြီးရတဲ့ အထဲမယ် အခု Call Deposite လို့ခေါ်တဲ့ ခေါ်ယူအပ်နှံငွေတွေရဲ့ အတိုးနှုန်း ကို လျှော့ချပြန်ဦးမတဲ့။ သူရို့ ရည် ရွယ်ချက်ကတော့ ဘဏ်ထဲမှာ အပ်ငွေတွေ အများကြီးမထား အောင်နဲ့ အနှီငွေကြေးတွေနဲ့
စီး ပွားရေးလုပ်ပြီး လည်ပတ်အောင် ရည်ရွယ်တယ်လို့ သိနားလည်သူ တွေဆီက ကြားရတာပဲ။ ဒါပေတဲ့ ကျုပ်တို့ ရွှေပြည်ကြီးမှာက အခြား ဘာလုပ်စရာမှလည်း မယ်မယ်ရရ မရှိလို့ ဘဏ်ထဲ ငွေလေးအပ်ပြီး ထွက်လာတဲ့ ဘဏ်တိုးလေးနဲ့ စား နေတဲ့သူတွေက
အများသားက လား။
အထူးသဖြင့် သက်ကြီးရွယ် အိုတွေ ပင်စင်စားတွေပေါ့လေ။ သူတို့က ဘဏ်တိုးနဲ့ စားသောက် သုံးစွဲနေရာမှာ အခု ခေါ်ယူအပ်နှံ ငွေ ဘဏ်တိုးချမယ်ဆိုတော့ သူ တို့နဲ့မဆိုင်ဘူးဆိုစေကာမူ ဘုမသိ ဘမသိနဲ့ စိုးရိမ်ကြဦးမှာပဲ။ ဘဏ် က ထုတ်ယူပြီး စီးပွားရေးလုပ်ရ အောင်အထိ ငွေ လုံးငွေရင်း မရှိတဲ့ သူတွေ အဖို့တော့ နာဦးမှာပေါ့။ ဘစီတို့လို လူမျိုးတွေ အဖို့ကတော့ ဘဏ်မှာ အပ်စရာငွေလည်း မရှိပါ ဘူး။ စီးပွားရေးလေးတစ်ခု လုပ်ရ အောင် ငွေရင်းဆိုသဟာ ဝေးစွ ခြောက်ပါး။ ဒီတော့ ကုန်ဈေးနှုန်း လှိုင်းကြီး
ပျော်ပျော်စီးပြီး ကြုံသလို ကျသလို ဘဝကို ဖြတ်ကြရုံရှိတာ ပဗျာ။
အော်၊ ပြောရဦးမယ်။ ကျုပ်တို့ နေတဲ့ ရန်ကုန် ဆင်ခြေဖုန်း မြို့ နယ်တွေမှာ ဆိုင်ကယ်တွေ တရား ဝင် စီးခွင်းပြုတော့မယ် ဆိုပါက လားဗျာ။ ကျုပ်တို့က နေ့စဉ်မျက် မြင်မို့ အနှီသတင်းကြားတော့ ဘုရားတမိပါတယ်။ အခု တရား ဝင် ခွင့်မပြုတာတောင်
စည်းကမ်း မဲ့ စီးကြလို့ ယဉ်တိုက်မှုတွေ မကြာ ခဏ ဖြစ်နေတာ။ ဆိုင်ကယ်ကိုသာ တရားဝင်ပေးစီးလိုက်လို့ လူတိုင်း နီးပါးများ ဆိုင်ကယ်စီးလာကြပြီ လားဆို ကျုပ်တို့ လူမျိုးကလည်း လမ်းစည်းကမ်း ယာဉ်စည်းကမ်း လိုက်နာတဲ့နေရာမှာ တကယ့်ကို နိုင်ငံကြီးသား
ပီသတာနဲ့တော့ အံ ကိုက်ပဲဗျို့။
ဒီလို စီးနင်းခွင့် ပေးတော့ လည်း သဘောကျတဲ့သူ အများ သားကလားဗျ။ သဘောကျတဲ့သူ များတော့လည်း ကျုပ်တို့က သဘော မကျတဲ့အကြောင်း ရဲရဲ မပြောဝံ့ဘူး ခင်ဗျ။  ကျုပ်တို့က ကိုယ့်နေ့စဉ် တွေ့ကြုံနေရတဲ့အနေအထားနဲ့ ဆိုင်ကယ် တွေကိုတောင်မှ စီးခွင့် ပေးစေချင်တာ မဟုတ်ဘူး။ လမ်း ပေါ်မှာ ကားရယ်၊ ဆိုင်ကယ်ရယ် လမ်းသွားလမ်းလာရယ် အင်မတန် ရှုပ်ထွေးပွေလီပြီး တစ်နေ့ တစ်နေ့ သွားလာလှုပ်ရှား စီးပွားရှာရတာ ဟာ အနှီ အန္တရာယ်တွေကြားက အသက် ဖက်နဲ့ထုပ်နေရတယ်ဆို တာ ကိုယ်တွေ့။ နို့ပေတဲ့
အာဏာ ပိုင်တွေက စီးခွင့်ပြုမယ်ဆိုတော့ လည်း ကျုပ်တို့က ဘာတတ်နိုင်တာ မှတ်လို့။ ဖြစ်သမျှ အကြောင်း အ ကောင်းချည်းပဲပေါ့လေ။
အခုပြောခဲ့တဲ့ နေ့စဉ်ဘဝ အ ရှုပ်အထွေးတွေကြားထဲမှာ နောက် ထပ် ကြားရတဲ့သတင်းကလည်း လွန်စွာမှ စိတ်မချမ်းမြေ့စရာကောင်း လှသဗျ။ ရခိုင်ပြည်နယ် မောင် တော နယ်ခြားစောင့် ရဲစခန်းသုံးခု စီးနင်းခံရတဲ့ ကိစ္စပါပဲဗျာ။ တိုင်း ပြည် နိုင်ငံရေးဟာ ရှုပ်လက်စကို ရှင်းအောင် မလုပ်နိုင်သေးတဲ့ကြား က ထပ်ပြီးသကာလ ပြဿနာ အ သစ်တွေကလည်း ပေါ်လာပြန်သ ဗျ။ သဟာကြောင့် တိုင်းပြည်က ရင့်ရင့်လာတာနဲ့အမျှ  မုန်တိုင်းက လည်း အထက်လေ၊ အောက်လေ၊ တောင်လေ၊ မြောက်လေ၊ အရှေ့ လေ၊
အနောက်လေ စသည်အား ဖြင့် အဘက်ဘက်က ထပ်ပြီး ပင့် လာတော့ ခက်တော့ ခက်ရချည် သေးရဲ့ဗျား။
ဒီနိုင်ငံ ပြည့်အရေးက ရှုပ် ထွေးပေတဲ့ လွတ်တော်အမတ်အ ချို့ကတော့ အေးဆေးခင်ဗျ။ ဟို တစ်ရက်က အမတ်တစ်ယောက် ရွှေပြည်သာဘက်က မိုတယ်တစ် ခုမှာ ကြိမ်းတာမောင်းတာ သွား လုပ်သတဲ့။ ဘာကြောင့်ဖြစ်ရတယ် ဆိုတာကတော့ အမျိုးမျိုးပြောနေ ကြတာပါပဲ။ သေချာတာကတော့ တစ်ဖက်ကလည်း မခံနိုင်လို့ ရဲတိုင် တာ။ ဒီတော့ကာ ပွဲတွေဆူကုန် တော့တာပေါ့လေ။
နောက်ထပ် အမတ်တစ် ယောက်ကတော့ မန္တလေးက ဟို တယ်မှာ အမျိုးသမီး တစ်ယောက်နဲ့ တည်းခိုနေတာတဲ့ဗျာ။ အဲဒီဟာ ညနက်မှ ဇနီးဖြစ်သူက ရဲတပ်ဖွဲ့ တွေခေါ်ပြီး ဝင်ရောက်ရှာဖွေတော့ တွေ့တယ်ဆိုသကိုး။ အဲဒီလို ဖြစ် ရပ် အပြုအမူတွေနဲ့
ပတ်သက်ပြီး ပါတီတို့၊ လွတ်တော်တို့က ဆိုင်ရာ တာဝန်ရှိသူတွေ ဘယ့်နှာ ကိုင် တွယ်မလဲဆိုတာလဲ စိတ်ဝင်စား စရာခင်ဗျ။
အေးပေါ့ဗျာ။ ဒီလောက် ရှုပ် ထွေးတဲ့ တိုင်းပြည်ရဲ့ အရေးတော် ကို ခေါင်းစားရတဲ့ အမတ်များဆို တော့လည်း တစ်ခါတလေ အခုလို စိတ်အပန်းဖြေတာမျိုးတွေ ရှိချင်ရှိ မှာပေါ့။ သူတို့ အားကျပြီး ကျုပ်တို့ သာမန်ပြည်သူက သွားမလုပ်လေ နဲ့။ အစစ်အဆေးမရှိဘဲ အချုပ်ထဲ တန်းရောက်သွားဦးမယ်။ ဘာမှတ် လဲ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*