တရားမမျှတသော ရင်းနှီးမြှုပ်နှံမှုများကို သတိပြုဆင်ခြင်နိုင်ရန် ပြည်သူလူထုအား အသိပေးနှိုးဆော်မည်

တရားမမျှတသော ရင်းနှီးမြှုပ်နှံမှုများကို သတိပြုဆင်ခြင်နိုင်ရန် ပြည်သူလူထုအား အသိပေးနှိုးဆော်မည်
October 14, 2016 Asian Fame

7:54 am
တရားမမျှတသော ရင်းနှီးမြှုပ်နှံမှုများကို သတိပြုဆင်ခြင်နိုင်ရန် ပြည်သူလူထုအား အသိပေးနှိုးဆော်မည်
In Bussiness

business-2

မှူးအိမ်ဇော်
ရန်ကုန်၊ အောက်တိုဘာ ၁ဝ
ရင်းနှီးမြှုပ်နှံမှု အကာအကွယ် ပေးရေး သဘောတူညီမှုစာချုပ် စောင့်ကြည့်ရေး အလုပ်အဖွဲ့အနေ ဖြင့် တရားသောမျှတမှု မရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို သတိပြုဆင် ခြင်သင့်ကြောင်းနှင့် ဆန့်ကျင် ကြောင်း ထုတ်ဖော်ပြသသည့် ဒေသဆိုင်ရာလှုပ်ရှားမှုများပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ ၁ဝ ရက် မှ ၁၆ ရက်သည် ရင်းနှီးမြှုပ်နှံမှုကာ ကွယ်ရေးစာချုပ် ဆန့်ကျင်ရေး ဒေသဆိုင်ရာလှုပ်ရှားမှု ရက်များ (Regional Action Days Against Investment Protection Treaty)  နေ့ဖြစ်ပြီး စီးပွားရေးအရ ချမ်းသာ သော ဖွံ့ဖြိုးပြီးနိုင်ငံများမှ ရင်းနှီး မြှုပ်နှံသူများသည် စီးပွားရေး အား နည်းသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံသောအခါ အိမ်ရှင်အ စိုးရများကို နိုင်ငံတကာ တရားရုံး များတွင် တရားစွဲခွင့် အပါအဝင် တစ်ဖက်သတ် အသာစီးရစေမည့် ရင်းနှီးမြှုပ်နှံမှုများ အကာအကွယ် ပေးရေး သဘောတူညီမှု စာချုပ်များ ချုပ်ဆိုရာတွင် တရားသော မျှတမှု မရှိသည့် ရင်းနှီးမြှုပ်နှံများကို ဆန့်ကျင်မည်ဖြစ်ကြောင်း ဦးဆောင် လှုပ်ရှားသူများက ဆိုသည်။
”ခုချိန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ကို အရမ်းခွင့်မပြုသင့်သေးဘူးလို့ထင်ပါတယ်။ ဒီအစိုးရလက်ထက် ကို တစ်ချက်စောင့်ကြည့်ပြီးမှပဲ ခွင့်ပြုသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် လုပ်ဆောင်တာပါ” ဟု ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ မြို့ ၁ဝ ခုတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသိပေးနှိုးဆော်ခြင်းနှင့်ဆိုင်သော သတင်းများ ဖြန့်ဝေခြင်းလုပ်ဆောင် မည့် မမီးငယ်က ပြောသည်။
၎င်းနေ့များတွင် ရင်းနှီးမြှုပ်နှံ မှု အကာအကွယ်ပေးရေး သဘော တူညီမှုစာချုပ် စောင့်ကြည့်ရေး အလုပ်အဖွဲ့မှ မြန်မာနိုင်ငံအတွက် တရားမျှတသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖြစ်စေရန် ပြည်သူ လူထုများအား အသိပေးနှိုးဆော် ခြင်း အစီအစဉ်များပြုလုပ်မည်   ဖြစ်သည်။
အသိပေးနှိုးဆော်မည့် အစီ အစဉ်များမှာ ရန်ကုန်မြို့မှဘားအံ မြို့သို့ ၃ ရက်တိတိ စက်ဘီးစီးပြီး လူထုများအား နှိုးဆော်ခြင်း၊ မြစ် ကြီးနားတွင် ဟောပြောပွဲပြုလုပ်ပြီး လူထုအားအသိပေးခြင်း၊ ပုသိမ်မြို့ တွင် မြန်မာနိုင်ငံအတွက် တရား မျှတသော ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု ဖြစ်စေရန် ပြည်သူလူထု များအား အသိပေးနှိုးဆော်ခြင်း၊ ဆိုင်သော သတင်းများဖြန့်ဝေခြင်း နှင့် ရန်ကုန်မြို့တွင် လူငယ်စကား ဝိုင်းတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံအခြေအ နေအရ သွင်းကုန်နှင့်ပို့ကုန် မမျှတ မှုများ များပြားနေသဖြင့် ဒေါ်လာ လိုအပ်ချက်မြင့်မားနေပြီး   နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေ ကြောင်း စီးပွားရေး ပညာရှင်များက ထောက်ပြနေကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*