ဝန်ထမ်းအင်အားနည်းပါးခြင်းကြောင့် အိမ်အကူ တရားမဝင်ပို့ဆောင်မှု ထိန်းချုပ်ရေး အားနည်း

ဝန်ထမ်းအင်အားနည်းပါးခြင်းကြောင့် အိမ်အကူ တရားမဝင်ပို့ဆောင်မှု ထိန်းချုပ်ရေး အားနည်း
October 14, 2016 Asian Fame

4:40 am
ဝန်ထမ်းအင်အားနည်းပါးခြင်းကြောင့် အိမ်အကူ တရားမဝင်ပို့ဆောင်မှု ထိန်းချုပ်ရေး အားနည်း
In Crime, Labour

ဝန်ထမ်းအင်အားနည်းပါးခြင်းကြောင့် အိမ်အကူ တရားမဝင်ပို့ဆောင်မှု ထိန်းချုပ်ရေး အားနည်း

popularmyanmar

ရဲလွင်
ရန်ကုန်၊ အောက်တိုဘာ ၁ဝ

ဝန်ထမ်းအင်အား နည်းပါး ခြင်းကြောင့် လေဆိပ်ပြည်ပ ထွက်ခွာများတွင် စစ်ဆေးရေး ကောင်တာ ထပ်မံဖွင့်လှစ်နိုင် ခြင်းမရှိဘဲ စင်ကာပူသို့ တရား မဝင်အိမ်အကူ လုပ်သားပို့ ဆောင်မှုများ တိုက်ဖျက်ရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း အလုပ် သမားနှင့် လဝကဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံ သို့ အိမ်အကူ ပို့ဆောင်ရာတွင် ရန်ကုန်နှင့် မန္တလေးတို့သည် အဓိက ထွက်ခွာဂိတ်များ ဖြစ် လျက်ရှိသည်။ ယင်းအတွက် ပြည်ပသို့ထွက်ခွာမည့် ရွှေ့ပြောင်း လုပ်သားများနှင့် ပြည်တွင်းသို့ ပြန်လာသည့် လုပ်သားများကို စစ်ဆေးရန် ရွှေ့ပြောင်း လုပ်သား သတင်းပို့ကောင်တာများကို ရန် ကုန် အပြည်ပြည်ဆိုင်ရာ လေ ဆိပ်နှင့် မြဝတီနယ်စပ်ဂိတ် များတွင်သာ ဖွင့်လှစ်ထားနိုင် သည်။ မန္တလေး တံတားဦးအ ပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရွှေ့ပြောင်းလုပ်သားများ သတင်းပို့ကောင်တာ ထပ်မံဖွင့် လှစ်ရန် ဝန်ထမ်းအင်အား အ ခက်အခဲဖြစ်နေကြောင်း အလုပ် သမားနှင့် လဝက ဝန်ကြီးဌာန၊ ရွှေ့ပြောင်း လုပ်သားရေးရာ ဌာနမှ တာဝန်ရှိ သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

”ဝန်ထမ်းအင်အား မလုံ လောက်ဘူးဖြစ်နေတယ်။ ဒီအ တွက် ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူး။ ရန်ကုန်မှာ ရှိတယ်။  ဒါပေမယ့် စင်ကာပူကို အိမ်ဖော်တရားမဝင် ပို့တဲ့လမ်းကြောင်းက မန္တလေး-ဘန်ကောက် – စင်ကာပူ လမ်း ကြောင်းလည်းရှိ တယ်။ ခုက ဝန် ထမ်း အင်အားအခက်အခဲအရ မန္တလေးမှာ ထပ်ပြီးဖွင့်နိုင်ဖို့က မလွယ်သေးဘူး။ ကြိုးတော့ကြိုး စားနေပါတယ်” ဟု ၄င်းက ဆို သည်။

လက်ရှိတွင် ရွှေ့ပြောင်းလုပ် သားကိစ္စကို အလုပ်သမားနှင့် လဝကဝန်ကြီးဌာနလက်အောက် ရှိ ဦးစီးဌာန အဆင့်ဖြင့်သာ ဆောင်ရွ က်နေရခြင်း ဖြစ် ကြောင်း ၄င်းက ဆိုသည်။ လက် ရှိ တွင် စင်ကာပူသို့ အိမ်အကူ တရားမဝင် ပို့ဆောင်နေမှုများ ကို ဖော်ထုတ် ဖမ်းဆီးတိုက်ဖျက် ရေးအတွက် အလုပ်သမားနှင့် လဝကဝန်ကြီးဌာန၊ မြန်မာပြည် ပ အလုပ်အကိုင်ရှာဖွေရေး အေ ဂျင်စီများ အဖွဲ့ချု ပ်နှင့် ပြည်ထဲ ရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*