ဆန္ဒ ဖော်ထုတ်ခဲ့သည့် ရွှေမန်းတောင် ဂေါက်ကလပ် ဂေါက်အိတ် ထမ်းသည့် ဝန်ထမ်း ၆၈ ဦး ကို အလုပ်မှ ယာယီ ရပ်ဆိုင်း

ဆန္ဒ ဖော်ထုတ်ခဲ့သည့် ရွှေမန်းတောင် ဂေါက်ကလပ် ဂေါက်အိတ် ထမ်းသည့် ဝန်ထမ်း ၆၈ ဦး ကို အလုပ်မှ ယာယီ ရပ်ဆိုင်း
October 14, 2016 Asian Fame

7:43 am
ဆန္ဒ ဖော်ထုတ်ခဲ့သည့် ရွှေမန်းတောင် ဂေါက်ကလပ် ဂေါက်အိတ် ထမ်းသည့် ဝန်ထမ်း ၆၈ ဦး ကို အလုပ်မှ ယာယီ ရပ်ဆိုင်း
In Labour

ဆန္ဒ ဖော်ထုတ်ခဲ့သည့် ရွှေမန်းတောင် ဂေါက်ကလပ် ဂေါက်အိတ် ထမ်းသည့် ဝန်ထမ်း ၆၈ ဦးကို အလုပ်မှ ယာယီ ရပ်ဆိုင်း

mdy

(မန္တလေး၊ အောက်တိုဘာ ၁၁)

အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုနှင့် ပတ်သက်၍ ဆန္ဒထုတ် ဖော်ခဲ့ကြသည့် ရွှေမန်းတောင် ဂေါက်ကလပ်မှ ဂေါက်အိတ် ထမ်းသည့်ဝန် ထမ်းများကို အလုပ်လုပ်ခွင့်ယာယီ ရပ်ဆိုင်း လိုက်သဖြင့် ဝန်ထမ်းများ စားဝတ်နေရေး အကျပ်အတည်း ဖြစ်နေကြကြောင်း သိရသည်။

”ဂေါက်အိတ်ထမ်း လုပ်သားတွေ ဆိုတာက တစ်ရက်လုပ်ပြီး တစ်ရက် စာ စားဝတ်နေရေး ဖြေရှင်းကြ ရတာပါ။ အခုလို အလုပ်ကနေ ရပ်နားခံ လိုက်ရတယ် ဆိုတော့ မှီခိုသူ မိသားစုဝင်တွေပါ အကျပ် ရိုက်ကုန်ကြတော့ တာပေါ့။ ကျွန်တော် တို့က ထိုင်သပိတ်လုပ်တာ ကိုလည်း အဲဒီနေ့ညနေ ပိုင်းကတည်းက ဖျက်သိမ်း လိုက်ပါတယ်။ အဲဒီကြားထဲကမှ အခုလို လုပ် လာတာ ကတော့ အလုပ်သမားတွေ အပေါ် မလုပ်သင့်တာကို လုပ်လိုက် တာပါပဲ”ဟု အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်း ခံထားရသူ ဦးသောင်းတင် ဝင်းက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

အလုပ်လုပ်ခွင့် ယာယီ ရပ်ဆိုင်းခံရသူ စုစုပေါင်း ဝန်ထမ်း ၆၈ ဦးရှိပြီး ၄င်းတို့သည် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုပြဿနာနှင့် ပတ်သက် ၍ အောက်တိုဘာ ၉ ရက်က မန္တလေး မြို့တော်ဝန်နှင့် အလုပ်သမား ဝန်ကြီးတို့ လာရောက် ဖြေရှင်းပေးရန် အဆိုပါ ဂေါက်ကလပ် ပရိဝုဏ် အတွင်း တောင်းဆိုခဲ့ကြသည်။

ထိုနေ့က မန္တလေးမြို့ တွင် လှေပြိုင်ပွဲကြီး ကျင်းပနေသလို ဂေါက် ကလပ်တွင် လည်း ဂေါက်သီးရိုက် ပြိုင်ပွဲ ကျင်းပနေ ခိုက်ဖြစ်သည်။ ဝန်ထမ်း များ ထိုင် သပိတ်ပြုလုပ်နေစဉ်အတွင်း ပြဿနာ ကြီးကြီးမားမား မပေါ် ပေါက်ခဲ့သော် လည်း ညနေပိုင်းတွင် မှ ဝန်ထမ်း ၆၈ ဦးအား အလုပ် လုပ်ခွင့် ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဝန်ထမ်း များက ထိုကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်း အသီး သီးသို့ တင်ပြ တိုင်ကြားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၄င်းတို့ အနေနှင့် ပြီးခဲ့သည့် ဇူလိုင် ၅ ရက်ကလည်း အလုပ်သမား အခွင့် အရေး ချိုးဖောက်ခံနေရသည်ဟု ဆိုကာ တရားဝင်ဆန္ဒ ထုတ်ဖော်မှု တစ် ကြိမ် ပြုလုပ် ခဲ့ဖူးပြီး အောက်တိုဘာ ၉ ရက် ထိုင်သပိတ်သည် ၄င်းတို့၏ ရွှေမန်း တံခွန် အခြေခံ အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌဖြစ်သူ အလုပ် ထုတ်ခံခဲ့ရသည့် အတွက် ပေါ်ပေါက် လာရခြင်းဖြစ်ကြောင်းလည်း သိရ သည်။

အလုပ်လုပ်ခွင့် ယာယီ ရပ်ဆိုင်း လိုက်ခြင်းနှင့် ပတ်သက်၍ ရွှေမန်း တောင် ဂေါက်ကလပ် အထွေထွေ မန်နေဂျာ၏ ရုံး အမိန့်စာတွင် ဂေါက် ကလပ် အတွင်း မန်းစီးတီး အသင်း သီတင်းကျွတ် ဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ ကျင်းပပြုလုပ်နေစဉ် ဂေါက်ကလပ် ၏ ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်း ကို ထိခိုက် ပျက်ပြားစေရန် ဆောင်ရွက်ခဲ့ ကြသဖြင့် အဆိုပါ ဝန်ထမ်း ၆၈ ဦးအား ဂေါက်အိတ် ထမ်းသည့် အလုပ်မှ ယာယီ ရပ်ဆိုင်း လိုက်ခြင်း ဖြစ် ကြောင်း ပါရှိသည်။

”အရင်တုန်း ကလည်း အလုပ်သမား ဖျန်ဖြေရေး အဖွဲ့အစည်းတွေကို အကြိမ်ကြိမ် တိုင်ကြား ခဲ့ပါတယ်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အထိ စာတင်ခဲ့တာပါ၊ လျစ်လျူရှုထားလို့ ထပ်ပြီး ဆန္ဒထုတ်ဖော်တာကို အခုလို လုပ်လိုက်တယ် ဆိုတော့ ကျွန်တော် တို့မှာ အားကိုးရာမဲ့နေပါပြီ” ဟု ဦးသောင်းတင်ဝင်းက ပြောသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*