စိုးပြည့်သဇင် ရဲ့ အကြိုက်ဆုံး အစားအစာ၊ အမြိန်ဆုံးဟင်းလျာ

စိုးပြည့်သဇင် ရဲ့ အကြိုက်ဆုံး အစားအစာ၊ အမြိန်ဆုံးဟင်းလျာ
September 9, 2016 Asian Fame

5:13 pm
စိုးပြည့်သဇင် ရဲ့ အကြိုက်ဆုံး အစားအစာ၊ အမြိန်ဆုံးဟင်းလျာ

zaw_2517

မိသားစု အိမ်ကလေးမှာ မိသားစု လက်ဆုံထမင်း ဝိုင်းလေးကို  အတူတူ ပျော်ရွှင်စွာ မီးဖိုချောင်ဝင် ကာ ကိုယ်တိုင် ချက်ပြုတ်ပြီးတော့ တည်ခင်း စားသောက် ကြရတာက ကြည်နူးပီတိ အဖြစ်ရဆုံး မိသားစု ဘဝ အနှစ်သာရကောင်းလေး တစ်ခု ပဲဖြစ်ပါတယ်။ ဒီတစ် ပတ် ပေါ်ပြူလာ အချက်အပြုတ်ကဏ္ဍမှာ မိသားစု ထမင်းဝိုင်းလေးကို ကိုယ် တိုင် ချက်ပြုတ် တည်ခင်းပြီး ကျန်းမာ ရေး အသိထားကာ အစားအစာများ ချက်ပြုတ် စားသုံးသလို အိမ်ထမင်း အိမ်ဟင်းတွေ ချက်ပြုတ်စား သောက်ရတာ ပိုပြီး ထမင်းမြိန်စေတယ်လို့ ဆိုတဲ့ သရုပ် ဆောင် စိုးပြည့်သဇင် ရဲ့ အကြိုက်ဆုံး အစားအစာနဲ့ အ မြိန်ဆုံး ဟင်းလျာ အကြောင်းကို ဖော်ပြလိုက် ရပါတယ်။

ကြက်ပင်စိမ်းကြော်ပူနွေးနွေး ကိုယ်တိုင်ချက်စားတယ်

ဒီနေ့ စိုးပြည့်ချက်တာက ကြက်ပင်စိမ်းကြော်ပါ။ စိုးပြည့်က ဟင်းချက်တာ ဝါသနာပါတယ်။ နောက်ပြီး မုန့်တွေ လုပ်ရတာ ဝါသနာ ပါတယ်။ အိမ်မှာ အမြဲတမ်း အမေတို့ကို ထမင်း၊ ဟင်းတွေချက် ကျွေးတယ်။ မုန့်တွေ လုပ်ကျွေး တယ်။ဒါတွေလုပ်ရတာ စိုးပြည့် အတွက်တော့ အဆန်းကြီးမဟုတ် တော့ပါဘူး။ ဝါသနာ ပါတဲ့အ တွက်ကိုလည်း ဒါတွေကို လုပ်နေရင် ပျော်တယ်။ ဖေ့စ်ဘုတ်ပေါ်မှာ ဟင်း ချက် နည်းတွေ တွေ့ရင်လည်း ဖတ်ပြီး တော့ အိမ်မှာပြန်လုပ်ဖြစ်တယ်။

ဟင်းသီးဟင်းရွက်မျိုးစုံဟင်းလုပ်စားတယ်

မိသားစုက အိမ်ထမင်း၊ အိမ်ဟင်း ချက် စားတာများတယ်။ စိုးပြည့် တို့အိမ်မှာ ဆီဆိုရင် ဟင်းရွက်ဆီကို စားတာများတယ်။ ပဲဆီလည်း သုံး တယ်။ ကျန်းမာရေး နဲ့ညီညွတ်အောင် တော့ ဆီကိုလျှော့ သုံးတယ်။ ညပိုင်း ထမင်း စားရင် အကုန်လုံးက ဟင်းသီးဟင်းရွက် စား တာများ တယ်။ ဟင်းသီးဟင်းရွက် ကိုတော့ အမျိုးမျိုး လုပ်စားဖြစ်တယ်။ အများဆုံးစား ဖြစ်တာကတော့ ကန်စွန်းရွက်ပါ။ အိမ်ဘေးမှာ ဆို ကန်စွန်းရွက် ကို စိုက်ထားတယ်။ အပြင်မှာ ဝယ်စားရင် ဆေးတွေ သုံးထားတာများတယ် လေ။ အော်ဂဲနစ် ပစ္စည်းက မရနိုင်လို့ အိမ်မှာပဲ တစ်နိုင် တစ်ပိုင်စိုက်ထားတာပါ။ ကိုယ့်ဘာသာ ကိုယ်စိုက်ထားတော့ သန့်သန့်ရှင်းရှင်းလည်း ရှိတယ်။ ကျန်းမာရေးနဲ့ လည်း ကိုက်ညီ တာ ပေါ့နော်။

ထမင်းမြိန်တဲ့ မိသားစုထမင်းဝိုင်း

စိုးပြည့်တို့က အပြင်မှာ စားတာနည်း တယ်။ အမျိုးတွေ လာရင်လည်း အိမ်မှာပဲ ချက် ကျွေးတယ်။ ကိုယ့်ဘာသာ ကိုယ် အိမ်မှာ ချက်စား ရတဲ့ မိသားစု ထမင်း ဝိုင်းလေးက ပိုပြီးထမင်းမြိန်စေပါ တယ်။ ထမင်းစားရင်းနဲ့လည်း စကားပြော၊ ဆွေးနွေးတိုင်ပင်လို့ရ တယ်။ မိသားစုတွေလည်း နွေး ထွေးမှုရှိစေတယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ-အောင်ဇော်မင်း