မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌသစ် ဆရာ မနုဿကျော်ဝင်းနှင့်တွေ့ဆုံခြင်း

မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌသစ် ဆရာ မနုဿကျော်ဝင်းနှင့်တွေ့ဆုံခြင်း
September 9, 2016 Asian Fame

10:15 am
မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌသစ် ဆရာ မနုဿကျော်ဝင်းနှင့်တွေ့ဆုံခြင်း

ရသစာပေဆိုတာ  ဦးနှောက်နဲ့ အသည်းနှလုံးနဲ့  ပေါင်းပြီးမှ  ထွက်လာတာကိုး ဒါကိုတော့  စက်ရုပ်တွေက   လုပ်နိုင်မှာ မဟုတ်ပါဘူး

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံ စာရေးဆရာအသင်းရဲ့ ညီလာခံကို ကျင်းပခဲ့ပါတယ်။ ဒီ ညီလာခံမှာ မြန်မာနိုင်ငံ စာရေး ဆရာအသင်းရဲ့ အလုပ်အမှုဆောင် အသစ်တွေ ကိုလည်း ရွေးချယ်တင် မြှောက်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ၂ဝ၁၆ ခုနှစ်ကနေ ၂ဝ၂ဝပြည့်နှစ် ဆိုတဲ့ လေးနှစ်တာသက်တမ်းအတွက် စာရေးဆရာ မနုဿကျော်ဝင်းက ဥက္ကဋ္ဌအဖြစ်နဲ့ တာဝန်များထမ်း ဆောင်ရန် ဖြစ်လာပါတယ်။ ဥက္ကဋ္ဌသစ်ဖြစ်တဲ့ ဆရာမနုဿ ကျော်ဝင်းအနေနဲ့ မြန်မာနိုင်ငံ စာရေးဆရာအသင်းမှာ လုပ် ဆောင်ဖို့အတွက် စာပေဆိုင်ရာ စိတ်ကူး စိတ်သန်းများနဲ့ စာပေဆိုင် ရာအမြင်များကို တွေ့ဆုံမေးမြန်း ဖော်ပြပေးလိုက်ပါတယ်။

p

ဆရာ့အနေနဲ့ မြန်မာနိုင်ငံ စာရေး ဆရာအသင်းရဲ့ ဥက္ကဋ္ဌအဖြစ် ဘာ တွေများလုပ်ဆောင်ဖို့ရည်ရွယ် ထားပါသလဲဆရာ။

 မြန်မာနိုင်ငံ စာရေးဆရာ အသင်းညီလာခံမှာ ရှေ့လုပ်ငန်း စဉ်တွေကို ချမှတ်ထားတာရှိပါ တယ်။ ဒါကတော့ အများချမှတ် ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေပါ။ အဲ့ဒီ ရှေ့လုပ် ငန်းစဉ်တွေကိုတော့ အပြည့်အဝ အကောင်အထည် ဖော်ရမှာပါ ဖြစ်ပါတယ်။ တချို့ လည်းပဲ ရှေ့လုပ်ငန်းစဉ်ဆိုပေမယ် လို့ ကောင်းမွေတွေကို ဆက်ပြီး သယ်ဆောင်ရတာ ရှိပါ တယ်။ စုန် ရေနဲ့ပတ်သက်တာ ဆန်ရေနဲ့ပတ် သက်တာတွေ ရှိပါတယ်။ စုန်ရေနဲ့ ပတ်သက်တာကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း အ ရ စာရေး ဆရာတွေ ရဲ့ သား သမီးတွေ၊ဂုဏ်ထူးတွေ ထွက်ခဲ့တာ အများကြီးရှိပါတယ်။ သူတို့တွေရဲ့ ဂုဏ်ထူး ရရှိတဲ့သားသမီးတွေကို ဆုချီးမြှင့်တာ အဲ့ဒါလည်းလုပ်ပါ မယ်။ အဲ့ဒါကတော့ စုန်ရေပိုင်း ပါ။ ဆန်ရေပိုင်းကျတော့ စာဆိုတော် နေ့မှာ အသက် ၇၉ နှစ်ပြည့်သွား ပြီးဖြစ်တဲ့ စာရေးဆရာကြီးတွေက စပြီး အသက် ၈ဝ စာရင်းထဲဝင် သွားတဲ့ ကန်တော့ခံစာရေး ဆရာ ကြီးတွေကို ပူဇော်ကန်တော့ပွဲ အခမ်းအနား ရှိပါတယ်။ ဒါတွေ ကတော့ စုန်ရေဆန်ရေနဲ့ပတ်သက် တာတွေပေါ့။ ကျန်တာတွေက တော့  မမာ မကျန်းဖြစ်တဲ့စာရေး ဆရာတွေကို သူတို့တွေကနေတင် ပြလာရင် ရန်ပုံငွေကနေ ထောက်ပံ့ ငွေချီးမြှင့်တယ်။ နောက်နာရေး ပေါ်လာရင် နာရေးပေါ်လာတဲ့အ လျောက်ချီးမြှင့် တယ်။ ဒါတွေက တော့ ပုံမှန် ဆောင် ရွက်နေတဲ့ အ မွေအနှစ်တွေပေါ့နော်။ နောက် တစ်ခုကလည်း စာရေးနည်းသင်တန်း ဝတ္ထုကဗျာဆောင်းပါး ရေးသားနည်း တွေ နဲ့ပတ်သက်တဲ့ သင်တန်းကိုလည်း ပို့ချပေး သွားတဲ့ သင်တန်းတွေလည်း ရှိပါတယ်။ ဒါကိုတော့ အောက်တိုဘာ ၁ ရက် နေ့မှာဖွင့်သွားမှာပါ။ လျှောက်လွှာ တွေကို သတင်း စာတွေကနေ ခေါ် သွားမှာပါ။ ဒါကတော့ အပတ် စဉ် ၇ ဖြစ်သွားပါပြီ။ တစ်နှစ်မှာ တစ် ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်သင် တန်းတွေပေးပါတယ်။ ဒါတွေက တော့ ရှေ့လုပ်ငန်း စဉ်တွေ ကိုပြော တာပါ။ ဒီအထဲမှာမပါပေမယ့် လည်း စာပေနဲ့ပတ်သက်တဲ့ လုပ် ငန်းတွေကို လိုအပ်ရင် လုပ်သွားမှာ တွေလည်းရှိပါတယ်။

ဒါတွေကတော့ ရှေ့လုပ်ငန်းစဉ် တွေပေါ့နော်။ မြန်မာနိုင်ငံစာရေး ဆရာအသင်းအတွက် ဆရာ့ရဲ့ စိတ်ကူး စိတ်သန်းတွေကရော ဘာ တွေရှိဦးမလဲ ဆရာ။

စာပေဆိုတာက အရေးချည်း ပဲမဟုတ်ဘူးလေ။ အပြောလည်း ရှိသေးတာကိုး။ အပြောဆိုတာက စကားရည်လုပွဲတို့လို စာပေစကား ဝိုင်းတို့လို စာပေဆွေးနွေးပွဲတွေ ကိုလည်း ဒါတွေကိုစိတ်ကူးထား တာရှိပါတယ်။

မြန်မာနိုင်ငံ စာရေးဆရာ အသင်း ရဲ့ လှုပ်ရှားမှုတွေကရော ဘာတွေ ရှိဦးမလဲဆရာ။

ရှိပါတယ်။ မြန်မာနိုင်ငံစာ ကြည့်တိုက်များ ဖောင်ဒေးရှင်းနဲ့ လည်း စာဖတ်ရှိန်မြှင့်တင်ရေး အ တွက် စာရေးဆရာ အမှုဆောင်အ သင်းကသူတွေပဲ အမာခံလုပ်ပြီး သွားဟောေ ပးရတာ ရှိပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံမူး ယစ်ဆေးဝါး ဗဟိုက ပြုလုပ်တဲ့ ကျပန်း စကားပြောပြိုင်ပွဲတို့ ဝတ္ထု တိုပြိုင်ပွဲတို့ ကဗျာရွတ်ဆိုပြိုင်ပွဲတွေ မှာလည်း ဒိုင်အဖြစ် လုပ်ဆောင် ပေးရတာတွေ ရှိပါတယ်။ ဒါတွေ ကတော့ စာပေနဲ့ ဆက်နွှယ်နေတာ တွေပေါ့နော်။

ဆရာက လက်ရှိမြန်မာနိုင်ငံစာရေး ဆရာအသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ် တယ်ဆိုတော့ မျိုးဆက်သစ်စာရေး ဆရာတွေရဲ့ စာပေလက်ရာတွေ အပေါ် ဆရာ့ရဲ့အမြင်ကိုလည်း ပြောပြပေးပါဦးရှင်။

အခုကတော့ စာရေးတာထက် စာဖတ်တာ အရှိန်လျော့လာတယ်။ စာဖတ်မှုတွေ နည်းသွားပြီ။ အခု ကတော့ အင်တာနက်တွေ ဖေ့စ် ဘွတ်ခ်တို့  ဂိမ်းတို့ လုပ်နေကြတာ ဆိုတော့ စာဖတ်တာက တော် တော်နည်းလာတယ်။ စာဖတ်တဲ့သူ နည်းလာပြီဆိုတော့ စာရေးတဲ့သူ တွေအပိုင်းမှာလည်း ဖတ်တဲ့သူ တွေအပေါ်မှာ မူတည်တယ်လေ။ စာအုပ် ထုတ်ပြီးတော့ ဘယ်သူမှ မဝယ်ဘူးဆိုတော့လည်း ဒီစာရေး ဆရာ ဘယ်လိုသွားရေးမလဲနော်။ အဲ့ဒီတော့ စာဖတ်တဲ့သူတွေများ လာအောင် ဒီအပိုင်းကလည်း လှုံ့ဆော်မှု ပညာပေးမှုတွေလို သေးတာပေါ့နော်။ ရေးတဲ့ အပိုင်း မှာလည်း မြန်မာစာကို ပုံစံမပျက် အောင် ဝိုင်းပြီး ထိန်းဖို့ရေးတဲ့ စာရေးဆရာတွေက လိုပါတယ်။ စကားပြောနဲ့ရေးတာ စကားပြေ နဲ့ရေးတာ ဒါတွေကတော့ ဘာမှ ပြောစရာမရှိပါဘူး။ သူတို့သန် သလို ရေးလို့ရတယ်ပေါ့နော်။ ဒါပေမယ့် မြန်မာစာရေးထုံး ပျက် သွားတဲ့ ရေးနည်းမျိုးတွေကတော့ သိပ် ပြီးမကောင်းဘူးပေါ့နော်။ ခေတ်ပြောင်းလာတဲ့ အပေါ်မှာ အရေးအသားတွေ ပြောင်းတာ တွေကတော့ စာပေရေစီးကြောင်းဆိုတာရှိတာပေါ့နော်။ ဟိုတုန်းက လည်း အင်္ဂလိပ်ေ ခတ်မှာပဲ ပြောင်းသွားတာပါပဲ။ ခေတ်စမ်းစာပေတို့ ဆရာမင်းသုဝဏ်တို့ သိပ္ပံမောင်ဝ တို့ အရေးအသားတွေကို ကြည့် လိုက်ရင်သိသာပါတယ်။ ခေတ်စမ်း စာပေခေတ် ကို ပြောင်းလာတာ။ ခေတ်စမ်းစာပေ ခေတ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့လွယ်တယ်။ စာဖတ်သူတွေက ပိုပြီးစိတ်ဝင်စား တဲ့ အရေးအသားမျိုးတွေဖြစ်လာတယ်။ အရေးကြီး တာတော့လူတွေ ခေါင်းထဲကို အသိညဏ်တစ်ခုခု ဝင်သွားဖို့ ရသပိုင်းဆိုလို့ရှိရင် လည်း ခံစားမှုကလည်း အများကို အကျိုးပြုတဲ့ခံစားမှုမျိုးရဖို့အတွက် အဲ့ဒါမျိုးတွေ က ပိုကောင်း တာပေါ့ နော်။

နောက်ပိုင်းမှာ စာပေအရေး အ သားတွေက ဘယ်လိုများရွေ့လျား သွားနိုင်မလဲဆိုတာကိုလည်း သုံး သပ်ပေးပါဦး ဆရာ။

အဲ့ဒါကတော့ ခန့်မှန်းရခက် တယ်။ စာအုပ်စာပေတွေဆက်ပြီးရှိနေနိုင်အောင်ကို ခေတ်ကလက် ခံမလားဆိုတာကလည်း အရေး ကြီးတယ်လေ။ အခုကစာရွက်ပေါ် မှာရေး စာရွက်ပေါ်မှာပုံနှိပ် အဲ့ဒီ လိုအနေအထားကနေ အခုနေများ ဖုန်းလေးတစ်လုံးနဲ့ အလုပ်လုပ် သွားလို့ရအောင်များ ဖြစ်လာ မလားလို့။ ခေတ်ဆိုတာခန့်မှန်းရ ခက်ပါတယ်။ မမျှော် လင့်ဘဲနဲ့ဗြုန်း ခနဲ ပြောင်းလဲတာ။ ဒါတွေကသိပ္ပံ ကိရိယာတွေ အပေါ်မှာလည်း မူ တည်ပါတယ်။ ဘယ်လောက် အဆင့်မြင့်တဲ့ ကိရိယာတွေ ဘယ် အချိန်မှာပေါ်လာမလဲ။ ပြီးတော့ စာအုပ်ထုတ်တဲ့အပိုင်းမှာ ထိခိုက် သွားနိုင်မလဲပေါ့နော်။ ရေးတာက တော့ ဘယ်လိုတွေပဲပေါ်ပေါ် စာရေးဆရာတစ်ယောက်က မရေး ဘဲ စာတွေ မထွက်လာနိုင်ပါဘူး။ စက်ရုပ်တွေကလည်း မရေးနိုင်ပါ ဘူး။ ရသစာပေဆိုတာ ဦးနှောက် နဲ့အသည်းနှလုံးနဲ့ပေါင်းပြီးမှ ထွက် လာတာကိုး။ ဒါကိုတော့ စက်ရုပ် တွေက လုပ်နိုင်မှာမဟုတ်ပါဘူး။ စာပေ အရေးအသားပိုင်းကတော့ ရှိနေဦးမှာပါ။ စာရေးနည်းသင်တန်း တွေဖွင့်တယ်ဆိုတာလည်း အဲ့ဒီ ရည်ရွယ်ချက်တွေနဲ့ ဖွင့်တာပါ။