ငြိမ်းချမ်းရေးနိဒါန်း (သို့မဟုတ်) ၂၁ ရာစု ပင်လုံခရီးမှတ်တမ်း

ငြိမ်းချမ်းရေးနိဒါန်း (သို့မဟုတ်) ၂၁ ရာစု ပင်လုံခရီးမှတ်တမ်း
September 8, 2016 Asian Fame

11:29 am
ငြိမ်းချမ်းရေးနိဒါန်း (သို့မဟုတ်) ၂၁ ရာစု ပင်လုံခရီးမှတ်တမ်း
In Features, Photo Essay

photo-essay-1-copy

ဓာတ်ပုံ – အောင်နိုင်စိုး(ကစ္ဆပ)၊ ရဲလွင်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံအခမ်းအနားကြီးကို သြဂုတ် လ ၃၁ရက်နေ့ကနေပြည်တော်ရှိ   မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC – 2) တွင် ကျင်းပခဲ့သည်။ သမိုင်းတွင်မည့် ထိုညီလာခံကြီးသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊   ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်   ထောင်စုရာ ထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ တပ်မတော် အရာရှိကြီးများ၊ တိုင်းမှူးများ၊ လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ အစိုးရ၊ လွှတ်တော်နှင့်တပ်မတော်သားအစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူအစုအဖွဲ့မှ ကိုယ်စားလှယ်များ၊တိုင်းရင်း သားကိုယ်စားလှယ် များ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ဒုတိယဥက္ကဋ္ဌ နော်စီ ဖိုးရာစိန်၊DKBA ခေါင်းေ ဆာင် စောမိုရှေး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA – PC) ဒုတိယဥက္ကဋ္ဌ စောေ ထာ့လေး၊ အထွေထွေ အတွင်းရေးမှူး နော်ကပေါ်ထူး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) ဒုတိယစစ်ဦးစီးချုပ် စဝ်ဘောင်ခေး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)  နာယက ခွန်ဥက္ကာ၊ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ ရခိုင်ပြည်လွတ်မြောက်ေ ရးပါတီ(ALP) ဗဟို ကော်မတီဝင် ဒေါ်စောမြရာဇာလင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ချင်းအမျိုးသားတပ်ဦး(CNF)မှ ဆလိုင်းလျှန်မှုန်း ဆာခေါင်း၊ ‘ဝ’ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (UWSA ) စစ်ဒေသ ၁၇၁ မှ ဆမ်လော့၊ အထူးဒေသ(၄) မိုင်းလား ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်း၊ ကချင် အမျိုးသားလွတ်   မြောက်ရေးအဖွဲ့(KIO)ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လ၊ ဒုတိယဥက္ကဋ္ဌ – ၁ ဗိုလ်ချုပ်ဂွမ်မော်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်၊ စစ်ရေးချုပ်အဆင့်ရှိ ဖုန်းနိုင်၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ဒုဥက္ကဋ္ဌ စဝ်ခွန် ဆိုင်နှင့်ဗဟိုကော်မတီဝင် စိုင်းထူး၊ မွန်ပြည်သစ်ပါတီ(NMSP) ဥက္ကဋ္ဌ နိုင်ထောမွန်နှင့် ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ၊NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့် လက်မှတ်မထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၊ နိုင်ငံခြားသံရုံး များမှ သံတမန်များ၊ ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ တိုင်းရင်း သားကိုယ်စားလှယ် များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ သမိုင်းတွင်မည့် သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများကို စုစည်းဖော်ပြလိုက်ရပါကြောင်း …

 

ညီလာခံဖွင့်ပွဲနေ့သို့ တက်ရောက်လာသော နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်

ညီလာခံဖွင့်ပွဲနေ့သို့ တက်ရောက်လာသော နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်

 

 

ညီလာခံသို့ တက်ရောက်လာကြသူများအား ဂုဏ်ပြုသည့် ညစာစားပွဲသို့ ကြွရောက်လာသည့် နိုင်ငံတော်သမ္မတ

ညီလာခံသို့ တက်ရောက်လာကြသူများအား ဂုဏ်ပြုသည့် ညစာစားပွဲသို့ ကြွရောက်လာသည့် နိုင်ငံတော်သမ္မတ

 

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကေအိုင်အို ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ ရင်းရင်းနှီးနှီးနှုတ်ဆက်

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကေအိုင်အို ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ ရင်းရင်းနှီးနှီးနှုတ်ဆက်

 

တပ်မတော် ကြည်း ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအသစ် ဒု-ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကေအိုင်အေခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်


တပ်မတော် ကြည်း ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအသစ် ဒု-ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်
ကေအိုင်အေခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်

 

 

ဒုတိယသမ္မတဟောင်းများဖြစ်ကြသည့် ဦးဥာဏ်ထွန်းနှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဘေးတွင် တွေ့ရစဉ်

ဒုတိယသမ္မတဟောင်းများဖြစ်ကြသည့် ဦးဥာဏ်ထွန်းနှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့ကို
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဘေးတွင် တွေ့ရစဉ်

 

 

ဂုဏ်ပြုညစာစားပွဲ တက်ရောက်လာသည့် ကိုယ်စားလှယ်များအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်

ဂုဏ်ပြုညစာစားပွဲ တက်ရောက်လာသည့် ကိုယ်စားလှယ်များအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က
ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်

 

 

ညီလာခံသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌသစ် ဦးသန်းဌေးလည်း တက်ရောက်ခဲ့သည်

ညီလာခံသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌသစ် ဦးသန်းဌေးလည်း တက်ရောက်ခဲ့သည်

 

 

စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံမရိုက်မီ တွေ့ရသည့် မြင်ကွင်းတစ်ခု

စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံမရိုက်မီ တွေ့ရသည့် မြင်ကွင်းတစ်ခု

 

 

စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံမရိုက်မီ တွေ့ရသည့် မြင်ကွင်းတစ်ခု

စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံမရိုက်မီ တွေ့ရသည့် မြင်ကွင်းတစ်ခု

 

 

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ညစာစားပွဲတွင် တွေ့ရစဉ်

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ညစာစားပွဲတွင် တွေ့ရစဉ်

 

 

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ညစာစားပွဲအပြီး တွေ့ရစဉ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား
ညစာစားပွဲအပြီး တွေ့ရစဉ်

 

 

ညီလာခံဖွင့်ပွဲနေ့ ညစာစားပွဲအပြီးအပြန်တွင် ညီလာခံတက်ရောက်လာသူတို့အား နှုတ်ဆက်နေသည့် နိုင်ငံတော်သမ္မတ

ညီလာခံဖွင့်ပွဲနေ့ ညစာစားပွဲအပြီးအပြန်တွင် ညီလာခံတက်ရောက်လာသူတို့အား နှုတ်ဆက်နေသည့် နိုင်ငံတော်သမ္မတ