သေနတ် ယူမလာပါနဲ့တော့ ချစ်ခြင်းမေတ္တာ

သေနတ် ယူမလာပါနဲ့တော့ ချစ်ခြင်းမေတ္တာ
September 8, 2016 Asian Fame

12:41 pm
သေနတ် ယူမလာပါနဲ့တော့ ချစ်ခြင်းမေတ္တာ

ရှမ်းပြည်နယ်မြောက်ပိုင်းသည် အလွန်လှပသည့် တောတောင် များ ဝန်းရံနေသောဒေသတစ်ခု ဖြစ်သည်။ နိမ့်ချည်မြင့်ချည် သွယ် တန်းေ နသော တောင် ကုန်းများ၊ တောင်တန်း များအလယ်တွင် မြို့ များ၊ ရွာကလေးများတည်ရှိသည်။ ထိုနေရာတွင် မြန်မာနိုင်ငံ၏အထင်ကရမြို့များဖြစ်သော ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင်၊ တန့် ယန်း၊ မူဆယ်တို့ တည် ရှိသည်။ ထိုဒေသသို့ သွားလိုပါက တွန့်လိမ်ကောက်ကွေးနေသောလမ်း များပေါ် တောင်နံရံကို မြင်ရသလို နက်ရှိုင်းလှသည့် ချိုင့်ဝှမ်းများကို လည်းမြင်တွေ့ရသည်။ သည်းထိပ် ရင်ဖိုခရီးစဉ်ဟုဆိုလျှင် မမှား။

 ဘေးပတ်ပတ်လည်တွင် ကာ ဆီးဝန်းရံလျက်ရှိသော တောင် ကုန်းများထိပ်မှ လှမ်းမျှော်ကြည့် ပါက အောက်တွင်တည်ဆောက် ထားသော လူနေထိုင်ရာမြို့များ၊ စိုက်ခင်း များကိုမြင်တွေ့ရသလို အပေါ်ကိုမော့ကြည့်ပါက တောင်ထိပ်နှင့် ထိလုနီးပါးကဲ့သို့ တိမ်များ၊ မြူများကို မြင်တွေ့ရမည်ဖြစ်သည်။စမ်းချောင်းလေးများစီးသံကို အတိုင်း သားကြားရ သလို၊ ကျေး ငှက်တို့၏တေးသံအမျိုးစုံကိုလည်း ကြားရသည်။ တောင်ပြာတန်းမှ တိုက်ခတ် လာသော လေနုအေးများက အသည်းခိုက်အောင် အေးမြသည့် ခံစားမှု တစ်ခုကို သယ်ဆောင်လာ ပါလိမ့်မည်။

htoo-1
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရာဒေသတချို့သည် လူသူအ ရောက်အပေါက် အလွန်နည်းသော ဒေသတို့အဖြစ် တည်နေဆဲဖြစ် သည်။ ချောင်ကြိုချောင်ကြား မကျန် နှံ့နှံ့စပ် စပ်သွားတတ်သောနယ်လှည့် ခရီးသည်များ၊ သဘာဝပတ်ဝန်း ကျင် အလှအပရှုခင်းများကို ရေး ဆွဲလေ့ရှိသည့် ပန်းချီဆရာများ ပင်လျှင်ခြေမချဖူးသေးသည့်နေရာ အများအပြား ရှိနေသေးသည်။တွန့်လိမ်ကောက်ကွေးနေ သော လမ်းဘေးတစ်လျှောက် စီရ ရီ စိုက်ပျိုးထားသော ပြောင်းဖူးပင် များကလည်း လေတစ်ချက်ဝေ့ လိုက်တိုင်း မိန်းမပျိုများ ယိမ်းက သလိုနယ် အလွန်မှပင် ညီညာ လှပသည်။

ထိုမျှလောက် အေးချမ်းလှပ သော တောင်တန်းကြီးများကြား ငြိမ်းချမ်းမှုကတော့  မြင်ကွင်းနှင့်အလွန်မှကွာခြားလှသည်။ငြိမ်းချမ်းရေး ပန်းခင်းများ ဝေဆာမည့်မနက်ဖြန်ကို ထိုေ နရာ ရှိဒေသခံတိုင်းရင်းသားများက တော့ မျှော်လင့်တောင့်တနေဆဲ တောင့်တနေမြဲ။  အေးချမ်းလှပပြီး ငြိမ်းချမ်းမှု မရှိသေးသည့် ထိုအရပ်ဒေသ ၏မြေစာပင်ကလေး များခို လှုံရာ နေရာက Camp ဟုခေါ်ဆိုသော အိမ်သေးသေး လေးနှင့် လူအများစုဝေးရာ စစ်ရှောင်စခန်း တစ်နေရာကသက်သေဖြစ် လိမ့်မည်။  ပြည်တွင်းစစ်ကို နှစ်ေ ပါင်း မြောက်မြားစွာ ခံစားနေရသည့် မြန်မာပြည်ကြီးအတွက် မြန်မာ ပြည်သူ မြန်မာပြည်သားများက ဆုတောင်းပွဲများ၊ ငြိမ်း ချမ်းရေး ဆွေးနွေး ပွဲများ အကြိမ်ကြိမ် ပြု လုပ်ခဲ့ကြ သည်။

htoo-2

သို့ပေမယ့် ယခုချိန်ထိ စစ်ပွဲ များဖြစ်နေဆဲ၊ စစ်ဘေးရှောင်ပြည် သူများကလည်း ရှိနေဆဲ၊ ချစ်ခြင်း မေတ္တာကို လက်ကိုင်မထားဘဲ  အ တောမသတ်နိုင် သည့် လောဘ ၊ ဒေါသ ၊ မောဟတွေ ပြည့်နှက်နေ သည့် ထိုအတ္တသားကောင်များ ရှိနေသမျှ ဤမြန်မာပြည်ကြီိး၏ အနာဂတ်အလှဟာ ဝေးနေဆဲဟု ထင်ပါသည်။

ချစ်ခြင်းမေတ္တာခရီးသွားများ သြဂုတ်လညတစ်ည။

လူတစ်စုက ဒူးထောက်ဆု တောင်းကြပြီး ငြိမ်းချမ်းပါစေ မြန်မာပြည်(ရှမ်း/မြောက်) ခရီးစဉ် ကိုစတင်ထွက်ခွာခဲ့ကြသည်။ ထို လူတစ်စုက ငြိမ်းချမ်းရေး ကို မြတ် နိုး သူ စောဖိုး ခွားနှင့် One Love အဖွဲ့သားများပင် ဖြစ်သည်။ ငြိမ်းချမ်းရေး တေးသံရှင် စောဖိုးခွားနှင့် ဆုံမိခဲ့ကြသည်မှာ လွန်ခဲ့သော လေးနှစ်ခန့်ကတည်း က ပင်ဖြစ် သည်။ ငြိမ်းချမ်းေ ရးတေး သီချင်းများ၊ လူတို့ကြားဖြစ်ပျက် နေသည့် အရာများကို တေးသီချင်း အဖြစ် ပြောင်းလဲတတ်သူတစ်ဦး ဖြစ်သည်။သို့သော်လည်းထိုစဉ်က ငြိမ်းချမ်းရေးကို အားတက် သရော ပါဝင် လှုပ်ရှားနေသည့်တေးသံရှင် တစ်ဦးအဖြစ် သတိမထားမိခဲ့ပါ။သာမန် အဆိုတော်တစ်ဦးမျှသာဟု သိထားပြီး ပြောဆိုခဲ့သည်။

စစ်ပွဲတွေကြောင့် ကလေးများ အနာဂတ် ပျက်စီးကြရသည်။ မိသားစု အသိုင်းအဝိုင်းနှင့် ဝေး ကွာခဲ့ရသည်။ လူကြီးဖြစ်လာမည့် ကလေးငယ်များ၏နှလုံးသားထဲ တွင် အမုန်း တရားများ  သေဆုံးသွား ပြီးချစ်ခြင်းမေတ္တာကို အခြေခံထား သည့် ငြိမ်းချမ်းရေးအသိ၊ သတိ များ ရှင်သန်ရန်ငြိမ်းချမ်းရေး တေး သံရှင် စောဖိုးခွားက ဦးဆောင်ကာ ရှမ်းပြည် နယ် မြောက်ပိုင်းခရီးစဉ် ကို စတင်ခြေလှမ်းလှမ်းခဲ့ခြင်း ဖြစ် သည်။ ခရီးစဉ်တစ်လျှောက်လုံး ထူး ခြားလှပသည့် သဘာဝတော တန်း တောင်တန်း များ၏အ လှကိုေ တွ့ မြင်ခဲ့ရသည်။ သို့ပေမယ့် ထိုနေ ရာကို ရောက်ဖူးသူ နည်းပါးပါလိမ့် မည်။ လားရှိုးမှကွတ်ခိုင်သို့သွားရာ လမ်းတစ်နေရာ ရှုခင်းသာဟု သတ်မှတ်ထားသော ထိုနေရာ တွင် အလွန် လှပသော သဘာဝ ရှုခင်းများကို တွေ့မြင်ခဲ့ရသည်။

 တေးရေး တေးဆို စောဝင်း လွင်၏  ‘ကြီးမြတ်လှသော’ သီချင်း ကို ထိုနေရာတွင်ပင်စပ်ဆိုခဲ့သလား ဟု တွေးနေမိသည်။ ရုတ်တရက် ဒေသခံတစ်ဦး ဖြစ်သူ ဆရာကြာထွေးက ”ဟိုးမှာ တွေ့လား၊ တောင်တန်းပြာပြာတွေ။ အဲဒါ စစ်ဖြစ်နေတဲ့ လောက်ကိုင် ပေါ့”ဟု လက်ညှိုးထိုးပြကာ အော် ပြောသည်။  ငြိမ်းချမ်းရေး တေးသံရှင်စော ဖိုးခွားနှင့် One Love အဖွဲ့သားများ ကလည်း ထိုနေရာသို့မျက်စိရောက် ကာ အာမေဍိတ်သံများ ညည်းညူမိ ကြသည်။

အဘယ်ကြောင့်ဆိုသော် တောင်ပြာတန်း၏ အေးချမ်းလှပမှုကမျက်စိတစ်ဆုံးပင်ကြည့်မဝ။သို့ပေမယ့် ထိုနေရာကိုအကျည်း တန် စေသည့်စစ်၊ လူတွေ ကိုအိုးမဲ့ အိမ်မဲ့ ဖြစ်စေ သည့်စစ်၊ လူတွေကို သေကျေပျက်စီးစေသော စစ်ရှိ နေသည် မဟုတ်လော။ လှပတင့်တယ်ပြီး အေးချမ်းလှ သည့် တောင်တန်းများနှင့် ထိုက် တန်သည့်အရာက စစ်မဟုတ်။ ရှိ သင့်သည်က တောင်ပြာတန်းများ ကဲ့သို့ လှပအေးချမ်းလှသည့် တိုင်း ရင်းသားများ၏ ရယ်သံများသာ။ သို့သော်…။

ကလေးငယ်များပျော်ပါစေ

အချိန်က ညနေ ၅ နာရီ ခန်း မတစ်ခုလုံး ကလေးလေးများက နေရာကိုယ်စီ ယူထားသည်။ နေ ရာက ရှမ်းပြည်နယ် မြောက်ပိုင်း။ ကလေးများ၏စကားပြောသံအော် သံ ရယ်သံ များက ခန်းမတစ် ခုလုံး ကိုလွမ်းခြုံထားသည်။ ”ဟေ့ …ဟိုမှာ ဦးစောဖိုးခွားလာပြီဟေ့ ”ကလေးတစ်ယောက် အော်သံပေး လိုက်သည်နှင့် ကျန်ကလေးများက လက်ခုပ် လက်ဝါးတီး ကာ ဦးစော ဖိုးခွားဟု ပြိုင်တူခေါ်ကြသည်။တချို့မိန်းကလေးငယ်များက သူတို့၏ မျက်နှာပြင်ကို ဖြူ၊ နီ၊ ဝါ၊ စိမ်း အရောင်စုံလေးများ ခြယ်ထား ကာ၊ ယောက်ျားလေး များက လည်း အသစ်ဟု သီးသန့်ဖယ်ထားသောတစ်ပတ်နွမ်းအဝတ်များဖြင့် မိမိ ကိုယ်ကိုယ် အခန့်ဆုံးဖြစ်အောင် ပြင်ဆင်ကြသည်။

 ရှေ့ဆုံးတွင် နေရာယူထား သည့် ကလေးအယောက်ကိုးဆယ် ကျော်ကတော့ တစ်မူထူးခြားသည်။ အဝတ်အစားများမှာ အခြားက လေးများကဲ့သို့ သစ်လွင်တောက်ပ မှုမရှိ။ တချို့မှာ အဖာတစ်ရာ၊ တချို့က အရောင်အဆင်း မရှိ။ မျက်လုံးလေးများ ကလယ်ကလယ် ဖြင့် စောဖိုးခွားပြောသမျှကို ငေး ကြည့်နေလိုက် အခြားကလေး များ အော်ပြော သမျှ နောက်ပြန်ကြည့် လိုက်ဖြင့်၊ အဘယ်ကြောင့်ဆိုသော် မြန်မာစကားကိုပင် ကောင်းမွန်စွာ နားမလည်သည့်တိုင်းရင်းသားများ ဖြစ်နေသောကြောင့်ဖြစ်သည်။

ထူးခြားသည်က ခန်းမတစ်ခု လုံး ကလေးများသာ။ ထူးခြားချက် နှင့်ပတ်သက်ပြီး တေးသံရှင်စော ဖိုးခွားက”ငြိမ်းချမ်းရေးလုပ်ဆောင် မှုတွေမှာ အမျိုးမျိုးလုပ်ကြတယ်။ ကျွန်တော် တို့က မျိုးဆက်သစ်က လေးတွေကို အဓိကထားတယ်။ ဒီပွဲမှာ အသက် ၇ နှစ်ကနေ ၂ဝ ကလေးတွေကိုဖိတ်ပြီးတော့ဖြူစင် တဲ့သူတို့အသိတရားထဲကိုငြိမ်းချမ်း ရေးနဲ့ ပတ်သက်တဲ့ ချစ်ခြင်းမေတ္တာ၊ လူကိုလူလိုမြင်နိုင်တဲ့မျိုးစေ့တွေ ကျဲ ပေးလိုက်တာ”ဟု ရှင်းပြခဲ့သည်။

ကလေးများ၏ အော်သံများ၊ လက်ခုပ်သံများက အပြစ်ကင်းစင် လှသည်။ သူတို့မျက်နှာပေါ်မှာ လည်းလောဘ၊ ဒေါသ၊ မောဟမရှိ။သို့ပေမယ့် သူတို့နှလုံးသားထဲမှာ တော့ ထိတ်လန့်နေကြသည်။ စောဖိုးခွား၏ ဖျော်ဖြေမှု မစ တင်ခင် ချစ်ခြင်းမေတ္တာအကြောင်း များကို သီကုံးပြောဆိုနေကြစဉ် ထိုကလေးများ၏မျက်လုံးထဲမှာ တစ်စုံတစ်ခုကို လွမ်းေ နကြသည်။ ထိုအရာက အိမ်နှင့်မိသားစုဟု တညီတညွတ်တည်း ဆိုကြသည်။

”ဘယ် ဘာသာတရားမဆို ချစ်ခြင်းမေတ္တာကို အခြေခံထား တယ်။ ကိုယ်ယုံကြည်ကိုးကွယ်ရာ ဘုရားရဲ့ ပညတ်တော်ကို မလိုက် နာဘဲ အချင်းချင်းအမုန်းတရား ထားနေ မယ် ဆိုရင် ယုံကြည်ကိုး ကွယ်နေတာအလကားပဲ” ဟုစော ဖိုးခွားက စင်ပေါ်တွင်အော်ပြော နေစဉ် ”ဟုတ်တယ်” ဟု တညီတ ညွတ် တည်း ထောက်ခံအော်ပြော နေကြသူများက ထိုကလေးများ ပင်ဖြစ်သည်။

သေနတ်မပါပါနဲ့ ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာက အဲဒီလောက် အရေးကြီးလားဟု တိုးတိတ်စွာ ခုန်ထွက်လာသည့် မေးခွန်းက အခြားမဟုတ် စစ်ဘေးရှောင် ကလေးများကြားက အသံ တစ်သံ။”သမီးက ဒီခန်းမထဲမှာ ရှိတဲ့ကိုကို မမတွေကို မချစ်ဘူးလား။ ဦးစော ဖိုးခွားကိုရော မချစ်ဘူးလား”ဟု မေးလိုက်သည့်ခါ ဝဲကျလာသည့် မျက်ရည်နဲ့အတူ နောက်သို့ ဆုတ် သွားသည့် သူ့အမူ အရာက တစ်စုံ တစ်ခုကို ကြောက်လန့်နေသည် ကိုသတိထားမိလေသည်။  ဘေးနားတွင် ထိုင်နေသည့် အမျိုးသမီး တစ်ဦးကသူ ”တို့တွေ က မြန်မာစကား သိပ်မတတ် ဘူး” ဟု ခပ်ဝဲဝဲလေသံဖြစ် ဆိုလာသည်။ ဒါဆို ”ချစ်ခြင်းမေတ္တာက အဲဒီ လောက်အရေးကြီးလား စကားကို ကျတော့ ဘာလို့ ပြောနိုင်တာလဲ” ဟုမေးတော့ ”အဲဒီစကားလုံးက Camp လာတဲ့ အလှူရှင်တွေရော၊ ကျွန်မတို့ရော သူတို့ကိုအမြဲပြောပြ ထားတာကြောင့်ပါရှင်” ဟု ရှင်းပြ ခဲ့သည်။

‘သမီးက အားလုံးကို ချစ် တယ်။ ဒါပေမယ့် သမီးတို့ကို စစ် သားကြီးတွေက သေနတ်နဲ့ ပစ် တယ်” ဟု ခေါင်းငုံ့ တိုးတိတ်စွာ ဆိုလာသူက ကွတ်ခိုင်မြို့ရှိ Camp တွင်နေထိုင် သည့် သမီးငယ် မနန်းဆိုင်က ပြောသည်။’ငြိမ်းချမ်းပါစေ မြန်မာပြည်” ရှမ်း/မြောက်ဒေသ ငြိမ်းချမ်းရေး တေးသံရှင် စောဖိုးခွား၊ ငြိမ်းချမ်း ရေးမျိုးစေ့ချရမယ့် စစ်ဘေးေ ရှာင် ဒေ သမှ ကလေးငယ်များ။တိုင်းရင်းသားပေါင်းစုံ ညီအစ်ကို မောင်နှမမျိုးဆက်သစ်ကျောင်း သား ကျောင်းသူလူငယ်များကို ငြိမ်းချမ်းရေး လက်ဆင့်ကမ်းရင်း ပျံ့ထွက် လာ သည့် တေးသီချင်းက ”အမုန်းများရပ်”။

အမုန်းများရပ်

အမေ၊ အဖေနဲ့အတူတူ နေ ချင်တာပေါ့။ ဒါပေမယ့် အခုက တစ်ယောက် တစ်နေရာစီ။ ကျွန် တော်လူကြီး ဖြစ်လာရင် လူကောင်း ဖြစ်အောင် ကြိုးစားမယ်။ ပြီးမှ လူ တော်ြ ဖစ်အောင် ကြိုးစားမယ်” ဟု ခေါင်းငုံ့ကာ ဆိုလာသူက စစ်ဘေး ရှောင် စခန်းတစ်ခုတွင် နေထိုင် သည့် မောင်စိုင်းအာကာဖြိုး ဖြစ် သည်။ စောဖိုးခွား၏ ငြိမ်းချမ်းရေး တေး သံ များကြား လက်ခုပ်တီးသူ ကတီး၊ လေထဲတွင်လက်မြှောက် သူကမြှောက် သို့ပေမယ့် သူတို့၏ မျက်နှာပေါ်က တစ်ဆင့် နှလုံး သားထဲသို့ မြင်တွေ့ရသည့် အရာ ကား စိုးရိမ်မှု အခိုး အငွေ့များ။ ကျောက်မဲမြို့တွင် တည်ရှိသည့် စစ်ဘေး ခိုလှုံရာနေရာများစွာထဲမှ တစ်ခုဖြစ်သော မေတ္တာအိုးဝေ ကျောင်းသူ ကျောင်းသားများ ဘော် ဒါဆောင်မှ ဆရာမ ဒေါ်ရီဆွေ ကတော့”တချို့ကလေးတွေက ဒုန်းဒုန်း ဒိုင်းဒိုင်းအသံကြားရင် ကြောက်နေကြတုန်းပဲ။ သူတို့ စိတ် ထဲမှာအဲဒီခံစားချက်တွေကြောင့် မပြန်ရဲကြတော့ဘူး။ ညဆိုရင် လည်း တစ်အိမ်တည်းမှာ စုအိပ်ကြ ရတယ်”ဟု ကလေးများကို လှမ်း ကြည့်ရင်း တိုးတိတ်သော လေသံ ဖြင့်ပြောပြခဲ့သည်။ထိုရောင်စုံ ပန်းကလေးများ ကြား ပွင့်ထွက် လာသည့်အသံက ခန်းမ တစ်ခုလုံးကို အသက်ဝင်စေသည်။ ”ကမ္ဘာကြီးငြိမ်းချမ်းစေ.. ကလေးများပျော်ပါစေ.. ငိုသံ တွေရယ် တိတ်ဆိတ် သွားပါစေ” ထိုသီချင်း ကိုဆိုသူ က စောဖိုးခွား မဟုတ်၊ မြေ စာပင်ငယ်လေးများ၏နှလုံးသားထဲက ထွက်ပေါ်လာ သည့် အသံများဖြစ်သည်။

မနီးမဝေး ထောင့်တစ်နေရာ တွင် ရှမ်းဝတ်စုံအဝါလေး ဝတ်ဆင် ထားသည့် ၁၃ နှစ်အရွယ် မိန်း ကလေးငယ်တစ်ဦးနှင့် အဖြူအစိမ်း ဝတ်ဆင်ထားသည့် မိန်းက လေးငယ် တစ်ဦး ၏ တီးတိုးစကား ပြောသံကို နားစွင့်နေမိသည်။ ”ဟဲ့..ငါ ဦးစောဖိုးခွား သီ ချင်းဆို မြန်မာပြည်ကို ချစ်ပါပဲ ကြိုက်တယ်”ဟု ကလောဝိုင်းကျေး ရွာနေ စစ်ဘေးေ ရှာင် မ နန်းရွှေချစ် က လှမ်းပြောနေစဉ် ”ငါကတော့ စစ်မီးလျှံပဲကြိုက်တယ်”ဟု ပြန် ပြောသူ ကညောင်မောင်းမှ စစ် ဘေးရှောင် မနန်းမြသီတာပင်။ သူတို့ကြိုက်နှစ်သက်ကြသည့် အ ကြောင်း အရင်းမှာ ထိုသီချင်းကို ကြားဖူးသူတိုင်း သိနိုင်ပါသည်။

ခန်းမ၏ နောက်တွင် စူးစူးဝါး ဝါးအော်ဆိုသည့်အသံက ‘ချစ်ကြ ပါ’ သတဲ့လား။ ထိုအသံများသည် ငြိမ်းချမ်းရေးတေးသံရှင် စောဖိုးခွား ၏ နားထဲ၊ နှလုံးသားထဲ ထင် ကျန် နေမည့် စကား များပင်ဖြစ်မည်။ချစ်ကြပါ..ချစ်ကြပါ အချစ် ဟာလှပ’တေးသံရှင် စောဖိုးခွား တေးသီချင်းအတိုင်း အားလုံး ချစ် ချစ်ခင်ခင် နေမည်ဆိုပါက ပြည် တွင်း စစ်ဆိုသည် ယခုချိန်ထိ ရှည် လျားနေမည်မဟုတ်။”ရှေ့ရေးကို သေချာစဉ်းစား ပြီးတော့ ကိုယ့်ထင်မြင်ချက်တွေ မှန်တယ်လို့ ယူဆပြီးကိုယ့်အထင် နဲ့ မကိုက်တာတွေ စွန့်လွှတ်ရ တဲ့အရာတွေ လည်း ရှိကောင်း ရှိလာ မယ်။ အဲဒီလိုစွန့်လွှတ်ပေးဆပ်နိုင် တဲ့ သတ္တိတွေ မြန်မာနိုင်ငံဧရိယာအတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေ မှာ ရှိဖို့လိုတယ်။ စွန့်လွှတ်အနစ်နာ ခံနိုင်တဲ့သတ္တိ မရှိ သမျှကတော့ စည်းလုံးခြင်း၊ ငြိမ်းချမ်းရေးလည်း မဖြစ်လာဘူး” ဟုစောဖိုးခွားက လေသံမြှင့်ကာ ပြောပြခဲ့သည်။

သူတို့သည် ပျော်ကြသည်။ ငြိမ်းချမ်းရေး တေးသီချင်းကို အော်ဆိုကြသည်။ ငြိမ်းချမ်းခြင်း ကိုလိုချင်ကြသည်။ ထိုသို့ပျော်နေ ကြသည့်အခိုက် မထင်မှတ်ဘဲ သြဂုတ်လ ၂၈ ရက်ညနေအချိန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်း ကောင်နှင့် မိုင်သုံးဆယ်ခန့်ဝေး သည့် ခိုတုန်းကျေးရွာအနီးနှင့် လွယ်လင်ကျေးရွာ အနီးတွင်စစ်ပွဲ တစ်ခု ဖြစ်ပျက်ခဲ့သည်ဟု သတင်း ဆိုးဝင်လာခဲ့သည်။

နောက်ဆုတ်တော့ စစ်

စစ်ပွဲကိုအလူးအလဲ ခံစားခဲ့ ဖူးသည့် ကလေးငယ်တစ်ယောက် အတွက် စစ်ဖြစ်သည်ဟုကြားရုံမျှ နှင့် ထိတ်လန့်နေခဲ့ရသည်။ ‘ကျွန်တော် စစ်ကိုကြောက် တယ်၊ မုန်းလည်း မုန်းတယ်။ စစ်နဲ့ စစ်ကို ဖြစ်အောင်လုပ်တဲ့ လူတွေ ကိုလည်းမုန်းတယ်”ဟု ဆိုလာ သူ က မေတ္တာအိုးဝေ စစ်ဘေးရှောင် စခန်းမှ မောင်စိုင်း အာကာဖြိုး ပင် ဖြစ်သည်။  မြန်မာ တစ်ပြည်လုံးရှိ နေရာ တော်တော်များများမှာ လက်ရှိအချိန်ထိမအေးချမ်းသေးပါ။ တချို့ကလေးများသည် မိဘမဲ့ ဖြစ်ခဲ့ကြရသည်။ တချို့ကျတော့လည်း မိဘ တွေ လည်း ရေကြည် ရာ မြက်နုရာ ကို သွားကြတော့သူတို့ ကလေး တွေကို ဒီမှာထားခဲ့တယ်ဟု စိတ် မကောင်းစွာ ပြောပြနေသူက မေတ္တာအိုးဝေ ပဲ့ကိုင်ရှင် ကို သန်း ဇော် ပင် ဖြစ်သည်။

၁၉၉ဝ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ပလောင်နှင့် ဖြစ်ခဲ့သည့် နမ့်စမ်တိုက်ပွဲမှာ တိုင်းပြည်အ တွက် ညာခြေတစ်ဖက် ပေးဆပ်ခဲ့ ရသည့် ဒုတပ်ကြပ် ဦးဂျန်ဟဲက လည်း ”ငြိမ်းချမ်းရေး ဆိုတာ တစ်ဖက်တည်း လှုပ်ရှားလို့မရဘူး။ စစ် ကို ဖြစ်အောင်လုပ်တာ နှစ်ဖက်ဖြစ် တဲ့အတွက် အဲဒီနှစ်ဖက်စလုံး တစ် ဖက်နဲ့ တစ်ဖက်စစ်မတိုက်တော့ရင် ကိုယ့် မိသားစုတွေနဲ့ကောင်းကောင်း မွန်မွန်နေရမယ်”ဟု တိုက်တွန်း ခဲ့သည်။  ”လူ့လောကမှာ နေရတဲ့ဘဝက တိုတိုလေးပါ။ မုန်းဖို့အချိန်မရှိဘူး။ တစ်ယောက်နဲ့ တစ်ယောက် ချစ် ချစ်ခင်ခင်နေကြပါလို့ မေမေက အမြဲပြောတယ်”ထိုစကားဆိုသူက ငြိမ်းချမ်းရေးတေးသံရှင် စောဖိုးခွားလည်းမဟုတ်သလို KBC Campအဖွဲ့သားများလည်း မဟုတ်ပါ။ တန့် ယန်းမြို့မှ ဆယ့်တစ်နှစ်အရွယ် သမီး နန်းကြည်စန်းပင်။

သမီးလေး နန်းကြည်စန်းကဲ့သို့ ယနေ့လူသားများ အသိ၊ သတိများ ရှိခဲ့ရင် ယနေ့ မြန်မာပြည်ကြီး သည်လည်း အေးချမ်းငြိမ်းချမ်းနေမည်ဖြစ်သည်။ ”ငြိမ်းချမ်းပါစေ မြန်မာပြည် ရှမ်းမြောက်” ခရီးစဉ်ကတော့ လာရှိုး၊ ကွတ်ခိုင်၊ တန့်ယန်း၊ ပြင်ဦး လွင်၊ မန္တလေးမြို့များသို့တစ်ရက် ပြီးတစ်ရက် ဆက်လက်ချီတက်ခဲ့ကြ သည်။ ကလေးများက စိတ်ဝင်စား သည့် ငြိမ်းချမ်းရေးစကားသံများ၊ တေး သီချင်းများ နောင်နှစ်များတွင်  ထို နေရာ၌ ငြိမ်းချမ်းရေးတေး သီချင်းအစား ငြိမ်းချမ်းရေးဂျိုးငှက် များ ပျံဝဲနိုင်ပါစေ။ထိုမှတစ်ဆင့် စင်မြင့်ထက် တွင် ကလေးငယ်တစ်ဦး၏ တစ်၊ နှစ်၊ သုံး  တိုင်ပင်အော်သံ အဆုံး ထောင်ပေါင်းများစွာသော ကလေး များက ”အမုန်းများရပ်” ဟု တစ် ညီတညွတ်တည်း အကျယ်လောင်ဆုံးဟစ်ေ အ်ာတောင်းဆိုသည့် အ သံက ခန်းမတစ်ခုလုံး တုန်ဟည်း သွားလေသည်။

    ထူးထူး