ကိုယ့်အား ကိုယ်ကိုး မြန်မာမျိုး

ကိုယ့်အား ကိုယ်ကိုး မြန်မာမျိုး
September 8, 2016 Asian Fame

2:49 pm
ကိုယ့်အား ကိုယ်ကိုး မြန်မာမျိုး

ယနေ့ကမ္ဘာကြီးကို ရွာကြီးတစ် ရွာဟု တင်စားကြသည်။ ရွာကြီးလေ ကိစ္စဝိစ္စတွေများလေ ပြဿနာတွေ များလေဟူသော သဘာဝကိုတော့ မေ့ထား၍ မရပေ။ မိသားစုထဲမှာပင် သားသမီး များသော ဆွေမျိုးအသိုင်းအဝိုင်းတွေ များသော မိသားစုသည် အသိုင်း အဝိုင်းနည်းသော မိသားစုနှင့်မတူ ပြဿနာတွေ ထူပြောလှကြောင်း လူတိုင်း သိကြသည်။ ယနေ့ တင်စားနေသော ကမ္ဘာ ရွာကြီးတွင် လူမျိုးပေါင်းစုံ တစ်ရာ့ တစ်ပါးရှိသည်။လူဖြူရှိသည်။လူဝါရှိသည်။ လူမည်းရှိသည်။ဘာသာပေါင်းစုံရှိသည်။ သူ့အသားအ ရောင် ကိုယ့်အသား အရောင် သူ့ စကားကိုယ့်စကား ကွဲပြားသလို စိတ်ထားလည်း အမျိုးမျိုး ကွဲပြား ကြသည်။ ဘာသာစကား၊ စိတ် ထားသာမက ဓလေ့စရိုက်လည်း ကွဲသည်။ ထိုသို့သော ကမ္ဘာ ရွာကြီးအတွင်း ပြဿနာပေါင်းစုံကို ညှိနှိုင်း ဖြေရှင်းပေးဖို့ ကုလသမဂ္ဂကြီးကို ဖွဲ့စည်းခဲ့ကြသည်။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးစမှာပင် တတိယ ကမ္ဘာစစ်တားဆီးရေး ဟူ သော ကောင်းမွန်သည့် ရည်ရွယ် ချက်ကြီးနှင့် ဖွဲ့စည်းခဲ့ကြသည်။

ယနေ့အထိ တတိယကမ္ဘာစစ် မဖြစ်သေး။ ကုလသမဂ္ဂဟူသော ပေါင်းစပ် ညှိနှိုင်းပေးရေး အဖွဲ့ကြီးဖွဲ့စည်းရ ကျိုးနပ်ပါသည်။ ပြဿနာဖြစ်လျှင် စစ်မီးပွားလေး စလျှင် ကမ္ဘာရွာကြီး အုပ်ချုပ်ရေး ညှိနှိုင်းဖြေရှင်းရေးအ ဖွဲ့သို့ တင်ပြသည်။အများစု ပါဝင်သော အဖွဲ့မှ ဆွေးနွေးကြ၊ အကြံပေးကြသည်။ ”နင်တော်” ”နင်တော်”ဟု တားဆီး ကြသည် ။ အောင်မြင်ကြ ပါသည်။ ပြဿနာများ ကြီးရာမှ သေးလာ သည်။ ကမ္ဘာစစ် မဖြစ်သေး။သို့သော် ကမ္ဘာရွာကြီးဆိုသည့် အတိုင်း ကြီးမားသော ရွာကြီးဖြစ် သည်။ ကြီးမားသော ရွာကြီးဖြစ်၍ ရပ်ကွက် ထဲမှာရှိသော အိမ်နီးချင်း ပြဿနာများကိုတော့ အသေးစိတ် သြဇာညောင်းဖို့ မလွယ်ကူကြောင်း သဘာဝအရ သိခဲ့ရသည်။ကုလသမဂ္ဂကြီး ဖွဲ့စည်းခဲ့ပြီး သော နှစ်ပေါင်း ခုနစ် ဆယ်ကျော် အတွင်း ရပ်ကွက်လိုက်၊ အုပ်စုကြီး လိုက်ဖြစ်ပွားမည့်ရန်ပွဲများကို တား ဆီးနိုင်ခဲ့သည်။ ညှိနှိုင်းနားချနိုင်ခဲ့ သည်။သို့သော် ရန်ပွဲကြီးများကို ထိန်းသိမ်းနေရချိန်မှာ အငြင်းပွား မှုလေးများ၊ ရန်ပွဲငယ်များကို အာရုံ မစိုက်နိုင်သော ဖြစ်စဉ်များလည်း ရှိခဲ့သည်။ အာရုံစိုက်မှု ရှိခဲ့သော် လည်း သြဇာသက်ရောက်မှု အား နည်းခဲ့သည်များလည်း ရှိခဲ့ သည်။ ကုလသမဂ္ဂ ညှိနှိုင်းဖြေရှင်းပေးမှုကို မနာခံသည်များလည်း ရှိခဲ့သည်။

mg-swe-thet
ကမ္ဘာရွာကြီးဆိုသည့်အတိုင်း ချမ်းသာသူ၊ြ<ွကယ်ဝသူ၊ အားကောင်း သူ၊ အားကြီးသူတွေရှိသည်။ အင် အားနည်းသူ၊ နွမ်းပါးသူတို့က အား ကြီးသူကို အားကိုးကြသည်။ အား ကိုးနှင့် မိုက်သူလည်းရှိသည်။ ထို သို့ လူမိုက်အားကိုးြ<ွကယ်ဝသူအား ကိုးနှင့် ဆိုးကြသူများဒဏ်ကို အိမ် နီးနားချင်းတို့ ခံကြရသည်။အိမ်နီးချင်းတစ်ဖက်ခြံမှ ဟင်းသီးဟင်းရွက် ကို တစ်ဖက်ခြံက ခွင့် မတောင်းဘဲခူးစားသည်။ ခြံစည်း ရိုးကို ဖြဲဝင်သည်။ ကြက်ဥခိုးစား သည်၊ ကြက်အကောင်လိုက် ခိုး စားသည်၊ အိမ်ရှင်က သိ၍ တား ဆီးသောအခါ ရန်ပြုသည် ။သူများခြံထဲ ခွင့်မတောင်းဘဲ ဝင်သည်။ ခိုးစားသောအဆင့်မှ လု စားသောအဆင့်ရောက်သည်။ တား ဆီးသောခြံရှင်နှင့်ရန်ဖြစ်သည်။ ထိုး ကြ၊ ကြိတ်ကြသည်။ ဤမျှ လွန်ကျူး လာသောအခါ ရွာသူကြီးကိုသွားတိုင်သည်။ နှုတ်ဖြင့်  ဖြန်ဖြေသည်၊ နှုတ်ဖြင့်တားဆီးသည်။ ခြံကျူး ကျော်သူ၊အစာရိက္ခာ လုစားသူတို့က ပြောစကားနားမေ ထာင် သော အခါ..ကိုယ့်နည်းနှင့် ကိုယ် ကျူးကျော်သူတစ်ဖက်လူ ထွက်ပြေး အောင် အင်အားသုံး တားဆီးရပေ တော့သည်။

ထိုအတွေ့အကြုံမျိုး ကျွန်တော် ကြုံခဲ့ရဖူးပါသည်။ စာရှုသူအားလုံး သိခဲ့မီခဲ့ကြပါသလားမသိ၊ မမီခဲ့၊ မ မြင်ခဲ့လျှင်လည်း ကြားဖူးကြမည် ဟု ထင်ပါသည်။ ၁၉၅ဝ ပြည့်လွ န်နှစ်များဆီက ဖြစ်ပါ၏။  ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်ကြီး ၁၉၄၈ ခုနှစ် ဇန်န ဝါရီလ ၄ ရက်နေ့တွင် လွတ်လပ် ရေး ကြီးရခဲ့ပါ၏။လွတ်လပ်ရေးနှင့် အတူ သောင်း ကျန်းမှုသမိုင်းစခဲ့သည်ဟု လူအ များသိကြပါ၏။ လွတ်လပ်ရေးကြီး မရမီ ဖဆပလကြီးကွဲခဲ့သည်ကို လူ အများသိကြပါ၏။ လွတ်လပ်ရေး ကြီးမရမီ အလံနီတွေ ဆူကြပူကြ သည်ဟု အချို့သိခဲ့ကြပါ၏။ ကွန် မြူနစ်တွေတောခိုသည်ကို သိခဲ့ကြ ပါ၏။ ပြည်တွင်း စစ်ကြီးဖြစ်သည် ကို သိခဲ့ကြပါ၏။သို့သော်လွတ်လပ်ရေးမရမီ အလံနီတို့ တရားဥပဒေမဲ့စွာ ဆန်လုပွဲတွေ ကျင်းပခဲ့ကြသည်။ သူခိုးကြီးတော့  ဓားပြ၊ ဓားပြကြီးတော့ သူပုန်ဟူ သော စာဆိုအတိုင်း ပျဉ်းမနား ဒေသဘက်မှာ ဆန်လုပွဲတွေ ပြင်း ထန်လာသောအချိန်မှာ –
သနက (၄) တပ်ရင်းမှူး ဗိုလ် မှူးနေဝင်း ဦးစီးလျက် သနက (၄)၊ သနက(၅)တို့ တပ်ခွဲ(၅)ခွဲပေါင်းစပ် ၍ Operation Flush Force ဟူ သောအမည်နှင့် အင်အားပြလိုက် လံရှင်းလင်းခဲ့ရသည်ကို သိသူ၊ ကြား ဖူးသူ ရှိ၊ မရှိ မသိ။ ရှိလျှင်လည်း အနည်းအပါးသာ ရှိမည်။

ဒုတိယကမ္ဘာစစ်ကာလက ဖြန့် ကျဲထားခဲ့သော ရခိုင်တိုင်းကျေးရွာ များရှိ လက်နက်များကိုကိုင်စွဲလျက် ရခိုင်တိုင်းအတွင်း မူဂျာဟစ်ဟူ သောဘာသာရေးသူပုန်ထ၍ သန က (၁)၊ သနက (၅)တို့ သွားရောက် နှိမ်နင်းကြရ သည်။ လွတ်လပ်ရေး မရမီက ဖြစ်ခဲ့ပါ၏။ဗိုလ်ချုပ်အောင်ဆန်းတို့ တောင်းဆို၍ သခင်နုလက်ထက် ရခဲ့သော လွတ်လပ်ရေးသည် အ တုအယောင် လွတ်လပ်ရေးဖြစ် သည်ဟုြေ<ွကးကြော်ပြီး ကွန်မြူနစ် တွေတောခိုသည်။ မြို့သိမ်း၊ ရွာ သိမ်းတိုက်ပွဲတွေ ဆင်နွှဲသည်။ ဝါဒ ရေးအရ အကြောင်းပြစရာမရှိသော တိုင်းရင်းသားအချို့ နယ်ချဲ့သွေးခွဲ ခဲ့မှုကြောင့် လက်နက်ကိုင်ဆူပူလာ သောအခါKNDO ဟု ပေါ်လာ သည်။၁၉၄၉ ခုနှစ်ဆန်းမှာ အင်း စိန်မြို့ကို သိမ်းပိုက်သည်။ မြစ်ဝ ကျွန်းေ ပ်ါမှာမြို့သိမ်း ရွာသိမ်း တိုက်ပွဲတွေ ဆင်သည်။ ရန်ကုန် မြို့လယ်ကောင် ဗိုလ်အောင်ကျော် လမ်းနှင့် အနော်ရထာလမ်းထောင့် ရှိ အစိုးရရုံးထဲမှာသာ လုံခြုံမှုရှိ သော မြန်မာ အစိုးရကို ”ရန်ကုန် အစိုးရ”ဟု ကမ္ဘာက ပြောင်လှောင် မှု ခံခဲ့ရပြီ။

ပြည်မြို့ရှိ ကရင်သနက (၂) က ပြည်မြို့ကို သိမ်းပြီး ရန်ကုန်သို့ ဦးတည်ဆင်းလာသည်။ တောင်ငူ မြို့ရှိ ကရင်သနက (၁)က မြို့ကို သိမ်းပြီး ရန်ကုန်သို့ ဦးတည်ဆင်း လာသည်။ အင်းစိန်ရှိKNDOတပ်များနှင့် ပေါင်း၍ ရန်ကုန်မြို့ကို  သိမ်းမည်ဟူသော စီမံချက်။ထိုအခြေအနေတွင် ပြည်ပသို့ ခေတ္တရှောင်ဖို့ သင့်မသင့် စဉ်းစား နေရသော ဦးနုအစိုးရကို အစိုးရရုံးစိုက်ရာ အတွင်းဝန်ရုံးထဲမှာနေပါ၊ ရန်ကုန်မြို့ကို ရအောင် ကာကွယ် ပါမည်ဟု ကာကွယ်ရေး ဦးစီးချုပ် က ကတိပေးကာ အသက်တွေ စတေး၍ တပ်မတော်က ပြန် တိုက် ခဲ့ရသည်။ထိုသို့ မြန်မာအစိုးရ (ရန်ကုန် အစိုးရမဟုတ်) ပတ်လည် လောင် မြိုက်နေသော မီးပေါင်းစုံကို ငြှိမ်း သတ်နေရသောကာလ မြန်မာမိသားစုတွေ စုဝေးနေ ထိုင် ကြသော ပြည်ထောင်စုရွာလေး အတွင်းသို့ ပြည်ပ ကျူးကျော်မှု စလာသည်။

၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ မော်စီတုန်းအစိုးရ တက်လာသောအခါ ချန်ကေရှိတ် တပ်များ စစ်ရှုံး၍ ထွက်ပြေးကြ သည်။ ယူနန်ပြည်နယ်မှ တစ် ဆင့် မြန်မာနို င်ငံထဲ ကျူးကျော်ခိုးဝင်လာ ကြသည်။ လက်နက်ကြီး လက်နက် ငယ်အပြည့်အစုံနှင့် ဝင်ရောက်လာ ကြသည်။ မြန်မာပြည် မြောက်ဖျား မှ တစ်ဆင့် ကိုးကန့်ဒေသ ‘ဝ’နယ်၊ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ မော် ချီးဒေသ၊ မွန်ပြည်နယ် ၊ တနင်္သာရီ ဒေသတို့သို့ တဖြည်းဖြည်း တိုးဝင်လာ သည်။ မြန်မာပြည်တောင်ဖျား ကရုပ္ပိ၊ ပငဒေသအထိ ဝင်ရောက် အခြေချလာသည်။၁၉၄၉၊ ၁၉၅ဝ၊ ၁၉၅၁ကာလ သည် မြန်မာ့တပ်မတော်အတွက် အသက်ရှူချိန်မရအောင် တိုင်းပြည် တည်ငြိမ်ရေး အစိုးရ အာဏာတည် မြဲရေး ကြိုးပမ်းကြရသော ကာလ ဖြစ်သည်။

ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်သားတို့ အသက်ဝဝ ရှူ၍ အိပ်ရေးဝခါစမှာ ကျူးကျော် သူ တရုတ်ဖြူတို့ကို တွန်းလှန်ချေ မှုန်းဖို့ ပြင်ဆင်ရသည်။ မြန်မာပြည်တောင်ဘက်ဖျား ထိတိုးဝင်လာသော ကရုပ္ပိ၊ ပင ဒေသရောက် တရုတ်ဖြူတို့ကို  တိုက်ထုတ်သည်။ မော်ချီးဒေသ ရောက် ရန်သူကို ချေမှုန်းသည်။ ရှမ်းပြည်တောင်ပိုင်း မိုင်းတုံ- မိုင်းဆတ်ဒေသ အထိ တိုးဝင်၍ အ ခြေခံနယ်မြေတည်ဆောက်နေသော တရုတ်ဖြူများကို ချေမှုန်းရေး ပြင် ဆင်မှုလုပ်ရသည်။ ၁၉၅၃ ခုနှစ် တွင် နဂါးနိုင်စစ်ဆင်ရေးစသည်။ ရန်သူ့အခြေ အနေလေ့လာရေး စစ် ဆင်မှုဖြစ်၍ စမ်းသပ်တိုက်ခိုက်ပြီး ရပ်လိုက်သည်။ သတင်းစုံရပြီ။ မြန်မာပြည်သူတွေ ကလည်း ပြည်ပ ကျူးကျော်သူကို လက်မခံ၊ သတင်းစာများကလည်း ဆန့်ကျင် ရေးသားကြသည်။ ထို ကျူးကျော် သူကို တွန်းလှန်ဖို့ မြန်မာ့တပ်မ တော်က စစ်ရေးလှုပ်ရှားမှုနှင့် ဟန် ချက်ညီစွာ နိုင်ငံရေးလှုပ်ရှားမှု လုပ် ရသည်။

ပြည်သူ့လွှတ်တော်မှာ ဆွေး နွေးကြသည်။တရုတ်ဖြူ ကျူးကျော်မှုရန် ကို ဖြေရှင်းပေးဖို့ ကုလသမဂ္ဂသို့ တရားဝင်တင်ပြ တောင်းဆိုရာ ၁၉၅၃ ခုနှစ် မတ်လ ၁ ရက် နေ့တွင် လွှတ်တော်က ဆုံးဖြတ် သည်။၁၉၅၃ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ထံ တရားဝင်စာရေး သား တင်ပြတောင်းဆိုလိုက် သည်။   မြန်မာနိုင်ငံ အတွင်း ကျူး ကျော် ဝင်ရောက်နေသော လက်နက်ကိုင် ‘ နိုင်ငံခြားသား တပ်ဖွဲ့ ‘ အားလုံး အမြန်ဆုံး ထွက်ခွာသွားရေးအဆိုကို မဲခွဲခဲ့ ရာ ၅၉ မဲ ထောက်ခံ၍ ကြား နေမဲ ၁ မဲနှင့် အတည်ပြုသည်။ကမ္ဘာရွာကြီး အတွင်း တစ် အိမ်မှတစ်အိမ်သို့ ကျူးကျော်ဝင် ရောက်စော်ကားနေမှုကို ရွာကြီး ကွပ်ကဲညှိနှိုင်းရေးအဖွဲ့က ‘ထွက် သွားစေ’ဟု ညွှန်ကြား သည်။ထို ကျူးကျော်သူတို့က နာခံ ခြင်း မရှိ၊ ဒေသခံလူထုကြား စိမ့်ဝင်ခိုနားနေခြင်း မဟုတ်၊ ပြောင်ပြောင်တင်းတင်းနေသည်။ အခိုင်အမာစစ် စခန်းဆောက် နေသည်။ လေ ယာဉ် ကွင်းဖောက် ထားသည်။ တရုတ်ဖြူ တပ်မမှူး ဗိုလ်ချုပ်လီမီက မိုင်းဆတ်မှနေ၍ ကွပ်ကဲသည်။ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို နားမထောင်၊ စစ်ရေးစီးပွားရေး အရ အေ ရှ့တောင်အာရှမှာ လွှမ်းမိုးနေသော တောသူကြီးကို အားကိုးနေသည်။

ကမ္ဘာရွာကြီးအတွင်း တစ် အိမ်စီ တစ်အိမ်စီ လုံခြုံရေး ဘယ်မှာလဲ၊ တိတ်တဆိတ် ခိုးဝင် သော သူခိုး၊ ပြောင်ပြောင်တင်း တင်းဝင်သော ဓားပြ ဘယ်သူမှ သည်းမခံနိုင်၊ တွန်း လှန်ရမည်၊ မောင်းထုတ်ရမည်ဟူသော စိတ် သည် မဟုတ်မခံသော ‘မြန်မာ့ အမျိုးသားစိတ်ဓာတ်’ ဖြစ်သည်။၁၉၅၃ ခုနှစ်တွင် နဂါးနိုင် စစ်ဆင်ရေး ၁၉၅၄ ခုနှစ်တွင် ဘု ရင့် နောင် စစ်ဆင်ရေး၁၉၅၅ ခုနှစ်တွင် ရန်ကြီး အောင် စစ်ဆင်ရေးဟူ၍ တပ်မ တော်မှ တပ်ရင်းပေါင်းများစွာ သည် လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူ၊ ဆက် သွယ် ရေး ၊ ထောက်ပံ့ရေး၊ အင်ဂျင် နီယာ စသည်တို့အပြင် မီဒီယာမှ သတင်းဖြန့်ချိမှုများ၊ စေတနာ့ဝန် ထမ်း လုပ်အားပေးများ စသည့် စည်းလုံးသော အင်အားနှင့် တက်ညီ လက်ညီ တိုက် ထုတ် သည်။

ကုလသမဂ္ဂဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိသော တရုတ်ဖြူ ကျူးကျော်သူတို့ အလောင်းများ ထားလျက် ထွက်ခွာသွားကြရ သည်။ မြန်မာသည် ကမ္ဘာရွာကြီးထဲ က အိမ် တစ်အိမ်ဖြစ်ပါ၏။ ပြည် ထောင်စုညီအစ်ကို မောင်နှမများ စုဝေးနေထိုင်သော ခြံကြီးဝင်း ကျယ်၊ ရိက္ခာဖူလုံသော ဥယျာဉ် ကြီးအလယ်မှ အိမ်ကြီးဖြစ်ပါ၏ ။မြန်မာ့ သမိုင်း မြန်မာတို့ ထိန်းရပါမည်။ လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်ကျော်က သမိုင်းသည် မြန်မာ့သမိုင်း ဖြစ်ပါ ၏။ ယနေ့ ၂ဝ၁၆ ခုနှစ် သမိုင်း သည် မြန်မာ့သမိုင်းဖြစ်ပါ၏။ အနာဂတ်သမိုင်း သည် မြန်မာ့ သမိုင်းဖြစ်ပါ၏။

အသက် ရှစ်ဆယ်ကျော် စာ ရေးသူအဖိုးကြီးတစ်ယောက်က မှတ်မိသမျှ၊ ဖတ်မိသမျှ ရေးသား မိသော မှတ်တမ်းတစ်ခုအား ကိုယ့် ထက်ငယ်ရွယ်သူ များအတွက် ဖော်ပြလိုက်ရ ပါ၏။ယနေ့သမိုင်းနှင့် အနာဂတ် သမိုင်းသည် အသက်ရှစ်ဆယ် အောက် ကိုယ့်ထက်ငယ်သူများ ၏ လက်ထဲတွင်သာ ရှိမည်ဖြစ် ပါ၏။ ကိုယ့်သမိုင်းကိုယ် ရေးကြ ပါကုန်။

မောင်ဆွေသက်