နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနား တက်ရောက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနား တက်ရောက်
September 7, 2016 Asian Fame

10:45 am
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနား တက်ရောက်
Daw Su (Lao)

photo -AFP

ရန်ကုန်၊ စက်တင်ဘာ ၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် (၂၈)ကြိမ်နှင့် (၂၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ပွဲနှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားသို့ စက်တင်ဘာလ ၆ ရက်က တက်ရောက်သည်။  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ခေါင်းဆောင်ေ သာ မြန်မာကိုယ်စား လှယ်အဖွဲ့သည် (၂၈) ကြိမ်မြောက်နှင့် (၂၉) ကြိမ် မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက် ရန်၊ ဗီယန်ကျင်းမြို့သို့ အထူးလေယာဉ်ဖြင့် စက်တင် ဘာလ ၆ ရက်က ရောက်ရှိသည်။

14207813_10202096238164225_7855299547049459828_o

Photo – AFP

ယခု ကျင်းပပြုလုပ်မည့် (၂၈) ကြိမ်မြောက်နှင့် (၂၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး များနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများအပြီးတွင် အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား လာအိုနိုင်ငံမှ ဖိလစ်ပိုင် နိုင်ငံသို့ လွှဲပြောင်းပေးအပ် မည် ဖြစ်သည်။

Photo -AFP