လာမည့် ဆန္ဒခံယူပွဲ နောက်ပိုင်း အာဏာဆက်မယူလိုဟု ထိုင်းဝန်ကြီးချုပ် ဆို

လာမည့် ဆန္ဒခံယူပွဲ နောက်ပိုင်း အာဏာဆက်မယူလိုဟု ထိုင်းဝန်ကြီးချုပ် ဆို
September 6, 2016 Asian Fame

9:10 am
လာမည့် ဆန္ဒခံယူပွဲ နောက်ပိုင်း အာဏာဆက်မယူလိုဟု ထိုင်းဝန်ကြီးချုပ် ဆို
In Articles, Election, Politics

လာမည့် ဆန္ဒခံယူပွဲ နောက်ပိုင်း အာဏာဆက်မယူလိုဟု ထိုင်းဝန်ကြီးချုပ် ဆို

bkk-post-01

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာ ယွတ်ချန်အိုချာက လာမည့်ဆန္ဒခံယူပွဲအ ပြီးတွင် အာဏာဆက်ယူရန် မစဉ်းစားရ သေးကြောင်း ဆိုသည်။ အမျိုးသားဥပဒေပြုရေးအဖွဲ့ (NLA)  နှင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးအဖွဲ့ (NRSA) အဖွဲ့ဝင်များက ဆန္ဒခံယူပွဲရလဒ် မည်သို့ရှိ သည်ဖြစ်စေ နိုင်ငံ့အာဏာဆက် ယူထားရန် တိုက်တွန်းမှုကို ¤င်းကယခုကဲ့ သို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။ ရွေးကောက်တင်မြှောက်ခြင်း မခံရ ဘဲ ၁၉၈ဝ မှ ၁၉၈၈ အထိ ၈ နှစ်အကြာ နိုင်ငံ့အာဏာရယူခဲ့သည့် ဗိုလ်ချုပ်ကြီး ပရမ်တင် ဆူလန်နွ န်ဒါထုံး နှလုံးမူရန် ၄င်းကို ထောက်ခံသူများက ပြောဆိုမှုကို ဝန်ကြီးချုပ် ပရာယွတ်က ပယ်ချခဲ့ခြင်းဖြစ် သည်။ NRSA အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဘွန် ပေါင်ဆာကာပီက ထိုင်းစစ်ဘက်အနေ ဖြင့် နိုင်ငံတည်ငြိမ်ရေးအတွက် နိုင်ငံရေး ပါတီဖွဲ့သင့်ေ ကြာင်း ဆိုသည်။ ”ဒါမျိုးလုပ်ဖို့ ကျွန်တော့်မှာ စိတ်ကူး မရှိပါဘူး။ နိုင်ငံကို ထိန်းသိမ်းနေရတဲ့အ ချိန်မှာ ကျွန်တော့်အလုပ်ကိုပဲ ကျွန်တော် စူးစိုက်နေရပါ တယ်။ ဥပဒေတချို့တလေ ပြဋ္ဌာန်းလို့ မပြီးသေးပါဘူး။ ဒီိကိစ္စကိုပဲ ခေါင်းထဲ ထည့်ထားရအောင်ပါ” ဟု ဝန် ကြီးချုပ်က ဆိုသည်။ ဒီမိုကရေစီနည်းလမ်းဖြင့် အာဏာ ဆက်ယူလို မယူလိုကို သတင်းထောက် များက မေးမြန်းရာ၌ ၄င်းက မီဒီယာများ အနေဖြင့် သူ့ပြော စကားကို အဓိပ္ပာယ် ကောက်လွဲပုံရကြောင်း ဆိုသည်။ နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ပြု ပြင်ပြောင်းလဲရေးကိုသာ ထည့်သွင်းစဉ်း စားနေကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။ ဒီမိုကရက်တစ်ပါတီ ဒုတိယခေါင်း ဆောင် နီပစ်အင်တာရာဆို ဘက်က ဝန်ကြီးချုပ်အနေဖြင့် ၄င်း၏ ကျော်ကြား မှုကို သုံး၍ နိုင်ငံရေး ပါတီ ထောင်ကောင်း ထောင်နိုင်မည်ဖြစ်သော်လည်း ရွေး ကောက်ပွဲအပြီး မည်သို့ဆက်စခန်းသွား ရမည်ကို စဉ်းစားသင့်ကြောင်း ဆိုသည်။ ဝန်ကြီးချုပ် ပရာယွတ်က ဝန်ကြီး အဖွဲ့အတွင်း ရာထူးအပြောင်းအလဲများ လုပ်မည်ဖြစ်ပြီး လိုအပ်သည့် ဝန်ကြီးဌာန များတွင် ဒုတိယ ဝန်ကြီးများ ခန့်အပ်တာ ဝန်ပေးသွားမည်ဟု ဆိုသည်။ ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်ဟိုချာ သည် ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင် နာဝပ်ထရာထံမှ အာဏာမသိမ်းမီ ထိုင်း နိုင်ငံ၏ ကာကွယ်ေ ရးဦးစီးချုပ်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် မေလ ၂၂ ရက်နေ့မှစ၍ ယနေ့အထိ ဝန်ကြီးချုပ်တာဝန်ကို ထမ်း ဆောင်လျက်ရှိသူ ဖြစ်သည်။

TTBT
Ref:Bangkok Post
Prayut Chanocha’s  Wikipedia

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*