မြောက်ကိုရီးယား ပြဿနာ နှင့် တရုတ် အကျပ်အတည်း

မြောက်ကိုရီးယား ပြဿနာ နှင့် တရုတ် အကျပ်အတည်း
September 2, 2016 Asian Fame

11:50 am
မြောက်ကိုရီးယား ပြဿနာ နှင့် တရုတ် အကျပ်အတည်း

  သြဂုတ်  လ ၂၄ ရက်မှာ မြောက်ကိုရီးယား

edd

 ရေငုပ်သင်္ဘောတစ်စင်းက ပဲ့ထိန်း ဒုံကျည်စမ်းသပ် ပစ်လွှတ်လိုက် တယ်။ ဒီလိုပစ်ခတ်မှုဟာ တောင်မြောက် နယ်စပ်မှာ ပြုလုပ်နေတဲ့ တောင်ကိုရီးယား နဲ့ အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တာလို့ မြောက်ကိုရီးယားကဆိုတယ်။ တောင်ကိုရီးယား ဦးစီးချုပ်ရုံးက ဒီ ပစ်ခတ်မှုဟာ ကိုရီးယားကျွန်းဆွယ်အတွက် စိုးရိမ်ရတဲ့ စိန်ခေါ်မှုတစ်ခုလို့ ထုတ်ပြန်လိုက်တယ်။ အခုပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်း ဒုံးကျည်ဟာ ဂျပန်နိုင်ငံရဲ့Air Defense Identification Zone မှာ ကျရောက်သွား တယ်။ ဂျပန်ဝန်ကြီးချုပ်ကတော့ ဒီစမ်း သပ်ပစ်ခတ်မှုကို အဆင်အခြင်ကင်းတဲ့ပြုမူချက် လို့ဆိုပြီး ဂျပန်နိုင်ငံအတွက် အလေးအနက် ထားရမယ့် ခြိမ်းခြောက်မှုလို့ သတ်မှတ်တယ် ။အခု ရေငုပ်သင်္ဘောကပစ်လွှတ်တဲ့ ပဲ့ထိန်း ဒုံးကျည်ဟာ မိုင် ၃ဝဝ ကျော် ပျံသန်းပြီး ဂျပန်နိုင်ငံရဲ့ လေကြောင်းလုံခြုံရေးကိုထိန်း သိမ်းဖို့ ကန့်သတ်ထားတဲ့ဒေသအတွင်းကို ကျသွားခဲ့တယ်။ မြောက်ကိုရီးယားရဲ့ ရေ ငုပ်သင်္ဘောက ပဲ့ထိန်းဒုံးကျည် ပစ်လွှတ် နိုင်တဲ့ နည်းပညာမြင့်မားတိုးတက်လာတာ ကို သက်သေပြလိုက်တယ်။ မြေပြင်အခြေ စိုက်ပဲ့ထိန်း ဒုံးကျည်များနဲ့မတူဘဲ ရေ အောက်က တိတ်တဆိတ် ထိုးဖောက်ခရီး ရှည်တက်နိုင်တဲ့ ရေငုပ်သင်္ဘောကပစ်လွှတ် နိုင်တာကြောင့် အခုပစ်လွှတ်တဲ့KN 11 ဒုံးကျည်က မြောက်ကိုရီးယားရဲ့ နျူကလီး ယားလက်နက်နဲ့ တိုက်ခိုက်နိုင်စွမ်း ခြိမ်း ခြောက်မှုကို နောက်အဆင့်တစ်ခုကိုရောက် သွားစေတယ်။ နျူကလီးယား တိုက်ခိုက်မှု ဖြစ်ပွားလာရင် ကိုရီးယားကျွန်းဆွယ်နဲ့ဝေး ကွာတဲ့ ပစ်မှတ်များ ကို မြောက်ကိုရီးယား က တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိသွားတယ်။

ပဲ့ထိန်းဒုံးကျည်မှာ တပ်ဆင်နိုင်လောက် အောင် အရွယ်သေးငယ်တဲ့ နျူကလီးယား လက်နက်ထိပ်ဖူးမျိုးကို ဒီနှစ်အတွင်းမှာ ထုတ်လုပ်နိုင် စွမ်းရှိမယ်လို့ မြောက်ကိုရီးယား က ကြေညာပေမယ့် နိုင်ငံတကာက ကျွမ်းကျင်သူများကတော့ ခိုင်မာတဲ့ အထောက်အထားမရှိ ဘူးလို့ဆို တယ်။ကုလသမဂ္ဂ က မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးကျည် နဲ့ နျူကလီး ယား နည်းပညာ အသုံးချမှု ပိတ်ပင်ထားတယ်။ သြဂုတ်လဆန်း ပိုင်းကလည်း မြောက်ကိုရီးယား ပိုက်နက် မြေပြင်က ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည်ဟာ ဂျပန်နိုင်ငံ ရဲ့ပင်လယ်ပြင် စီးပွားရေးပိုင် နက်ဇုန်မှာ ကျရောက်ခဲ့တယ်။ မြောက်ကို ရီးယား က ဒုံးကျည်အန္တရာယ်ကို ကာကွယ် ရေးအတွက် တောင်ကိုရီးယားမှာ ဒုံးကျည် ကာကွယ်ရေး စနစ်တပ်ဆင်ဖို့ အမေရိကန် နဲ့ တောင်ကိုရီးယားတို့ ဇူလိုင်လအတွင်းက သဘောတူညီ ခဲ့တာကို တုံ့ပြန်တာ လို့ဆိုတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ အကြား သဘောတူညီခဲ့ တဲ့ Terminal High Altitude Area Defense ဟာ တရုတ် နဲ့ ရုရှားနိုင်ငံများကိုပါ ဂယက်ရိုက်သွားတယ်။THAAD ရဲ့ ရေဒါစနစ်ဟာ မြောက် ကိုရီးယားက ပစ်လွှတ်တဲ့ ဒုံးကျည် များသာ မက တရုတ်နဲ့ရုရှားကပစ်လွှတ်တဲ့ ဒုံးကျည် များကိုပါ ထောက်လှမ်းနိုင်တယ်။ ဥရောပမှာ ရုရှားနဲ့အမေရိကန်အကြား အငြင်း ပွားခဲ့ရတဲ့ ဒုံးကျည်ကြို တင်အချက်ပေးစနစ် က တရုတ်နိုင်ငံအနီး ရောက်လာသလိုဖြစ် နေတာကြောင့် ရုရှားနဲ့ တရုတ်ကလည်း THAAD စနစ် တောင်ကိုရီးယားမှာတပ်ဆင် မယ့်အရေးကို ဆန့်ကျင် ကန့်ကွက် ခဲ့ကြ တယ်။

တရုတ်နိုင်ငံအနေနဲ့ THAAD စနစ် ချထားမှာကို ဆန့်ကျင်ပေမယ့် မြောက်ကို ရီးယားရဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာ၊ နျူကလီးယား လက်နက် စမ်းသပ် တာ၊ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ် လွှတ်တာတို့ဟာ မြောက်ကိုရီးယားရဲ့ တစ် နိုင်ငံတည်းသော မဟာမိတ်ဖြစ်တဲ့ တရုတ် နိုင်ငံအတွက် ပြဿနာတစ်ရပ်ဖြစ်နေ တယ်။ ကမ္ဘာ့ စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်လာတဲ့ တရုတ်နိုင်ငံရဲ့ အဓိကကုန်သွယ် ဘက်ဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ လုံခြုံရေးကို မြောက်ကိုရီးယားရဲ့ မဆင် မခြင်လှုပ် ရှား မှုတွေက ခြိမ်းခြောက်နေ တယ်။ ဒီခြိမ်းခြောက်မှုများကြောင့် ဂျပန်နဲ့ တောင်ကိုရီးယားတို့က အမေရိကန်စစ် အင်အားကို ပိုမိုမှီခိုအားကိုး လာရ တယ်။ မြောက်ကိုရီးယားနဲ့ တ ရုတ်အကြားက ဆက်ဆံရေးဟာလည်း တမူထူးခြားတဲ့ဆက် ဆံရေးဖြစ်နေပြန်တယ်။ တရုတ်ရဲ့အထောက် အပံ့ ခံနိုင်ငံ ဖြစ်နေပေမယ့် မြောက်ကိုရီး ယားရဲ့ အပြုအမူတို့မှာ တ ရုတ်အနေနဲ့ အတိုင်းအတာ တစ်ခုအထိသာ သြဇာညောင်း နိုင်တယ်။ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ် မှာ မြောက်ကိုရီးယားကြောင့် တရုတ် မျက်နှာပျက်ခဲ့တာ အကြိမ် ကြိမ်ဖြစ်ခဲ့တယ်။ မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ အမေရိကန်ဦးဆောင်တဲ့ အင် အားစုက လိုလားသလို နိုင်ငံရေး၊ စီးပွား ရေး၊ စစ်ရေး ပိတ်ဆို့မှုမျိုး လုပ်လာရင် လည်း မြောက်ကိုရီးယားက တောင်ကိုရီးယားကို တိုက်ခိုက်နိုင်တဲ့ အန္တရာယ်ရှိသလို စီးပွားရေး ချွတ်ခြုံကျနေတဲ့ မြောက်ကိုရီးယားနိုင်ငံ ပြိုကွဲသွားနိုင်တဲ့ ဖြစ်နိုင်ခြေ ရှိနေတယ်။

 မြောက်ကိုရီးယားကို ဝိုင်းဝန်းအရေး ယူလို့ မြောက်ကိုရီးယား အစိုးရပြုတ်ကျ သွားနိုင်တဲ့ ဖြစ်နိုင်ခြေကိုလည်း တရုတ် နိုင်ငံအနေနဲ့ လက်မခံလို့ မဖြစ်ဘူး။ မြောက်ကိုရီးယားနို င်ငံ ပြိုကွဲသွားနိုင် တဲ့ ဖြစ်နိုင်ခြေကြောင့် တရုတ်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားကို ဖိအားပေးလို့ မဖြစ် နိုင်တဲ့ အကြောင်းရင်း ၂ ခုရှိတယ်လို့ အများသိကြတယ်။ ပထမ အကြောင်းက လုံခြုံရေး၊ စီးပွားရေးနဲ့ လူထုကျန်းမာရေး ဖြစ်တယ်။ မြောက်ကိုရီးယားနိုင်ငံ ပြိုကွဲသွားရင် သန်းနဲ့ချီတဲ့ မြောက်ကိုရီးယားဒုက္ခ သည်တွေ တရုတ်နိုင်ငံ အေ ရှ့မြောက်ဘက် ကို ရောက်လာမှာဖြစ်တယ်။ ဒီဒုက္ခသည် တွေ သယ်ဆောင်မယ့် ပြဿနာတွေဟာ ဘယ်နိုင်ငံအတွက်မဆို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲတဲ့ အတိုင်းအ တာ ဖြစ် လာနိုင်တယ်။ဒုတိယအကြောင်းကတော့ နိုင်ငံတကာ လုံခြုံရေး စိန်ခေါ်မှုဖြစ်တယ်။ မြောက်ကိုရီး ယားပြိုကွဲသွားရင် အမေရိကန်မဟာမိတ် အင်အားစုနဲ့ တရုတ်နိုင်ငံအကြားက ကြားခံ နယ်မြေ ဆုံးရှုံးမှာဖြစ်တယ်။

အမေရိကန်ရဲ့ မဟာမိတ် တောင်ကိုရီးယားက လစ်ဟာသွားတဲ့ မြောက်ကိုရီးယား အစိုးရနေရာမှာ ဝင်ရောက်လာပြီး နှစ်နိုင်ငံပေါင်း စည်းသွားကာ တောင်ကိုရီးယား ရဲ့မဟာမိတ် အမေရိကန်စစ်တပ် ဟာလည်း မြောက်ကိုရီးယားမြေပေါ် ရောက်လာစရာရှိတယ်။ အမေရိကန်စစ်တပ် တရုတ် နယ်စပ်မှာရောက်လာတဲ့ အန္တရာယ် ကြောင့် ၁၉၅ဝ ပြည့်နှစ် ကိုရီးယား စစ်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရ တဲ့ တရုတ်နိုင်ငံအတွက် ဒီဖြစ်နိုင် ခြေကို ရှောင်ရှားရမှာဖြစ်တယ်လို့ မြင်ကြတယ်။အမေရိကန် ဒု လက်ေ ထာက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ThomasJChristensenကတော့ ဒီအကြောင်းပြချက် ၂ ခုလုံးကို ကိုင်တွယ်ဖြေရှင်းလို့ရနိုင်တဲ့ ပြဿ နာလို့ ဆိုတယ် ။ မြောက်ကိုရီးယား လူဦးရေ သန်း ၂ဝ ဟာ ရှန်ဟိုင်းမြို့ လူဦးရေလောက်သာရှိတယ်။တရုတ် နိုင်ငံဘက်ကို ထွက်ပြေးလာမယ့် ဒုက္ခသည်တွေကို တရုတ် နယ် စပ် မြောက် ကိုရီးယား နယ်မြေ အတွင်း က ဒုက္ခသည်စခန်းများမှာသာ ထိန်းသိမ်းထားဖို့က မဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ မြောက်ကိုရီးယား အစိုးရပြိုကွဲသွားပြီးဖြစ်လို့ သံတမန် ရေးရာ မျက်နှာပျက်စရာ မ ရှိတော့ တာကြောင့် ဒုက္ခသည်များအတွက် ကုလသမဂ္ဂအကူအညီကိုလည်း ယူနိုင်မှာဖြစ်တယ်။

တရုတ်နယ်စပ်မှာ အမေရိကန် စစ်တပ်ချထားနိုင်ရင်လည်း ၁၉၅ဝ ပြည့်နှစ်ကလိုမျိုး အမေရိကန် ကျူးကျော်မှုကို စိုးရိမ်စရာမလိုတော့ အောင်တရုတ်နိုင်ငံရဲ့စစ်အင်အား၊ ဓနအင်အားတောင့်တင်းနေတယ်။ မော်စီတုန်း ကွယ်လွန်ပြီးနောက် ပိုင်း ဈေးကွက် စီးပွားရေးစနစ် ပြောင်းလဲကျင့်သုံးခြင်းရဲ့အကျိုးဆက် ဖြစ်တယ်။ အမေရိကန် နဲ့ တောင် ကိုရီးယားအတွက်လည်း စီးပွား ကုန်သွယ်ဘက် တရုတ်နိုင်ငံကို စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်လို့ အကျိုးအမြတ်မရနိုင်တာ ထင်ရှား နေတယ် ။တရုတ်နိုင်ငံ အတွက် မြောက် ကိုရီးယားနိုင်ငံ ပြိုကွဲမသွားစေလို တဲ့ အဓိက အကြောင်းရင်းက တရုတ်ပြည်တွင်းနိုင်ငံရေး ဖြစ်နေ တယ်လို့ Thomas J Christensen u The China Challenge မှာ သုံးသပ်ထားတယ်။၁၉၅ဝ ပြည့်နှစ် ဇွန်လမှာ မြောက်ကိုရီးယားက တောင်ကိုရီး ယားကို ဝင်ရောက်တိုက်ခိုက်ပြီး ကိုရီးယားစစ်ပွဲ စတင်ခဲ့တယ်။ ကုလသမဂ္ဂက မြောက်ကိုရီးယား ကျူးကျော်တိုက်ခိုက်တယ်လို့ သတ်မှတ်တယ်။ အမေရိကန် ဦး ဆောင်တဲ့ ကုလသမဂ္ဂ တပ်က တောင်ကိုရီးယား ဘက်က ဝင်ရောက် တိုက်ခိုက်သလို တရုတ်ကလည်း မြောက် ကိုရီးယားဘက်က ကူညီ တိုက်ခိုက်တယ်။ ၁၉၅၃ ခုနှစ် ဇူလိုင်လမှာ အပစ်အခတ် ရပ်စဲခဲ့ ပေမယ့် ယနေ့တိုင် တရားဝင် မပြီး ဆုံးသေးတဲ့ စစ်ပွဲဖြစ်နေတယ်။

ကိုရီးယားစစ်ပွဲဟာ တရုတ် ကွန်မြူနစ်ပါတီကို တရုတ်အမျိုး သားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်တဲ့အင်အားအဖြစ် ဂုဏ်မြင့်စေတယ်။ တရုတ်ပြည်သူ့ လွတ်မြောက်ေ ရးတပ်မတော်အတွက် ဂုဏ်ယူစရာသမိုင်းလည်းဖြစ်တယ်။တရုတ် ကွန်မြူနစ်ပါတီအနေ နဲ့ ၁၉၄၉ ခုနှစ် နိုင်ငံ ထူထောင်ခဲ့တဲ့ မော်စီတုန်းရဲ့အမွေအစဉ်အလာ ကို ဆက်ခံ တယ်။ မော်စီတုန်းဟာ လုပ်မှားကိုင်မှားရှိခဲ့ပေမယ့် တရုတ် နိုင်ငံကို ကိုယ့်ခြေထောက်ပေါ်မှာ ပြန်လည်ရပ်တည်နိုင်စေပြီး အင် အားကြီးနိုင်ငံရဲ့ လွှမ်းမိုးဝါးမျိုမှုက ကာကွယ် ခဲ့တယ်လို့ မြင်ကြတယ်။ နောင်တစ်ချိန်မှာ တိန်ရှောက်ဖိန်နဲ့ နောက်ပိုင်းဆက်ခံသူများက အင်အားကြီးမားတဲ့ တရုတ်နိုင်ငံထူ ထောင်နိုင်ဖို့ အခြေခံတည်ေ ဆာက်ပေးခဲ့တယ်။ ကိုရီးယားစစ်ပွဲမှာတရုတ်ရဲ့အောင်ပွဲဟာ မော်စီတုန်း ကို မဟာခေါင်းဆောင်ဖြစ်ကြောင်း သက်သေပြထားတယ် ။တရုတ်စေတနာ့ဝန်ထမ်းစစ်သည် တစ်သန်းလောက်ေ သကျေ ဒဏ်ရာရခဲ့တဲ့ ကိုရီးယားစစ်ပွဲမှာ မော်စီတုန်းခေါင်းဆောင်မှု အောက်က တရုတ်စစ် သည်တွေဟာ တရုတ်နိုင်ငံနဲ့အတူ မှန်ကန် တဲ့ မြောက် ကိုရီးယားရဲ့ ရပ်တည်မှု ကိုပါ ပြည်ပရန်ကကာကွယ်ခဲ့တယ် လို့ ခံယူထားတယ်။ အခုအချိန် မှာမှ မြောက် ကိုရီးယား အစိုးရပြိုလဲ မှုကို ခွင့်ပြုလိုက် ရင် မော်စီ တုန်းနဲ့ ပြည် သူ့ လွတ်မြောက်ရေး တပ် မတော်တို့ရဲ့ကြီးမြတ်တဲ့အစဉ်အလာ ကို ထိခိုက်စေမှာဖြစ်တယ်။

 မြောက်ကိုရီးယားခေါင်း ဆောင်ကင်အီဆွန်းရဲ့မနိုင်ဝန် ထမ်းပြီး တောင်ကိုရီးယားနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံပါ ကိုရီးယားစစ်ပွဲမှာ ဝင်ရောက် တိုက်ခိုက်ခဲ့ရတယ်။ ဒီ တိုက်ခိုက်မှုကို မီးစိမ်းပြခွင့်ပြုခဲ့တဲ့ မော်စီတုန်းမှာလည်း တာဝန်ရှိ ကြောင်းကို ပြန်လည်ဖော်ထုတ် လာရင် မော်စီတုန်းရဲ့ တရုတ်ပြည် သစ်မှာ စီးပွားရေး ၊ နိုင်ငံရေး၊ စစ် ရေးခေါင်းဆောင်မှုပေးခဲ့တဲ့ အစဉ် အလာကိုလည်း ထိခိုက်စေမှာဖြစ် တယ်။တရုတ်ပြည်သူ့ လွတ်မြောက် ရေးတပ်မတော်အတွက်လည်း အမေရိကန် နယ်ချဲ့တို့ ကို အောင်ပွဲ ခံခဲ့တယ်ဆိုတဲ့ ကိုရီးယားစစ်ပွဲက လွဲရင် နိုင်ငံတကာအဆင့် စစ်ပွဲ ကြီး ၂ ပွဲသာ တိုက်ခဲ့တယ်။ ၁၉၆၂ ခုနှစ် တရုတ်အိန္ဒိယ နယ်စပ်စစ်ပွဲ မှာ အောင်ပွဲရ ခဲ့တာက လည်း အခြားတတိယကမ္ဘာနိုင်ငံအပေါ် အနိုင်ရတာဖြစ်နေတော့ ကြီးကြီး ကျယ်ကျယ်အောင်ပွဲခံစရာ မဟုတ် ဘူး။ ၁၉၇၉ ခုနှစ်မှာ ဗီယက်နမ်ကို သင်ခန်းစာပေးဖို့ ဝင်ရောက် တိုက် ခိုက်ခဲ့တာကလည်း ကွန်မြူနစ်နိုင်ငံ အချင်းချင်းအကြားက စစ်ပွဲဖြစ်နေ တယ်။ မြောက်ကိုရီးယားကို ကယ် တင်ပြီး အမေရိကန်နယ်ချဲ့ အင် အားစုကို အနိုင်ယူ ခဲ့တဲ့ ကိုရီးယား စစ်ပွဲကသာ တရုတ်ပြည်သူ့ လွတ် မြောက်ရေးတပ်မတော်အတွက် ဂုဏ်ယူဝံြ့<ွကားစရာရှိနေတယ်။

ဒီအချက်တွေဟာ တရုတ် ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့လွှတ် မြောက်ရေး တပ်မတော်တို့အ တွက် အမေရိကန်နဲ့ ဘက်တစ်ဖက် တည်းမှာရပ်တည်ပြီး မြောက်ကို ရီးယားကို ဒဏ် ခတ်ထိန်းချုပ်ဖို့ ခက်ခဲသွားစေတယ်။ မိမိအဖွဲ့အစည်း ရဲ့ဂုဏ်သိက္ခာကို မထိခိုက်စေဘဲ တရုတ်ပြည်သူတို့ လက်ခံနိုင်တဲ့ အကြောင်းပြဖို့ဟာ မဖြစ်နိုင် လောက်တဲ့အခြေ အနေရောက် သွားတယ်။ဒါကြောင့် တရုတ်ကွန်မြူနစ် ပါတီနဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဂုဏ်သိက္ခာ မထိခိုက် စေဖို့ နဲ့ မြောက်ကိုရီးယား ဘက်က ရပ်တည်ခဲ့တာမှ န်ကန်တဲ့အကြောင်း သက်သေပြဖို့အတွက် မြောက်ကို ရီးယားနိုင်ငံရေရှည် တည်တံ့ရေးနဲ့ သာယာဝပြောရေးတို့က အရေးပါလာတယ်။တရုတ်နိုင်ငံ အတွက် မြောက်ကိုရီးယား ဟာ ဘယ်နေရာမှာမှ ချ ထားလို့မရတာကြောင့် ရင်မှာ ပိုက်ထားရတဲ့ ဗြဟ္မာခေါင်းဖြစ်နေ တယ်။

နိုင်ဦးဆွေ