အမှန်တရားအများမသိ

အမှန်တရားအများမသိ
September 2, 2016 Asian Fame

10:05 am
အမှန်တရားအများမသိ

ဘုရင်ကြီးတစ်ပါး အုပ်ချုပ် မင်းလုပ်တဲ့ တိုင်းပြည်တစ်ပြည်မှာ ပညာရှင်ကြီးတစ်ယောက် ရှိခဲ့ဖူး တယ်။ ပညာရှင်ဆိုတဲ့အတိုင်း ပညာရပ်တွေ ကျမ်းစာအုပ်တွေနဲ့ပဲ အချိန်ကုန်နေလေတော့ကာ ချမ်း ချမ်းသာသာလည်း မရှိရှာပါဘူး။ ဘုရင်ကြီးကလည်း တိုင်းတစ်ပါးက ပညာရှင်တွေကိုပဲ အထင်ကြီး အ ရေးပေးလေတော့ကာ မင်းပေါက် စိုးပေါက်လည်း မရှိရှာပါဘူး။ သို့ ပေမယ့် ပညာရှင်ကြီးကလည်း ငွေ ကြေးဂုဏ်တွေ ရာထူးဂုဏ်တွေကို စိတ်ဝင်စားတယ် မဟုတ်လေတော့ ကာ သူဝါသနာပါရာတွေကိုပဲ တကုပ်ကုပ်နဲ့ လုပ်နေတာပါပဲ။ဒီလိုနဲ့ပဲ တစ်နေ့သ၌မတော့ အဲဒီပညာရှင်ကြီးအကြောင်းကို ဘုရင်ကြီး သိသွားတော့တယ်။ ဒီ မှာတင်ပဲ ဘုရင်ကြီးဟာ ပညာရှင် ကြီးကို နန်းတွင်းခေါ်ပြီး သူ အရင် လုပ်နေကျအတိုင်း ပညာစမ်းဖို့ ကြံစည်တော့တာပါပဲ။

hat kar
ဘုရင့် အထောက်တော်တွေ ဆီကရတဲ့ ပညာရှင်ကြီးအကြောင်း ကျော်စောသတင်းတွေကို သိထား တဲ့ နန်းတွင်းအရာရှိကြီးတွေက တော့ ပညာရှင်ကြီးကို ထိုက်သင့် သလို ချီးမြှောက်ပါ၊ ပညာစမ်းတာ တို့ဘာတို့လည်း မလုပ်ပါနဲ့၊ ပညာ ရှင်ဆိုတိုင်းလည်း အရာရာကို တတ်ချင်မှ တတ်ပါလိမ့်မယ်၊ စသည်ဖြင့် ဖျောင်းဖျကြပေမယ့် လည်း ဘုရင်ကြီးက နားမထောင် ပါဘူး။ နားမထောင်တဲ့အပြင် စိတ် ပါတိုလာပြီး ပညာရှင်ကြီးကို ခုချက် ချင်း နန်းတွင်းကို ဆင့်ခေါ်စေလို့ပါ အမိန့်ချလိုက်တော့တယ်။ဒါနဲ့ပဲ ပညာရှင်ကြီးခမျာ ဘုမသိ ဘမသိနဲ့ သူ့ကိုလာခေါ်တဲ့ မင်းချင်းတွေနဲ့အတူ နန်းတွင်းကို လိုက်လာရတော့တာပေါ့။ ဘုရင် ကြီးရှေ့တော်မှောက်လည်း ရောက် ရော ဘုရင်ကြီးက ပညာရှင်ကြီးကို ဘာပညာတွေလေ့လာထားသလဲ၊ ဘာတွေတတ်တာလဲ အစရှိသဖြင့် ဘာဘာညာညာတွေ မေးမနေတော့ ဘဲ မိုးကောင်းကင်က ကြယ်တစ် လုံးကို မှိတ်ပြဖို့ ခိုင်းတော့တာပဲ။နန်းတွင်းသူ နန်းတွင်းသား တွေလည်း အတော်အံ့သြသွားကြ တာပေါ့။ သူ့ဟာက ဖြစ်မှမဖြစ်နိုင် တာဘဲလေ။ သို့ပေမယ့် ပညာရှင် ကြီးကတော့ တည်တည်ငြိမ်ငြိမ်ပါ ပဲ။ မိုးကောင်းကင်က ကြယ်တွေ ဟာ သဘာဝရဲ့ အဆင်တန်ဆာ တွေ ဖြစ်တာကြောင့် မလုပ်သင့်ပါ ကြောင်း၊ ဒါကြောင့် တခြားတစ်ခုခု ကို သာလုပ်ခိုင်းပါလို့ ဘုရင်ကြီးကို ပြန်လျှောက်တယ်။အဲဒီမှာတင် ဘုရင်ကြီးရဲ့ဒေါသဟာ အထွတ်အထိပ်ကို ရောက် သွားတော့တာပဲ။

ငါလို ဘုရင်ကို တောင် ပြန်ခံပြောရဲတဲ့ကောင်ကို တော့ အပြတ်နှိမ်ပစ်မှဆိုတဲ့ အကြံ လည်းပေါ်သွားတယ်။ ဒါကြောင့်ပဲ ရှင်ဘုရင်တို့စကားမည်သည် ထွက် ပြီးသားဆင်စွယ် ပြန်ဝင်ရိုးထုံးစံ မရှိဆိုတဲ့အတိုင်း ပြောပြီးသားကို ပြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး မောင် မင်း၊ မောင်မင်းဟာ ပညာရှင်ကြီး လို့ နာမည်ကြီးနေလေတော့ကာ ငါဘုရင်ခိုင်းတာကို ဖြစ်အောင်သာ လုပ်ပေတော့၊ ဖြစ်အောင် မလုပ် နိုင်ရင် လူပုံအလယ်မှာ သေဒဏ် ပေးစေလို့ အမိန့်ချလိုက်တော့တယ်။ပညာရှင်ကြီးလည်း ဘယ်လိုမှ ငြင်းလို့မရတော့တဲ့အဆုံး လိုအပ် တဲ့ ပစ္စည်းပစ္စယလေးတွေပြန်ယူ ခွင့်ပြုမယ်ဆိုရင်ဖြင့် အရှင်မင်းကြီး ခိုင်းတာကို ဖြစ်အောင်လုပ်ပြနိုင် ပါလိမ့်မယ်လို့သာ ပြန်ပြောနိုင် တော့တယ်။ ဒါနဲ့ပဲ ပညာရှင်ကြီး လမ်းမှာ ထွက်မပြေးရလေအောင် အစောင့်အကြပ်တွေနဲ့ သူလိုအပ် တဲ့ ပစ္စည်းတွေပြန်ယူခွင့်ပြုလိုက် တယ်။ပညာရှင်ကြီးလည်း နန်းတွင်း ကို ပြန်ရောက်ရော မိုးလည်းချုပ်နေ ပြီ ဖြစ်တာကြောင့် ကောင်းကင်မှာ ကြယ်တွေ အတော်စုံနေကြပြီ။ ဘုရင်ကြီးရဲ့ ပညာရှိဆိုတဲ့သူတွေ လည်း အကုန်ရောက်နေကြပြီ။ နန်းတင်းသူ နန်းတွင်သားတွေ လည်း ပရိသတ်အဖြစ်နဲ့ နန်းရင် ပြင်မှာ အားလုံးစုံနေကြပြီ။ အဲဒီမှာ တင်ပဲ ဘုရင်ကြီးက ကောင်းကင်က အတော်လေးတောက်ပတဲ့ ကြယ် တစ်လုံးကို လက်ညှိုးထိုးပြပြီး အဲဒီ ကြယ်ကို မှိတ်သွားအောင် ခုချက် ချင်းလုပ်ပြဖို့ ပညာရှင်ကြီးကို အ မိန့်ပေးတော့တာပဲ။

ပညာရှင်ကြီးကတော့ ဘာမှ အထွေအထူး ပြန်ပြောမနေတော့ ပါဘူး။ သူ့ပစ္စည်းကိရိယာတွေကို နန်းရင်ပြင်မှာ သေသေချာချာဆင် ပြီး ဘုရင်ကြီး လက်ညှိုးထိုးပြတဲ့ ကြယ်ဆီကို ချိန်လိုက်တယ်။ သေ သေချာချာ ချိန်ပြီးတဲ့အခါမတော့ မှန်ပြောင်းလိုလိုကိရိယာရဲ့ ချောင်း ကြည့်ပေါက်လေးကနေ ဘုရင်ကြီး ကို ကြည့်ခိုင်းပြီး ဒီကြယ် ဟုတ် မဟုတ် အတည်ပြုခိုင်းတယ်။ ဘုရင် ကြီးက သေချာပြီ မှိတ်လိုက်တော့ လို့လည်းဆိုရော သူ့ကိရိယာတွေ ဆီက ခလုတ်လေးတစ်ခုကို ချောက် ခနဲ နှိပ်လိုက်တော့တာပါပဲ။ ဘုရင်ကြီးအပါအဝင် နန်း တွင်းမှာ ရှိရှိသမျှ ပရိသတ်အားလုံး ဟာ အဲဒီကြယ်ကို မော့ကြည့်နေ ကြတာ အသက်ရှူဖို့ကိုတောင် မေ့ နေကြသလားထင်ရတယ်။ ပညာရှင်ကြီးက စက်ခလုတ် နှိပ်လိုက်ပေမယ့်လည်း ကြယ်က တော့ လင်းနေဆဲပါပဲ။ တစ်မိနစ် ကြာသွားတယ်။ ကြယ်က လင်းနေ တုန်းပါပဲ။ ငါးမိနစ်ကြာသွားတယ်။ ကြယ်ကတော့ လင်းဆဲ။ ဆယ်မိနစ် ကြာသွားပြီ။ ကြယ်က မှိတ်ဖို့ဝေးလို့ ပိုတောင်လင်းလာသလား ထင်ရ တယ်။အဲဒီမှာတင် ဘုရင်ကြီးနဲ့ သူ့ ရဲ့ပညာရှိဆိုသူတွေဆီက လှောင် ရယ်သံတွေ ထွက်လာတော့တယ်။ ဘုရင်ကြီး အမျက်ထွက်မှာကို ကြောက်ကြတဲ့ နန်းတွင်းသူနန်း တွင်းသားတွေကလည်း သူတို့ကို သံယောင်လိုက်ပြီး ရယ်ကြတယ်။ ဒီတော့ကာ မရယ်ဘဲနေကြသူတွေ ကလည်း မရယ်ဘဲ ငြိမ်နေတာကကို အပြစ်ဖြစ်မှာစိုးတဲ့အတွက် လိုက် ရယ်ကြပြန်ရော။ ဒီတော့ကာ နန်း ရင်ပြင်မှာ လှောင်ရယ်သံတွေဟာ မုန်တိုင်းတိုက်သလို တဝေါဝေါနဲ့ ဖြစ်လာတော့တာပဲ။

ရယ်လို့လည်း အားရရော ဘုရင်ကြီးက ပညာရှင်ကြီးကိုကြည့် ပြီး ဘာများလျှောက်တင်ချင်သေး လဲ မောင်မင်းလို့မေးတော့တယ်။ ပညာရှင်ကြီးကတော့ ကြယ်ဟာ မှိတ်သွားပါပြီ အရှင်မင်းကြီးလို့ပဲ ပြန်ဖြေတယ်။ ဘုရင်ကြီး ဒေါသ ထွက်ပြန်ပြီပေါ့လေ။ ဟောဟိုက ကြယ်လင်းနေတာကို မျက်စိနဲ့ ဆတ်ဆတ်မြင်နေရတာ ငါ တစ် ယောက်တည်း မဟုတ်ဘူး။ မင်း လည်း မြင်တယ်မဟုတ်လားလို့ပြန် မေးတယ်။ ဒီတော့ ပညာရှင်ကြီးက မြင်ပါတယ်လို့ ပြန်ဖြေတယ်။ ဘုရင် ကြီးက ရှိသမျှ ပရိသတ်တွေကို လည်း မေးပြန်တယ်။ ပရိသတ်က လည်း ကြယ်ဟာ ခုထိလင်းနေတုန်း ပါပဲလို့ ပြန်ဖြေကြတယ်။ကဲ အားလုံးက ကြယ်ဟာ လင်းနေတုန်းပါပဲလို့ ဖြေကြပြီ။ မောင်မင်းကိုယ်တိုင်လည်း လင်း နေတာကို မြင်တယ်လို့ဖြေခဲ့တယ်။ အဲဒီလောက် မျက်မြင်ထင်ရှားဖြစ် နေတာကိုတောင်မှ ဘာကြောင့် ကြယ်ဟာမှိတ်သွားပါပြီလို့ ပြော ရသတုံး။အမှန်ကတော့ ကြယ်ဟာမှိတ် သွားပါပြီအရှင်မင်းကြီး လင်းမနေ တော့ပါဘူး။ အများက မှန်တယ် ပြောတိုင်းလည်း အမှန်လို့ လက်ခံ ယူဆလို့မရပါဘူး အရှင်မင်းကြီး။ မျက်မြင်ထင်ရှားတိုင်းလည်း မှန် တယ်လို့ပြောလို့မရပါဘူး။ တကယ့် အမှန်ကိုမြင်ဖို့ဆိုတာဟာ အမြင် မှန်ဖို့လိုပါတယ်။ ဒါကြောင့် အမှန် တရားဟာ အများပေါ်မှာ မတည် ပါဘူး။ မျက်မြင်ထင်ရှားပေါ်မှာ လည်း မတည်ပါဘူး။ နားနဲ့ဆတ် ဆတ်ကြားတယ်ဆိုတဲ့ အပေါ်မှာ လည်း မတည်ပါဘူး။

အမြင်မှန်မှန် နဲ့ အမှန်တရားကိုသိနားလည်တဲ့သူအပေါ်မှာပဲ တည်ပါတယ်။ အ မှန်တရားကို သိနားလည်ဖို့ဆိုတာ ဟာလည်း အမှန်တရားကိုခံယူနိုင် တဲ့သူမှပဲ သိမှာပါ။ ဒီတော့ကာ အ ရှင်မင်းကြီး အပါအဝင် အားလုံးကို အမှန်တရားကိုသိလာအောင် ခံယူ နိုင်လာအောင် ကျွန်တော်ရှင်းပြပါ ရစေ။ အမှန်တရားတွေ ခံယူနိုင်တာ တွေ အမှန်မြင်တာတွေ အမြင်မှန် တာတွေ သိနားလည်ဖို့တွေ ရှင်းပြ မနေပါနဲ့တော့ မောင်မင်း၊ ငါအပါ အဝင် မျက်မြင်သက်သေလူအများ က အမှန်ပါလို့ဆိုနေတာကို မောင် မင်းက မမှန်ပါဘူးလို့ ပြောနေပြီဆို မှတော့ ပညာမဲ့ လူလိမ် လူညာတို့ သွားရာလမ်းကိုသာ ခုချက်ချင်း သွားပါတော့လို့ ဘုရင်ကြီးကပြော ပြီး အနားက တပ်မှူးတစ်ယောက် ကို ခေါင်းအသာဆတ်ပြလိုက်တယ်။ အဲဒီတပ်မှူးက သူ့ရဲ့ လက်တစ်ဖက် ကိုမြှောက်လိုက်တယ်ဆိုရင်ပဲ နန်း တွင်းက သက်တော်စောင့် ကိုယ်ရံ တော်တွေ ချက်ချင်းရောက်လာကြ ပြီး ပညာရှင်ကြီးကို ကြိုးနဲ့တုပ် သူ သတ်ကုန်းကို ခေါ်သွားကြတော့ တာပဲ။ဘုရင်ကြီးကတော့ သူ့ရဲ့ပညာ ရှိတွေဘက် လှည့်ပြီး ခုဖြစ်သွားတဲ့ အဖြစ်အပျက်အကြောင်း ပြောနေ တယ်။ ကျုပ်လို ဘုရင်ကိုတောင် သူ့ကိုယ် သူပညာရှင်ဆိုပြီး လာ လိမ်ရဲတဲ့သူ အံ့စရာဗျာ၊ ဒီလိုလူမျိုး တွေ တိုင်းပြည်မှာ မရှိလေ တိုင်း ပြည် အန္တရာယ်ကင်းလေပဲ မဟုတ် လားလို့လည်း ပြောသေးတယ်။ ဟို လူတွေကလည်း ဘုရင်ကြီးပြောတဲ့ စကားလမ်းကြောင်းအတိုင်းပဲ သံ ယောင်လိုက်ပြီး ပြောကြတာပေါ့ လေ။ ပိုပိုသာသာ မြှောက်လုံး ပင့် လုံးလေးတွေလည်း ထုံးစံအတိုင်း ပါလေသပေါ့။ ဒီတော့ကာ ဘုရင် ကြီးမှာ ဘဝင်တွေ လေဟပ်ပြီး ပညာရှင် အယောင်ဆောင်လူလိမ် တစ်ဦးကို သူကိုယ်တိုင် ဖော်ထုတ် သုတ်သင် နိုင်လိုက်တဲ့အထိမ်းအ မှတ်နဲ့ ရှိရှိသမျှပရိသတ်ကို အဖျော် ယမကာတွေ စားသောက်ဖွယ်ရာ တွေနဲ့ တောင်ချက်ချင်းကို တည် ခင်းဧည့်ခံလိုက်တော့တာပါပဲ။

သူတို့တွေ သောက်နေစားနေ ကြချိန်မှာ ပညာရှင်ကြီးကတော့ သူသတ်ကုန်းမှာ သေရှာပါပြီ။ဒီလိုနဲ့ပဲ အချိန်တွေဟာ နေ့ ကိုလစား လကိုနှစ်စားနဲ့ တတိတတိ ကုန်လာလိုက်တာ တစ်နှစ်ကြာ သွားတယ်။ ဘုရင်ကြီးနဲ့ ပညာရှင် ကြီးအကြောင်းကို လူတွေကြားမှာ ပြောနေကြတုန်းပဲ။ နောက်ထပ် နှစ်နှစ်ကြာသွားပြန်တယ်။ ဘုရင် ကြီးနဲ့ ပညာရှင်ကြီးအကြောင်းကို လူတွေကြားမှာ ပြောနေကြတုန်း ပေမယ့် နည်းတော့နည်းသွားပြီ။ နောက်ထပ် နှစ်နှစ်ကြာသွားတယ်။ ဘုရင်ကြီးနဲ့ ပညာရှင်ကြီးအကြောင်း ကို ပြောတဲ့သူ အတော်နည်းသွား ပြီ။ နောက်ထပ် ငါးနှစ် ကြာသွား ပြန်တယ်။ အဲဒီဇာတ်လမ်းကို ပြော တဲ့သူဆိုလို့မရှိသလောက် ဖြစ်သွား ပြီ။ တစ်ခါတလေ ကြယ်တွေစုံတဲ့ ညမှာ လူကြီးတွေ ဝိုင်းဖွဲ့ပြီး စကား ပြောကြရင်း သတိရတဲ့သူ တစ် ယောက်တလေကပဲ ဒီအကြောင်း ကို အမှတ်တရ ပြောကြတော့တယ်။ နောက်ထပ်ဆယ်နှစ်။ ပညာရှင်ကြီး ကို လူတွေ မေ့သွားကြပြီ။ ဘုရင် ကြီးလည်း အိုမင်းလာပြီ။ နောက် ထပ်ဆယ်နှစ်။ ဘုရင်ကြီး ကံတော် ကုန်ခဲ့တာတောင် ငါးနှစ်ရှိနေပြီ။ နောက်ထပ်နှစ်ငါးဆယ်။ ပညာရှင် ကြီးကိုရော ဘုရင်ကြီးကိုပါ လူတွေ မေ့သွားကြပါပြီ။ နောက်ထပ်နှစ် ငါးဆယ်။ နောက်ထပ် နှစ်တစ်ရာ။ နောက်ထပ်နှစ်တစ်ရာ။

နောက်ထပ် ဆယ်နှစ် သုံးလ နဲ့ ခြောက်ဆယ့်လေးရက်မြောက် တဲ့နေ့မှာတော့ နက္ခတ်တာရာကြည့် မှန်ပြောင်းကြီးတွေနဲ့ အာကာသကို လေ့လာနေကြသူတွေဟာ ကြယ် တစ်လုံး ဖျတ်ခနဲ မှိတ်သွားတာကို တွေ့လိုက်ကြရတယ်။ ချက်ချင်းပဲ မှတ်တမ်းတင်၊ ကြယ်နဲ့ကမ္ဘာနဲ့ အ ကွာအဝေးကို တိုင်း စသည်ဖြင့် ခေတ်မီစက်ကိရိယာတွေကိုသုံးပြီး စည်းစနစ်တကျ လုပ်စရာရှိတာ တွေကို လုပ်ကြတဲ့အခါမှာတော့ အဲဒီကြယ်ဟာ ကမ္ဘာကနေ အလင်း နှစ်ပေါင်း ၃၄ဝ နဲ့ ၃ လ ၆၄ ရက် ဝေးတဲ့နေရာမှာရှိကြောင်း အား လုံးသိလိုက်ကြရတော့တာပါပဲ။

ဟက်ကာ

မှတ်ချက် – Worth a Smile: A Selection of Modern Soviet Humour  စာအုပ်ထဲမှာပါတဲ့ The tale of Ahkmet ဆိုဗီယက်သရော် စာဝတ္ထုတိုကို ဆီလျော်အောင် ပြန် ရေးထားတာပါ။