မုဒိတာသံစဉ်နှင့်ပရဟိတဂစ်တာ

မုဒိတာသံစဉ်နှင့်ပရဟိတဂစ်တာ
August 31, 2016 Asian Fame

2:17 pm
မုဒိတာသံစဉ်နှင့်ပရဟိတဂစ်တာ

ei si (1)

ဤနေရာရောက်လျှင် များ ပြားလှစွာသော ဂစ်တာသံများကို ကြားရမည်ဖြစ်သော်လည်း အစ် ကိုကာလသားတို့ ဝိုင်းဖွဲ့တီးခတ် နေသည့် လမ်းဘေးတီးဝိုင်းတစ်ခု တော့ မဟုတ်ပါ။ ရန်ကုန်မြို့လမ်းမတော်မြို့နယ်ရှိ ဗဟိုစည်အိမ်ရာ တိုက် ၄၁ တွင် အပတ်စဉ် တနင်္ဂ နွေရက်များ၌ ကြားရမည့် ဂစ်တာ သံများဖြစ်သည်။ ထိုတိုက်၏စတုတ္ထ ထပ် အခန်းအမှတ် ၂၁ တွင် လူ ရွယ်လူလတ်အမျိုးသား အမျိုးသမီး တို့ ဂစ်တာကိုယ်စီတီးနေကြခြင်း ဖြစ်သည်။ထိုသံစဉ်များ ကြားရန်အတွက် စီစဉ်သူက အွန်လိုင်းမီဒီယာကို အ သုံးပြုကာ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး ဖိတ်ခေါ်မှု စာသားများမှာ ရိုးရှင်း ပြတ်သားလှသည်။ ”ပညာဒါနဖြစ်တဲ့အတွက် သင် တန်းကြေး လုံးဝပေးသွင်းစရာမလို ပါဘူး။ အခမဲ့ပါ။ Lesson  စာအုပ် တွေ Note  စာရွက်ဖိုးတွေကိုလည်း ပေးစရာမလိုပါဘူး ခင်ဗျာ။ သင် ချင်တတ်ချင်တဲ့ စိတ်လေးတစ်ခုပဲ ယူလာစရာလိုပါတယ်။ ထွေထွေ ထူးထူး စာရင်းသွင်းစရာမလိုပါ ဘူး။ ဖုန်းဆက်ပြီးလာရုံပါပဲ”ဟု ရိုးရှင်းသည့်ဖိတ်ကြားမှုနှင့် ဂစ်တာ တီးသင်ပေးခြင်း ပညာအလှူလုပ် ရန်De Mon Guitar Training  မှ ဖိတ်မန္တကပြုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ရိုးရှင်းသည့် ဖိတ်ကြားမှု ကပင် စိတ်ဝင်စားစရာ အကောင်း ဆုံးဖြစ်ကာ ဂစ်တာတီးခြင်းဆိုသည့် အနုပညာကို ခုံမင်သူတို့အတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် သင်တန်းတက် ရောက်ရန် စာရင်းသွင်းကြသည် မှာ အယောက်ခြောက်ဆယ် ကျော် ဖြစ်လာသည်။ မှန်းထား သည်မှာ သင်ကြားပေးရန် အဆင်သင့်ရှိ သည့် ဂစ်တာ၂၅ လက်အတွက် သင်တန်းသား ၂၅ ဦးသာ လက်ခံ ရန်ဖြစ်သည်။ သို့သော် စာရင်း သွင်းကြသည်မှာများပြီး ထိုသူများ အားလုံးကိုလည်း ပစ်ပယ်လိုသည့် စိတ်ကူးမရှိခဲ့ကြောင်း ဆရာDe Mon((ခ)ကိုမျိုးမင်းသူက ဆိုပါ သည်။”စာရင်းတွေ များလာတော့ ကျွန်တော် ခေါင်းတောင်နည်းနည်း ခြောက်သွားတယ်။ ဒီလောက်ထင် မထားဘူး။ အွန်လိုင်းမှာဒီအကြောင်း တင်တော့Share သွားတာ အ ယောက် ၃၅ဝ လောက်Share တယ်ဆိုတော့ ကျွန်တော် နည်းနည်း လန့်သွားတယ်။ တစ်ခါShare လူ တစ်ယောက်လာသင်မယ် ဆိုရင် တောင် မလွယ်ဘူးဆိုပြီး ကျွန် တော်အရမ်း အားနာသွားတယ်။ ဒီတော့ အစီအစဉ်ပြန်ဆွဲရတာပေါ့” ဟု ဆိုပါသည်။

ei si (2)
မူလက သင်ပေးရန်အချိန် သတ်မှတ်ချက်မှာ သင်တန်းသား ၂၅ ဦးအတွက် အပတ်စဉ်တနင်္ဂနွေ နေ့ နံနက် ၉ နာရီခွဲမှ ၁၂ နာရီ အထိဖြစ်သည်။ ထိုအချိန်ကာလ အတွင်း ကြိုက်သည့်အချိန်လာပြီး ကြိုက်သလောက် သင်နိုင်သည်ဟု လည်း ပညာဒါနကို ပွင့်လင်းသည့် စကားလုံးများသုံးကာ ဖိတ်ကြား ခဲ့သည်။ သို့သော် သင်တန်းတက် မည်ဟူသည့် စာရင်းများလက်ခံ ရရှိပြီးသည့်အခါ မူလအစီအစဉ်၏ သင်တန်းချိန်ကို တစ်နာရီစီ သုံး ပိုင်းပိုင်းကာ သင်တန်းချိန်သုံးနာရီ တွင် သင်တန်းသား အားလုံးပါဝင် နိုင်ခွင့်ရရှိရန် စီစဉ်ခြင်းပင် ဖြစ် သည်။ လက်ရှိတွင်တော့ ဂစ်တာတီး သင်တန်းသားများဖြင့် တိုက်ခန်းအ တွင်း နေရာလပ်မရှိ များပြားလှပြီး ထိုအထဲတွင် နောက်တစ်ချိန်အ တွက် စောင့်ဆိုင်းနေသူအချို့လည်း ရှိသည်။ပညာဒါန၏ ပထမ ဆုံးရက် ဖြစ်သောကြောင့် ဂစ်တာကိုင်ပုံ ကိုင်နည်း လက်အနေအထား၊ လက်ကွက် စသည်ဖြင့် ငါးယောက် တစ်စုခြောက်ယောက် တစ်စုဖြင့် သင်တန်းခန်းအတွင်း လာရောက် သင်ယူသူများအား ဂစ်တာအခြေခံ အပိုင်းများကိုစတင်သင်ကြားပေးနေခြင်းဖြစ်သည်။ အခြေခံအဆင့် ထက်ပို၍ တတ်မြောက်ပြီးသူများ ကိုလည်း သက်ဆိုင်ရာ အစုအဖွဲ့ အလိုက်ခွဲခြား သင်ကြားပေးသည် မှာစနစ်ကျလှသည့် သင်တန်းတစ် ခုဖြစ်သည်။

”အခြေခံ သင်စရာမလိုတော့ တဲ့ သူကိုအတင်းBasic သင်မ ပေးပါဘူး။ ကြိုက်နှစ်သက်ရာသင် ယူနိုင်တယ်။ သင်ပေးတာတွေကBasic,Vamping and Picking, Finger Stlye Picking, Bass  တို့ပါ” ဟုပြောပြသည်။အနုပညာ ဖန်တီးရန်အတွက် တီးခတ်နိုင်သည့် တူရိယာများစွာရှိ သည်တွင် ဂစ်တာသည် လူကြိုက် များလှသည့် တူရိယာတစ်ခုဖြစ် သည်။ ပျော်၍ဂစ်တာတီးသူများ၊စိတ်ညစ်စရာများကို ဂစ်တာတီးပြီး ဖြေဖျောက်သူများ၊ အချစ်ကို ဂစ် တာတီးရင်း ရင်ဖွင့်သူများနှင့် အ ပေါင်းအသင်းများနှင့် ဂစ်တာဝိုင်း ဖွဲ့ကာ သီချင်းဆိုကြသူများ စသည် ဖြင့် ဂစ်တာကို အသုံးပြုကြရာ ပျော်ပွဲစားထွက်ရာတွင်ပင် ဂစ်တာ တစ်လက်ပါတတ်သည့်အလေ့ ရှိကြ သည်။ ဤသို့ဖြင့် ဂစ်တာသည် အ ရာများစွာအတွက် အထောက်အပံ့ ဖြစ်စေသည့် ထူးကဲသည့်တူရိယာ ဖြစ်သည်။ ထိုကဲ့သို့သော အစွမ်းများပိုင် ရှင်ဂစ်တာကို စိတ်ခံစားချက်ကိုယ် စီနှင့် လာရောက်သင်ယူကြသည့် သင်တန်းသားများမှာ ရန်ကုန်မြို့ တွင်းမြို့ပြင်မှ သာမက ရန်ကုန်နှင့် နီးစပ်ရာ မြို့များမှလည်း စာရင်း ပေးသွင်းကြသည်ပင်။တက္ကသိုလ်ဝင်တန်း အောင် မြင်ထားသည့် တာမွေမြို့နယ်မှ မောင်ကောင်းမြတ်နိုင်က ”ဒီနေ့ ကော့ ၃ ကွက်တော့ သိသွားပါ တယ်။ ကျွန်တော်က လျှပ်စစ်ဂစ် တာတီးတတ်ချင်ပါတယ်။ ဂစ်တာ နဲ့ ပတ်သက်ရင် အကြီးကြီးဖြစ်ချင် တာပါ။ ဒီမှာသင်ရတာပျော်ဖို့ လည်း ကောင်းတယ်” ဟု ဆိုသည်။ရန်ကုန်အရှေ့ပိုင်း တက္က သိုလ်တွင် ပထမနှစ်တက်ရောက် နေသည့် မောင်ထွဋ်ညီကတော့ ကျောင်းရှိအဖွဲ့ အစည်းတစ်ခုတွင် ဂစ်တာတစ်လက် ကံစမ်းမဲ ပေါက် ခဲ့ပြီး ဂစ်တာမတီးတတ်သည့် အတွက် လာရောက်သင်ကြား သည်ဟု ဆိုပါသည်။

ei si3
”ကျောင်းမှာLucky Draw  ပေါက်တယ်။ ဂစ်တာပေါက်တာ။ ဂစ်တာကြီးလည်း ရောက်နေပြီ။ ကျွန်တော်ကလည်း မတီးတတ်သေး ဘူး။ သူငယ်ချင်းတွေကလည်း နေ့ တိုင်း အချိန်မပေးနိုင်ဘူး။ အဲ့ဒါ ကြောင့် ဒီမှာလာ တက်တာပါ။ သူငယ်ချင်းတွေ သင်ပေးထားလို့ တစ်ကွက် နှစ်ကွက်လောက်တော့ ရတယ်။ ကျွန်တော်က သီချင်းတွေ နားထောင်ရတာ ဝါသနာပါတယ်။ ကျွန်တော်ကြိုက်တဲ့ အဆိုတော်ရဲ့ သီချင်းကို ကျွန်တော်ကိုယ်တိုင် ဂစ်တာတီးပြီး ဆိုချင်တာလည်း ပါ တယ်။ ကျွန်တော်က ထူးအိမ်သင် ကြိုက်ပါတယ်။ ကိုယ်တိုင် တီး တတ်ချင်တယ်။ ကိုယ်တိုင် သံစဉ် တွေ ဖန်တီးတတ်ချင်တယ်” ဟု လာရောက်သင်ယူဖြစ်ပုံနှင့် ဂစ် တာနှင့် ပတ်သက်သည့် သူ၏စိတ် ကူးများကို ပြောပြသည်။သင်တန်းတွင် လာရောက် သင်ကြားကြသူများ၏ သုံးပုံတစ်ပုံ မှာ အမျိုးသမီးလေးများဖြစ်သည်။ ဆရာညွှန်ကြားသည့်အတိုင်း စိတ် ပါဝင်စားစွာဖြင့် လက်ကွက်များ ကျင့်နေသည့် ပုဇွန်တောင်မြို့နယ်မှ စန္ဒီဆိုသည့် ညီမငယ်လေးတစ်ဦး ကတော့ အိမ်တွင် ဂစ်တာတီးတတ် သည့်အစ်ကိုရှိသော်လည်း အစ်ကို ဖြစ်သူနှင့် သင်ယူခြင်းထက် ပြင်ပ မှဆရာနှင့် သင်ကြားခြင်းက ပို၍ အဆင်ပြေမည်ဟု တွေးကာ လာ ရောက်ဖြစ်ခြင်းဖြစ်သည်ဟု ဆို သည်။”ဒီနေ့တော့ လက်အခြေခံကို တီးဖြစ်သွားပါပြီ။ ဂစ်တာတီးတာ ကို သဘောကျလို့ အစ်ကိုကလည်း တီးတတ်တယ်။ အစ်ကိုကိုသင်ခိုင်း ဖို့ကျတော့ သိပ်အဆင်မပြေဘူး။ ဒီမှာ လာသင်ရတာပျော်တယ်။ ဆရာသင်ပေးတာ ခဏလေး ဆို ပေမယ့် ရှင်းတယ်။ ကိုယ့်ဘာသာ လိုက်တီးကြည့်တော့လည်း အဆင် ပြေတယ်” ဟု လိုချင်သည့်ပညာ ကိုရသောကြောင့် ကျေနပ်စွာဖြင့် ဂစ်တာလက်ကွက်များကို လေ့ ကျင့်ရင်း ပြောပြသည်။

ထိုသို့သော ပညာဒါနပေးနိုင် ရန်အတွက် ဆရာဖြစ်သူကိုယ်တိုင် သည်လည်း ဂစ်တာအပေါ်ရူးသွပ် သည့်စိတ်ဖြင့် ခုနစ်တန်းအရွယ်မှစကာသင်ကြားခဲ့ခြင်း ဖြစ်သည်။ ”ကျွန်တော် ခုနစ်တန်းလောက် မှာ စမ်းချောင်းက ဆရာကိုစိုင်း ဆီမှာ စသင်ပါတယ်။ ခုနစ်တန်း၊ ရှစ်တန်း၊ ကိုးတန်းအထိ ပေါ့နော်။ ဆယ်တန်းရောက်တော့ စာမေးပွဲ က အရေးကြီးလို့ သင်လို့မရတော့ ဘူး။ အဲ့ဒါနဲ့ ဆယ်တန်းတစ်နှစ် နားပြီး ပထမနှစ်လောက်ရောက် တော့ ကန်တော်လေးကဆရာ ညီ ညီထွေးဆီမှာ ဆက်သင်ဖြစ်တယ်။ ဝါသနာပါလို့ သင်ရင်းသင်ရင်းနဲ့ ဂစ်တာပဲ တီးဖြစ်တော့တာ” ဟု ဆိုသည်။ ထို့အပြင် ဂစ်တာကိုခုံမင်သွား ရသည့် အကြောင်းနှင့် ဂစ်တာနှင့် ပတ်သက်သည့် အားကျခဲ့ရသူများ ကို ပြောပြသည်မှာ ”ကျွန်တော်က တော့ အစတုန်းကဂစ်တာကို ပျော် လို့တီးတယ်။ တီးချင်လို့ တီးတယ် ပေါ့နော်။ နောက်တော့ ကိုလေးဖြူ တို့ကို ခရေဇီဖြစ် နောက်တော့ ကို ချစ်စမ်းမောင်ကို ခရေဇီဖြစ်ပေါ့ နော်။ သူတို့ကိုကြည့် ရင်းကြည့်ရင်း နဲ့ တဖြည်းဖြည်း ဂစ်တာသမားဖြစ် လာတာပေါ့နော်။ ဂစ်တာသမား ဖြစ်သွားတော့ ဂစ်တာ အရမ်းချစ် လို့ တီးတယ်ပေါ့ဗျာ” ဟု ဆိုသည်။

ဂစ်တာပညာဒါန သင်ကြား ဖြစ်ပုံနှင့်ပတ်သက်၍မူ အွန်လိုင်း မီဒီယာပေါ်တွင် ဂစ်တာနှင့်ပတ် သက်သည့် သိလိုသည်များကို မေးမြန်းကြသည့်အတွက် ပြန် လည်ဖြေကြားဖြစ်ရာမှ စတင်ခဲ့ သည်ဟု ဆိုသည်။”ကျွန်တော်က ဂစ်တာသမား ဆိုတော့ အွန်လိုင်းသုံးတဲ့အခါမှာလူငယ်တွေက သူတို့သိချင်တာ တွေ မေးကြတော့ အွန်လိုင်းမှာ ဖြေပေးဖြစ်ပေမယ့် အွန်လိုင်းမှာ ကျတော့ စာရိုက်တာက ကြာတော့ ပညာဒါနအနေနဲ့ သင်ပေးရင် ကောင်းမလားဆိုပြီး တွေးဖြစ် တယ်။ ဒါပေမယ့် စဉ်းစားနေတာ ကြာပြီဆိုပေမယ့် ကျွန်တော်က မနက်အစောကြီး အိပ်ရာမထဘူး။ ကျွန်တော်က အနည်းဆုံး နှစ်နာရီ သုံးနာရီမှ အိပ်တဲ့အခါကျတော့ မနက်ဆိုရင် မထနိုင်ဘူး။ ဒါကြောင့် ရွှေ့ရင်း ရွှေ့ရင်းနဲ့ ခြောက်လ လောက်ကြာသွားပြီး အခုမှ လုပ် ဖြစ်သွားတာ” ဟုလည်း ပွင့်လင်းစွာ ဆိုသည်။ကိုမျိုးမင်းသူတွင် ပညာကြေး ယူသည့် ဂစ်တာသင်တန်းများ လည်း ရှိပါသည်။ သို့သော်ပညာ ဒါနကိုလည်း ထိုပညာကြေးယူ သည့်အတိုင်း အပြည့်အဝ သင် ကြားပေးရန် ဆုံးဖြတ်ထားသည် ဟု ဆိုပါသည်။

သင်တန်းသားများကို ဂစ်တာ ကိုင်ကာ အသေးစိတ်ရှင်းပြ သည်။ သင်တန်းသားများက ဆရာသင်ပြ ပေးသည့်အတိုင်း လိုက်၍တီးခတ် ကြရာ ဂစ်တာမှ ထွက်လာသည့် သံစဉ်များမှာ ”ဒေါင်ဒေါင်ဒင်ဒင်” အသံများမဟုတ်ဘဲ ပတ်ဝန်းကျင် တွင် နားဝင်ပီယံရှိစေသည့် သံစဉ် များအဖြစ် ပေါ်ထွက်လာသည်။ထိုနေ့က အစကနဦးနေ့ဆို သော်လည်း တက်ရောက်သူများ လွန်းသည်မို့ ကိုမျိုးမင်းသူ၏ တပည့် ဟောင်းများကလည်း လုပ်အား ပါဝင်ကြသည်။ ထိုအထဲတွင် ခုနစ်တန်းကျောင်းသားကတည်းက စတင်၍ De Mon Guitar Training  တွင် လာရောက်သင် ယူခဲ့သည့် သင်တန်းသားဟောင်း ကိုကျော်ဘုန်းနိုင်လည်းပါသည်။ ကိုကျော်ဘုန်းနိုင်သည် ယဉ်ကျေး မှုနှင့်အနုပညာ တက္ကသိုလ်တွင် ဂီတအထူးပြု တက်ရောက်နေသည့် ပထမ နှစ်ကျောင်းသားတစ်ဦး လည်း ဖြစ်သည်။ ”ကျောင်းမှာကတော့ သီအို ရီ ပိုင်းကိုသင်တာပေါ့နော်။ ပေါင်း စပ်ကြည့်တော့ အများကြီးအကျိုး ရှိပါတယ်။ ဒီမှာလာကူဖြစ်တာက ဆရာက လှမ်းအကူအညီတောင်း တာနဲ့ လာဖြစ်သွားတာ။ ကိုယ့် ကြောင့် သူများတီးတတ်သွားရင် ပျော်တာပေါ့နော်။ ကျွန်တော်က ဒါကိုအရမ်းရူးသွပ်တယ်။ ဒါကိုပဲ ဆက်ပြီး လေ့လာသွားမှာပါ”ဟု ဂစ်တာသင်ကြားပေးဖြစ်ပုံနှင့် ဂစ်တာနှင့်ပတ်သက်သည့် ခံယူ ချက်ကို ရှင်းပြသည်။

လာရောက် သင်ယူသူများ တွင် ဂစ်တာနှင့်ပတ်သက်၍ အကျွမ်းတဝင် ရှိပြီးသားသူများ လည်း ပါသည်။ ဂစ်တာနှင့်ပတ် သက်၍ အစိမ်းသက် လူများ လည်းပါသည်။ ထို့ကြောင့်ပင် သင်ယူနိုင်စွမ်းကား တူညီမှုရှိကြ မည်မဟုတ်။ ထို့အတွက်ကိုလည်း သင်တန်းဆရာက နားလည်မှု အပြည့်အဝထားရှိသည်ပင်။”လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် သင်ယူနိုင်စွမ်းက မတူဘူး။ တစ်ယောက်က မြန် မယ် တစ်ယောက်ကနှေးမယ်။ သူတို့ သင်ယူနိုင်သလောက်လေး တွေ သင်ယူသွားတာက ပိုကောင်း တယ်။ အလုပ်အကိုင်ကြီးတစ်ခုလို ဒီနေ့က သင်ခန်းစာ တစ်ခုပေး မယ်။ အဲ့ဒီသင်ခန်းစာကြီး တစ်ခု လုံးကို ရမှဖြစ်မယ်ဆိုပြီး ဖိအားကြီး တစ်ခုအနေနဲ့ တီးတာတော့ မကြိုက်ဘူး။ ပုံမှန်ကိုယ့်အချိန် အဆလေးနဲ့ သွားရမှာပဲလေ။ ပျော်ပျော်ရွှင်ရွှင်နဲ့ တီးသွားနိုင်ဖို့ပဲ လိုပါတယ်” ဟု ဆိုသည်။အခန်းအတွင်း သင်တန်းသား များနှင့် ပြည့်နေပြီဖြစ်သော်လည်း နောက်ထပ်ရောက် လာကြဦးမည် ဆိုလျှင်လည်း”De Mon Guitar Training”က လက်ခံရန် အသင့် ရှိနေပါသည်။”ပညာဒါနဆိုတဲ့ အဓိပ္ပာယ် ကို ကျွန်တော်နားလည်သလိုပဲ ခံယူထားပါတယ်။ သင်တန်းကြေး တို့ အခြားအသုံးစရိတ်တွေ မတတ်နိုင်လို့ ပညာဒါနလာသင် တယ်လို့ မယူဆပါဘူး။ အလှူခံ ပုဂ္ဂိုလ်ရှိလို့ အလှူရှင်ရှိနေတယ် လို့ပဲ နားလည်ထားပါတယ်။ သင်ယူချင်တဲ့သူတွေအားလုံးကိုWelcome ပါဗျာ…”

အိမ်စည်စိုးစံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*