အသိဥာဏ်ပစ္စည်းမူပိုင်ခွင့် (Intellectual Property) ရေးရာ ကျွမ်းကျင်သူ ဦးမင်းတေဇညွန့်တင် နှင့် တွေ့ဆုံခြင်း

အသိဥာဏ်ပစ္စည်းမူပိုင်ခွင့် (Intellectual Property) ရေးရာ ကျွမ်းကျင်သူ ဦးမင်းတေဇညွန့်တင် နှင့် တွေ့ဆုံခြင်း
August 26, 2016 Asian Fame

12:41 pm
အသိဥာဏ်ပစ္စည်းမူပိုင်ခွင့် (Intellectual Property) ရေးရာ ကျွမ်းကျင်သူ ဦးမင်းတေဇညွန့်တင် နှင့် တွေ့ဆုံခြင်း
In Articles

 နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒတွေထဲက  ၁၁ ချက်မြောက်အချက်မှာ အသိဥာဏ်ပစ္စည်းပိုင်ဆိုင်မှုအတွက် အထောက်အပံ့ဖြစ်စေမယ့်အရာတွေ လုပ်ဆောင် သွားမယ် ဆိုတာ ပါဝင်ပါတယ်။ ဒီတော့ လူသားတွေရဲ့ တီထွင်ဖန်တီးမှု အသိဥာဏ်ပစ္စည်းတွေဆိုတာ ဘာတွေဖြစ်နိုင်ပါမလဲ။ နိုင်ငံတစ်နိုင်ငံမှာ စာပေနဲ့ အနုပညာ၊ ကုန်အမှတ် တံဆိပ်၊ တီထွင်ဖန်တီးမှု၊ ဒီဇိုင်းတွေစတဲ့ အသိဥာဏ်ပစ္စည်းမူ ပိုင်ခွင့်တွေရရှိရေးဟာ ဘယ်လောက်အထိ အရေးပါသလဲဆိုတာနဲ့ ပတ်သက်ပြီး Myanmar Expert EU – Southeast Asia IPR – SME help Desk (ဥရောပသမဂ္ဂနှင့် အရှေ့တောင်အာရှဒေသ မြန်မာနိုင်ငံဆိုင်ရာ အသိဥာဏ် ပစ္စည်း မူပိုင်ခွင့် အခွင့်အရေးကျွမ်းကျင်သူ) ဦးမင်းတေဇညွန့်တင် နဲ့ တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါတယ်။

it

Intellectual Property (IP)ဆိုတာဘာကိုဆိုလိုတာပါလဲ ခင် ဗျာ။ နည်းနည်းအသေးစိတ်ရှင်းပြပေးပါလား။

 မြန်မာလို့ ပြောရင်တော့ ဥာဏပစ္စည်း မူပိုင်ခွင့်ပေါ့၊ ဥပဒေ အသစ်ထွက်လာရင်တော့ အသိ ဥာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုပြီးပါလာမယ်။ တစ်ခါမှ မပြဋ္ဌာန်းသေးဘူးတဲ့ ဥပဒေပေါ့။ ဒါဟာလူတွေရဲ့ ဦး နှောက်ကနေ ဖန်တီးပြီးလူသား တွေအကျိုးပြုနိုင်တဲ့ ကိုင်တွယ်လို့ ရတဲ့ ပစ္စည်းတွေ၊ ကိုင်တွယ်လို့မရ တဲ့ပစ္စည်းတွေကိုပြောတာပါ။ ကိုင် တွယ်လို့မရတဲ့ ပစ္စည်းတွေက ကုန် အမှတ်တံဆိပ်တို့၊ စာပေ၊ ဂီတ၊ သီချင်း စာသားတွေပါဝင်တယ်။ ကိုင်တွယ်လို့ မရတာတွေကတော့ ယေဘုယျအားဖြင့် စက်ပစ္စည်းတွေ ပါဝင်ပါတယ်။ အဲ့ဒီ ဥာ ဏပစ္စည်း တွေကို ဥပဒေအရ အကာအကွယ် ပေးတဲ့ အခါကျရင် ဖန်တီး တီထွင် သူတွေက သူတို့ ဖန်တီးတဲ့ဟာတွေ ပေါ်မှာမူပိုင်ခွင့်ရလာတယ်။ဥာဏ ကနေထွက်လာတဲ့ အရာတွေကို ဥပဒေနဲ့ အကာအကွယ်ပေးလိုက် တဲ့အခါ Óဏပစ္စည်း မူပိုင်ခွင့်ဖြစ် သွားတယ်။

မြန်မာနိုင်ငံမှာ ဥာဏဆိုင်ရာ မူပိုင် ခွင့်နဲ့ ပတ်သက်ပြီးဘယ်လိုဥပဒေ တွေရှိနေပြီး ဘယ်လို ဥပဒေတွေ ပြဋ္ဌာန်းသင့်ပါသလဲ။

ကျွန်တော်တို့ဆီမှာ ဥာဏ မူ ပိုင်ခွင့်နဲ့ ပတ်သက်ပြီးတိတိကျကျ စပ်ဆိုင်တဲ့ ဟာတစ်ခုပဲရှိတယ်။ အဲ့ဒါလည်း ၁၉၁၄ ခုနှစ် အင်္ဂလိပ် လက်အောက်မှာ ရှိတုန်းက ပြဋ္ဌာန်း ခဲ့တဲ့ စာပေနဲ့အနုပညာဆိုင်ရာ Copy  Right ဥပဒေတစ်ခုပဲရှိတယ်။ တော်တော်ကြီးကိုခေတ် ဟောင်း နေပြီ။ ကျန်တဲ့ကုန် အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေတို့၊ တီထွင်မှု မူပိုင်ခွင့် ဥပေ ဒတို့၊  ဒီဇိုင်းတွေနဲ့ ပတ် သက်တဲ့ ဥပဒေတွေကတော့ လုံးဝ ကို မရှိသေးဘူးလို့ ပြောလို့ရတယ်။ တိတိကျကျ သက်ဆိုင်တဲ့ ဥပဒေ မရှိသေးဘူးလို့ ပြောလို့ရတယ်။

ကျွန်တော်တို့ဆီမှာ ပြည်တွင်းက အချို့လူတွေက နိုင်ငံတကာ အမှတ်တံဆိပ်တွေဖြစ်တဲ့ မှတ်ပုံ တင်နေတာတွေ ရှိနေတော့ အဲ့ဒါ တွေက ဘယ်လိုဆက်ဖြစ်နိုင်လဲ ခင်ဗျာ။

ကျွန်တော်တို့ဆီမှာ မူပိုင်ခွင့် ဥပဒေကလည်း ခေတ်မမီဘူး။ ပြဋ္ဌာန်းချက်တွေကလည်း စာပေနဲ့ အနုပညာနဲ့ ပတ်သက်တာတွေပဲ ပါနေသေးတယ်။ နောက်တစ်ချက် က ကျွန်တော်တို့ နိုင်ငံက နိုင်ငံ တကာ မူပိုင်ခွင့်အဖွဲ့အစည်းတွေ မှာ လက်မှတ်ထိုးတာတွေ မရှိသေး ဘူးလို့ ပြောလို့ရတယ်။WIPOနဲ့ ထိုးထားတာပဲရှိတယ်။ သက်ဆိုင် ရာ ကွန် ဗန်းရှင်းတွေ ထိုးမထားဘူး ဆိုတော့။ ကျွန်တော်တို့မှာက မှတ် ပုံဘယ်လိုတင်ရမယ်ဆိုတဲ့ ဥပဒေ လည်းမရှိသေးဘူး၊ နည်းဥပဒေ လည်း မရှိသေးဘူး တင်စရာလည်း မလိုတော့ သက်သေပြဖို့ ခက်ခဲ တယ်။ အခုဖြစ်နေတှဲ့Starbucks တိုSeven Eleven တို့ဟာတွေက ကုန်အမှတ်တံဆပ်နဲ့ သက်ဆိုင်တဲ့ ဟာလည်း ဖြစ်နိုင်တယ်၊ ဝန်ဆောင် မှု အမှတ်တံဆိပ်လည်း ဖြစ်နိုင် တယ်။ သူတို့ကိုယ်တိုင်ထုတ်တဲ့ အချို့သော ကုန်ပစ္စည်းတွေလည်း ရှိပြီးသူတို့ တင်ရောင်းတာတွေ လည်းရှိတယ်။ အဲ့ဒါတွေက အခု ဒီနိုင်ငံမှာ ကိုယ် ပိုင်သလို မှတ်ပုံ တင်နေကြတယ်။ တကယ်တမ်းကျ တော့ အဲ့ဒါတွေက ဥပဒေအသစ် ထွက်လာရင် အကုန်ပြန်တင်ရ မှာပါ။ ပြန်တင်ရင် Starbucks လည်းဥပဒေနဲ့ စနစ် တကျပြန်တင် မယ်ဆိုရင်၊ ဒီဘက်ကလည်းသတ္တိ ရှိလို့ တင်မယ်ဆိုရင် ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်ပြီး တရားစွဲတာ တွေ ဘာတွေဖြစ်မယ်။ တင်တဲ့အခါ မှာတောင် နောင်ပေါ်ပေါက် လာမယ့် ဥာဏမူပိုင်ခွင့်ရုံးက နိုင်ငံ တကာ အမှတ် တံဆိပ်တွေကို တုပ ထားတာတွေ တင်လာရင်လက်ခံ မှာမဟုတ်ဘူး။ ဒီတော့ ဘာလို့ ငွေ ကုန်ခံ မှာလဲ။ ပြီးတော့ ကိုယ့်လုပ် ငန်းရဲ့ ပုံရိပ်ကိုထိခိုက်တယ်။ သူ တပါး အမှတ်တံဆိပ်ကို တုပပြီး တော့တင်တယ်ဆိုတာ မတင်သင့် ပါဘူး။

ခုဆိုရင် လွှတ်တော်မှာ တင်ထား တာ ဘယ်ဥပဒေတွေရှိနေပါသလဲ။ ဘယ်ဥပဒေတွေက အရင်ထွက် လောက် ပါသလဲခင်ဗျာ။

ဥပဒေက ဥာဏပစ္စည်း မူပိုင် ခွင့်လို့ ပြောလိုက်တာနဲ့ အခြေခံအား ဖြင့် လေးခုရှိတယ်။ ကုန်အမှတ် တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့် ဥပဒေ၊ စာပေနဲ့အနုပညာ မူပိုင်ခွင့် ဥပဒေနဲ့ ဒီဇိုင်းဥပဒေဆို ပြီးရှိပါတယ်။ အရင်အစိုးရလက် ထက်ကတည်းကတင်တယ်။ ခုလွှတ် တော်မှာလေးခုစလုံး တင်ဖို့တော့ များတယ်။ တစ်ချက်ရှိတယ်။ ဒီမူ ပိုင် ခွင့်တွေကို စိစစ်တဲ့အခါမှာ လူ့ စွမ်းအားအရင်းအမြစ်တွေလိုပါ တယ်။ ကဏ္ဍအလိုက် စစ်ဆေးရေး မှူးတွေလိုတယ်။ ကျွန်တော်သာဆုံး ဖြတ်ပိုင်ခွင့်ရှိတဲ့ သူတစ်ယောက်ဆို ရင် လေးခုလုံးပြဋ္ဌာန်းနိုင်ရင် ပြဋ္ဌာန်း မယ် မပြဋ္ဌာန်းနိုင်ရင် စာပေနှင့် ယဉ်ကျေးမှု မူပိုင်ခွင့် ဥပဒေရယ် ကုန်အမှတ်တံဆိပ် ဥပဒေရယ် ကို အရင်ပြဋ္ဌာန်းစေချင်တယ်။ နည်း ဥပေ ဒတွေကိုလည်း ပြဋ္ဌာန်းစေချင်တယ်။ ကုန်အမှတ် တံဆိပ်ကလည်း အစိုးရဘက်မှာ စစ်ဆေးရေးမှူး တွေက တော်တော်လေး လေ့ကျင့်ပြီး ထားတာရှိနေတယ်။ဥပဒေ တွေ ကလည်း မကြာခင်ပေါ်ပေါက် လာတော့မယ်။ အဲ့ဒီဥပဒေကိုဘယ် သူတွေက အုပ်ချုပ်မလဲဆိုတာ တော့ရှိတယ်။ အရင်ကတော့ သိပံ္ပ နဲ့နည်းပညာဝန်ကြီးဌာနကေ နကိုင်တယ်။ ခုတော့ ပညာရေးဝန်ကြီး ဌာနအောက်ကို ရောက်သွားတယ်။ ကုန်အမှတ်တံဆိပ်ဆိုရင် စီးပွား ကူးသန်းဝန်ကြီးဌာနက ကိုင်သင့် တယ်။ စာပေနဲ အနုပညာ ဆို ရင် ပြန်ကြားရေးဝန်ကြီးဌာနက ကိုင် သင့်ပြီးတော့ တီထွင်ဆန်းသစ်တာ မျိုးတွေကျတော့ ခုပညာရေး ဝန် ကြီးဌာနအောက်က နည်းပညာ ဌာနေ တွကို ပေး ကိုင်သင့်တယ်။ ဒါကို ဥပဒေတွေထဲမှာ တစ်ခါတည်း ထည့်ရေးရမယ်။ ခုတင်ထားတဲ့ ဥပဒေတွေမှာ မူပိုင်ခွင့်ရုံးလို့ပဲပါ တယ်။ မူပိုင်ခွင့် ရုံးဆိုတာ ဖွဲ့စည်းပုံ မ ရှိေ သးဘူး။ နိုင် ငံတော်ရဲ့ မူဝါဒ ကလည်း အသုံးစရိတ်လျှော့ချတဲ့ မူဝါဒဆိုတော့ ရုံးသီးသန့်မလုပ်ဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အောက်မှာ ထားသင့်ပါတယ်။ နောက် နည်းနည်းကြာလာ မှ ပြန် ပေါင်းတာမျိုးလည်း ရပါတယ်။

မြန်မာပြည်မှာဆိုရင် အနုပညာ လုပ်ကြတာမှာ ကော်ပီသီချင်းတွေ၊ ကော်ပီ ဇာတ်လမ်းတွေလည်း တွေ့ နေရတော့ ဥပဒေတွေ ထွက်လာ ရင် ဘယ်လို ဆက်ဖြစ်နို င်ပါသလဲ။

အဲ့ဒါကတော့ နိုင်ငံခြားက မူရင်း ဖန်တီးသူကလည်း ဒီနိုင်ငံ မှာ မှတ်ပုံတင်ရမယ်။ ဥာဏပစ္စည်း မူပိုင်ခွင့်ဆိုတာက ယိုဒယားမှာ မှတ်ပုံတင်ထားလို့ ကျွန်တော်တို့ ဆီမှာ မှတ် ပုံမတင်ထားရင် ကာ ကွယ်လို့မရဘူး။ ဒါပေမယ့် မြန်မာ နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းတွေမှာ ဝင်ခဲ့ရင်တော့ Link ဖြစ်သွားမယ်။ အဲ့ဒီအခါကျ ရင်တော့ ဟိုမှာတင် ထားတာသည် အဲ့ဒီအဖွဲ့ဝင်နိုင်ငံတွေက တာဝန်ခံ ရမယ့် အရာဖြစ်လာတယ်။ အဲ့ဒီလို အဖွဲ့ဝင်မဖြစ်မချင်းတော့ ဒီတိုင်း သွားနေဦးမယ်။ ဒါပေမယ့်ပြဿနာ တွေဖြစ် လာနိုင်တယ်။ ကိုယ့်ရဲ့ အခွင့်အရေးကို ကာကွယ်ချင်ရင် ကိုယ်ကလည်း သန့်ရှင်းဖို့လိုတယ်။ ကိုယ်ကမသန့်ရှင်းဘဲ သူများကို ယိုးစွပ်လို့မရဘူး။ ကျွန်တော် တို့ က သူများဟာေ တွကို တုပလာတာခုမှ မဟုတ်ဘူး။ ဟို ခေတ်အဆက် ဆက်ဖြစ်နေတယ်။ မြန်မာ့ရိုးရာဂီတပြိုင်ပွဲမှာတောင် ယိုးဒယားဆိုတဲ့ အခေါ်အဝေါ်ရှိသေးတယ်။ ခုချိန် ထိ လည်း တုပနေတုန်းပဲ။ ဒါတွေက မသင့်တော်ပါဘူး။ တကယ်တမ်း ဥပဒေတွေ ထွက်လာရင်တော့ ခိုး တာတွေ ပျောက်သွားနိုင်ပါတယ်။ ကိုးကားတာတွေတော့ ရှိနိုင်ပါ တယ်။ ခုဆို ဇာတ်လမ်းတွေ၊ ပိုစတာ တွေကအစ တည့်(ဒဲ့) ကူးယူတာ တွေရှိနေတယ်။ အဲ့ဒါတွေက ပြဿနာရှိပါတယ်။

လုပ်ငန်းရှင်တွေကရော ဥပဒေ အသစ်အတွက် ဘာတွေသိသင့် မလဲဆရာ၊ ဘာတွေ ပြင်ဆင်ထားဖို့ လိုပါမလဲ။

 နောက်တစ်ခု လုပ်ငန်းရှင်တွေ ကို သတိပေးချင်တာက အခုဥပဒေ သစ်မှာက ကုန်အမှတ်တံဆိပ်တွေ အားလုံးက ပြန်ပြီးမှတ်ပုံတင်ရမှာ။ အဲ့ဒီတော့ ကိုယ်ထုတ်လုပ်တဲ့ ပစ္စည်းနဲ့ ပတ်သက်တဲ့ အခွန်ပြေစာ တွေ၊ လုပ်ငန်းလိုင်စင်တွေ၊ ကြော် ငြာထည့်ထားတဲ့ စာရွက်စာတမ်း တွေ၊ ထုပ်ပိုးမှုပုံစံတွေ အဲ့ဒါတွေ ကိုသေသေချာချာ သိမ်းဆည်း ထားဖို့ လိုပါ တယ်။ ခိုးကူးတာဆို တာ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ဒါပေ မယ့် ကိုးကားစရာစာရွက်စာတမ်း မရှိရင် ရှုံးလိမ့်မယ်။ ကုန်အမှတ် တံဆိပ်တွေကို မှတ်ပုံမတင်ရသေး ဘူးဆိုလည်း မှတ်ဖို့ တင်ထားပါ။ မှတ်ပုံ တင်ပြီးသားဆိုလည်း တကယ် ပိုင်ဆိုင်နေတယ်ဆိုတဲ့ အ ကြောင်းကို သေချာသတင်းစာ၊ ဂျာနယ်တွေထဲ ထည့်ကြော်ငြာတာ လုပ်သင့်ပါတယ်။ လက်ရှိဥပဒေ အရတော့ တင်ချင်တင်လို့ ရတယ် မတင်လို့လည်းရတယ်။ မတင်ရင် ဒီအမှတ်တံဆိပ်ကို ဘယ်တုန်းက သုံးခဲ့တယ်ဆိုတာ သက်သေမပြ နိုင်တဲ့အတွက် မှတ်ပုံ တင်ကြဖို့ တိုက်တွန်းပါတယ်။

ဥာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး အရေးကြီးတာ ဘာ ကြောင့်လဲဆိုတာ ပြောပြပေးပါ။

ပြည်သူတွေ အနေနဲ့ဥာဏ ဆိုင်ရာမူပိုင်ခွင့် ဥပဒေတွေထွက် လာရင် ကြောက်စရာလို့ မမြင်ရ ဘူး။ တကယ်တော့ ခိုးမယ့်သူ၊ ခိုး ထားတဲ့သူကသာ ကြောက်လန့်နေ တာဖြစ် မှာပါ။ ကိုယ့်ဥာဏ်စွမ်းဥာဏ်စနဲ့ ဖန်တီးနိုင်တဲ့ အမှန် တကယ် တီထွင်ထားတဲ့သူတွေ အားလုံးက ဒီအကျိုးကျေးဇူးကို ခံ စားရမှာပါ။ ဥာဏပစ္စည်းမူပိုင်ခွင့် ရှိတဲ့ နိုင်ငံ ဟာ ပြည် တွင်းမှာရှိတဲ့ တီထွင် ဖန်တီးမှုတွေကို အားပေး ပြီး နိုင်ငံကိုပိုတိုးတက်စေမှာ ဖြစ် လို့ အလွန်အရေးကြီးပါတယ်။ လိုအပ်တာရှိရင် ခုအကောင်းဆုံးအကြံ ပေးရရင်တော့ ကျွန်တော် တို့ဆီမှာံHotline 1886 ကို ဖုန်းခေါ်ဆိုပြီး ဥပဒေနဲ့ပတ်သက်တဲ့ အကြံဥာဏ် တွေကို တောင်းယူနိုင်ပါတယ်။ ဥာဏမူပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ လည်း အသေး စိတ်ပြောပေး မှာပါ။
x x x x x

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*