မီးခီုးတိတ် အထပ်မြင့်တိုက်ပွဲ ဘယ်သူဗိုလ်စွဲသလဲ

မီးခီုးတိတ် အထပ်မြင့်တိုက်ပွဲ ဘယ်သူဗိုလ်စွဲသလဲ
August 24, 2016 Asian Fame

2:34 pm
မီးခီုးတိတ် အထပ်မြင့်တိုက်ပွဲ ဘယ်သူဗိုလ်စွဲသလဲ

Popular Choice  ဆိုသည်က ပေါ်ပြူလာနယူးစ်၏ ရွေးချယ်မှုဟူသည်ထက် တစ်ပတ်အတွင်းဖြစ်ခဲ့သော ထူးခြားမှုများအနက်  အများပြည်သူ စာဖတ်သူ တို့အတွက် အရေးပါေ သာ၊ အများပြည်သူအပေါ် အသက်ရောက်ဆုံး ဖြစ်စေသော အကောင်းအဆိုး တစ်စုံတစ်ရာကို လုပ်ဆောင်ခဲ့သော လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖြစ်အပျက်တစ်ခုခုကိုဖြစ်စေ၊ တီထွင် ဆန်းသစ်မှု သို့မဟုတ် လူသုံးကုန်ပစ္စည်း တစ်ခုခုကိုဖြစ်စေ ပေါ်ပြူလာအဖြစ်ဆုံးဟု ယူဆသည့် အကြောင်းကို  ရွေးချယ်တင် ဆက်ခြင်းဖြစ်ပါသည် ။ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့ သည်တို့မှ ကောက်နုတ်တင်ဆက်ခြင်းဖြစ်ရာ စာဖတ်သူတို့၏ အကြိုက်နှင့် ကွဲလွဲကောင်း ကွဲလွဲနိုင်သော်လည်း ထိုကွဲလွဲမှုသည်ပင်  မတူညီသော အမြင် များကို သုံးသပ်နိုင် သည်ဖြစ် ၍ အသိညဏ်နှင့် ရှုထောင့်များသုံးသပ်နိုင်မှု ပိုမိုကျယ်ပြန့်လာစေရန်လည်း ရည်ရွယ်ပါသည်။  အထူးသဖြင့်မူ ပေါ်ပြူလာနယူးစ်၏ စာဖတ်ပရိသတ် တို့ အတွက် ရင်းနှီး ရ သော အချိန်နှင့် ငွေကြေးအကျိုးမဲ့ မဖြစ်စေဘဲ တစ်ပတ်အတွင်း ထူးခြားမှုတို့ကို သိမ်းဆည်းမှတ်တမ်းပြုနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။

အထပ်မြင့် အဆောက်အအုံ ၁၂ လုံးကို ပြန်လည် ဖြေလျှော့ ဆောက်လုပ်ခွင့် ပြုလိုက်ပြီးနောက် ဖေ့စ်ဘွတ်ခ် အင်တာနက်သည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို ဝေဖ န်မှု၊ ထောက်ခံမှု၊သ ရော်ရေးသားမှုတို့ဖြင့် လှုပ်ခတ်သွား တော့သည်။ အပြောင်းအလဲ မြန်သူဟူ၍ လည်းကောင်း၊ ဘာမှမသိဘဲ လျှောက်လုပ်နေတယ် ဟူ၍ တစ်ဖုံ ၊ ပြောသြာေ ပာပြီးတော့လည်း ဘာ မှ မဟုတ်ဆိုကြသည်က တစ်နည်း ဘက်ပေါင်းစုံမှ ဝေဖန်မှုတို့ဖြင့် လှုပ်ခတ်သွားခဲ့သည်။ အကယ်စင်စစ်ဆိုရပါလျှင် ရန်ကုန်၌ ထို အထပ်မြင့် အေ ဆာက် အအုံများ ဆောက်လုပ်ခြင်းနှင့်ပတ် သက်၍ ယခင်ကာလတစ်လျောက် အကျိုးအကြောင်းတို့ကို ပွင့်လင်း မြင်သာမှု မရှိခဲ့သည်က အမှန်။ မည်သို့ခွင့်ပြုသည်၊ မည်သို့ ဆောက် လုပ်ခွင့်တင်သည်၊ မည်သို့စစ်ဆေး သည်ဆိုသည်တို့က အများပြည်သူ နှင့်အလှမ်းဝေးပါသည်။ ထို့အတွက် ကြောင့်လည်း ရန်ကုန်မြို့တွင် အထပ်မြင့်  အဆောက် အ အုံများ၊ ကန်ထရိုက်တိုက်များစွာတို့က မြို့ နယ်နေရာအနှံ့ အပြိုင်းအရိုင်း ပေါ်ထွက်လာခဲ့သည်။

Popular Choice (1)

မြို့ပြ၏ဖွံ့ဖြိုးမှု အတိုင်းအတာ အရ လိုအပ်ချက်ဟု ဆိုသည့်တိုင် များစွာသော အဆောက်အအုံများ ၏ကြံ့ခိုင်မှု၊ မြေနေရာ၊ အရေးပေါ် လှေကား မပါဝင်သည့် စည်းကမ်း  နှင့် မညီသော အနေအထားများ၊ စနစ်ကျမှု အားနည်းခြင်းနှင့် ပတ် ဝန်းကျင်အခြေအနေတို့ကို ထည့် သွင်းတွက်ချက်မှုမရှိဘဲ အလွယ်တည်ဆောက် နေမှုတို့ကို ကြည့်မည် ဆိုပါက ချို့ယွင်းလစ်ဟာချက်များ စွာ ရှိခဲ့သည်ဆိုသည်ကို မြင်သာပါ သည်။ အထူးသဖြင့်မူ ပို၍ မြင့်မား လာသည့် အိမ်ခြံမြေဈေးနှုန်းများ၊ တိုက်ခန်း ငှားရမ်းခများသည် အဆိုပါ ဈေး ကွက်အတွင်း အမည်မ ဖော်ပြနိုင်သော ငွေကြေးများစွာ ကစားရာ၊ ရင်းနှီးမြှုပ် နှံရာအသွင် ဖြစ်နေပြီး တိုင်းပြည်၏ ဘဏ္ဍာယို ပေါက်နှင့် အများပြည်သူ နေထိုင် မှုလိုအပ် ချက်နှင့် ပိုမို ဝေးကွာ လက်လှမ်းမမီရာ ဖြစ်နေခဲ့သည်က လည်း အမှန်တရားဖြစ်ပါ၏။

ထိုသို့ဖြင့်ယခုနှစ် မေလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုပြီးနှင့် ခွင့်ပြုရန်စစ်ဆေး ဆဲအထပ်မြင့် အဆောက်အအုံ ပေါင်း ၄ဝဝနီးပါးကို တည်ဆောက် ရေး လုပ်ငန်း များ ခေတ္တဆိုင်းငံ့ထား ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း၏ ညွှန်ကြားချက်မှတစ် ဆင့် ရန်ကုန်မြို့တော်စည်ပင်က ထုတ်ပြန် ကန့်သတ်လိုက်သည်။ထို အရင်းခံ က အ ထက်ပါမူမမှန်သော အရေးကိစ္စများနှင့် အဂတိတရား များ စီးဆင်းရာအရပ်တို့ကို စိစစ် လိုခြင်း စေတနာဖြစ်သည့်တိုင် ရန် ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၏အလျင်စလို သို့မဟုတ် ကြိုတင် ပြင်ဆင်ထားမှုမရှိဘဲ လုပ်ဆောင်ခဲ့ ခြင်းကတော့ အားနည်းချက်ဖြစ်ပါ သည်။ ထို့အတွက်လည်း လုပ်ငန်းရှင်အများ အပြား အထိနာခဲ့ရ သည် ။ ဆောက် လက်စလုပ်ငန်းများ ရပ်ဆိုင်းထားရသဖြင့် အောက်ခြေ အလုပ်သမားများ အထိပါ သက် ရောက်စေခဲ့သော အပြောင်းအလဲ လည်း ဖြစ်ပါ၏။ ဤကာလအတွင်း ကန့် ကွက်ဝေဖန် မှုများစွာ ဖြစ်ပေါ် ခဲ့ရာ  NLD ရွေးကောက်ခံ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် တစ် ဦးဖြစ်သည့် ဒေါ်သက်သက်ခိုင်၏ ဝေဖန်မှုကတော့ အထင်ရှားဆုံးဖြစ် သည်။

Popular Choice (2)

”အာဃာတတရား ကင်းစင် ရေးဆိုတာကို ကျွန်မအခုအချိန် ပို နားလည်တယ်။ ဒေါ်အောင်ဆန်းစု ကြည်ဘာကြောင့် သူအာဃာတ တရားကင်းစင်ရေး သွားမယ်ဆိုတာ ကို အခုအချိန်မှ ပိုနားလည်တယ်။ လူတွေက Emotion ဖြစ် ပြီးတော့ မကြိုက်တာကို ပြင်မယ်ဆိုတဲ့ဟာ ဆိုလိုတာက ပြင်ဖို့ရှိပါတယ်။ ကိုယ့် အလုပ်အတွက်လည်း ပြည်သူက ကျွန်မ တို့ကို မဲပေးပြီးတော့ ရွေး ချယ်ခဲ့တယ်။ ဆိုလို့ရှိရင် ပြင်ဖို့ပုံစံ နည်းလမ်းမှန်ဖို့လိုတယ်”ဟု ဝေဖန် ခဲ့သည်။ အထူးသဖြင့် ”အစိုးရဆိုတာ ကိုယ့်တိုင်းသူပြည်သားတွေ စီးပွား ရှာနေတာကို သူက ကြည်ကြည် ဖြူဖြူနဲ့ ကြည့်ပြီးတော့မှ တိုင်းသူ ပြည်သားတွေ စီးပွားရှာနိုင်လေ လေ ငါတို့ အခွန်ရလေလေဆိုတာ ကိုသဘောထားရမယ်။ အဲဒါကြောင့် မို့ လို့ အောင်မြင်နေတဲ့ တိုင်းပြည် တွေရဲ့အစိုးရသဘောထားက ဘာ လဲဆိုတော့ ပုဂ္ဂလိကစီးပွားရေးလုပ် ငန်းရှင်တွေသည် ကိုယ့်ရဲ့အရင်း အနှီးနဲ့ စီးပွားရေးလုပ်ရတယ်။ ရှုံး သွား လို့ရှိရင် သူ့အိတ်ထဲကပိုက်ဆံ နဲ့သူအရှုံးခံ၊ မြတ်လို့ရှိရင် အစိုးရ က အခွန်ရတယ်။ အဲဒါကြောင့်မို့လို့ အစိုးရသည်ကိုယ့် တိုင်းပြည်အတွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေအ ကုန်လုံးမှာ Investment ပါ သလိုပဲ ကိုယ့်ရဲ့စီးပွားရေးလို့ သ ဘောထားပြီး မြေတောင်မြှောက်ပေး ရမယ်” ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဝေဖန်ချက်ကြောင့်လည်း  ဒေါ်သက်သက်ခိုင်အား တစ်ပြန်ဝေဖန် ထောက်ပြခဲ့မှုများ ရှိခဲ့ပြီး လက်ရှိအချိန်တွင် အထပ်မြင့်များ ပြန် လည် ဖြေလျှော့က် ဆောက်လုပ်ခွင့်ြ  ပုခြင်း အတွက် ဒေါ်သက် သက်ခိုင်နိုင်သည်ဟု ရေးသားမှုများ လည်း ဖြစ်လာခဲ့ပြန်သည်။သို့သော် အကျိုးရလဒ်အရမူ ရန်ကုန်တိုင်းဒေ သကြီး  အစိုး ရအဖွဲ့ အနေနှင့် ရန်ကုန်မြို့ တော် အင်္ဂါ ရပ်နှင့်အညီ အဆောက်အအုံများ တည်ဆောက်မှု စိစစ်ရေး ကော်မ တီကိုဖွဲ့စည်းနိုင်ခဲ့သည်။ ထိုကော် မတီဖြင့်ပင် ပါမစ် ကျပြီး အဆောက် အအုံများ၊ ပါမစ်မကျေ သးသည့် အထပ်မြင့် အဆောက်အအုံများစု ပေါင်း၍ ၁၁၉ လုံးကိုစစ်ဆေးခဲ့ ခြင်းဖြစ်သည်။ ထို့ပြင် လက်ရှိခွင့်ပြုခဲ့သည့် အဆောက်အအုံ ၁၂လုံးမှာ ယခင်အစိုးရ လက် ထက် ဆောက် ခွင့်ပါမစ်ကြီး ကျပြီးသော အဆောက်အအုံ ၆၄ လုံးတွင် ပါ ဝင်ပြီး ကျန် ၅၂ လုံးကို ခွင့်ပြုခဲ့ ပြီးဖြစ်သည်ဟုသိရသည်။ ဆက် လက်၍လည်း ကျန် အဆောက်အ အုံ များ ကို စစ်ဆေးကာ သတ်မှတ် ချက်နှင့် ကိုက်ညီပါက ပြန်လည်ခွင့် ပြုပေးမည်ဟုလည်းသိရပြီး ဆောက် လုပ်ရန် အတွက် မြေပြင်လုပ်ငန်းများ ပင်မစတင် ရသေးဘဲ ခွင့်ပြုချက်တင် ထားသည့် အဆောက်အအုံ ၁၃ဝ ကိုလည်း ဆက်လက်စစ်ဆေးကာ ကိုက်ညီပါက ခွင့်ပြုပေးမည် ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မှ သိရ သည်။

အချိန်ကာလအားဖြင့် ၃ လ ကျော် ရပ်နားထားခဲ့ရ၍ လုပ်ငန်းရှင်များနှင့် အလုပ်သမားများပါ ဆုံးရှုံးနစ်နာမှုများ ဖြစ်ခဲ့သည်က လည်း အမှန်ဖြစ်ပါသည်။ သို့သော် ကြီးမားသောေ ငွကြေး စီးဆင်းရာ တစ်ခုကို ဤသို့ရှောင်တခင် ကန့် သတ်စိစစ်ခြင်းတွင် စနစ်မကျဘဲ အလောတကြီးနိုင်သည်ဟု ဝေဖန် သည့်တိုင် အဖြေတစ်စုံတစ်ရာကို လည်း သိခဲ့၊ ရခဲ့ပါ လိမ့်မည်ဟု ယူဆနိုင်ပါသည် ။ အထူးသဖြင့် ဤကာလအ တွင်း ငွေကြေး စီးဆင်းမှုထစ်အသွား ခဲ့ကာ အခြားစီးပွားရေးကဏ္ဍများ ပါ ဆက်စပ်တုန်ခါ သွားခြင်းကလည်း ပြည် တွင်း ရှိငွေကြေးများ မည်သို့ လည်ပတ်နေသည်ဆိုခြင်း၏ အဖြေ တစ်စုံတစ်ရာကို အကဲခတ်လှုပ်ခါ စေနိုင်ခဲ့သည်ဟုလည်း ယူသော်ရ မည် ထင်ပါ၏။

သတိပြုရမည့် အချက်ကတော့ နောင်တွင်ဤကဲ့သို့ အလားတူ အ ကျိုးသက်ရောက်မှု ကြီးမားသည့် အရေးကိစ္စများကို ပြုပြင်ပြောင်းလဲ ကိုင်တွယ် စိစစ်လိုသည့်အခါ သက်ဆိုင် ရာ ပညာ ရှိများ ပါဝင်သော ကော်မတီအဖွဲ့အစည်းများဖြင့် စနစ်တကျ လေ့လာ သုံးသပ်ပြီးမှ သာလုပ်ကိုင်သင့်ခြင်းပင် ။ မပြီးခင် ဗမာမမြင်စေနှင့်ဟူသော ရှေးရိုး စကားလည်း ရှိ သည်ဖြစ်၍ သွေးဆူ လွယ်သောဝေဖန်မှုနှင့် အပြစ်ရှာ အမနာပပြောတတ်သည့် သဘော တို့ ရှေ့ဆောင်တတ်သောခေတ် အခြေအနေကိုသတိမူရန် လိုအပ်သည်ဟု ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် အဦးအစထား၍ တိုင်း ပြည်အကျိုး ရှေးရှုဆောင်ရွက်နေ သူများကို အလေးအနက် အကြံပေး လို ပါသည်။

လက်ရှိတွင် ၃လကြာ ပိတ်ပင်ထားသော အဆောက်အအုံများ ပြန်လည်စိစစ် ခွင့်ပြုခြင်းသည် အမှန်တကယ် ထိခိုက်နစ်နာသူ များအတွက် အပူသက်သာရာ ဖြစ်၍ ကြိုဆိုရမည် ဖြစ်ပြီး ဤသို့သော ဆောင်ရွက်မှုမှ အားနည်းချက် ကို အချိန်မီပြင်ဆင်ကာစနစ် ကျနသော ပြုပြင်ပြောင်းလဲမှုများဖြင့် နိုင်ငံအတွက် အလေအလွင့်များ ၊ ပြည်သူဘဏ္ဍာ ပြုန်းတီး မှုများ၊ အဂတိတရား စီးဆင်းမှုတို့၏ အဖြေတို့ကို ရှာ ဖွေတွေ့ရှိပါစေ ဟုလည်း ဆန္ဒပြုပါ သည်။ အဘယ့်ကြောင့် ဆိုသော် ပြည်သူကရွေးသော အစိုးရဖြစ် ၍ ပြည်သူ ထိခိုက်နစ် နာမည့် အရေးတို့ကို ဆောင်ရွက်မည် မဟုတ်ဟု ယုံကြည် မျှော်လင့်ချက်အရ အမွေဆိုးများစွာ ကျန်ခဲ့သော မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲ ရေးခရီးသည် ထင်သလောက် လွယ် ကူ မည်မဟုတ် သည်ကို ကြိုတင် သိမြင်နိုင်ကြ၍ ဖြစ်ပါ၏။

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*