မိသားစုပိုက်ကွန်နှင့် နေမဝင် ကိုတံငါ

မိသားစုပိုက်ကွန်နှင့် နေမဝင် ကိုတံငါ
August 24, 2016 Asian Fame

1:26 pm
မိသားစုပိုက်ကွန်နှင့် နေမဝင် ကိုတံငါ
In Photo Essay
ရေမတက်သေးသဖြင့်ကမ်းနားတွင် ရေစောင့်နေစဉ်

ရေမတက်သေးသဖြင့်ကမ်းနားတွင် ရေစောင့်နေစဉ်

ဓာတ်ပုံ – အိအိခိုင်

ညိုညစ်တဲ့မြစ်ရေပြင်ထက် အားပြုစရာ ခြေတစ်ဖက်မရှိသော်ငြား သူ့သားသူ့သမီးအတွက် ဖခင်တစ်ယောက်ရဲ့ခွန်အားတွေ ဟာ   မြစ်ပြင်လေနဲ့ အတူလတ်ဆတ်နေဆဲပါ။ တစ်ချိန်က အရိပ်မည်းတစ်ခုက သူ့ဘဝတစ်သက်တာလုံး ခြောက်လှန့်ခံနေရပေမယ့်
သားသမီးတွေအတွက် သူခံစားနေ သမျှကို ပြည်ဖုံးကားချရင်း မိုးရွာရွာ၊ နေပူပူ၊ ဆောင်းပဲအေးအေး၊ လှေငယ်တစ်စင်းနဲ့ အတူ မြစ်ပြင် ထက် စုန်ဆန်ရင်း ဝမ်းရေးတွက် ငါးဖမ်းရှာ ကျွေးခဲ့တာ နှစ်ပေါင်း ၃ဝ ကျော်ကြာခဲ့လေပြီ။ သို့ပေမယ့် သူ့သားသမီးအတွက် သူ့အပြုံးေ တွ၊  မေတ္တာတရားတွေ ပြယ်လွင့်မသွားခဲ့ပေ။အသက် ၁၆ နှစ်အရွယ် ရေငုပ်သမားဘဝက ဒီမြစ်ကြမ်းပြင်ယံကနေ ရခဲ့တဲ့သေတ္တာတစ် လုံးကို လျှို့ဝှက်စွာဖွင့်လှစ်ခဲ့ရာကနေ  ကံအကြောင်း မလှဘဲ ပေါက်ကွဲစေနိုင်သည့်အရာတို့ကြောင့် သူ့ခြေတစ်ဖက်ကို စွန့်လွှတ်ခဲ့ရသည့် အပြင် အကျဉ်းစံဘဝကိုပါ လက်ခံလိုက်ရပေမယ့် သူ့ဘဝကို သူအရှုံးမပေး၊ မိသားစုဝမ်းရေးအတွက် လှေတစ်စင်းပါ ပိုင်ဆိုင်နိုင်အောင် သူကြိုးစားခဲ့သည်။

ရေတက်စောင့်နေစဉ် လှေဦးစီးမှငါးဖမ်းပိုက်ကွန်ရှင်းကာ ကြိုတင်ပြင်ဆင်နေစဉ်

ရေတက်စောင့်နေစဉ် လှေဦးစီးမှငါးဖမ်းပိုက်ကွန်ရှင်းကာ ကြိုတင်ပြင်ဆင်နေစဉ်

ဘဝကို အရှုံးမပေးပေမယ့် ငါးမရ၊ လက်ချည်းပြန်၊ ရေအသက်နဲ့ အသက်ဆက်ရှင်ခဲ့ရသည့် နေ့ရက်တွေကို သူမမှု၊ လင်ယောက်ျား   ပြန်လာချိန် အပြုံးနဲ့ ဆီးကြိုနေမယ့် အိမ်သူအတွက် သူအသက်ငွေ့ငွေ့ကျန်သမျှ ကြိုးစားနေဦးမှာပါလို့ အက်ကွဲတဲ့ လေသံသဲ့သဲ့က
မြစ်ပြင်ထက် ငါးဖမ်းပိုက်ကွန်တွေကြားမှာ ပျံ့လွင့်လျက် …။

 

ငါးဖမ်း ပိုက်ချနားချိန် ကမ်းနားတွင် ပိုက်များလှမ်းထားသည့်မြင်ကွင်း

ငါးဖမ်း ပိုက်ချနားချိန် ကမ်းနားတွင် ပိုက်များလှမ်းထားသည့်မြင်ကွင်း

 

အစုန်၊ အဆန် သဘောတရားတွေပြည့်နှက်နေတဲ့ ဒီမြစ်ရေပြင်တွေကြား ဖခင်တစ်ယောက်ရဲ့ အစုန်သာရှိတဲ့ မေတ္တာတရားဟာ ထာဝရ တည်ရှိနေမည်သာ…။

ပိုက်တစ်ခုချပြီး လှေပေါ်တွင် စောင့်ဆိုင်းစဉ်

ပိုက်တစ်ခုချပြီး လှေပေါ်တွင် စောင့်ဆိုင်းစဉ်

 

ရန်ကုန်မြစ်လယ်တစ်နေရာတွင် ငါးဖမ်းပိုက်ချနေသည့်မြင်ကွင်း

ရန်ကုန်မြစ်လယ်တစ်နေရာတွင် ငါးဖမ်းပိုက်ချနေသည့်မြင်ကွင်း

 

ပိုက်ပြန်သိမ်းနေစဉ် ငါးမပါသည်ကိုတွေ့ရ

ပိုက်ပြန်သိမ်းနေစဉ် ငါးမပါသည်ကိုတွေ့ရ

 

ပိုက်ချပြန်လာပြီးနောက် ကမ်းနားတွင်လှေကပ်ထားကြသည့်တံငါလှေများ

ပိုက်ချပြန်လာပြီးနောက် ကမ်းနားတွင်လှေကပ်ထားကြသည့်တံငါလှေများ

 

ပိုက်ချပြန်လာပြီးနောက် ကမ်းနားတွင်လှေကပ်ထားကြသည့်တံငါလှေများ

ပိုက်ချပြန်လာပြီးနောက် ကမ်းနားတွင်လှေကပ်ထားကြသည့်တံငါလှေများ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*